Scabies outbreak at Elysee palace

Friday, November 6, 2009


ဝဲစားနေတဲ့ နန်းတော်...





 အပေါ်ယံရွှေမှုန့် ကြဲ....အထဲကနောက်ချေးခံ....



ပြင်သစ်နိုင်ငံသမ္မတ နီကိုလပ်ဆာကောဇီ နှင့်  ဇနီးဖြစ်သူ ကာလာဘရူနီဆာကော်ဇီ တို့ နေထိုင်
လျှက်ရှိတဲ့ ပါရီမြို့ ရှိ Elysee နန်းတော်မှာ အရေပြားရောဂါ ၀ဲယားနာများ ကူးစက်ပျံ့ ပွားမှုဖြစ်ပွား
နေသဖြင့်  သမ္မတကြီးနှင့် ဇနီးဖြစ်သူတို့ ပါ ၀ဲယားနာ ရောဂါကူးစူးခံရမှာ စိုးရိမ်နေကြရပါတယ်တဲ့ ...

နန်းတော်အစောင့် စစ်သားသုံးယောက်မှာ အဆိုပါ ကူးစက်မှုပြင်းထန်တဲ့ ကိုယ်ရေပြားယားနာ
ဝဲရောဂါဖြစ်နေတာကို စစ်ဆေးတွေ့ ရှိခဲ့ ၇ပြီး၊ အခုလိုရောဂါဖြစ်ပွားရတာဟာလည်း ပြင်သစ်နိုင်
ငံရဲ့ အခန့် ညားဆုံး၊အထယ်ဝါဆုံး လို့ ဆို၇မယ့်  နန်းတော်အတွင်း တစ်စစီ ညစ်ပတ်စုတ်ပြတ်နေ
တဲ့ အခြေအနေကြောင့် နေထိုင်မှုနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု နည်းပြီး ကူးစက်ကြရတာဖြစ်ပါတယ်
လို့ ဆရာဝန်တွေကဆိုပါတယ်...
ဝဲရောဂါဆိုတာက တစ်ကယ်တော့ လည်း ဆင်းရဲမွဲတေသူလူတန်းစားများ၊ အထူးသဖြင့် အိမ်ခြေ
ယာခြေ မရှိသူများရဲ့  ဖြစ်သလိုညစ်ညစ်ပတ်ပတ် နေထိုင်မှုကြောင့် ဖြစ်တတ်တာမျိုးပါ...
လွန်ခဲ့ တဲ့ နွေရာသီတုံးကလည်း ပြင်သစ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မယ့် 
နိုင်ငံပြောင်းရွေ့ နေထိုင်သူ နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက် ယာယီတဲ တွေထိုးပြီးနေကြ
တဲ့ ပါရီမြို့ ရဲ့ Calais အရပ်အပြင်ဘက်က၊ သူတို့ အခေါ် ” ရွာသို့ မဟုတ် တော ” ထဲမှာ ၀ဲရော
ဂါတွေ အကြီးအကျယ် ကူးစက်ပျံ့ ပွားခဲ့ ပါသေးတယ်...အခုတော့ ထိုနေရာကို အစိုးရကရှင်းလင်း
လိုက်ပါပြီတဲ့ ...

Elysee နန်းတော်ကြီးရဲ့ အပြင်ပိုင်း ကတော့ မြင်ရသူတိုင်းကိုရင်သပ်ရှုမော ဖြစ်စေနိုင်ပေမယ့် ...
ပိုးဖလံတွေ စားထားလို့ စုတ်ပြတ်ပြီးဖရိုဖရဲ ဖြစ်နေတဲ့ အတွင်းပိုင်းကိုမြင်တဲ့ လာရောက်လည်
ပတ်သူများဟာလည်း အံ့ သြထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်...

နန်းတော်စောင့် တပ်သားတွေကို ကိုယ်စားပြုတဲ့ တပ်မတော်အခွင့် အရေးဆိုင်ရာအစည်းအရုံး
ဆီကရတဲ့ သတင်းအများအရ နန်းတော်တစ်ခုလုံးနီးပါးဟာ အရေးတစ်ကြီးပြင်ဆင်မွမ်းမံဖို့ လို
အပ်နေပြီလို့ ဆိုပါတယ်...အထူးသဖြင့် ရဲဘော်တွေ၊ ၀န်ထမ်းတွေနေတဲ့ အဆောင်တွေပဲပေါ့ ....
အဆိုပါအဖွဲ့ ရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က ” Elysee နန်းတော်ကြီးရဲ့ စုတ်ပြတ်နေတဲ့ အခြေအနေကြောင့် 
အခုလို အရေပြားယားနာ ၀ဲရောဂါဖြစ်နေသူတစ်ချို့ ရှိနေတာ အမှန်ပါပဲခင်ဗျာ...နံရံက အချော
ကိုင်ထားတဲ့ ပလာစတာတွေတောင် တစ်စစီ ကွာကျနေပါပြီ...”   လို့ ပြောဆိုခဲ့ ပါတယ်....
နန်းတော်အစောင့် စစ်ရဲတွေဟာ ခေါက်သိမ်းလို့ ရတဲ့ အိပ်ယာတွေနဲ့  အိပ်ကြရတာပါ...အဲဒီ
အိပ်ယာနေရာတွေဟာ လေ၀င်လေထွက်လုံးဝမှရှိပါဘူး...ပြီးတော့ အိပ်ယာခင်း၊စောင်တွေ၊
ခေါင်းအုံးတွေလည်း တစ်ခါမှ မလည်းကြပါဘူး လို့ ဆိုကြပါတယ်......
အခုတော့ နန်းတော်စောင့် စစ်တန်းလျားမှာ ၀န်ထမ်း၊ရဲဘော်တွေ ကြပ်ကြပ်တည်းတည်း မနေ
ရအောင် စီစဉ်ဆောင်ရွက်နေပါပြီ.... အဲဒီလိုနေကြရလို့ အခုလို ၀ဲရောဂါဖြစ်ပွားရတာပါတဲ့ ...

သြော်...
တီဗီသတင်းတွေမှာတော့ ရုပ်ရည်ချောမောလှပတဲ့ သမ္မတကတော်နဲ့  ခန့် ငြားတဲ့ အဆောက်
အဦးတွေကို ကြည့် ပြီး အထင်ကြီးမိတာ...
သူတို့ ဆီမှာ ကိုယ့် ထက်တောင်အခြေအနေဆိုးနေပါပေါ့ လား....
ဝဲစားနေတဲ့ နန်းတော် လို့ ပြောယင် လွန်မယ်မထင်ပေါင်ဗျာ....

တစ်ဆက်တည်း ကျွန်တော့် ဘ၀အတွေ့ အကြုံလေးလည်း ပြန်ပြီးသတိရမိသေးတော့ တယ်....
တချိန်သောအခါတုံးကပေါ့ ဗျာ.....
ဗိုလ်ချူပ်တစ်ယောက်ရဲ့ တူနဲ့ အလုပ်အတူတူလုပ်ခဲ့ ဖူးတယ်...( အဲဒီခေတ်တုံးကဗိုလ်ချူပ်ဆိုတာ
မြန်မာပြည်မှာလက်ချိုးရေလို့ ရတယ်နော်... )  သူက သူ့ ဦးလေးနဲ့ အတူ ၀င်ဒါမီယာမှာနေတယ်...
ကျွန်တော်ကတော့ စရိုက်မျိုးစုံတဲ့ ရန်ကုန်မြို့ စွန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုကပေါ့ ....
အဲဒီသူငယ်ချင်းနဲ့ လည်းအဲဒီတုံးကတော်တော်ခင်ပါတယ်...သူကရိုးလည်းရိုး၊ အ လည်း အ တယ်...
ဘယ်လောက် အ ပြီးကြောက်တတ်လည်းဆိုယင် သူ့ ဦးလေးရုံးခန်းမှာရှိတဲ့ သတင်းစာတောင်
ရောင်းမစားရဲဘူး...အဲဒီခေတ်က သတင်းစာအလေးချိန်နဲ့ ရောင်းယင်တော့ သုံးနိုင်သေးတယ်...

ဗိုလ်ချူပ်ဘက်ကတော်တဲ့ တူမို့ ၊မိန်းမကအုပ်ချူပ်တဲ့ အဲဒီအိမ်မှာတော့ သူ့ ခမျာ အိမ်ကခိုင်းဖို့ ခေါ်
ထားတဲ့ အလုပ်သမားတစ်ယောက် သာသာပဲနေရတာပါ...ဒါတောင် တူအရင်းနော်...

တစ်နေ့ တော့ သူ့ လက်မှာ အနီဖုလေးတွေအများကြီးပဲတွေ့ ရပြီး မနေမနားကုတ်နေလို့ မေးမြန်း
ယင်းနဲ့ သူ့ မှာ ၀ဲပေါက်နေတာသိလိုက်ရတယ်....
ကျွန်တော်တို့ မှာ ရယ်လိုက်ရတာပြောမနေနဲ့ တော့ ....

ရန်ကင်းသား ကိုခင်မောင်သိန်းဆို ပြောပြောပြီးရယ်လို့ ကိုမဆုံးဘူး...

”ငါ့ ကောင်ရာ ဟိုမှာ မြောင်းပုတ်၊ဗွက်တော မှာနေတဲ့ ကောင် ( ကိုပီတာ )  က ၀ဲမစားရဘူး...
ဝင်ဒါမီယာ၊ ဗိုလ်ချူပ်အိမ်မှာနေတဲ့ မင်းက ၀ဲပေါက်နေတယ်ဆိုလို့ လူကြားမကောင်း၊ သူကြား
မကောင်းပါလားကွာ”  ဆိုပြီးပြောနေခဲ့ တာ အခုထိမြင်ယောင်နေမိသေးတယ်...

အခုတော့ ရိုးသားတဲ့ သူငယ်ချင်းမိတ်ဆွေလည်းဘယ်ရောက်လို့ ဘယ်ပေါက်လေသည်မသိ...

ကိုယ် ကတော့  ကုလားအုတ်တောထဲမှာ မျှော်လင့် ခြင်းဝင်သက်တွေရှူရှိုက်ပြီး၊ စိတ်ဆိုး၊စိတ်
ပျက်ခြင်း ထွက်သက်တွေရှူထုတ်ယင်းနဲ့ ဘ၀ခရီးနှင်နေရလေရဲ့ ...

သတိရမိပါတယ်.....ချစ်သူငယ်ချင်းရေ....
မောင်ရင့် ညီမလည်းအခုလောက်ဆို အိမ်ထောင်ကျလို့ ကလေးတွေဘယ်နှစ်ယောက်တောင်
ရှိလေပြီမသိ....

ကဲမူရင်းသတင်းလေးဖတ်ကြည့် ပါဦး....

The French president, Nicolas Sarkozy, and his wife Carla Bruni-Sarkozy are at the centre of a health scare following an outbreak of scabies at the Elysée palace in Paris.

Three members of the palace guard were diagnosed with the highly contagious skin disease, which doctors said they had contracted due to the "dilapidated state" of what is considered one of France's most illustrious palaces.

Scabies is an illness more commonly linked to the squalid living conditions of the very poor, especially homeless people. There was a large scale outbreak over the summer among migrants hoping to cross into Britain who lived in a makeshift camp outside Calais known as the "jungle", which has now been razed.

While the Elysée's exterior is regally impressive, visitors are regularly shocked by the moth-eaten interiors. A source at the Association for the Defence of Military Rights - which represents palace staff - said that much of the palace was in urgent need of a makeover, particularly the staff quarters.

He said: "It is true that there have been some cases in the Elysée because of the dilapidated state of the building. Plaster is falling off walls in pieces." Some gendarmes slept in collapsible beds that were "never aired" and bedding was "almost never changed," the source alleged.

A spokesman for Mr Sarkozy said: "Work is currently being carried out in the military quarters in order to prevent people having to live so close together – the main cause of scabies."

5 comments:

kiki said...

ပြင်သစ်က ဘုရင့်နန်းတော်မှာ ဝဲစားတာ က ဝဲဆေးနဲ့ ကုလို့ ရပါသေးတယ် ။
ရွှေပြည်ကြီးမှာ ခြစား နေကြတာတော့ ဆေးမရှိဘူးတဲ့ ဗျိုး ....
ခြက ပိုဆိုး တာပေါ့ ..
ကုလားအုပ်တွေ မှာတော့ ဝဲ မရှိဘူးနဲ့တူပါတယ် နော် ...

အိုက်ချီခန့်... said...

ရော်.... ကိုပီတာက... ချစ်သူငယ်ချင်းအကြောင်းပြောရင်းနဲ့.. ဘယ်လို လုပ်ပြီး.. သူ့ညီမနား ရောက်သွားတာတုန်း... ဧကန်နတော့.. ချစ်သယ်ရင်းယောက်ဖ လို့.. အရင်တချိန်က ခေါ်ခဲ့မယ်ထင်တယ်....။ ကျတော်တွေးတာ.. မမှားဘူးဆိုရင်ပေါ့လေ....။

သားကြီး said...

♬♫♪ယောက်ဖရေ..... ♬
နေတောင်အတော် စောင်းပြီ ♫♪
....ယောက်ဖရေ ♪
အဟဲ.... အစ်ကိုဖြစ်သူအကြောင်းပြောနေရင်းက
ဘယ့်နှယ့်ညီမအကြောင်းရောက်သွားတာတုန်း
အဲဒါနဲ့ ကျနော်လည်းသီချင်းအလိုက် လိုက်ဆိုပေးလိုက်တာ ဟဲဟဲ စိတ်ဆိုးနဲ့

သားကြီး said...

သီချင်းမှားသွားတယ်ဗျာ
နှစ်တွေကကြာမှကိုးးးး
အဲဒါနဲ့ ကျနော်လည်းသီချင်းပြန်ပြင်ဆိုလိုက်ပါတယ်
.... ♪ လွန်ခဲ့ပါပြီကွယ်.....ဒါတွေမပြောတော့ပါဘု... ♫ ..ခုများကြည့်လေ.... သားတွေသမီးတွေနဲ့ ♬...ကိုယ်စီကိုယ်ငှ... ဒို့ဘဝပါကွယ်... ♬♫♪
(အဟီးးးး ပျော်ရွှင်စွာ စနောက်သွားသည် စိတ်မဆိုးရ :P)

သားကြီး said...

အစ်မကိကိပြောသလိုပဲ
ခြစားတဲ့ကိစ္စကိုမြွေနှစ်ကောင်ဆေးလည်း
မစွမ်းသာတော့ဘူးဗျိုးးးးးးးး :P