Showing posts with label news: Xinhua. Show all posts
Showing posts with label news: Xinhua. Show all posts
Saturday, August 20, 2011
Woman's body odour leads to divorce 
ကိုယ်နံ့ ဆိုးကြောင့် အဆုံးသတ်ခဲ့ ရတဲ့ အချစ်ဇတ်လမ်း...
သူရော၊ ကိုယ်ရော နှစ်ယောက်စလုံးအတူတူပဲဆိုယင်တော့ အိုကေ ...
လီဖန်းနှင့် ချမ်းယွမ်ယွမ်တို့ ဟာ လွန်ခဲ့ သည့် နှစ်က တရုတ်နိုင်ငံ၌သူငယ်ချင်းတစ်ယောက်စီစဉ်ကျင်းပခဲ့ 
သည့် တွေ့ ဆုံပွဲတစ်ခုတွင် မျက်လုံးချင်းဆုံခဲ့ ကြပြီးနောက် မြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့ ကြပါတယ်...
တစ်နှစ်လောက် အတူတွဲသွားတွဲလာလုပ်ခဲ့ ကြပြီးနောက်မှာတော့ တရုတ်နိုင်ငံ၊ ကျန်စု ပြည်နယ်မှ ချစ်သူ
စုံတွဲဟာ လက်ထပ်ခဲ့ ကြပါတယ်...
သို့ သော်လည်း သူတို့ နှစ်ဦးရဲ့ အပျော်လေးများဟာ နေ့ တစ်ဝက်သာခံပြီး ပျက်ဆီးကုန်ဆုံးသွားခဲ့ ပါတော့ 
တယ်...
ပထမဦးဆုံးမင်္ဂလာညမှာပဲ သတို့ သား လီဖန်းဟာ ဇနီးမယားအသစ်စက်စက်ကလေးဘေးမှာ ယှဉ်တွဲလို့ 
အိပ်မိယင်ပဲ သူမရဲ့ ခန္ဓာကိုယ်က အနံ့ အသက်ဆိုးကို ခံစားမိခဲ့ ရပါတော့ တယ်...
ထိုအနံ့ ဆိုးဟာ သူမထံမှဖြစ်လေသလားလို့ မေးမြန်းခဲ့ ရာမှာတော့ အစပထမပိုင်းတွင် သူမကငြင်းဆန်ခဲ့ 
ပေမယ့် နောက်ပိုင်းမှာတော့ သူမမှာ ခန္ဓာကိုယ်အနံ့ ဆိုးတဲ့ ပြဿနာရှိနေကြောင်းဝန်ခံခဲ့ ပါတယ်...
သူမရဲ့ အဖြေစကားကြားလိုက်ရတော့ မှပဲ ချစ်သူဘ၀က ချိန်းဆိုလေတိုင်း အမြဲပင်သူမကိုနာရီနဲ့ ချီပြီး
စောင့် ဆိုင်းနေခဲ့ ရတဲ့ အကြောင်းရင်းမှန်ကို သိရှိလိုက်ရပါတော့ တယ်...
" ချိန်းတွေ့ တိုင်းဘာကြောင့် အချိန်တွေအကြာကြီးစောင့် နေရတာလည်း၊ နောက်ကျနေရတာလည်းလို့ 
မေးတိုင်း မိတ်ကပ်လိမ်းနေရလို့ ပါလို့ သူမကအမြဲပဲပြောပြတတ်ပါတယ်...အခုတော့ ဘာကြောင့် ဆိုတာ
ကျွန်တော်သိလိုက်ရပါပြီ....
ဒီမိန်းမက သူ့ ကိုယ်ကအနံ့ ဆိုးကို ဖုံးကွယ်ဖို့ အသဲအသန်ကြိုးစားနေခဲ့ တာဖြစ်ပါတယ်..." လို့  လိမ်ညာခံ
ရတယ်လို့ ခံစားရပြီး စိတ်ဆိုးဒေါသထွက်နေသည့် လီဖန်း ကပြောကြားခဲ့ ပါတယ်...
သူမယောကျာင်္းရဲ့ အခြေအနေတုံ့ ပြန်မှုကိုတွေ့ လိုက်ရတဲ့ ချမ်း ဟာ ( ရှေ့ လျှောက်အခြေအနေမကောင်း
နိုင်တော့ဘူးဆိုတာသဘောပေါက်လို့ နဲ့ တူရဲ့ ) သူမရဲ့ ကိုယ်ပိုင်ပစ္စည်းတွေယူဆောင်ပြီး မိဘနေအိမ်ကိုပြန်
သွားခဲ့ ပါတော့ တယ်...
သူတို့ နှစ်ဦးလည်း ထိုစဉ်ကစပြီး ပြန်မတွေ့ ကြတော့ တာဖြစ်ပါတယ်...
လက်ထပ်ပြီးနှစ်လအကြာမှာတော့ လီဖန်းဟာ ချမ်းကိုတရားဝင်ကွာရှင်းလိုကြောင်း ၀ူးရှီ အရပ်မှတရားရုံး
တစ်ခုတွင် ဦးတိုက်လျှေက်ထားခဲ့ ပါတော့ တယ်....
ဒါတောင်နှစ်ဦးသားလူချင်းတွေ့ ပြီး တစ်နှစ်လောက်တွဲသွားတွဲလာလုပ်ခဲ့ လိုက်ကြသေးတာနော်...
အခုခေတ်ရွှေမြန်မာမလေးများလို အွန်လိုင်းမှာချက်ပြီး ဟိုကမျက်နှာလောက်လေးပြတာနဲ့ အကြွေကြီးကြွေ
ကာ နောက်ဆုံးအတူနေ၊လက်ထပ်တဲ့ အထိဖြစ်တတ်ကြတာကတော့ အခုလိုကိစ္စမျိုးလေးတွေကို ကြိုတင်
မစဉ်းစားမိတတ်ကြလို့ ပါပဲ...
