A heart-warming love story
Thursday, November 4, 2010
ဆွတ်ပျံ့ ကြည်နူးဖွယ် အချစ်ဇတ်လမ်းလေးတစ်ပုဒ်....
Yuan tapping Dong in the forehead after he lost a poker game at his home
ချစ်သူတွေ ပိုကာကစားရင်း ရှုံးတဲ့ သူ နဖူးအတောက်ခံရတဲ့ အတွက် ယွမ် ကတော့ ဖြေးဖြေးလေးပဲ ..
Yuan tapping Dong in the forehead after he lost a poker game at his home
တရုတ်နိုင်ငံမှ ဒေါင်ကျီကျွန်း နဲ့  ယွန်ဝမ်ယု တို့ အတွက်ကတော လွန်ခဲ့ တဲ့ နှစ်က သူတို့ နှစ်ဦးမသိကျွမ်းကြ
သေးချိန်အထိ အချစ်ဆိုတာသူတို့ ဘ၀မှာဘယ်တော့ မှမျှော်လင့် လို့ မရနိုင်တော့ တဲ့ အိပ်မက်တွေဖြစ်ခဲ့ 
ကြတာပါပဲ...
တရုတ်နိုင်ငံ၊ လျောင်နင်းပြည်နယ်၊ တိုင်အန် လို့ အမည်ရှိတဲ့ ဝေးလံသီခေါင်တဲ့ အရပ်ဒေသမှာမွေးဖွားခဲ့ 
ကိုယ်ချွတ်ယွင်းတဲ့ ရောဂါရှိနေခဲ့ ပါတယ်...
ထိုသို့ ရင်နင့် ဖွယ် ရောဂါကြောင့် ဒေါင် ဟာ လူပုလေး လို့ ခေါ်ရလောက်အောင် အရပ် ၈၀ စင်တီမီတာပဲ
( ၂.၆ ပေ ) ရှည်ပါတယ်...
သူ့ ရဲ့ အရိုးတွေဟာ ကျိုးလွယ်တာမို့ သူဟာငယ်စဉ်ကလေးဘ၀ရဲ့ တစ်ချိန်လုံးနီးပါး အိပ်ယာထက်မှာပဲနေ
ခဲ့ ရရှာပါတယ်...
Dong encourages Yuan before her first cosmetic surgery at the hospital
ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူနေသည့် ချစ်သူ ယွမ် ကိုအားပေးနေသည့်  ဒေါင်....
 Dong encourages Yuan before her first cosmetic surgery at the hospital
အသက် ၁၈ နှစ်မှာတော့ ဒေါင် ဟာ သူ့ ရဲ့ မိခင်ဖြစ်သူကို သူဟာပတ်ဝန်းကျင်ကို ၀န်ထုတ်ဝန်ပိုးဖြစ်မနေ
စေပဲ ကူညီတဲ့သူဖြစ်ချင်လို့ ( ကြိုးစားဖန်တီးနိုင်ရန် ) ကွန်ပြူတာ တစ်ပါတ်ရစ်အဟောင်းတစ်လုံးလောက်
ဝယ်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်...
နှစ်အတန်ကြာ အပြင်းအထန်ကြိုးစားလေ့ လာခဲ့ အပြီးမှာတော့ ရလာဒ်ကောင်းတွေထွက်ပေါ်လာပါတော့
တယ်...
သူဟာ ၀က်ဘ်ဆိုင် ( အင်တာနက်စာမျက်နှာ ) ဖန်တီးတည်ဆောက်ရေးနဲ့ အင်တာနက်နည်းပညာဆိုင်ရာ
မှာ ကျွမ်းကျင်သူဖြစ်လာပါတော့ တယ်...
ယခုအခါမှာတော့သူဟာ ၀က်ဘ်ဆိုဒ် ၄ ခုကိုတည်ထောင်ဖန်တီးသူ၊ ၀က်ဘ်ဆိုဒ် ၇ ခုတို့ ရဲ့ စီမံခန့် ခွဲမှုဆိုင်
ရာထိန်းသိမ်းကြီးကြပ်သူ ဖြစ်တဲ့ အပြင် သတင်းအချက်အလက်ဆိုင်ရာကုမ္ပဏီတစ်ခုရဲ့ နည်းပညာဆိုင်ရာ
စာရေးတစ်ယောက်အဖြစ် ရွေးချယ်ခန့် ထားခြင်းခံခဲ့ ရပြီဖြစ်ပါတယ်...
၎င်းအပြင် သူဟာ ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးတစ်ခုကိုလည်း တည်ထောင်ထားပြီး ဒေသခံများနဲ့ မြို့ နယ်
အထိပါ ဟင်းသီးဟင်းရွက်ကုန်စိမ်း တွေကိုဖြန့် ဖြူးရောင်းချပေးနေပါသေးတယ်...
