Kate Moss becoming a Buddhist
Saturday, May 30, 2009
ကမ္ဘာကျော်မော်ဒယ်လ်ကိတ်မော့စ် ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူဟုဆို
ကိတ်မော့စ်သည် ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူလိုက်ပြီဖြစ်သည်။ နာမည်ကျော် ဗြိတိသျှ စူပါမော်ဒယ်လ်သည် ပါတီပွဲများ၊ အပျော်အပါးများတွင် ၀ါသနာထုံခဲ့သော်လည်း ယခုအခါတွင် ဘာသာတရားဘက်သို့ ပြောင်းလဲအာရုံစိုက်လာပြီး စိတ်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ရှာဖွေရန် တရားထိုင်သော အလေ့အကျင့်ကိုလည်း ဂရုတစိုက် ပြုလုပ်နေကြောင်း သိရသည်။ သူမနှင့် ရင်းနှီးသော မိတ်ဆွေများက “ကိတ်က တကယ့်ကို ဗုဒ္ဓဘာသာဝင် ဖြစ်သွားပါပြီ။ သူက ဗုဒ္ဓကြေးဆင်းတုတစ်ဆူကို ပင့်ဆောင်ကိုးကွယ်နေပါတယ်။ အမြင့်(၄)ပေ၊ အနံ(၂)ပေရှိတဲ့ ရုပ်ပွားတော်ဟာ ခုဆိုရင် သူ့ရဲ့ဧည့်ခန်းထဲမှာ တင့်တင့်တယ်တယ် စံပယ်နေပါပြီ”ဟု ပြောကြားခဲ့ကြသည်။ “ကိတ်က တရားထိုင်ရတာ၊ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကြားနာနေရတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးလိုက်တယ်လို့ ခံယူထားပါတယ်။ ခုဆိုရင် သူဟာ အေးချမ်းတည်ငြိမ်မှုကို ဗုဒ္ဓဘာသာကတဆင့် ရှာတွေ့သွားပါပြီ”ဟု အသက်(၃၅)နှစ်အရွယ် မော်ဒယ်လ်၏ မိတ်ဆွေများက ပြောကြားခဲ့သည်။ ယခုအခါ မော့စ်သည် သူမ၏ ယုံကြည်ကိုးကွယ်မှု အသစ်ဖြစ်လာသည့် ဘာသာတရားအတွက် မိတ်ဆွေများကို အတွေ့အကြုံ ဝေမျှနေသော်လည်း အချို့ကိစ္စများတွင် အဆင်မပြေသေးကြောင်း သိရသည်။ ဥပမာအားဖြင့် မော့စ်သည် ဗုဒ္ဓဆင်းတုရှေ့တွင် အမွှေးတိုင်များ ထွန်းညှိပူဇော်ပြီး သူမ၏ မိတ်ဆွေများအား အတူတကွ ၀တ်ပြုရန် ဖိတ်ခေါ်ခဲ့သော်လည်း အများစုသည် အမွှေးတိုင်နံ့ကြောင့် ချောင်းဆိုးနေကြကြောင်း မော့စ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။ မော့စ်ကမူ သူမ၏ အပျော်အပါးမက်မှု၊ အနုပညာနယ်ပင်တွင် ကြုံတွေ့ရသည့် ဖိအားကြီးမားမှုများကို ဗုဒ္ဓ၏ ဒေသနာတော်များဖြင့် ဖြေဖျောက်ကုစားနိုင်မည်ဟု ယုံကြည်နေကြောင်း သတင်းရရှိသည်။
                 planet  သတင်းတွင်ဖတ်မိသည်ကိုပြန်လည်တင်ပြပါသည်။
The supermodel - famed for her wild partying - is reportedly showing an increasing interest in the religion and has started meditating in a bid to gain a sense of calm.
A source said: "She's really into Buddhism and has a bought a bronze Buddha. The 4ft by 2ft statue has pride of place in her living room.
"Kate wants to de-stress and is enjoying taking time out to meditate and learn about Buddhism. She finds it calming."
