Failed at Love? Take Two Days Off Work!
Saturday, December 5, 2009
အသည်းကွဲသလား...ဟုတ်စ....ခွင့် ယူစေ....
 Failed at Love? Take Two Days Off Work! picture
ချစ်မိတ်ဆွေ....
သင်အသည်းကွဲပြီးစိတ်ညစ်နေလို့ အလုပ်မှာအာရုံစူးစိုက်လို့ မရဖြစ်နေပါသလား....
စိတ်မညစ်ပါနဲ့ လေ၊ အသည်းကွဲတဲ့ ချစ်ညီအစ်ကိုရေ...
တရုတ်နိုင်ငံရှန်ဟိုင်းမြို့ အခြေစိုက်ကုမ္ပဏီတစ်ခုဟာ ယခုဆိုလျှင် အချစ်မြှားနတ်မောင်ရဲ့ နက်
ရှိုင်းစူးရှတဲ့ ဒဏ်ရာဒဏ်ချက်ကိုခံစားရသူ ၀န်ထမ်းတွေကို လစာမဖြတ်တဲ့ ယာယီရှောင်တခင်
ခွင့် ပေးမယ့် အချစ်ဒဏ်ကုစားခြင်းဆိုင်ရာ သက်သာချောင်ချိရေး အစီအစဉ်တစ်ခု စတင်နေ
ပြီဖြစ်ပါတယ်တဲ့ ....
ကြားသိခဲ့ ရတဲ့ အတွင်းသတင်းများအဆိုအရ အသည်းကွဲခဲ့ ရသူဝန်ထမ်းများအားလုံးနှစ်နှစ်
တစ်ကြိမ် လစာအပြည်နဲ့ ခွင့် နှစ်ရက်စီ ခံစားခွင့် ပြုမယ်လို့ ဆိုပါတယ်...( အသည်းကတော့
ခွင့် ခံစားချင်တဲ့ ဝန်ထမ်းအနေနဲ့  ကျွန်တော်/ ကျွန်မ ......သည် အချစ်ရေးတွင် ဆုံးရှုံးခဲ့ 
ရပါသည် လို့ ပုံစံရေးသားဖြည့် သွင်းပေးလိုက်တာနဲ့  သနားစရာ သင့် အတွက် အနားယူ
ခွင့် အလိုအလျောက် ကျရောက်လာမှာဖြစ်ပါတယ်...
ချစ်သူရည်းစားကိုဆုံးရှုံးလို့ အသည်းကွဲရသူအတွက် နှစ်ရက်တာဆိုတဲ့ အချိန်ကာလဟာဖြင့် 
ဖြေဆည်ရာရဖို့ အတွက်အချိန်ပမာဏလုံလောက်တဲ့ အပြင်ပိုတောင်ပိုနိုင်ပါသေးတယ်တဲ့ ...
အကယ်၍များ ကွာရှင်းပြတ်စဲခဲ့ ကြရတယ်ဆိုယင်ဖြင့် ခွင့် သုံးရက်ကြီးများတောင် ခံစားနား
နေနိုင်ပါတယ်ဆိုပဲ....( သြော် ....အသည်းကွဲတာတောင်မှ အချိန်အကန့် အသတ်နဲ့ ပ
ပျောက်အောင်နေရမယ့် သဘောပေါ့ နော်....လင်မယားကွဲတာဆိုလည်း သုံးရက်အတွင်း
နဂိုမူလအဖြစ်၊ ဥုံဖွ လုပ်ရမယ်ပေါ့ ....)
ယခုအချိန်အထိတော့ ထိုကုမ္ပဏီမှ မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ ထိုအခွင့် အရေး
ကို ရယူခံစားခြင်းမရှိသေးပေမယ့် ရှန်ဟိုင်းတက္ကသိုလ်မှ ပါမောက္ခ Gu Jun  ကတော့   အခု
အသစ်ဖန်တီးလိုက်တဲ့ အစီအစဉ်ဟာ အလွန်ကိုအကျိုးရှိမယ်လို့ ယုံကြည်နေပါတယ်...
” အခုလို လစာအပြည့် နဲ့ ခွင့် ခံစားမှုပေးတာဟာ လုပ်ငန်းခွင်အတွင်းပိုမိုကောင်းမွန်တဲ့ ပတ်
ဝန်းကျင်အခြေအနေကိုဖြစ်လာစေမှာဖြစ်ပါတယ်...လုပ်ခ၊ လစာနှုံးထားမြင့် မားသလို၊ သက်
တွေလာရောက်လုပ်ကိုင်စေဖို့ ဆွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်...” လို့ သူကဆိုပါတယ်....