သူများတွေလည်း ဒီလိုပဲ အွန်လိုင်းမှာတွေ့ ပြီးယူတတ်ကြတာပဲလို့ ဆင်ခြေပေးကောင်းပေးနိုင်ပေမယ့် အဲဒီ
အတွဲတွေ လူရှေ့ သူရှေ့ ပြုံးနေတာပဲတွေ့ ရမှာဖြစ်ပြီး ဇာခန်းဆီးနောက်ကွယ်မှာ အခုတရုတ်လင်မယားလို
အကြေကွဲကြီးကြေကွဲနေရမှာ၊ စိတ်အပျက်ကြီးပျက်နေရမှာကိုတော့ သိကြမှာမဟုတ်ပါဘူး...
ဒါကြောင့် လည်းရှေးမြန်မာ့ အစဉ်အလာမှာ သုံးနှစ်၊သုံးမိုးစောင့် ကြည့် လေ့ လာကြတယ်လို့ ဆိုတာပေပဲ..
အကောင်းဆုံးကတော့ ချစ်သူရည်းစားမကျတကျ၊ သူငယ်ချင်းမက အခြေအနေမျိုးမှာ သူနဲ့ ကိုယ်နဲ့ ခရီး
ရက်ရှည်အတူသွားပြီး ( နှစ်ယောက်တည်းတော့ မဟုတ်ပေဘူးပေါ့ ...သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ အုပ်စု
လိုက်ဖြစ်ဖြစ် ) တစ်ဦးရဲ့ အမူအကျင့် ၊ စိတ်နေသဘောထား စတာတွေလေ့ လာအကဲခတ်သင့် ပါတယ်...
အားလုံးအိုကေပြီးဆိုယင်တော့ လည်း ရှေ့ ဆက်ကြတာပေါ့ ...
နို့ မို့ ဆိုလို့ ကတော့ ဘယ်သူမဆိုအများစုကတော့ ကိုယ်ပိုးပန်းနေတဲ့ ၊ ကြိုက်နေတဲ့ သူရှေ့ မှာ အသွင်အ
ပြင်၊ အပြောအဆို၊ အနေအထိုင်ကအစ အစစအရာရာအကောင်းချည်းဖြစ်အောင်နေပြကြမှာပါပဲ...
လိုက်လျောညီထွေနေတတ်တဲ့ သူတွေဆိုယင်တော့ အကြောင်းမဟုတ်ပေမယ့် အသန့် ကြိုက်သူ၊ အစွဲအ
လမ်းကြီးသူ၊ ဇီဇာကြောင်တတ်သူတွေဆိုယင်တော့ ကိုယ်သည်းမခံနိုင်တဲ့ အမူအကျင့် တွေ ညားပြီးမှပေါ်
လာယင်တော့ ကြီးစွာစိတ်ဆင်းရဲရမှာပါပဲ...
Li Fan and Cheng Yuanyuan fell in love the moment their eyes met at a gathering arranged by a friend in China last year.
After dating for a year, the couple from Jiangsu province tied the knot but their happiness lasted for only half a day.
On their first night together, Li Fan detected a foul odour as he slept on the bed beside his wife.
He asked Cheng if the smell was from her, but she denied it at first and admitted to having a problem with body odour later.
Her answer also made Li Fan understand why Cheng had always kept him waiting for hours on their dates.
"Whenever I asked her whey she was late, she would say she was putting on make up but now I know the answer.
"She was trying hard to cover up her body odour!" said the angry Li Fan, who felt he was cheated.
On seeing her husband's reaction, Cheng took her belongings and returned to her parents' home.
The couple has not met since.
Two months after the marriage, Li Fan filed a divorce from Cheng at a court in Wuxi.
Source: Xinhua
Woman gives birth to 20th child Leonora Nameni is the most prolific mother in Ukraine.
Monday, April 25, 2011
ယူကရိန်းက သားသမီးနှစ်ဆယ်ယောက်မြောက်မွေးသည့် မိခင်...
ယူကရိန်းနိုင်ငံမှ အသက် ၄၁ နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးဟာ အယောက်နှစ်ဆယ်မြောက်ရင်သွေးကို
မွေးဖွားခဲ့ ပါတယ်...
မိခင်ရောကလေးပါ ကျန်းမာလျှက်ရှိတယ်လို့ ဆိုပါတယ်...မိခင်ဖြစ်သူ လီယိုနိုရာက သူမအနေနှင့် ကလေး
များဆက်လက်မွေးဦးဖို့ စီစဉ်ထားပါတယ်လို့ လည်းဆိုလိုက်ပါတယ်...
ယူကရိန်းနိုင်ငံအနောက်ပိုင်း၊ ရွာတစ်ရွာမှာနေထိုင်သည့် သူမရဲ့ မိသားစုကြီးမှာ သားဆယ်ယောက်၊ သမီး
ဆယ်ယောက်ရှိပြီဖြစ်ပါတယ်...
အကြီးဆုံးသား ဂျိုနသန် ကအသက်နှစ်ဆယ်ရှိပြီး၊ အိမ်ထောင်ကျသွားခဲ့ ပါပြီ...
သားသမီးခြောက်ယောက်က အလုပ်အကိုင်ကိုယ်စီနဲ့ ဖြစ်ပြီး ရှစ်ယောက်ကတော့ ကျောင်းနေကြကာ၊ကျန်
သည့် ခြောက်ယောက်ကတော့ကျောင်းတက်ဖို့ အသက်မပြည့် ကြသေးပါဘူး...