The British beauty is keen for her friends to share her new interest but is not having the response she hoped for.
The source added to Britain's Daily Mirror newspaper: "She lights sandalwood incense sticks in front of the statue and makes her friends do the same. The problem is that everyone just sits choking on the fumes."
Those close to Kate - who has a six-year-old daughter Lila Grace - are said to be hoping Buddhism can help curb her wild ways.
Last week, it was reported her friend and mentor, Topshop tycoon Sir Philip Green, warned the 35-year-old star to start behaving more responsibly.
A source revealed: "Philip told her straight she's partying too hard. He told her she needs to look after herself for her own good and warned she's ruining her looks with the alcohol.
"He won't take any nonsense - he's said if she lets her partying spiral out of control she'll end up back in rehab and she's old enough to know better."
စိတ်ချမ်းသာဖို့လိုရင်းပါ
Wednesday, May 27, 2009
စိတ်ချမ်းသာဖို့လိုရင်းပါ
     ဆရာတော်ဦးဇောတိကရဲ.တရားတော်ပါ.....
   ကျွန်တော်ကတော.ဆရာတော်ဦးဇောတိကရဲ.တရားတွေကိုကြိုက်ပါတယ်။
ဟိုယခင်စင်္ကာပူမှာသင်္ဘောလိုက်နေစဉ်ကတည်းကတိတ်ခွေနဲ.ဖွင်.ရတဲ.walk man
လေးနဲ.ညအိပ်ယာဝင်အိပ်ယာထနာယူနားထောင်နေကျပါ။တရားကိုကိုယ်တိုင်ရှာ၊
ကိုယ်တိုင်လဲထိထိရောက်ရောက်အားထုတ်ထားတဲ.ဆရာတော်မို.သူ.တရားသံလေး
တွေဟာကြားရသူနားမှာအေးမြနေစေပါတယ်။ဘာနိုင်ငံရေးမှလည်းမပါ၊ဟိုလူ.ထိ၊ဒီလူ.
ထိ၊ဟိုဆရာတော်ထိ၊ဒီဆရာတော်ထိပါးပြီးတော.လည်းမဟောပါ။နေ.စဉ်ဘ၀မှာ၊လူ.
တစ်သက်တာမှာဘယ်လိုအကောင်းဆုံးဖြစ်အောင်နေထိုင်နိုင်မလဲ၊အဲဒီကမှတစ်ဆင်.
အမြတ်ဆုံးပန်းတိုင်ကိုဘယ်လိုသွားနိုင်မလဲ၊ဒါတွေကိုပဲနူးညံ.သိမ်မွေ.တဲ.လေသံ
နဲ.(တမင်လုပ်ပြောတာမဟုတ်)အေးအေးလေးဟောပြောသွားတာမို.နာယူ၊နား
ထောင်ရတဲ.သူစိတ်နှလုံးအေးချမ်းစေရပါတယ်။
      ကျွန်တော်.အမြင်ရိုးရိုးလေးပြောရယင်ဗုဒ္ဓရဲ.တရားတော်ဆိုတာနာယူသူအတွက်
ကိုယ်စိတ်နှလုံးအေးငြိမ်းစေရမှာဖြစ်ပါတယ်။သူ.တရားကိုနာယူပြီးဒေါသဖြစ်ရ၊လောဘ
ဖြစ်ရ၊စိတ်နှလုံးမသာမယာဖြစ်ရမယ်ဆိုယင်တော.သိပ်မဟုတ်တော.ဘူးလို.ပဲထင်မိပါ
တယ်။အဲဒီလိုနာယူသူတွေစိတ်နှလုံးအေးငြိမ်းစေဖို.ဟောပြောတဲ.သူကလည်းအေးဆေး
တည်ငြိမ်တဲ.ကိုယ်စိတ်နှလုံးအမူအရာနဲ.ဟောပြောမှရည်ရွယ်ရာမြောက်ပါလိမ်.မယ်။
ဟောနေတဲ.ပုဂ္ဂိုလ်ကိုယ်တိုင်ကမိုက်မကောင်းလို.ဒေါသဖြစ်နေမယ်၊ဟိုလူ.ထိခိုက်၊
ဒီလူ.ထိခိုက် ပြောနေမယ်ဆိုယင်တော.စိတ်နှလုံးအေးငြိမ်းစေဖို.ဆိုတဲ.ရည်ရွယ်ချက်
ဟာအထမြောက်မှာမဟုတ်ပါဘူး။
     အခုဆရာတော်ဦးဇောတိကဟောတာလေးကိုဖတ်ကြည်.ယင်ဆရာတော်ရဲ.ရည်
၇ွယ်ချက်ကဘယ်လိုရှိတယ်ဆိုတာသိရှိနိုင်ပါတယ်။သေသေချာချာတွေးပြီးနားလည်
လိုက်နာကျင်.ကြံနိုင်ပါစေသော်ဝ်.....
