Sunday, February 5, 2012

အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ....


အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...


အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ
အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...
သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်
တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...


အသောက်သမားများအတွက် ရေချိန် လစ်မစ် ( limit ) များနှင့် ဖြစ်တတ်သည့် 
အတွေးပုံရိပ်စိတ်ကူးအခြေအနေများ...

နဂိုရည်နဂိုသွေး...အပျိုလေးနဲ့ ကိုတူနေစေရမယ်ဆိုပဲ...
ဝိသမလောဘ၊ အလိမ်အညာစီးပွားရေးသမားများရဲ့ ကလိန်ဥာဏ်ပါပဲ...
ဘယ့် နယ်ဗျာ...ပျက်ပြီးသမျှအကောင်းအတိုင်းအသစ်ပြန်ဖြစ်နိုင်မလားဆိုတာချင့် ယုံပေါ့ ...
(ခွဲစိတ်ပြုပြင်တယ်ဆို တစ်မျိုး...)

ကြိုဆိုပါသည်...၂၀၁၂ ရေ....

အထင်နှင့် အမြင်...

ဟိုတယ်...တည်းခိုခန်းတွေရဲ့ မစားရ၀ခမန်း...မက်လုံးပေးဆွဲဆောင်တတ်တဲ့ သဘာဝတစ်ခုပါ...
ကြေငြာတုံးကတော့ စိတ်ကူးယဉ်ဆန်စရာကောင်းသလောက် တစ်ကယ့် လက်တွေ့ မှာတော့ 
ပုံထဲမှာပါတဲ့ အတိုင်း တက်တက်စင်အောင်လွဲတတ်ပါတယ်...

ကွန်ပြူတာ လူမှုရေးဗေဒ...အမှတ် ၁....

သားရေပင်လိုလက်မျိုးနဲ့ လူ...

ကမ္ဘာ့ အသေးဆုံးအမျိုးသမီး အိန္ဒိယနိုင်ငံသူ...
အခုနောက်ဆုံးသတင်းအရ သူလေးလည်း ပါတီတစ်ခုအတွက် မဲဆွယ်ပေးနေပါပြီ...

အမျိုးသမီးသူရဲကောင်းဆုပေးရမယ်...

နွားတောင်သွားရေကျရတယ်...
မမ တို့ သိပ်မပြကျပါနဲ့ နော်...

အောင်ရေသွန်းကာလောင်းလိုက်မယ်...ချမ်းမြစေသား...

အကောင်သေးပေမယ့် အဆိပ်ပြင်းတယ်နော်...
သူလည်းတပ်ချူပ်ပဲနဲ့ တူတယ်...
ယခင်နှင့် ယခု တေးဂီတပွဲတော်လာသူများ၏တုံ့ ပြန်မှုများ...


ဗီယက်နမ်က မုန့် လက်ဆောင်းသည်....
( အဲဒီလိုပဲထင်ပါတယ်...)

ပြောင်နေသလား...စိတ်မပျက်၊ စိတ်မညစ်ပါနှင့် ...
သင်တို့ အတွက် ၂၀ ရာစုနှစ်ရဲ့ အကောင်းဆုံးအထူးတီထွင်ချက်လာပါပြီ...

၁၉၇၀ ခုနှစ်များက မြီးကောင်ပေါက်မလေးတွေက (တို) short ရုံပဲ(တို) short ကြတာ...
အခုခေတ်ကောင်မလေးတွေကတော့  လုံးဝကို hot ...(ပူ)  နေကြပါပြီ...


အမေနဲ့ မိန်းမ အဲဒီလိုကွာကြတာပါဗျာ...
ဒါနဲ့ များအိမ်ထောင်ပြုချင်တဲ့ သူတွေရှိသေး...ဟဲဟဲ...နောက်တောနော်...

အချစ်ဟောင်း၊ ရည်းစားဟောင်းရဲ့ ဖေ့ စ်ဘွတ်များသွားကြည့် မိယင် ဒီလိုဖြစ်မှာပါ...
ယောင်လို့ တောင်သွားမကြည့် ကြစေနဲ့ ...

အခုတော့ လူတွေကလှောင်အိမ်ထဲတစ်ဖန်ပြန်ရောက်နေကြပေါ့ ...

နှစ်သစ်နှင့် သစ္စာဓိဌာန်...
တစ်ခုမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်ပါဘူး...ဟုတ်တယ်မဟုတ်လား...

3 comments:

Mr.Zaw Linn Htun said...

ဟိဟိ... ကလေးလေး ဗိုလ်တွေရှေ့မှာ
ဟန်ရေးပြနေတဲ့ပုံ ယူသွားပြီဗျာ...
သဘောကျလို့..ဟိဟိ

AH said...

အောက်ဆုံးက မှတ်စုလေးကို သဘောအကျဆုံးပဲ..... :P

မဒမ်ကိုး said...

ကြံကြံဖန်ဖန်တွေ တကယ်သဘောကျတယ် အကိုရေ

ခင်မင်လျှက်