၎င်းတို့ အနေနှင့် သားသမီးများအားလုံးကို ပညာကောင်းစွာသင်ပေးပြီး ရှေးထုံးစဉ်လာများကိုလည်းလေး
စားလိုက်နာကြရန် ဆုံးမသွန်သင်ပေးပါတယ်လို့ ဇနီးမောင်နှံနှစ်ဦးကပြောကြားခဲ့ ပါတယ်...
၎င်းတို့ မိသားစုနေအိမ်မှာတော့ ရုပ်မြင်သံကြားကြည့် ခွင့် မပေးပါဘူး...
( ကြည့် ကြယင်လည်း ဟိုလိုင်းကြည့် မယ်၊ သည်လိုင်းကြည့် မယ်နဲ့ ငြင်းခုံနေကြမှာအသေအချာပါပဲ...)
မွေးလည်းမွေးနိုင်ပါပေတယ်ဗျာ...
The 41-year-old gave birth to her 20th child recently. Both the baby boy and mother are well.
Leonora said she was not going to stop there and planned to have more children.
The big family with 10 sons and 10 daughters lives in a village in the west, Ukrainews reported.
Jonathan, the eldest in the brood, is 20 years old and is already married.
Six of the children are already working, eight are at school, and six are preschoolers.
The couple said they give their children a good education and teach them to respect traditions. TV is denied in the family.
Source: Xinhua
Haitians eat mud cakes to fill stomachs
Tuesday, February 1, 2011
 ဟေတီနိုင်ငံတွင် ရွှံ့ ဖြင့် လုပ်သည့် ကိတ်မုန့် များဖြင့် 
ဗိုက်ဖြည့် နေကြရ.....
လွန်ခဲ့ သည့် နှစ်ကမြေငလျင်ဒါဏ်အကြီးအကျယ်ခံစားခဲ့ ရသည့်ဟေတီနိုင်ငံရှိပြည်သူများမှာ အစာရေစာ
ရှားပါးပြတ်လပ်နေသည့် အတွက် နေ့ စဉ်အစားအသောက် အဖြစ် ရွှံ့ ဖြင့်ပြုလုပ်သည့် ကိတ်မုန့် များအား
ဗိုက်ဖြည့် စားသောက်နေကြရသည်ဟုဆိုပါတယ်...
ရွှံ့ နှစ်၊ ထောပါတ်၊ ဆားတို့ ဖြင့် ပြုလုပ်ဖန်တီးထားသည့် ရွှံ့ ကိတ်မုန့် များဖြင့် သာ လူဆင်းရဲများအနေဖြင့် 
အာသာဖြေစားသောက်နေကြရသည်ကို အောက်ပါရွှံ့ ကိတ်မုန့် များအားပြုလုပ်ပုံများကြည့် ခြင်းဖြင့် သိရှိနိုင်
ပါတယ်..
၇ွှံ့ နှစ်၊ ထောပါတ်၊ ဆားတို့ ဖြင့် ရောသမနယ်ကာ မုန့် ဖြစ်ဖို့ ပုံသွင်း...
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. Some people eat mud cookies made of dirt, butter and salt to fill their stomachs. (Xinhua/Eliana Aponte)
ရွှံ့ ကိတ်မုန့် တွေနေလှန်း...စားကြစမ်း....
A girl walks by mud cakes while they dry at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte)
အိမ်တွင်းမှုလုပ်ငန်းတစ်ခုတောင်ဖြစ်နေပေါ့ ....
Women prepare mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte)  
ဒါ ကစားစရာမဟုတ်ဘူး...စားစရာရွှံ့ မုန့် တဲ့ ဗျာ....
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011.  (Xinhua/Eliana Aponte)  
ဆင်းရဲတဲ့ သူတွေကတော့ ဒီလိုမုန့် ပြားအ၀ိုင်းတွေ လုပ်ပြီး ဗိုက်ထဲအစာရှိအောင်စားနေကြရရှာတယ်...
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte)  
 ရွှံ ကိတ်ပြုလုပ်နေသည့်ဟေတီအမျိုးသမီးတစ်ဦး...
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte) 
သြော်...
သူတို့ တစ်တွေအဲဒီလို စားသောက်နေရတာတွေ့ မြင်ကြားသိရတော့ ထမင်းတွေဟင်းတွေပိုလည်း ပက်ခနဲ
သွန်ပစ်ကြ၊ထမင်းချက်လည်း တိုင်းထွာမချက်ပဲ ဖိတ်စင်သွားတဲ့ ဆန်စေ့ တွေကိုအလွယ်တစ်ကူစွန့် ပစ်ကြ၊ 
အဆာပြေသွားရည်စာမုန့် အတွက် ဂုဏ်ပကာသနလုပ်ကာ ထောင်သောင်းချီကာ အကုန်အကျခံပေးပြီးစား
သောက်နေကြသူတွေကို လူချင်းတူတူ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ နေကြရရှာသူတွေရှိနေပါသေးလားဆို
တာ ပြလိုက်ချင်ပါတယ်...
ဘ၀ကိုပေါ့ ပျက်ပျက်သဘောထားသူတွေကတော့ ပြလည်း ပြပြပဲနေမှာပါပဲလေ...
နာဂစ်ဖြစ်ခဲ့ စဉ်က နေ့ စဉ်နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကြေကွဲဖွယ်ပုံရိပ်တွေပြနေတာတောင် အရယ်
အမောမပျက်၊ အ၇က်သောက်မပျက်၊ တတ်နိုင်သလောက် ကူညီထောက်ပံ့ လှူဒါန်းဖို့ စိတ်ကူးမရှိသူတွေ
တောင်မြင်တွေ့ ခဲ့ ရသေးတာပဲ...
သူများနိုင်ငံဖြစ်တာလောက်တော့ စိတ်တောင်ဝင်စားမယ်မထင်...
A heart-warming love story
Thursday, November 4, 2010
ဆွတ်ပျံ့ ကြည်နူးဖွယ် အချစ်ဇတ်လမ်းလေးတစ်ပုဒ်....
Yuan tapping Dong in the forehead after he lost a poker game at his home
ချစ်သူတွေ ပိုကာကစားရင်း ရှုံးတဲ့ သူ နဖူးအတောက်ခံရတဲ့ အတွက် ယွမ် ကတော့ ဖြေးဖြေးလေးပဲ ..
Yuan tapping Dong in the forehead after he lost a poker game at his home
တရုတ်နိုင်ငံမှ ဒေါင်ကျီကျွန်း နဲ့  ယွန်ဝမ်ယု တို့ အတွက်ကတော လွန်ခဲ့ တဲ့ နှစ်က သူတို့ နှစ်ဦးမသိကျွမ်းကြ
သေးချိန်အထိ အချစ်ဆိုတာသူတို့ ဘ၀မှာဘယ်တော့ မှမျှော်လင့် လို့ မရနိုင်တော့ တဲ့ အိပ်မက်တွေဖြစ်ခဲ့ 
ကြတာပါပဲ...
တရုတ်နိုင်ငံ၊ လျောင်နင်းပြည်နယ်၊ တိုင်အန် လို့ အမည်ရှိတဲ့ ဝေးလံသီခေါင်တဲ့ အရပ်ဒေသမှာမွေးဖွားခဲ့ 
ကိုယ်ချွတ်ယွင်းတဲ့ ရောဂါရှိနေခဲ့ ပါတယ်...
ထိုသို့ ရင်နင့် ဖွယ် ရောဂါကြောင့် ဒေါင် ဟာ လူပုလေး လို့ ခေါ်ရလောက်အောင် အရပ် ၈၀ စင်တီမီတာပဲ
( ၂.၆ ပေ ) ရှည်ပါတယ်...
သူ့ ရဲ့ အရိုးတွေဟာ ကျိုးလွယ်တာမို့ သူဟာငယ်စဉ်ကလေးဘ၀ရဲ့ တစ်ချိန်လုံးနီးပါး အိပ်ယာထက်မှာပဲနေ
ခဲ့ ရရှာပါတယ်...
Dong encourages Yuan before her first cosmetic surgery at the hospital
ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူနေသည့် ချစ်သူ ယွမ် ကိုအားပေးနေသည့်  ဒေါင်....
 Dong encourages Yuan before her first cosmetic surgery at the hospital
အသက် ၁၈ နှစ်မှာတော့ ဒေါင် ဟာ သူ့ ရဲ့ မိခင်ဖြစ်သူကို သူဟာပတ်ဝန်းကျင်ကို ၀န်ထုတ်ဝန်ပိုးဖြစ်မနေ
စေပဲ ကူညီတဲ့သူဖြစ်ချင်လို့ ( ကြိုးစားဖန်တီးနိုင်ရန် ) ကွန်ပြူတာ တစ်ပါတ်ရစ်အဟောင်းတစ်လုံးလောက်
ဝယ်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်...
နှစ်အတန်ကြာ အပြင်းအထန်ကြိုးစားလေ့ လာခဲ့ အပြီးမှာတော့ ရလာဒ်ကောင်းတွေထွက်ပေါ်လာပါတော့
တယ်...
သူဟာ ၀က်ဘ်ဆိုင် ( အင်တာနက်စာမျက်နှာ ) ဖန်တီးတည်ဆောက်ရေးနဲ့ အင်တာနက်နည်းပညာဆိုင်ရာ
မှာ ကျွမ်းကျင်သူဖြစ်လာပါတော့ တယ်...
ယခုအခါမှာတော့သူဟာ ၀က်ဘ်ဆိုဒ် ၄ ခုကိုတည်ထောင်ဖန်တီးသူ၊ ၀က်ဘ်ဆိုဒ် ၇ ခုတို့ ရဲ့ စီမံခန့် ခွဲမှုဆိုင်
ရာထိန်းသိမ်းကြီးကြပ်သူ ဖြစ်တဲ့ အပြင် သတင်းအချက်အလက်ဆိုင်ရာကုမ္ပဏီတစ်ခုရဲ့ နည်းပညာဆိုင်ရာ
စာရေးတစ်ယောက်အဖြစ် ရွေးချယ်ခန့် ထားခြင်းခံခဲ့ ရပြီဖြစ်ပါတယ်...
၎င်းအပြင် သူဟာ ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးတစ်ခုကိုလည်း တည်ထောင်ထားပြီး ဒေသခံများနဲ့ မြို့ နယ်
အထိပါ ဟင်းသီးဟင်းရွက်ကုန်စိမ်း တွေကိုဖြန့် ဖြူးရောင်းချပေးနေပါသေးတယ်...
ဒေါင်ရဲ့ ကိုယ်ခန္ဓာမသန်မစွမ်းဖြစ်မှုအပေါ် အရှုံးမပေးပဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ တဲ့ အ
ကြောင်းဇတ်လမ်းဟာ သူ့ ရဲ့ ဇာတိနယ်မြေတင်ကျော်ဇောရုံမက ဂွမ်တုံပြည်နယ်မှ ယွမ်အမည်ရှိတဲ့ မိန်းက
လေးရဲ့ နှလုံးသားကိုပါ ညှို့ ယူဆွဲထား၊ ဖမ်းစားနိုင်ခဲ့ ပါတော့ တယ်...
အသက် ၂၁ နှစ်ရှိ ယွမ် ဟာ ငယ်စဉ်အသက် ၁ နှစ်အရွယ်က မတော်တစ်ဆမီးလောင်ခံခဲ့ ရမှုကြောင့် ခန္ဓာ
ကိုယ် ပုံသဏ္ဍာန်ပျက်ယွင်းခဲ့ ရသူဖြစ်နေပါတယ်...
ထိုစဉ်က အသက်မသေခဲ့ ပေမယ့် သူမရဲ့ ဘယ်ဘက်လက်က လက်ချောင်းလေးတွေဆုံးရှုံးခဲ့ ရပြီး နှာခေါင်း
လဲမီးအရှိန်ကြောင့် ပျက်စီးသွားခဲ့ ရပါတော့တယ်...
မျက်နှာချို့ ယွင်းပျက်စီးမှုဒါဏ်ကြောင့် နှစ်ပေါင်း ၂၀ လုံးလုံး ယွမ် ဟာ သူမရဲ့ မျက်လုံးတွေကို ပိတ်လို့ မရခဲ့ 
နိုင်ရှာပါဘူး...
ငွေကြေးအခက်အခဲကြောင့် သူမရဲ့ မျှော်လင့် ချက်အိပ်မက်ဖြစ်တဲ့ တက္ကသိုလ်ကောလိပ်သွားဖို့ အခွင့် အရေး
ကိုလည်း စွန့် လွှတ်ခဲ့ ရပြီး သူမရဲ့ ပျက်ယွင်း၊ချို့ တဲ့ နေသည့် ရုပ်ဆင်းသဏ္ဍာန်ကြောင့် လည်း အထက်တန်း
ကျောင်းအောင်မြင်ထားခဲ့ တဲ့ ယွမ်တစ်ယောက် အလုပ်အကိုင်အခွင့် အလမ်းကောင်းတွေကို ဆုံးရှုံးခဲ့ ရလို့ 
အကြီးအကျယ်စိတ်ဓါတ်ကျခဲ့ ရရှာပါတယ်...
မသန်မစွမ်းသူများအတွက် လုပ်ရှာဖွေပေးတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုမှတစ်ဆင့် သူမရဲ့ ယုံကြည်စိတ်ချဖွယ်တိုင်
ပင်ဖက် တစ်ယောက်ကိုတွေ့ ခဲ့ ရပါတော့ တယ်...
ထိုသူကတော့  ဒေါင် ပဲဖြစ်နေပါတယ်...
နှစ်ဦးသား တူညီလှတဲ့ ကံကြမ္မာကြောင့် ယွမ်တစ်ယောက် ဒေါင် ကိုကြွေခဲ့ ရပြီး သူ့ ကိုပဲ ဘ၀ကြင်ဖော်အ
ဖြစ် လက်ခံခဲ့ပါတယ်...
" သူဟာ အလွန်ကြင်နာသနားတတ်တဲ့သူဖြစ်ပါတယ်..." လို့ သူမကဆိုခဲ့ ပါတယ်...
Dong feeding Yuan the dishes she cooked for him
အပြန်အလှန် ကြင်နာယုယ တာ....
Dong feeding Yuan the dishes she cooked for him
ယခုနှစ် ဧပြီလအစောပိုင်းမှာတော့ ဒေါင် ဟာ ယွမ် ကိုချစ်တဲ့ အကြောင်းဖွင့် ပြောခဲ့ ပါတယ်...
" ကျွန်တ်ာသူမကို ရင်ထဲအသည်းထဲကနေ တစ်ကယ်ချစ်မိတာဖြစ်ပြီး သူမကိုဘ၀တစ်လျှောက်လုံးနွေးနွေး
ထွေးထွေးစောင့် ရှောက်ကြင်နာသွားမှာဖြစ်ပါတယ်..." လို့ သူကဆိုပါတယ်...
ယွမ်ဟာ ဒေါင် ရဲ့ ရိုးသားဖြူစင်မှုလေးတွေကြောင့် လှိုက်လှိုက်လှဲလှဲ ခံစားချစ်ခဲ့ မိပြီး သူနေထိုင်ရာ လျောင်
နင်ပြည်နယ်က အိမ်ကို မကြာခင်မှာပဲပြောင့် ရွှေ့ လာခဲ့ ပါတော့ တယ်...
ဒေါင် ဟာသူစုဆောင်းခဲ့ သမျှငွေတွေနဲ့ သူမအတွက် မျက်နှာပြုပြင်မှုဆိုင်ရာဆေးပစ္စည်း၊ ကုသမှုတွေလုပ်
ပေးခဲ့ ပါတယ်...
သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ မျှော်လင့် ချက်တွေတင်မက ကူညီပြုစုခြင်းတွေကိုပါဆောင်ကြဉ်းပေးခဲ့ 
တာပါပဲ....
သူတို့ ချစ်သူစုံတွဲအကြောင့် သိရှိခဲ့ ရပြီးနောက် ရှင်ယန်းရှီဟေး ခွဲစိတ်အလှပြင်ဆေးရုံက ခွဲစိတ်မှုအတွက်
ကျသင့် ငွေ ယွမ် ၁ သိန်းကို မယူတော့  ဖို့ ဆုံးဖြတ်ခဲ့ လိုက်ပါတယ်...
" ကျွန်တော့် အတွက်ကတော့ သူမဟာ ကမ္ဘာပေါ်မှာအမွန်မြတ်ဆုံး၊ အဖြူစင်ဆုံးနဲ့ အလှပဆုံး မိန်းကလေး
ပါပဲ..." လို့ ဒေါင် ကဆိုခဲ့ ပါတယ်...
" သူမရဲ့ ခွဲစိတ်မှုတွေအားလုံးပြီးစီးအောင်မြင်ပြီး မင်္ဂလာဝတ်စုံလှလှလေးဝတ်နိုင်တဲ့ အချိန်ကျယင်သူမကို
ကျွန်တော် လက်ထပ်မှာဖြစ်ပါတယ်....ဘ၀မှာဘာတွေပဲဖြစ်လာဖြစ်လာ ၀မ်ယု နဲ့ ကျွန်တော်တို့ ဟာ အတူ
လက်တွဲပြီးရင်ဆိုင်သွားမှာဖြစ်ပါတယ်..." လို့ လည်းသူကပြောကြားခဲ့ ပါတယ်...