               *** အင်တာနက်ပေါ်မှာမွှေနှောက်ဖတ်ရှုရင်းဘလော.တစ်ခုမှာတွေ.ရှိ၍ပြန်လည်
                     မွမ်းမံဖေါ်ပြပါသည်။
ဆရာတော်ဦးဇောတိက
ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် ။
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။
(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ
Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။
(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။
(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား
စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။
(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။
(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ
ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။
(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ
မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ
ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ
ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး
စိတ်ချမ်းသာနိုင်တယ်။
(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။
(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။
(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။
(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။
ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ
အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်
ဖြေရှင်းရတာကို သဘောကျတယ်။
=========
မင်းသားကြီးမလုပ်ရလို.ပတ်မကြီးထိုးဖောက်တဲ.ယူအေအီး
Sunday, May 24, 2009
     မြန်မာ.စကားဆိုရိုးမှာမင်းသားကြီးမလုပ်ရလို.ပတ်မကြီးထိုးဖောက်လိုက်တယ်လို.
ဆိုသလိုပဲဥရောပသမဂ္ဂ၏ဘုံငွေကြေးဖြစ်သောယူရိုဒေါ်လာကိုစံနမူနာယူ၍ပင်လယ်
ကွေ.ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ( GCC  ) ခြောက်နိုင်ငံမှသဘောတူသတ်မှတ်
သုံးစွဲမည်.အာရပ်ငွေကြေးစနစ်တစ်ခုဖန်တီးမည်.အစီအစဉ်မှာထိုအာရပ်ဗဟိုဘဏ်ဌာန
ချူပ်ကို၎င်းတို.နိုင်ငံမြို.တောအဘူဒါဘီတွင်ထားခွင်.မရခြင်းကြောင်.ယူအေအီးနိုင်ငံမှ
နှုတ်ထွက်လိုက်ခြင်းဖြင်.အဆုံးသတ်သွားခဲ.ရပြီဖြစ်သည်။
     အဆိုပါအာရပ်ဘုံငွေကြေးအစီအစဉ်မှမိမိတို.နိုင်ငံနှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း
ယူအေအီးနိုင်ငံကကြာသပတေးနေ.ကကြေငြာခဲ.ပါတယ်။ယူအေအီးနိုင်ငံ၏မြို.တော်
ဖြစ်သောအဘူဒါဘီတွင်အာရပ်ငွေကြေးဗဟိုဘဏ်ကိုမထားပဲဆော်ဒီအာရေဗျနိုင်ငံ
ရီယဒ်မြို.တွင်ထားရှိရန်ကျန်အဖွဲ.၀င်နိုင်ငံများကဆုံးဖြတ်ခဲ.ကြခြင်းကြောင်.ဖြစ်သည်
ဟုယူအေအီးနိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ.ပါတယ်။အကယ်၍အဆိုပါဆုံးဖြတ်ချက်
ကိုပြန်လည်ပြင်ဆင်မယ်ဆိုယင်တော.မိမိတို.အနေနဲ.ဘုံငွေကြေးအဖွဲ.ကိုပြန်လည်ပါ
ဝင်ဖို.စဉ်းစားမှာဖြစ်ကြောင်းလည်းသူကဆက်လက်ပြီးပြောဆိုခဲ.ပါတယ်။အာရပ်ပင်လယ်
ကွေ.နိုင်ငံများရဲ.စုစုပေါင်းငွေကြေးလည်ပတ်စီးဆင်းမှုမှာယူအေအီးတစ်နိုင်ငံတည်းဖြင်.