ဒေါင်ရဲ့ ကိုယ်ခန္ဓာမသန်မစွမ်းဖြစ်မှုအပေါ် အရှုံးမပေးပဲ ဘ၀ကိုအောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ တဲ့ အ
ကြောင်းဇတ်လမ်းဟာ သူ့ ရဲ့ ဇာတိနယ်မြေတင်ကျော်ဇောရုံမက ဂွမ်တုံပြည်နယ်မှ ယွမ်အမည်ရှိတဲ့ မိန်းက
လေးရဲ့ နှလုံးသားကိုပါ ညှို့ ယူဆွဲထား၊ ဖမ်းစားနိုင်ခဲ့ ပါတော့ တယ်...
အသက် ၂၁ နှစ်ရှိ ယွမ် ဟာ ငယ်စဉ်အသက် ၁ နှစ်အရွယ်က မတော်တစ်ဆမီးလောင်ခံခဲ့ ရမှုကြောင့် ခန္ဓာ
ကိုယ် ပုံသဏ္ဍာန်ပျက်ယွင်းခဲ့ ရသူဖြစ်နေပါတယ်...
ထိုစဉ်က အသက်မသေခဲ့ ပေမယ့် သူမရဲ့ ဘယ်ဘက်လက်က လက်ချောင်းလေးတွေဆုံးရှုံးခဲ့ ရပြီး နှာခေါင်း
လဲမီးအရှိန်ကြောင့် ပျက်စီးသွားခဲ့ ရပါတော့တယ်...
မျက်နှာချို့ ယွင်းပျက်စီးမှုဒါဏ်ကြောင့် နှစ်ပေါင်း ၂၀ လုံးလုံး ယွမ် ဟာ သူမရဲ့ မျက်လုံးတွေကို ပိတ်လို့ မရခဲ့ 
နိုင်ရှာပါဘူး...
ငွေကြေးအခက်အခဲကြောင့် သူမရဲ့ မျှော်လင့် ချက်အိပ်မက်ဖြစ်တဲ့ တက္ကသိုလ်ကောလိပ်သွားဖို့ အခွင့် အရေး
ကိုလည်း စွန့် လွှတ်ခဲ့ ရပြီး သူမရဲ့ ပျက်ယွင်း၊ချို့ တဲ့ နေသည့် ရုပ်ဆင်းသဏ္ဍာန်ကြောင့် လည်း အထက်တန်း
ကျောင်းအောင်မြင်ထားခဲ့ တဲ့ ယွမ်တစ်ယောက် အလုပ်အကိုင်အခွင့် အလမ်းကောင်းတွေကို ဆုံးရှုံးခဲ့ ရလို့ 
အကြီးအကျယ်စိတ်ဓါတ်ကျခဲ့ ရရှာပါတယ်...
မသန်မစွမ်းသူများအတွက် လုပ်ရှာဖွေပေးတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုမှတစ်ဆင့် သူမရဲ့ ယုံကြည်စိတ်ချဖွယ်တိုင်
ပင်ဖက် တစ်ယောက်ကိုတွေ့ ခဲ့ ရပါတော့ တယ်...
ထိုသူကတော့  ဒေါင် ပဲဖြစ်နေပါတယ်...
နှစ်ဦးသား တူညီလှတဲ့ ကံကြမ္မာကြောင့် ယွမ်တစ်ယောက် ဒေါင် ကိုကြွေခဲ့ ရပြီး သူ့ ကိုပဲ ဘ၀ကြင်ဖော်အ
ဖြစ် လက်ခံခဲ့ပါတယ်...
" သူဟာ အလွန်ကြင်နာသနားတတ်တဲ့သူဖြစ်ပါတယ်..." လို့ သူမကဆိုခဲ့ ပါတယ်...
Dong feeding Yuan the dishes she cooked for him
အပြန်အလှန် ကြင်နာယုယ တာ....
Dong feeding Yuan the dishes she cooked for him
ယခုနှစ် ဧပြီလအစောပိုင်းမှာတော့ ဒေါင် ဟာ ယွမ် ကိုချစ်တဲ့ အကြောင်းဖွင့် ပြောခဲ့ ပါတယ်...
" ကျွန်တ်ာသူမကို ရင်ထဲအသည်းထဲကနေ တစ်ကယ်ချစ်မိတာဖြစ်ပြီး သူမကိုဘ၀တစ်လျှောက်လုံးနွေးနွေး
ထွေးထွေးစောင့် ရှောက်ကြင်နာသွားမှာဖြစ်ပါတယ်..." လို့ သူကဆိုပါတယ်...
ယွမ်ဟာ ဒေါင် ရဲ့ ရိုးသားဖြူစင်မှုလေးတွေကြောင့် လှိုက်လှိုက်လှဲလှဲ ခံစားချစ်ခဲ့ မိပြီး သူနေထိုင်ရာ လျောင်
နင်ပြည်နယ်က အိမ်ကို မကြာခင်မှာပဲပြောင့် ရွှေ့ လာခဲ့ ပါတော့ တယ်...
