Haitians eat mud cakes to fill stomachs

Tuesday, February 1, 2011

 ဟေတီနိုင်ငံတွင် ရွှံ့ ဖြင့် လုပ်သည့် ကိတ်မုန့် များဖြင့် 

ဗိုက်ဖြည့် နေကြရ.....

လွန်ခဲ့ သည့် နှစ်ကမြေငလျင်ဒါဏ်အကြီးအကျယ်ခံစားခဲ့ ရသည့်ဟေတီနိုင်ငံရှိပြည်သူများမှာ အစာရေစာ
ရှားပါးပြတ်လပ်နေသည့် အတွက် နေ့ စဉ်အစားအသောက် အဖြစ် ရွှံ့ ဖြင့်ပြုလုပ်သည့် ကိတ်မုန့် များအား
ဗိုက်ဖြည့် စားသောက်နေကြရသည်ဟုဆိုပါတယ်...
ရွှံ့ နှစ်၊ ထောပါတ်၊ ဆားတို့ ဖြင့် ပြုလုပ်ဖန်တီးထားသည့် ရွှံ့ ကိတ်မုန့် များဖြင့် သာ လူဆင်းရဲများအနေဖြင့် 
အာသာဖြေစားသောက်နေကြရသည်ကို အောက်ပါရွှံ့ ကိတ်မုန့် များအားပြုလုပ်ပုံများကြည့် ခြင်းဖြင့် သိရှိနိုင်
ပါတယ်..
၇ွှံ့ နှစ်၊ ထောပါတ်၊ ဆားတို့ ဖြင့် ရောသမနယ်ကာ မုန့် ဖြစ်ဖို့ ပုံသွင်း...

A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. Some people eat mud cookies made of dirt, butter and salt to fill their stomachs. (Xinhua/Eliana Aponte)

 
ရွှံ့ ကိတ်မုန့် တွေနေလှန်း...စားကြစမ်း....
A girl walks by mud cakes while they dry at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte)
 
အိမ်တွင်းမှုလုပ်ငန်းတစ်ခုတောင်ဖြစ်နေပေါ့ ....
Women prepare mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte)  
 
 
ဒါ ကစားစရာမဟုတ်ဘူး...စားစရာရွှံ့ မုန့် တဲ့ ဗျာ....
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011.  (Xinhua/Eliana Aponte)  
 
 
ဆင်းရဲတဲ့ သူတွေကတော့ ဒီလိုမုန့် ပြားအ၀ိုင်းတွေ လုပ်ပြီး ဗိုက်ထဲအစာရှိအောင်စားနေကြရရှာတယ်...
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte)  
 
 ရွှံ ကိတ်ပြုလုပ်နေသည့်ဟေတီအမျိုးသမီးတစ်ဦး...
A woman prepares mud cakes at the Cite-Soleil neighborhood, in Port-au-Prince, Haiti, on Jan. 31, 2011. (Xinhua/Eliana Aponte) 


သြော်...
သူတို့ တစ်တွေအဲဒီလို စားသောက်နေရတာတွေ့ မြင်ကြားသိရတော့ ထမင်းတွေဟင်းတွေပိုလည်း ပက်ခနဲ

သွန်ပစ်ကြ၊ထမင်းချက်လည်း တိုင်းထွာမချက်ပဲ ဖိတ်စင်သွားတဲ့ ဆန်စေ့ တွေကိုအလွယ်တစ်ကူစွန့် ပစ်ကြ၊ 
အဆာပြေသွားရည်စာမုန့် အတွက် ဂုဏ်ပကာသနလုပ်ကာ ထောင်သောင်းချီကာ အကုန်အကျခံပေးပြီးစား
သောက်နေကြသူတွေကို လူချင်းတူတူ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ နေကြရရှာသူတွေရှိနေပါသေးလားဆို
တာ ပြလိုက်ချင်ပါတယ်...
ဘ၀ကိုပေါ့ ပျက်ပျက်သဘောထားသူတွေကတော့ ပြလည်း ပြပြပဲနေမှာပါပဲလေ...

နာဂစ်ဖြစ်ခဲ့ စဉ်က နေ့ စဉ်နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကြေကွဲဖွယ်ပုံရိပ်တွေပြနေတာတောင် အရယ်
အမောမပျက်၊ အ၇က်သောက်မပျက်၊ တတ်နိုင်သလောက် ကူညီထောက်ပံ့ လှူဒါန်းဖို့ စိတ်ကူးမရှိသူတွေ
တောင်မြင်တွေ့ ခဲ့ ရသေးတာပဲ...
သူများနိုင်ငံဖြစ်တာလောက်တော့ စိတ်တောင်ဝင်စားမယ်မထင်...

3 comments:

အဖြူရောင်နတ်သမီး said...

ဘဝကလည်း ဆိုးလိုက်ကြတာနော်...
ရွှံ့တောင် စားရတယ်လို့...
သူတို့ထက်စာရင် ကိုယ့်နိုင်ငံ့မှ တော်သေးတယ်..

ချမ်းလင်းနေ said...

တကယ်တွေကြုံမှပဲ တကယ်ကို အစာတစ်လုပ်တန်ဖိုးကို သိတော့မယ် ထင်ပါရဲ့ အကိုရေ။

YACOMAY said...

ဒီဆောင်းပါးလေးကိုဖတ်ပြီးတော့ဂျပန်ပြည်ကကွန်ဘီနီယံစတိုးဆိုင်တွေကနေ တနေ.တနေ.လွှင့်ပစ်နေတဲ့ အစားအသောက်အကောင်းတွေကို အရမ်းနှမြောမိပါတယ်။ဟေတီပြည်သူတွေသာ ဒါတွေကိုရရင်အရမ်းဝမ်းသာမှာပဲ.........