၅၀ % အထိရှိကြောင်းဒါကြောင်.မို.ဗဟိုဘဏ်ဟာမိမိတို.နိုင်ငံမှာထားရှိသင်.ကြောင်း
သူကပြောပါတယ်။
     ထိုအာရပ်ဗဟိုဘဏ်စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာယူအေအီးနိုင်ငံကပဲစတင်အဆိုပြုခဲ.
တာဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ၊ယူအေအီး၊ကူဝိတ်၊ကာတာ၊ဘာရိန်းနဲ.အိုမန်နိုင်ငံတို.ပါ
ဝင်ဖွဲ.စည်းထားတဲ.အာရပ်ပင်လယ်ကွေ.ပူးပေါင်းဆောင်ရွက်ရေးကောင်စီကဘုံငွေကြေး
တစ်ခုဖန်တီးရန်သဘောတူခဲ.ကြပြီးထိုအစီအစဉ်မှအိုမန်နိုင်ငံက ၂၀၀၆ ခုနှစ်တွင်နှုတ်
ထွက်ခဲ.ပါတယ်...
     ယူအေအီးနိုင်ငံအနေဖြင်.၄င်း၏မြို.တော်အဘူဒါဘီတွင်အာရပ်ဗဟိုဘဏ်ကိုထားရှိရန်
ထိုစဉ်ကပြောခဲ.ပြီးအားလုံးစီစဉ်ဆောင်ရွက်ပြီးကာမှယခုအခါဆော်ဒီအာရေဗျနိုင်ငံမြို.တော်
ရီယဒ်တွင်ထားရှိရန်ကျန်အဖွဲ.၀င်နိုင်ငံများကဆုံးဖြတ်ခဲ.ကြခြင်းဖြစ်သည်။
     ဆော်ဒီ၊ကူဝိတ်၊ကာတာနှင်.ဘာရိန်းနိုင်ငံတို.ကတော.အဆိုပါငွေကြေးစနစ်ကိုဆက်လက်
အကောင်အထည်ဖော်ဖို.ဆန္ဒရှိသည်ဟုဆိုကြောင်းရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။
ရေနံသူဌေးဆော်ဒီအာရေဗျနိုင်ငံရဲ. ၂၀၀၈ ခုနှစ်အတွက်ဂျီဒီပီက ၄၈၁ ဘီလီယံဒေါ်လာဖြစ်
ပြီးယူအေအီးနိုင်ငံကတော. ၂၀၀၈ ခုနှစ်အတွက်ဂျီဒီပီက ၂၆၀ ဘီလီယံဒေါ်လာဖြစ်ပါတယ်။
    အမှန်တော.လောလောလတ်လတ်အမေရိကန်သမ္မတအိုဘားမားအတည်ပြုပေးလိုက်တဲ.
ယူအေအီးနိုင်ငံအတွက်အနုမြူဆိုင်ရာသဘောတူညီမှုကြောင်.အာရပ်ပင်လယ်ကွေ.နိုင်ငံထဲ
မှာညူကလီးယားအနုမြူဆိုင်ရာနည်းပညာကိုယူအေအီးကတရားဝင်ရဖို.နီးစပ်လာတာကြောင်.
ကျန်တဲ.အာရပ်နိုင်ငံတွေကမနာလိုဖြစ်ပြီးအခုလိုနိုင်ငံရေးအရပြုလုပ်လိုက်တာလို.ထင်မြင်မိ
ပါတယ်....