ဒေါင် ဟာသူစုဆောင်းခဲ့ သမျှငွေတွေနဲ့ သူမအတွက် မျက်နှာပြုပြင်မှုဆိုင်ရာဆေးပစ္စည်း၊ ကုသမှုတွေလုပ်
ပေးခဲ့ ပါတယ်...
သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ မျှော်လင့် ချက်တွေတင်မက ကူညီပြုစုခြင်းတွေကိုပါဆောင်ကြဉ်းပေးခဲ့ 
တာပါပဲ....
သူတို့ ချစ်သူစုံတွဲအကြောင့် သိရှိခဲ့ ရပြီးနောက် ရှင်ယန်းရှီဟေး ခွဲစိတ်အလှပြင်ဆေးရုံက ခွဲစိတ်မှုအတွက်
ကျသင့် ငွေ ယွမ် ၁ သိန်းကို မယူတော့  ဖို့ ဆုံးဖြတ်ခဲ့ လိုက်ပါတယ်...
" ကျွန်တော့် အတွက်ကတော့ သူမဟာ ကမ္ဘာပေါ်မှာအမွန်မြတ်ဆုံး၊ အဖြူစင်ဆုံးနဲ့ အလှပဆုံး မိန်းကလေး
ပါပဲ..." လို့ ဒေါင် ကဆိုခဲ့ ပါတယ်...
" သူမရဲ့ ခွဲစိတ်မှုတွေအားလုံးပြီးစီးအောင်မြင်ပြီး မင်္ဂလာဝတ်စုံလှလှလေးဝတ်နိုင်တဲ့ အချိန်ကျယင်သူမကို
ကျွန်တော် လက်ထပ်မှာဖြစ်ပါတယ်....ဘ၀မှာဘာတွေပဲဖြစ်လာဖြစ်လာ ၀မ်ယု နဲ့ ကျွန်တော်တို့ ဟာ အတူ
လက်တွဲပြီးရင်ဆိုင်သွားမှာဖြစ်ပါတယ်..." လို့ လည်းသူကပြောကြားခဲ့ ပါတယ်...
ချစ်သူမရှိလို့ များ စိတ်ဓါတ်ကျမနေပါနဲ့ ...အချိန်တန်ယင် ဖူးစာရှင်ဆိုတာ ပေါ်လာမှာအမှန်ပါပဲ....
အင်္ဂလိပ်လို သတင်းလေးပါ....
Love remained unattainable dreams for Dong Zhijun and Yuan Wanyu from China until they got to know each other over a year ago.
Dong, a 23-year-old from a remote county named Tai'an in Liaoning Province, was born with congenital rickets.
Suffering from the tragic disease, Dong - dubbed "Mini Boy" or "Shorty" - is only 80cm tall. He spent most of his childhood in bed since he was prone to fractures.
At the age of 18, Dong asked his mother to buy him a second-hand computer, saying that he would like to be a helpful man rather than be a burden to society.
Several years of hard work paid off. He became a savvy in website construction and Internet technology.
Now he is a founder of four websites and an operation supervisor of seven websites and he has been recruited as an IT clerk by an information services company.
He also set up a vegetable plantation and provided green vegetables for  local residents and city dwellers.
The story of Dong conquering physical and social challenges spread beyond his hometown and tugged at the heartstrings of Yuan, a girl in Guangdong Province.
Yuan, 21, was accidentally burnt and suffered great disfigurement when she was one.
She survived but lost the fingers in her left hand and her nose was burned off. For 20 years, Yuan had been unable to close her eyes due to the disfigurement.
Financial difficulties forced Yuan to give up her dreams of going to college and the discrimination caused by her features and physical defects also caused the high-school graduate to lose many job opportunities, throwing her into despair.
In 2009, Yuan - who was dejected after several unsuccessful job interviews - found a confidante in a head-hunting website for the disabled.
That confidante happened to be Dong.
Sharing the same fate, Yuan found herself geting a crush on Dong and gradually accepted him as her Mr Right.
"He is a very kind man," she said.
In early April this year, Dong confessed his feelings to Yuan.
"I love her from my heart and I will warm her heart all my life," he said.
Yuan was deeply touched by Dong’s sincerity and soon moved to his home in Liaoning.
Dong took all his savings and brought her for cosmetic therapy.
Their love gave them not only hope but help.
After finding out the couple’s story, Shenyang Xiehe Cosmetic Hospital decided to waive 100,000 yuan (RM46,240) in surgical fees.
"To me, she is the holiest and most gorgeous girl in the world," Dong said.
"I will marry her after she completes all the surgeries so that she can finally put on a beautiful wedding dress.
"No matter what happens, Wanyu and I will face up to it together."
Source: Xinhua
0 comments: