Showing posts with label news: daily telegraph. Show all posts
Showing posts with label news: daily telegraph. Show all posts

Illegal farting law causes big stink

Monday, January 31, 2011

လေထုညစ်ညမ်းစေသူများအားအရေးယူမည်.... 

ကျန်းမာရေးအတွက်လေလည်ခြင်းဟာ ပြစ်မှုတစ်ခုအဖြစ် အာဖရိကတိုက်ရဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပေါ်လာမှာ
ဖြစ်ပါတယ်...
မာလာဝီနိုင်ငံရဲ့ အစိုးရဟာ နိုင်ငံသားများအနေနှင့် တာဝန်သိစိတ်နှင့် စည်းကမ်းပြည့် ဝသည့်သူများဖြစ်စေ
ဖို့ ပုံသွင်းသင်ပြဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လေထုညစ်ညမ်းသူများအား အရေးယူအပြစ်ပေးဖို့ စီစဉ်နေပါတယ်...
သို့ သော်လည်း အဆိုပါပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ညွှန်ပြဖို့ ကတော့ ခက်ခဲမှာဖြစ်တယ်လို့ နိုင်ငံ
သားများကစိုးရိမ်နေကြပြီး အမှန်တစ်ကယ်ပြစ်မှုကျူးလွန်သူများ ( လေထုညစ်ညမ်းစေသူများ ) က ၎င်းတို့ 
မကျေနပ်သည့် သူများအား အပြစ်လွှဲချမှုကြောင့် မှားယွင်းစွာ တရားစီရင်မှုတွေဖြစ်လာနိုင်တယ်လို့ ယူဆ
နေကြပါတယ်...
မာလာဝီနိုင်ငံသားတစ်ဦးက အာဖရိကသတင်းဝက်ဘ်ဆိုဒ်ကိုပြောကြားခဲ့ ရာမှာတော့ " အလို!!! ဘုရားရေ!!
လူတွေအမြောက်အများစုမိကြတဲ့ နေရာတွေမှာဆိုဘယ်လိုများဖြစ်မလည်း....သူတို့ တစ်တွေက ကားတစ်
စီးလုံး တစ်ဝက်ပြည့် အောင်ဖမ်းဆီးချူပ်နှောင်မှာလား...." ပြောဆိုခဲ့ ပါတယ်...


 လေထုညစ်ညမ်းမှုဟာလည်း သဘာဝဘေးအန္တရယ်တစ်ပါးမို့ တားဆီးကာကွယ်ကြရမည်သာ....

" ပြီးတော့ တရားခံရှာဖွေဖို့ ခက်ခဲတဲ့ အစည်းအဝေးတွေမှာဆိုယင်လည်းဘယ်လိုလုပ်မလည်း ? ကလေး
တွေဆိုယင်လည်း သူတို့ လေလည်တယ်ဆိုတာပြောင်ငြင်းပြီး လူကြီးတွေကိုလက်ညှိုးထိုးမှာပဲဖြစ်ပါတယ်...
သဘောသဘာဝအရ၊ ယဉ်ကျေးမှုအစဉ်အလာအရကိုက ဒီလိုကိစ္စမျိုးဟာ အလွန်အရှက်ရစရာဖြစ်ပါတယ် "
လို့ သူမကပြောဆိုခဲ့ ပါတယ်...

တစ်ခြားသူတစ်ဦးကလည်း " ယခုဆိုယင် မာလာဝီနိုင်ငံသားများအနေဖြင့် အလွန်အရေးထားရမယ့် ကိစ္စ
တွေရှိနေကြပါပြီ...လူတွေလေထုညစ်ညမ်းမှု ( လေလည်မှု ) ထက်စာယင် တရုတ်ပြည်ကလာရောက်ပြီး
ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေက ဒေသခံတွေကိုအလုပ်မခန့် တာ ( သူတို့ လူမျိုးတွေကိုပဲခေါ်လာပြီးခန့် တာ )၊
ဥပေဒပြုအမတ်များ ( အာဏာပိုင်များ ) အကြီးအကျယ် မရိုးမသားလာဘ်စားတာတွေ၊ အထူးသဖြင့် တော့ 
အာဏာရပါတီကြီးကတာဝန်ရှိသူတွေပေါ့ ၊ တစ်ခြားအရေးတစ်လုပ်စရာတွေကိုဘေးချိတ်ပြီး ဒီကိစ္စကိုဘာ
ကြောင့် များဦးစားပေး၊ အလေးထားနေသလည်းဆိုတာတော့ နားကိုမလည်နိုင်ပါဘူး..." လို့ ပြောကြားခဲ့ ပါ
တယ်....
အဆိုပါ လေထုညစ်ညမ်းစေသည့် ပြစ်မှုတွေကို အသစ်ဖန်တီးမည့် ဒေသဆိုင်ရာတရားရုံးများ စနစ်တွင် ဆုံး
ဖြတ်အပြစ်ပေးနိုင်စေမှာဖြစ်ပြီး တစ်ခြား ပြစ်မှုများကိုလည်းဆုံးဖြတ်စီရင်နိုင်ခွင့် ရှိကြောင်းဥပဒေမူကြမ်းကို
နိုင်ငံ၏ပြည်သူ့ လွှတ်တော်တွင် အခြေအတင်စဉ်းစားဆွေးနွေးဆုံးဖြတ်ရန် စီစဉ်ထားပါတယ်...

သြော်...
အေ၇းမပါတာတွေတော့ တော်တော်လုပ်တဲ့ သူတွေပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ...


Breaking wind is set to be made a crime in an African country. The government of Malawi plan to punish persistent offenders 'who foul the air' in a bid to 'mould responsible and disciplined citizens.'
But locals fear that pinning responsibility on the crime will be difficult - and may lead to miscarriages of justice as 'criminals' attempt to blame others for their offence. One Malawian told the website Africanews.com: 'My goodness. What happens in a public place where a group is gathered. Do they lock up half a minibus?
'And how about at meetings where it is difficult to pinpoint 'culprits'? Children will openly deny having passed bad air and point at an elder. Culturally, this is very embarrassing,' she said.
Another said: 'We have serious issues affecting Malawians today. I do not know how fouling the air should take priority over regulating Chinese investments which do not employ locals, serious graft amongst legislators, especially those in the ruling party, and many more.' The crime will be enforceable in a new 'Local Court' system which will also have powers to punish a range of other crimes in the bill set to be debated in the country's parliament.

Man jailed for 99th time in 30 years

Thursday, January 6, 2011

နှစ် ၃၀ အတွင်း ၉၉ ကြိမ် ထောင်ကျခံခဲ့ ရသူ....

ဝီလီယံဘရက်ဒလေဘန်စတင် အတွက်တော့ မလိုလားမနှစ်မြို့ ဖွယ် မှတ်တမ်းမှတ်ရာရှိနေခဲ့ ရပေပြီ....
အသက် ၄၇ နှစ်ရှိ အမျိုးသားအဖို့ အလာဘားမားပြည်နယ်၊ မိုဘိုင်းလ်အရပ်မက်ထရို အကျဉ်းထောင်သို့ 
လွန်ခဲ့ သည့် နှစ်ပေါင်း ၃၀ အတွင်း အနည်းဆုံး ၉၉ ကြိမ်ရောက်ရှိခဲ့ ရပြီးဖြစ်နေခဲ့ ပါတယ်...
ထိုအကြိမ်အရေအတွက်ဟာ မှတ်တမ်းမှတ်ရာများထိမ်းသိမ်းထားခဲ့ သည့် ကာလတစ်လျှောက်လုံး အများ
ဆုံးပဲဖြစ်ပါတယ်...
ထိုကဲ့ သို့ ထောင်ထဲသို့ ရောက်ရှိခဲ့ ရသည့် ပြစ်မှုများရဲ့ လေးပုံသုံးပုံ ကတော့ အရက်မူးပြီးရမ်းကားမှုများနှင့်
အရက်မူးပြီး မဖွယ်မရာပြုမူ၊ ပြသမှု တို့ ပဲဖြစ်တယ်လို့ မှတ်တမ်းမှတ်ရာများအရသိရှိရပါတယ်...

 ကြိုက်လို့ သောက်တယ်၊ သောက်တော့ မူးတယ်၊ မူးတော့ ရစ်တယ်...ပြီးတော့ အထဲကိုဝင်ရတယ်...
ကမ္ဘာ့ ဆိုးမိုက်ပေတေ ထိပ်သီးဘွဲ့ ရ ယမကာလုလင် ၀ီလီယံ ဘရက်ဒလေ...

ဘန်စတင်ရဲ့ မကြာသေးခင်ကမှကျူးလွန်ခဲ့ တဲ့ ပြစ်မှုကတော့ တတိယအဆင့် အိမ်တွင်းမိသားစုအား အ
ကြမ်းဖက်ထိုးကြိတ်ရိုက်နှက်မှုနှင့် တာဝန်အရ ဖမ်းဆီးချူပ်နှောင်မှုအား ဟန့် တားနှောင့် ယှက်မှုတို့ ဖြစ်
တယ်လို့ တရားရုံးဆိုင်ရာအွန်လိုင်းမှတ်တမ်းများအရဆိုပါတယ်...
လွန်ခဲ့ သည့် နှစ်၊ ဖေဖော်ဝါရီလက ၎င်း၏ ၉၇ ကြိမ်မြောက်အဖမ်းခံထောင်ချခံရပြီးနောက်မှာ The Press-
Register က ဘန်စတင် ကိုတွေ့ ဆုံမေးမြန်းခဲ့ ပါတယ်....
၎င်းအနေနဲ့ ထိုမျှလောက်သောအကြိမ် ( ၉၇ ကြိမ် ) အထိ ထောင်ကျခံခဲ့ ရပါသလားဟု သတင်းထောက်က
မေးမြန်းခဲ့ ရာမှာ ဘန်စတင် က အဲဒီထက်တောင်များနိုင်ပါသေးတယ် လို့ ဖြေကြားခဲ့ ပါတယ်...
၎င်း၏အကြောင်းကို Press- Register တွင် သတင်းဆောင်းပါးအဖြစ်ဖော်ပြပါရှိခဲ့ ပြီးနောက် နှစ်ပါတ်အကြာ
မှာ တော့ သူဟာ အဖမ်းခံခဲ့ ရပြီးထောင်ထဲကိုရောက်ရှိခဲ့ ရပြန်ပါတယ်...

ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုတာ သူလိုလူမျိုးထင်ပါရဲ့ ....
ဒါမှမဟုတ် ရွှေခွက်ကိုင်ပြီးတောင်းစားနေရတဲ့ တိုင်းပြည်က ထောင်မျိုးမရောက်ဖူးသေးလို့ မိုက်စမြဲ၊ မိုက်ဆဲ
ဖြစ်နေပုံရပါတယ်...


William Bradley Bankston has an unwanted record. The 47-year-old has been to the Mobile County Metro Jail in Alabama at least 99 times in the last 30 years - more than anyone else in the modern era of record-keeping.
At least three-quarters of those bookings followed drinking bouts and public displays of drunkenness, records show.
Bankston’s most recent charges, according to online court records, included third-degree domestic violence and resisting arrest.
The Press-Register interviewed Bankston in early February last year, following his 97th visit to the jail. When the reporter inquired whether he had, in fact, been jailed that many times, Bankston replied, “Oh, probably more than that, ma’am.” Just two weeks after the Press-Register article on Bankston, he was arrested and booked into the jail yet again.

Scabies outbreak at Elysee palace

Friday, November 6, 2009


ဝဲစားနေတဲ့ နန်းတော်...





 အပေါ်ယံရွှေမှုန့် ကြဲ....အထဲကနောက်ချေးခံ....