    သြော်သူ.ခမြာမှာလည်းဒီစိတ်ကူးစီမံကိန်းကိုအရင်ဆုံးလည်းတင်ပြရ၊ပြီးတော.အာလုံး
စီစဉ်ပြီးကာမှသူ.ကိုချန်ခဲ.တယ်ဆိုတော.ဒီလိုမျိုးဆုံးဖြတ်တာလည်းမမှားဘူးလို.ဆိုရမှာ
ပေါ.နော်... 
          ဒါကတော.အဲဒါနဲ.ပတ်သက်တဲ.သတင်းလေးပါ...
ABU DHABI/DUBAI — The UAE, the Arab world’s most diversified and second-largest economy after Saudi Arabia, said on Wednesday that it would not participate in a proposed monetary union agreement between the member states of the Gulf Cooperation Council (GCC).
Analysts said the UAE decision could deal a fatal blow to the GCC’s goal of establishing a European-style common currency, a project that has faced hurdles for almost a decade. The news sent only a ripple through the region’s financial markets, with executives and analysts saying the announcement would have no major impact on the UAE economic outlook and business environment.
State news agency Wam quoted the Governor of the UAE Central Bank, Sultan Nasser Al Suwaidi, as saying that the UAE will continue to maintain its expansionary monetary policy, without change, and that, therefore, it will keep the dirham’s exchange rate pegged to the US dollar.
An official at the UAE Foreign Ministry said that the General Secretariat of the GCC was officially notified on Wednesday of the decision. No senior official at the GCC Secretariat, in the Saudi capital Riyadh, was available for comment.
“The UAE extends its best wishes for success to those GCC member states who will join the monetary union agreement, “ the UAE official said.
The move came after the UAE had expressed reservations over a May 5 decision to base the Monetary Council, a precursor to a common GCC central bank, also in Riyadh.
The UAE was the first country to officially request, in 2004, the hosting of the planned Central Bank of the GCC as part of the arrangements for entry into the Council’s monetary union, Wam said. The UAE does not currently host any organisation or body affiliated with the GCC, it said.
The UAE will continue to act in the best interest of the citizens of the GCC member states and will also carry out its role as a founding member of the Council, to help it to achieve its mission and goals, the official told Wam.
The UAE became the second country in the six-member GCC to withdraw from the policy convergence and single currency plan after Oman, in December 2006. Kuwait had also complicated the plans by dropping its peg to the US dollar in 2007. The other member states have maintained the dollar peg, so far.
Some analysts warned that the UAE’s decision could alter the economic and political dynamics in the Gulf region, and could be interpreted as a sign of how the balance of power between Saudi Arabia and the smaller, richer GCC states has shifted over time.
Devotees Worship Wild Boars
Thursday, May 21, 2009
တောဝက်ကိုရှိခိုးကြသူများ
Devotees  Worship  Wild  Boars
ဂန္ဘီရတောဝက်
    ယနေ.ကမ္ဘ္ဘာနဲ.အ၀ှမ်းဝက်တုပ်ကွေးရောဂါကူးစက်ပြန်.ပွားနေလို.တစ်ချို.နိုင်ငံတွေဆို
အစိုးရိမ်လွန်ပြီးဝက်တွေကိုသတ်၊၀က်သားရောင်းချ၊စားသုံးတာတွေတားမြစ်နေချိန်မှာမြန်
မာလူမျိုးတွေသိန်းနဲ.ချီပြီးသွားရောက်အလုပ် လုပ်ကိုင်နေတဲ.မလေးရှားမှာတော.တောဝက်
ကိုရှိခိုးကိုးကွယ်နေပါတယ်တဲ.ခင်ဗျား ...
   မလေးရှားနိုင်ငံကဟိန္ဒူဘာသာဝင်တွေဟာဂမ္ဘီရစွမ်းအင်တွေရှိတယ်လို.ယုံကြည်ထား
တဲ.တောဝက်အုပ်တစ်အုပ်ကိုရှိလာဘ်လာဘကောင်းအောင်၊ဘေးကင်းအောင်ကိုးကွယ်
ပူဇော်ပသနေကြပါတယ်တဲ.  ...ကမ္ဘာနဲ.အ၀ှမ်းဖြစ်နေတဲ.၀က်တုပ်ကွေးရောဂါကိုတောင်
ဂရုမစိုက်နိင်တော.ဘူးပေါ. ...