ထပ်မံလေ့ လာချက်များအရ ရှေးရိုးအစဉ်အလာမဟုတ်တဲ့ အဆိုပါနည်းစနစ်ကို ကျင့် သုံး
ခဲ့ တာ တရုတ်ပြည်က အဆိုပါကုမ္ပဏီက အစဆုံးမဟုတ်ပဲ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက်
အမျိုးသမီးဝန်ထမ်းများသာခန့် အပ်ထားတဲ့  Hime & Company အလှပြင်ပစ္စည်းဖြန့် ချီ
ရေးကုမ္ပဏီက စတင်ခဲ့ တယ်လို့ ဆိုပါတယ်...
ထိုဂျပန်ကုမ္ပဏီမှာတော့ အသက် ၂၉နှစ်နဲ့ ငယ်ရွယ်သူများအနေဖြင့် တစ်နှစ်လျှင် တစ်ရက်
မှ နှစ်ရက်အထိ အသည်းကွဲ ခံစားခွင့် ရပြီး၊ အသက်ကြီးသူများကတော့ သုံးရက်အထိရကြ
လေ့ ရှိပါတယ်...
အသက်နှစ်ဆယ်ကျော်တွေအနေနဲ့  အချစ်သစ်ကိုအမြန်ဆုံးရှာတွေ့ နိုင်ကြပြီး အသက် ၃၀
ကျော် မမတွေအတွက်တော့ မလွယ်ကူတော့ ပါဘူး...ပြီးတော့ သူတို့ တွေအနေနဲ့ ချစ်သူ
ရည်းစားနဲ့ ပြတ်စဲကြပျြီဆိုယင်လည်း အပြင်းအထန်ခံစားကြရပါတယ် လို့ ဂျပန်ကုမ္ပဏီရဲ့ 
အမှုဆောင်အရာရှိချူပ် Miki Hiradate  ကရှင်းပြခဲ့ ပါတယ်...
ဒူဘိုင်းမှာလည်းဒီလိုအစီအစဉ်ရှိယင်ကောင်းမယ်ထင်တယ်နော်...
ဟဲဟဲ ...ကျွန်တော့် အတွက်တော့ မဟုတ်ပါဘူးဗျာ....
မူရင်းကတော့ ဒီလိုပါဗျာ...
Does love have you so down that you are unable to concentrate at work? Fear not, my heartbroken brethren. A company based out of Shanghai now provides a love-based welfare program that allows employees temporary paid leave if they fall prey to the painfully sharp arrow of Cupid.
According to an inside source, all employees are guaranteed two days of paid leave once every two years. All an employee must do is mention that he or she has “failed at love,” after which it’s time for vacation, baby.
The premise behind this whole fiasco is that two days is plenty of time to come to terms with the loss of love. And in the case of a divorce, staff members are afforded a whopping THREE DAYS of paid leave instead.
Although nobody at the company has yet to take advantage of this lucrative opportunity, professor Gu Jun from Shanghai University is confident that the new-found system will eventually prove worthwhile: “The paid leave creates a warm working environment. Compared to a high salary, a comfortable working environment is more attractive for us.”
Further research revealed that the first company to ever initiate such an unorthodox methodology was in fact Hime & Company, a Tokyo-based cosmetics marketing firm staffed with just women.
Women 29 or younger are allotted one to two days per year, whereas the company cougars are afforded a maximum of three.
CEO Miki Hiradate explains: “Women in their 20s can find their next love quickly, but it’s tougher for women in their 30s, and their break-ups tend to be more serious.”
3 comments:
လင်းကြယ်ဖြူ said...
ဒီမှာတော့ ခွင့်ရ လား မရလားတော့ မသိဘူး
နားရက်ကလေးမပျောက်အောင် တော်တော်လေး သတိ
ထားနေရတယ်...ဟဲ..ဟဲ
ရလို့ရှိရင်တော့..တစ်နှစ်တစ်ခါလောက်
အသည်းကွဲချင်ယောင်ဆောင်လိုက်မယ်...
ပျော်ပါစေ
လေးစားစွာ
*.*.*
သွယ်လင်းဆက် said...
တကယ်အသဲကွဲရင် နှစ်ရက်နဲ့တော့ မလောက်ဘူးထင်တယ်နော် ကိုပီတာကြီး.......
ဝေလင်း said...
အင်း နေမကောင်းချင်ယောင်ဆောင်ရတာထက် အသည်းကွဲချင်ယောင်ဆောင်ရတာက ပိုလွယ်မယ်နဲ့တူတယ်နော်..(စမ်းသတ်မမြင်နိုင်တဲ့ရောဂါ)ဆိုတော့လေ... :)