ချစ်သူမရှိလို့ များ စိတ်ဓါတ်ကျမနေပါနဲ့ ...အချိန်တန်ယင် ဖူးစာရှင်ဆိုတာ ပေါ်လာမှာအမှန်ပါပဲ....
အင်္ဂလိပ်လို သတင်းလေးပါ....
Love remained unattainable dreams for Dong Zhijun and Yuan Wanyu from China until they got to know each other over a year ago.
Dong, a 23-year-old from a remote county named Tai'an in Liaoning Province, was born with congenital rickets.
Suffering from the tragic disease, Dong - dubbed "Mini Boy" or "Shorty" - is only 80cm tall. He spent most of his childhood in bed since he was prone to fractures.
At the age of 18, Dong asked his mother to buy him a second-hand computer, saying that he would like to be a helpful man rather than be a burden to society.
Several years of hard work paid off. He became a savvy in website construction and Internet technology.
Now he is a founder of four websites and an operation supervisor of seven websites and he has been recruited as an IT clerk by an information services company.
He also set up a vegetable plantation and provided green vegetables for  local residents and city dwellers.
The story of Dong conquering physical and social challenges spread beyond his hometown and tugged at the heartstrings of Yuan, a girl in Guangdong Province.
Yuan, 21, was accidentally burnt and suffered great disfigurement when she was one.
She survived but lost the fingers in her left hand and her nose was burned off. For 20 years, Yuan had been unable to close her eyes due to the disfigurement.
Financial difficulties forced Yuan to give up her dreams of going to college and the discrimination caused by her features and physical defects also caused the high-school graduate to lose many job opportunities, throwing her into despair.
In 2009, Yuan - who was dejected after several unsuccessful job interviews - found a confidante in a head-hunting website for the disabled.
That confidante happened to be Dong.
Sharing the same fate, Yuan found herself geting a crush on Dong and gradually accepted him as her Mr Right.
"He is a very kind man," she said.
In early April this year, Dong confessed his feelings to Yuan.
"I love her from my heart and I will warm her heart all my life," he said.
Yuan was deeply touched by Dong’s sincerity and soon moved to his home in Liaoning.
Dong took all his savings and brought her for cosmetic therapy.
Their love gave them not only hope but help.
After finding out the couple’s story, Shenyang Xiehe Cosmetic Hospital decided to waive 100,000 yuan (RM46,240) in surgical fees.
"To me, she is the holiest and most gorgeous girl in the world," Dong said.
"I will marry her after she completes all the surgeries so that she can finally put on a beautiful wedding dress.
"No matter what happens, Wanyu and I will face up to it together."
Source: Xinhua
World's largest political party
Wednesday, July 7, 2010
ကမ္ဘာ့ လူဦးရေအများဆုံး၊ အင်အားအကြီးမားဆုံးနိုင်ငံရေးပါတီ...
ကြောင်ဖြူ၊ကြောင်နက်ကအရေးမကြီးဘူး...ကြွက်ခုတ်နိုင်ဖို့ သာအဓိကကျတယ်
ဆိုတဲ့ မူဝါဒကြောင့် အောင်မြင်မှုတွေရခဲ့တဲ့ တ၇ုတ်ကွန်မြူနစ်ပါတီကြီး...
ကမ္ဘာ့ လူဦးရေ၏ ၁.၁၄ ရာခိုင်နှုံးနှင့် ညီမျှသောအရေအတွက်ရှိသည့်  သူများဟာ တရုတ်ကွန်မြူနစ်
ပါတီဝင်တွေဖြစ်ကြတာမို့ ကမ္ဘာပေါ်ရှိ လူ အယောက် ၁၀၀ တိုင်းတွင် တစ်ဦးသည် ကွန်မြူနစ်ပါတီဝင်
ဖြစ်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်လို့ တရုတ်နိုင်ငံရဲ့ သတင်းတစ်ပုဒ်အရသိရှိရပါတယ်...
ယခုအခါ ၎င်းတို့ ရဲ့ ပါတီဝင်အင်အားဟာ အများဆုံးအနေနှင့်  ၇၇.၉၉ သန်းရှိနေပါပြီလို့  တရုတ်ကွန်
မြူနစ်ပါတီ အထက်တန်းခေါင်းဆောင်တစ်ဦးက လွန်ခဲ့ သည့် တနင်္လာနေ့ ကပြောဆိုခဲ့ ပါတယ်...
အဆိုပါအရေအတွက်ဟာ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံစတင်တည်ထောင်ခဲ့ စဉ်ကထက်
အဆပေါင်း ၁၁၆ ဆ ပိုမိုများပြားလာတာဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ပါတီဖွဲ့ 
စည်းရေးဌာနကြီးရဲ့ ဒုတိယအကြီးအကဲ ၀မ်ကျင်ဖန် ကပြောကြားခဲ့ ပါတယ်...
လွန်ခဲ့ တဲ့ နှစ် တစ်ခုတည်းမှာပင် ပါတီဝင်အဖြစ်လျှောက်ထားသူပေါင်း သန်း ၂၀ ကျော်ရှိခဲ့ ပြီး ထိုအ
ထဲကမှ ၂ သန်းကိုသာလက်ခံပြီး ပါတီဝင်အဖြစ်ဝင်ခွင့် ပြုခဲ့ တယ်လို့ ဆိုပါတယ်...
တရုတ်ကွန်မြူနစ်ပါတီဝင်အားလုံးစုစုပေါင်းတွင် ၁၈.၅ သန်းဟာ အသက် ၃၅ နှစ်အောက်အရွယ်တွေ
ဖြစ်ကြပြီး ၂၈ သန်းနီးပါးကတော့ တက္ကသိုလ်ဘွဲ့ ရ ပညာတတ် သို့ မဟုတ် အထက်တန်းပညာတတ်များ
ဖြစ်နေကြတယ်လို့ ဆိုပါတယ်....
ပါတီဝင်များဟာ ၂၀၀၈ ခုနှစ်မှာ တရုတ်နိုင်ငံတည်ထောင်ခြင်း အနှစ် ၆၀ ပြည့် အခမ်းအနားများနှင့် တစ်
ပြိုင်ထဲ ဆက်ကာကျင်းပခဲ့ တဲ့ ဘေဂျင်းအိုလံပစ် နှင့် ပါရာလံပစ် အာကစားပြိုင်ပွဲကြီးတွေကို ဦးဆောင်မှု
ပေးပြီးပါဝင်ကူညီခဲ့ ကြပြီး စီချွမ်နှင့် ယူရှူး မြေငလျင်များမှာလည်း ဦးဆောင်ကူညီခဲ့ ကြပါတယ်...
ဝီကီပီဒီးယား စွယ်စုံကျမ်းအဖွဲ့ ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ လူဦးရေ ၁.၃ ဘီလီယံကျော် ရှိတာမို့ ကမ္ဘာ့ 
လူဦးရေစုစုပေါင်းရဲ့  ၁၉.၅၉ ရာခိုင်နှုံးဖြစ်ပြီး အိန္ဒိယနိုင်ငံကတော့ လူဦးရေ ၁.၁ ဘီလီယံကျော်၊ အမေရိ
ကန်ပြည်ထောင်စုက လူဦးရေ သန်း ၃၀၀ကျော်၊ အင်ဒိုနီးရှားက လူဦးရေ သန်း ၂၃၁ သန်းကျော်စီ ရှိ
ကြတယ်လို့ ဇွန်လ ၂၉ ရက်နေ့ က ထုတ်ပြန်ချက်ကဆိုပါတယ်...
ဒီလိုပါတီဝင်အင်အားများစွာနဲ့ နိုင်ငံကိုဖွံ့ ဖြိုးတိုးတက်ပြီး ကမ္ဘာ့ စီးပွးရေးအင်အားကြီးနိုင်ငံဖြစ်အောင်
စွမ်းဆောင်နိုင်ခဲ့တာကတော့ ကွယ်လွန်သွားခဲ့ ပြီဖြစ်တဲ့ ခေါင်းဆောင်တိန့် ရှောင်ဖိန်ရဲ့ ကမ္ဘာကျော်အဆို
အမိန့် ဖြစ်တဲ့ ကြောင်ဖြူ၊ကြောင်နက်က အရေးမကြီးပါဘူး၊ ကြွက်ခုတ်နိုင်ဖို့ သာ အဓိက ပါဆိုတဲ့ စကား
လေးကို သတိရမိပါတယ်...
More than 1.14 per cent of the world's population are members of the Communist Party of China (CPC), which means that out of every 100 people, one is a member of the party.
On Monday, a senior official of the party announced that it has a record high of 77.99 million members as of last year.
The figure is 116 times higher than it was in 1949 when the People's Republic of China was founded, said Wang Qinfeng – deputy head of the Organization Department of the CPC Central Committee.
Wang said last year alone, more than 20 million people applied to join the party but it only recruited two million, he said.
Of the total CPC members, about 18.5 million were under 35 years old and close to 28 million held a college degree or higher qualification, said Wang.
He said CPC members had taken the lead in helping China host the Beijing Olympics and Paralympics in 2008, the celebrations in conjunction with the 60th founding anniversary of the country, as well as in the relief work of the Sichuan and Yushu earthquakes.
According to Wikipedia, China has the largest population in the world with 1,338,350,000 people that make up 19.59% of the world's population, followed by India (1,182,540,000), United States (309,612,000) and Indonesia (231,369,000), as of June 29, 2010.
Myanmar discovers over 100-ton jade stone in northern state
Monday, February 8, 2010
တန်ချိန် ၁၀၀ ရှိ ကျောက်စိမ်းတုံး မြန်မာပြည်တွင်တွေ့ ရှိ
ဗီယက်နမ်ကိုရောင်းလိုက်တဲ့ တန် ၃၀ လား...
ပါးပါးလေးပါ....တန်ချိန် ၁၀၀ နဲ့ 
တန်ချိန် ၃၀၀၀ တောင်ထပ်တွေ့  ထားသေးတယ်...
မြန်မာနိုင်ငံတွင် ၁၁၅ တန်အလေးချိန်ရှိသော ကျောက်စိမ်းအရိုင်းတုံးကြီးတစ်ခုကို ကချင်ပြည်
နယ်ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင်တွေ့ ရှိခဲ့ ရကြောင်း မြန်မာသတင်းဂျာနယ်တစ်စောင်
ကလွန်ခဲ့ သော သောကြာနေ့ ကဖော်ပြခဲ့ သည်ဟု တရုတ်နိုင်ငံဆင်ဟွာသတင်းဌာနကဖေါ်ပြ
ထားခဲ့ ပါတယ်...
လွန်ခဲ့ တဲ့ ဆယ်နှစ်အတွင်းတူးဖော်တွေ့ ရှိသမျှထဲတွင် ဒုတိယအကြီးဆုံးဖြစ်သော အဆိုပါကျောက်
စိမ်းအရိုင်းတုံးကြီးကို မက်စ် မြန်မာ ကုမ္ပဏီက တူးဖော်တွေ့ ရှိခဲ့ ခြင်းဖြစ်သည်ဟုဆိုပါသည်...
ကမ္ဘာ့ အကြီးဆုံး တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကိုလည်း ဖားကန့် ဒေသမှာပင် ၂၀၀၀ခုနှစ်
ကတွေ့ ရှိခဲ့ ပါသေးတယ်ဟုသတင်းဖော်ပြချက်မှာပါရှိခဲ့ ပါသည်...