ပြင်သစ်နိုင်ငံသမ္မတ နီကိုလပ်ဆာကောဇီ နှင့်  ဇနီးဖြစ်သူ ကာလာဘရူနီဆာကော်ဇီ တို့ နေထိုင်
လျှက်ရှိတဲ့ ပါရီမြို့ ရှိ Elysee နန်းတော်မှာ အရေပြားရောဂါ ၀ဲယားနာများ ကူးစက်ပျံ့ ပွားမှုဖြစ်ပွား
နေသဖြင့်  သမ္မတကြီးနှင့် ဇနီးဖြစ်သူတို့ ပါ ၀ဲယားနာ ရောဂါကူးစူးခံရမှာ စိုးရိမ်နေကြရပါတယ်တဲ့ ...

နန်းတော်အစောင့် စစ်သားသုံးယောက်မှာ အဆိုပါ ကူးစက်မှုပြင်းထန်တဲ့ ကိုယ်ရေပြားယားနာ
ဝဲရောဂါဖြစ်နေတာကို စစ်ဆေးတွေ့ ရှိခဲ့ ၇ပြီး၊ အခုလိုရောဂါဖြစ်ပွားရတာဟာလည်း ပြင်သစ်နိုင်
ငံရဲ့ အခန့် ညားဆုံး၊အထယ်ဝါဆုံး လို့ ဆို၇မယ့်  နန်းတော်အတွင်း တစ်စစီ ညစ်ပတ်စုတ်ပြတ်နေ
တဲ့ အခြေအနေကြောင့် နေထိုင်မှုနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု နည်းပြီး ကူးစက်ကြရတာဖြစ်ပါတယ်
လို့ ဆရာဝန်တွေကဆိုပါတယ်...
ဝဲရောဂါဆိုတာက တစ်ကယ်တော့ လည်း ဆင်းရဲမွဲတေသူလူတန်းစားများ၊ အထူးသဖြင့် အိမ်ခြေ
ယာခြေ မရှိသူများရဲ့  ဖြစ်သလိုညစ်ညစ်ပတ်ပတ် နေထိုင်မှုကြောင့် ဖြစ်တတ်တာမျိုးပါ...
လွန်ခဲ့ တဲ့ နွေရာသီတုံးကလည်း ပြင်သစ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မယ့် 
နိုင်ငံပြောင်းရွေ့ နေထိုင်သူ နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက် ယာယီတဲ တွေထိုးပြီးနေကြ
တဲ့ ပါရီမြို့ ရဲ့ Calais အရပ်အပြင်ဘက်က၊ သူတို့ အခေါ် ” ရွာသို့ မဟုတ် တော ” ထဲမှာ ၀ဲရော
ဂါတွေ အကြီးအကျယ် ကူးစက်ပျံ့ ပွားခဲ့ ပါသေးတယ်...အခုတော့ ထိုနေရာကို အစိုးရကရှင်းလင်း
လိုက်ပါပြီတဲ့ ...

Elysee နန်းတော်ကြီးရဲ့ အပြင်ပိုင်း ကတော့ မြင်ရသူတိုင်းကိုရင်သပ်ရှုမော ဖြစ်စေနိုင်ပေမယ့် ...
ပိုးဖလံတွေ စားထားလို့ စုတ်ပြတ်ပြီးဖရိုဖရဲ ဖြစ်နေတဲ့ အတွင်းပိုင်းကိုမြင်တဲ့ လာရောက်လည်
ပတ်သူများဟာလည်း အံ့ သြထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်...

နန်းတော်စောင့် တပ်သားတွေကို ကိုယ်စားပြုတဲ့ တပ်မတော်အခွင့် အရေးဆိုင်ရာအစည်းအရုံး
ဆီကရတဲ့ သတင်းအများအရ နန်းတော်တစ်ခုလုံးနီးပါးဟာ အရေးတစ်ကြီးပြင်ဆင်မွမ်းမံဖို့ လို
အပ်နေပြီလို့ ဆိုပါတယ်...အထူးသဖြင့် ရဲဘော်တွေ၊ ၀န်ထမ်းတွေနေတဲ့ အဆောင်တွေပဲပေါ့ ....
အဆိုပါအဖွဲ့ ရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က ” Elysee နန်းတော်ကြီးရဲ့ စုတ်ပြတ်နေတဲ့ အခြေအနေကြောင့် 
အခုလို အရေပြားယားနာ ၀ဲရောဂါဖြစ်နေသူတစ်ချို့ ရှိနေတာ အမှန်ပါပဲခင်ဗျာ...နံရံက အချော
ကိုင်ထားတဲ့ ပလာစတာတွေတောင် တစ်စစီ ကွာကျနေပါပြီ...”   လို့ ပြောဆိုခဲ့ ပါတယ်....
နန်းတော်အစောင့် စစ်ရဲတွေဟာ ခေါက်သိမ်းလို့ ရတဲ့ အိပ်ယာတွေနဲ့  အိပ်ကြရတာပါ...အဲဒီ
အိပ်ယာနေရာတွေဟာ လေ၀င်လေထွက်လုံးဝမှရှိပါဘူး...ပြီးတော့ အိပ်ယာခင်း၊စောင်တွေ၊
ခေါင်းအုံးတွေလည်း တစ်ခါမှ မလည်းကြပါဘူး လို့ ဆိုကြပါတယ်......
အခုတော့ နန်းတော်စောင့် စစ်တန်းလျားမှာ ၀န်ထမ်း၊ရဲဘော်တွေ ကြပ်ကြပ်တည်းတည်း မနေ
ရအောင် စီစဉ်ဆောင်ရွက်နေပါပြီ.... အဲဒီလိုနေကြရလို့ အခုလို ၀ဲရောဂါဖြစ်ပွားရတာပါတဲ့ ...

သြော်...
တီဗီသတင်းတွေမှာတော့ ရုပ်ရည်ချောမောလှပတဲ့ သမ္မတကတော်နဲ့  ခန့် ငြားတဲ့ အဆောက်
အဦးတွေကို ကြည့် ပြီး အထင်ကြီးမိတာ...
သူတို့ ဆီမှာ ကိုယ့် ထက်တောင်အခြေအနေဆိုးနေပါပေါ့ လား....
ဝဲစားနေတဲ့ နန်းတော် လို့ ပြောယင် လွန်မယ်မထင်ပေါင်ဗျာ....

တစ်ဆက်တည်း ကျွန်တော့် ဘ၀အတွေ့ အကြုံလေးလည်း ပြန်ပြီးသတိရမိသေးတော့ တယ်....
တချိန်သောအခါတုံးကပေါ့ ဗျာ.....
ဗိုလ်ချူပ်တစ်ယောက်ရဲ့ တူနဲ့ အလုပ်အတူတူလုပ်ခဲ့ ဖူးတယ်...( အဲဒီခေတ်တုံးကဗိုလ်ချူပ်ဆိုတာ
မြန်မာပြည်မှာလက်ချိုးရေလို့ ရတယ်နော်... )  သူက သူ့ ဦးလေးနဲ့ အတူ ၀င်ဒါမီယာမှာနေတယ်...
ကျွန်တော်ကတော့ စရိုက်မျိုးစုံတဲ့ ရန်ကုန်မြို့ စွန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုကပေါ့ ....
အဲဒီသူငယ်ချင်းနဲ့ လည်းအဲဒီတုံးကတော်တော်ခင်ပါတယ်...သူကရိုးလည်းရိုး၊ အ လည်း အ တယ်...
ဘယ်လောက် အ ပြီးကြောက်တတ်လည်းဆိုယင် သူ့ ဦးလေးရုံးခန်းမှာရှိတဲ့ သတင်းစာတောင်
ရောင်းမစားရဲဘူး...အဲဒီခေတ်က သတင်းစာအလေးချိန်နဲ့ ရောင်းယင်တော့ သုံးနိုင်သေးတယ်...

ဗိုလ်ချူပ်ဘက်ကတော်တဲ့ တူမို့ ၊မိန်းမကအုပ်ချူပ်တဲ့ အဲဒီအိမ်မှာတော့ သူ့ ခမျာ အိမ်ကခိုင်းဖို့ ခေါ်
ထားတဲ့ အလုပ်သမားတစ်ယောက် သာသာပဲနေရတာပါ...ဒါတောင် တူအရင်းနော်...

တစ်နေ့ တော့ သူ့ လက်မှာ အနီဖုလေးတွေအများကြီးပဲတွေ့ ရပြီး မနေမနားကုတ်နေလို့ မေးမြန်း
ယင်းနဲ့ သူ့ မှာ ၀ဲပေါက်နေတာသိလိုက်ရတယ်....
ကျွန်တော်တို့ မှာ ရယ်လိုက်ရတာပြောမနေနဲ့ တော့ ....

ရန်ကင်းသား ကိုခင်မောင်သိန်းဆို ပြောပြောပြီးရယ်လို့ ကိုမဆုံးဘူး...

”ငါ့ ကောင်ရာ ဟိုမှာ မြောင်းပုတ်၊ဗွက်တော မှာနေတဲ့ ကောင် ( ကိုပီတာ )  က ၀ဲမစားရဘူး...
ဝင်ဒါမီယာ၊ ဗိုလ်ချူပ်အိမ်မှာနေတဲ့ မင်းက ၀ဲပေါက်နေတယ်ဆိုလို့ လူကြားမကောင်း၊ သူကြား
မကောင်းပါလားကွာ”  ဆိုပြီးပြောနေခဲ့ တာ အခုထိမြင်ယောင်နေမိသေးတယ်...

အခုတော့ ရိုးသားတဲ့ သူငယ်ချင်းမိတ်ဆွေလည်းဘယ်ရောက်လို့ ဘယ်ပေါက်လေသည်မသိ...

ကိုယ် ကတော့  ကုလားအုတ်တောထဲမှာ မျှော်လင့် ခြင်းဝင်သက်တွေရှူရှိုက်ပြီး၊ စိတ်ဆိုး၊စိတ်
ပျက်ခြင်း ထွက်သက်တွေရှူထုတ်ယင်းနဲ့ ဘ၀ခရီးနှင်နေရလေရဲ့ ...

သတိရမိပါတယ်.....ချစ်သူငယ်ချင်းရေ....
မောင်ရင့် ညီမလည်းအခုလောက်ဆို အိမ်ထောင်ကျလို့ ကလေးတွေဘယ်နှစ်ယောက်တောင်
ရှိလေပြီမသိ....

ကဲမူရင်းသတင်းလေးဖတ်ကြည့် ပါဦး....

The French president, Nicolas Sarkozy, and his wife Carla Bruni-Sarkozy are at the centre of a health scare following an outbreak of scabies at the Elysée palace in Paris.

Three members of the palace guard were diagnosed with the highly contagious skin disease, which doctors said they had contracted due to the "dilapidated state" of what is considered one of France's most illustrious palaces.

Scabies is an illness more commonly linked to the squalid living conditions of the very poor, especially homeless people. There was a large scale outbreak over the summer among migrants hoping to cross into Britain who lived in a makeshift camp outside Calais known as the "jungle", which has now been razed.

While the Elysée's exterior is regally impressive, visitors are regularly shocked by the moth-eaten interiors. A source at the Association for the Defence of Military Rights - which represents palace staff - said that much of the palace was in urgent need of a makeover, particularly the staff quarters.

He said: "It is true that there have been some cases in the Elysée because of the dilapidated state of the building. Plaster is falling off walls in pieces." Some gendarmes slept in collapsible beds that were "never aired" and bedding was "almost never changed," the source alleged.

A spokesman for Mr Sarkozy said: "Work is currently being carried out in the military quarters in order to prevent people having to live so close together – the main cause of scabies."