Illegal farting law causes big stink

Monday, January 31, 2011

လေထုညစ်ညမ်းစေသူများအားအရေးယူမည်.... 

ကျန်းမာရေးအတွက်လေလည်ခြင်းဟာ ပြစ်မှုတစ်ခုအဖြစ် အာဖရိကတိုက်ရဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပေါ်လာမှာ
ဖြစ်ပါတယ်...
မာလာဝီနိုင်ငံရဲ့ အစိုးရဟာ နိုင်ငံသားများအနေနှင့် တာဝန်သိစိတ်နှင့် စည်းကမ်းပြည့် ဝသည့်သူများဖြစ်စေ
ဖို့ ပုံသွင်းသင်ပြဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လေထုညစ်ညမ်းသူများအား အရေးယူအပြစ်ပေးဖို့ စီစဉ်နေပါတယ်...
သို့ သော်လည်း အဆိုပါပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ညွှန်ပြဖို့ ကတော့ ခက်ခဲမှာဖြစ်တယ်လို့ နိုင်ငံ
သားများကစိုးရိမ်နေကြပြီး အမှန်တစ်ကယ်ပြစ်မှုကျူးလွန်သူများ ( လေထုညစ်ညမ်းစေသူများ ) က ၎င်းတို့ 
မကျေနပ်သည့် သူများအား အပြစ်လွှဲချမှုကြောင့် မှားယွင်းစွာ တရားစီရင်မှုတွေဖြစ်လာနိုင်တယ်လို့ ယူဆ
နေကြပါတယ်...
မာလာဝီနိုင်ငံသားတစ်ဦးက အာဖရိကသတင်းဝက်ဘ်ဆိုဒ်ကိုပြောကြားခဲ့ ရာမှာတော့ " အလို!!! ဘုရားရေ!!
လူတွေအမြောက်အများစုမိကြတဲ့ နေရာတွေမှာဆိုဘယ်လိုများဖြစ်မလည်း....သူတို့ တစ်တွေက ကားတစ်
စီးလုံး တစ်ဝက်ပြည့် အောင်ဖမ်းဆီးချူပ်နှောင်မှာလား...." ပြောဆိုခဲ့ ပါတယ်...


 လေထုညစ်ညမ်းမှုဟာလည်း သဘာဝဘေးအန္တရယ်တစ်ပါးမို့ တားဆီးကာကွယ်ကြရမည်သာ....

" ပြီးတော့ တရားခံရှာဖွေဖို့ ခက်ခဲတဲ့ အစည်းအဝေးတွေမှာဆိုယင်လည်းဘယ်လိုလုပ်မလည်း ? ကလေး
တွေဆိုယင်လည်း သူတို့ လေလည်တယ်ဆိုတာပြောင်ငြင်းပြီး လူကြီးတွေကိုလက်ညှိုးထိုးမှာပဲဖြစ်ပါတယ်...
သဘောသဘာဝအရ၊ ယဉ်ကျေးမှုအစဉ်အလာအရကိုက ဒီလိုကိစ္စမျိုးဟာ အလွန်အရှက်ရစရာဖြစ်ပါတယ် "
လို့ သူမကပြောဆိုခဲ့ ပါတယ်...

တစ်ခြားသူတစ်ဦးကလည်း " ယခုဆိုယင် မာလာဝီနိုင်ငံသားများအနေဖြင့် အလွန်အရေးထားရမယ့် ကိစ္စ
တွေရှိနေကြပါပြီ...လူတွေလေထုညစ်ညမ်းမှု ( လေလည်မှု ) ထက်စာယင် တရုတ်ပြည်ကလာရောက်ပြီး
ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေက ဒေသခံတွေကိုအလုပ်မခန့် တာ ( သူတို့ လူမျိုးတွေကိုပဲခေါ်လာပြီးခန့် တာ )၊
ဥပေဒပြုအမတ်များ ( အာဏာပိုင်များ ) အကြီးအကျယ် မရိုးမသားလာဘ်စားတာတွေ၊ အထူးသဖြင့် တော့ 
အာဏာရပါတီကြီးကတာဝန်ရှိသူတွေပေါ့ ၊ တစ်ခြားအရေးတစ်လုပ်စရာတွေကိုဘေးချိတ်ပြီး ဒီကိစ္စကိုဘာ
ကြောင့် များဦးစားပေး၊ အလေးထားနေသလည်းဆိုတာတော့ နားကိုမလည်နိုင်ပါဘူး..." လို့ ပြောကြားခဲ့ ပါ
တယ်....
အဆိုပါ လေထုညစ်ညမ်းစေသည့် ပြစ်မှုတွေကို အသစ်ဖန်တီးမည့် ဒေသဆိုင်ရာတရားရုံးများ စနစ်တွင် ဆုံး
ဖြတ်အပြစ်ပေးနိုင်စေမှာဖြစ်ပြီး တစ်ခြား ပြစ်မှုများကိုလည်းဆုံးဖြတ်စီရင်နိုင်ခွင့် ရှိကြောင်းဥပဒေမူကြမ်းကို
နိုင်ငံ၏ပြည်သူ့ လွှတ်တော်တွင် အခြေအတင်စဉ်းစားဆွေးနွေးဆုံးဖြတ်ရန် စီစဉ်ထားပါတယ်...

သြော်...
အေ၇းမပါတာတွေတော့ တော်တော်လုပ်တဲ့ သူတွေပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ...


Breaking wind is set to be made a crime in an African country. The government of Malawi plan to punish persistent offenders 'who foul the air' in a bid to 'mould responsible and disciplined citizens.'
But locals fear that pinning responsibility on the crime will be difficult - and may lead to miscarriages of justice as 'criminals' attempt to blame others for their offence. One Malawian told the website Africanews.com: 'My goodness. What happens in a public place where a group is gathered. Do they lock up half a minibus?
'And how about at meetings where it is difficult to pinpoint 'culprits'? Children will openly deny having passed bad air and point at an elder. Culturally, this is very embarrassing,' she said.
Another said: 'We have serious issues affecting Malawians today. I do not know how fouling the air should take priority over regulating Chinese investments which do not employ locals, serious graft amongst legislators, especially those in the ruling party, and many more.' The crime will be enforceable in a new 'Local Court' system which will also have powers to punish a range of other crimes in the bill set to be debated in the country's parliament.

2 comments:

မိုးယံ said...

ကားတွေအားလုံး ရပ်ထားလိုက်ပြီး ပဲလှော်မစားပဲနေကြပါ။

ရွှေရတုမှတ်တမ်း said...

အီးဘသူပေါက်သလဲ မှန်မှန်ပြော..
အီးပေါတရားဟော...