အလျား ၂၁ မီတာ ( ၆၈ ပေ ) ၊ အကျယ် ၄.၈ မီတာ ( ၁၅.၇ ပေ ) ၊ နဲ့ အမြင့်  ၁၀.၅ မီတာ
( ၃၄ ပေ ) ရှိတဲ့ အဆိုပါကျောက်စိမ်းတုံးကြီးကို မြေကြီးအောက် ၁၂ မီတာ ( ၄၀ ပေ ) အနက်
မှာ တွေ့ ရှိခဲ့ ရတာဖြစ်သည်ဟု သတင်းများကဆိုပါသည်...
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ အကြီးဆုံးပတ္တမြား ( ၂၁၄၅၀ ကာရက် အလေးချိန် ) ၊ ကမ္ဘာ့ အကြီး
ဆုံး နီလာဂေါ်ကြိုး ( ၆၃၀၀၀ ကာရက် ) ၊ ကမ္ဘာ့ အကြီးဆုံးပြောင်ဂေါင်းစိမ်း ( ၃၂၉ ကာရက် )
ကမ္ဘာ့ အကြီးဆုံး ပုလဲကြီး ( ၈၄၅ ကာရက် ) တို့ ကိုလည်း ပိုင်ဆိုင်ထားသည်ဟုဆိုပါတယ်...
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာများတူးဖော်လုပ်ကိုင်နေသော ရတနာမိုင်းတွင်းခြောက်ခု
ရှိပြီး၊ ၎င်းတို့ မှာ ရှမ်းပြည်နယ်ရှိ မိုင်းရှူးဒေသ၊ နမ့် မျှားဒေသ၊ မန္တလေးတိုင်းရှိ မိုးကုတ်ဒေသ၊
စစ်ကိုင်းတိုင်း ရှိခန္တီးဒေသ နှင့်  ကချင်ပြည်နယ်ရှိ မိုးညှင်းဒေသ နှင့် ဖားကန့် ဒေသ များဖြစ်
ကြပါသည်...
ကျောက်မျက်မျိုးစုံပေါ်ထွက်ရာအဖြစ် နာမည်ကျော်သော မြန်မာပြည်တွင် ပတ္တမြား၊ စိန်၊ကြောင်
မျက်ရွှဲ၊ နီလာ၊မြ၊ ဥဿဖယား၊ ပုလဲ၊ သန္တာ မှစပြီး ကျောက်မျက်အမျိုးအစားပေါင်းမြောက်များ
စွာထွက်ရှိသည်ဟု ၀ံ့ ကြွားနိုင်ပါတယ်...
အစိုးရ စီမံကိန်းနှင့် စာရင်းအင်းများဌာန၏ ထုတ်ပြန်ချက်အရ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း
မှာ မြန်မာနိုင်ငံအနေနဲ့  ကျောက်စိမ်း တန်ချိန် ၃၂၉၂၁ ၊ ပတ္တမြားအပါအ၀င် ကျောက်မျက်အမျိုးစုံ
( ပုလဲမပါ ) ၁၈၇၂၈ သန်း ကာရက် နဲ့ ပုလဲ ၇၅၄ ကီလိုဂရမ် ထုတ်လုပ်နိုင်ခဲ့ ကြောင်း သိရပါတယ်...
တွေ့ လားဗျာ...
ရွှေပြည်ကြီးဘယ်လောက်ချမ်းသာသလဲဆိုတာ...
ကမ္ဘာမှာ တစ်ခြားဘယ်နိုင်ငံမှာမှ အဲဒီလိုမရှိဘူး....
ဒါကြောင့် မို့ ဟန်းဖုန်းတို့ ၊ လိုင်းဖုန်းတို့ ကို ကမ္ဘာမှာ တစ်ခြားဘယ်နိုင်ငံမှနဲ့ မတူတဲ့ 
ဈေးနဲ့ ဝယ်ပြီးသုံးနေနိုင်ကြတာပေါ့ ...
ဘာလို့ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေကြသလဲမသိဘူး...
လူတွေများခက်ပါတယ်...
ဟဲဟဲ....
 ဆင်ဟွာသတင်းကဖော်ပြထားတဲ့ အင်္ဂလိပ်လိုသတင်းလေးပါ.... 
YANGON, Jan. 29 (Xinhua) -- Myanmar has discovered a raw jade stone weighing 115 tons at Phakant mining area in the country's northernmost Kachin state, the local Newsweek journal reported Friday.
The jade stone, the second largest one to be mined in the past decade, was excavated by Max Myanmar company, the report said.                                    
The world's largest jade stone weighing about 3,000 tons was discovered in Phakant in 2000.
The giant jade stone, measuring 21 meters long, 4.8 meters wide and 10.5 meters high was found at a depth of 12 meters underground, an earlier report said.
The country also claimed that it possesses the world's largest ruby weighing 21,450 carats, the largest star sapphire weighing 63, 000 carats, the biggest peridot weighing 329 carats and the biggest pearl weighing 845 carats.
There are six mining areas in Myanmar under gem and jade exploration, namely, Mongshu and Namhyar in Shan state, Mogok in Mandalay division, Khamhti in Sagaing division, Moenyin and Phakant in Kachin state.
Myanmar, a well-known producer of gems in the world, boasts ruby, diamond, cat's eye, emerald, topaz, pearl, sapphire, coral and a variety of garnet tinged with yellow.
The government's Central Statistical Organization revealed that in the fiscal year 2008-09, Myanmar produced 32,921 tons of jade and 18,728 million carats of gems which include ruby, sapphire, spinel and peridot, as well as 201,081 mommis (754 kilograms) of pearl.