   မလေးရှားနိုင်ငံအနောက်မြောက်ပိုင်းပီရက်ပြည်နယ်ရှိဟိန္ဒူဘုရားကျောင်းတစ်ခုတွင်
ထောင်နှင်.ချီသောယုံကြည်သူများကတောဝက်ပေါင်းတစ်ဒါဇင်ကျော်ရှိသည်.တောဝက်
အုပ်ကိုလာရောက်ပြီးအစာကျွေးကာပွတ်သတ်ကိုင်တွယ်ဖို.နေ.စဉ်လာရောက်လျက်ရှိ
ကြောင်းမလေးရှားနိုင်ငံထုတ် The Sun သတင်းစာကဖော်ပြခဲ.ပါတယ်...
   လွန်ခဲ.တဲ.တစ်နှစ်ကျော်လောက်ကစပြီးအဆိုပါကုလားဘုရားကျောင်းနားမှာရောက်
လာတတ်တဲ.၀က်အုပ်ဟာမှော်စွမ်းအင်၊ဂမ္ဘီရစွမ်းအင်များရှိပြီး၊လာဘ်ကောင်းစေတယ်
လို.အများကယုံကြည်ကြပါတယ်...
    ယုံကြည်ကြသူတွေထဲမှာထိုင်းနှင်.စင်္ကာပူနိုင်ငံကထီလောင်းကစားသမားတွေပါ
ပါဝင်ကြပြီးအဲဒီဝက်တွေကသူတို.ကိုကံကောင်းခြင်းတွေပေးပြီးထီကံထူးစေမယ်လို.
ယုံကြည်ပြီးအဝေးကနေကားတွေနဲ.လာရောက်ကြပါတယ်လို.ဆိုပါတယ်...
    တစ်ကယ်.ကိုထူးဆန်းအံ.သြစရာပါပဲ... ၀က်တွေကိုပူဇော်ရတာကတော.ဘာမှ
ပြဿနာမရှိပါဘူးလို.ယုံကြည်သူတစ်ဦးကပြောဆိုလိုက်ပါတယ်...
****
     လူတွေဟာလောဘဖက်လာယင်သူတို.ဟိန္ဒူတွေမစားတဲ.၀က်တောင်မှပူဇော်ပြီး
ပွတ်သီးပွတ်သတ်လုပ်ချင်ကြသေးတယ်နော်....
              သြော် ...  လော ဘ   လော ဘ  .....
        Thousands of Malaysian Hindus are seeking blessings from a group of wild
boars believed to possess magical powers, shruging off concerns about a global
outbreak of swine flu.
        The sun newspaper reported a Hindu temple in the north-western
Malaysian state of Perak has been drawing a steady stream of thousands of
visitors daily, eagar to feed and touch dozens of wild boars.
       The boars , which started to appear near the temple about
a year ago , are believed by devotees to possess magical
powers and can bring good luck.
       Among the busloads of devotees and visitors from as far away as
Singapore and Thailand are lottery punters hoping that the boars' good
luck will rub off on them.
      " It is a miracle, so it is okay, " said one devotee.
လက်ဝွေ.ပွဲအတန်းကန်.သတ်ချက်များ Weight Category
Tuesday, May 19, 2009
အခုတစ်လောအားကစားသတင်းတွေမှာဖိလစ်ပိုင်နိုင်ငံသားလက်ဝှေ.သမား Manny
Pacquiad  ကလူဖြူအင်္ဂလန်နိုင်ငံသားကိုအမေရိကန်နိုင်ငံမှာအလဲထိုးအနိုင်ယူလိုက်
တဲ.သတင်းတွေဖတ်ရပြီးဥရောပနဲ.အာဖရိနွယ်ဖွားအသားမဲတွေသာကြီးစိုးထားတဲ.
လက်ဝှေ.လောကကိုအာရှတိုက်သားဖိလစ်ပိုင်လူမျိုးကအနိုင်ယူဗိုလ်စွဲခဲ.တာမို.လက်
ဝှေ.အကြောင်းတော.နဲနဲစိတ်ဝင်စားမိသွားတယ်။အဲဒီဖိလစ်ပိုင်သားကိုလည်းသူ.နိုင်ငံ
ကကြိုဆိုလိုက်ကြတာတစ်ကဲအောင်ပွဲရစစ်သူကြီးလိုပါပဲလေ
ကိုယ်တွေလက်ဝှေ.အကြောင်းသိတယ်ဆိုတာကမိုက်တိုင်ဆန်၊ဟိုလီဖီး နားရွက်ကိုက်
ဖြတ်တာလောက်နဲ.ဟဲဗီးဝိုက်အတန်းမှာထိုးတယ်လောက်ပဲသိတာကိုး...လက်ဝှေ.လော
ကရဲ.ကိုယ်အလေးချိန်နဲ.ပါတ်သက်ပြီးခွဲထားတဲ.အတန်းတွေဆိုတာဘယ်နှစ်မျိုးရှိလို.ရှိ
မှန်းတောင်သိတာမှမဟုတ်တာ.....
ကဲ....အခုတော.ရှာဖွေမွှေနှောက်ဖတ်ရှုမိတဲ.ဗဟုသုတလေးဖြန်.ဝေလိုက်ပါတယ်...
အနဲဆုံးတော.ကိုယ်.ကိုယ်အလေးချိန်ကိုယ်ချိန်ကြည်.ပြီးငါတော.ဘယ်အတန်းမှာ
တက်ထိုးလို.ရတယ်ဆိုတာသိနိုင်တာပေါ.ဗျာ...အကျိုးတော.မယုတ်ပါဘူးနော...
 Weight Category
     Fly Weight  ( ဖလိုင်းဝိတ် )  = 112 LBS
    Bantan Weight  ( ဘင်တန်ဝိတ် )  =  118 LBS
    Feather Weight  ( ဖဲသာဝိတ် )  =  126 LBS
    Light Weight  ( လိုက်ဝိတ် )   =  135 LBS
    Welter Weight  ( ၀ယ်လ်တာဝိတ် )  =  147 LBS
    Middle Weight  ( မစ်ဒယ်ဝိတ် )  = 160 LBS
    Light Heavy Weight  ( လိုက်ဟဲဗီးဝိတ် )  =  175 LBS
    Heavy Weight  ( ဟဲဗီးဝိတ် )   =  200 LBS
  ****
      အဲဒီအဖြူကောင်ကိုအနိုင်ရသွားတဲ.ဖိလစ်ပိုင်သားထိုးတဲ.အတန်းကတော.အထက်ကခွဲထား
        ထားတဲ.ဇယားထဲမှာမပါသေးတဲ. Light Welterweight  Class ပါတဲ.ဗျာ...အဲဒီအတန်းမှာ
            ကိုယ်အလေးချိန်က 63.5 kg  သို.မဟုတ် 140 pound  ( ပေါင် ၁၄၀ ) ပါတဲ.ခင်ဗျာ....
   နောက်ဆက်တွဲအနေနဲ.လက်ဝှေ.လောကမှာသုံးနေတဲ. ထောက်လက်သီးတို.ပင်.လက်သီးတို.
ရဲ.အင်္ဂလိပ်လိုအခေါ်အဝေါ်လေးတွေကတော.အောက်ပါအတိုင်းပါပဲ...
       ထောက်လက်သီး  =  Jab
       ဖြောင်.လက်သီး  =  Straight
       ပင်.လက်သီး  =   Uppercut
       အလဲထိုးသည်/ ပွဲ  =  Knock out 
ကြည်ညိုပူဇော်ကျိုက်ထီးရီုးစေတီတော်...
Friday, May 15, 2009
လွန်ခဲ.သည်.မတ်လနှင်.ဧပြီလကပြည်တော်ပြန်ရောက်ခိုက်ဆံတော်ရှင်ကျိုက်ထီးရီိုးစေ
တော်မြတ်ကြီးသို.သွားရောက်ဖူးမျှော်ကြည်ညိုကန်တော.ဖြစ်ခဲ.ရာရိုက်ကူးမိခဲ.သမျှဓါတ်ပုံ
များပြန်လည်တင်လိုက်ပါသည်။
   မြတ်စွာဘုရားရှင်၏ဆံတော်ကိုဌာပနာထားကာတည်ထားအပ်သောအံ.ဖွယ်ဂုဏ်ရည်တို.
ဖြင်.အတိပြီးသောဆံတော်ရှင်စေတီတော်မြတ်ကြီးကိုနံနက်အာရုဏ်အချိန်တွင်ကြည်ညိုပူဇော်
ရသည်.သဒ္ဓါပီတိကားမည်သည်.အရာနှင်.မျှမလဲနိုင်ပါဘိတောင်း....
    ပြုသမျှကုသိုလ်အပေါင်းတို.အားဘလော.ဂ်ကြွလာဆွေသဟာအပေါင်းကိုကြည်နူးချမ်းမြေ.
အမျှဝေသည်..... များထွေသာဓုခေါ်စေသောဝ်.....
ဆံတော်ရှင်စေတီတော်
           စေတီတော်ပရ၀ဏ်တစ်ဝိုက်ကားယခင် '၉၀ ကျော်ခုနှစ်များကအခြေအနေထက်များ
စွာတိုးတက်ကောင်းမွန်အောင်မွမ်းမံပြုပြင်ထားသည်မှာစိတ်ချမ်းသာစရာပင်... အထူးသဖြင်.
စေတီတော်ကြီးကိုအောက်ခြေမှဖူးမျှော်ကြည်ညိုနိုင်ရန်ချောက်ကမ်းပါးကိုတံတိုင်းပြုလုပ်၍ရင်ပြင်
ခင်းထားပေးသဖြင်.အဆင်ပြေစွာလေ.လာကြည်ညိုဖူးမျှော်နိုင်ပါသည်။
                                 ကျိုက်ထီးရိုးတောင်ပေါ်မှမြင်ရသောရသေ.တောင်စခန်း
       ယခုတစ်ခေါက်တွင်တော.ရသေ.တောင်မှစေတီတော်ရင်ပြင်နားအထိကားဖြင်.တက်
ရောက်ခွင်.မပြုတော.ပါ။ကားများချောက်ထဲကျလို.ဟုကြားရသည်။အဲဒါလည်းကောင်းပါ
သည်။နို.မို.ဆိုလူတွေကသဘာဝပတ်ဝန်းကျင်ကိုသိပ်မခံစားတတ်ကြချင်တော.ဘူး။အခုပဲ
ရသေ.တောင်ကနေရင်ပြင်ကိုလမ်းလျှောက်တက်ရတာသဘာဝမြေခင်းလမ်းနဲ.ကွန်ကရစ်
ကားလမ်းရှိတာအားလုံးနီးပါးကကွန်ကရစ်ကားလမ်းကနေပဲတက်ကြတော.တယ်....ကိုယ်.
မိသားစုကိုတောင်အဖော်ညှိတာသူတို.ကန်.ကွက်လို.ကိုယ်လည်းကွန်ကရစ်လမ်းကပဲတက်
လိုက်ဆင်းလိုက်လုပ်ခဲ.ရတယ်...
လမ်းဘေးကဆိုင်ကလေး
         ကျိုက်ထီးရိုးစေတီတော်ရင်ပြင်နားရောက်ခါနီးမှာတော.ယခင်နှစ်များနဲ.မတူတော.ပဲ
ဈေးဆိုင်လေးတွေဆက်ပြီးမသပ်မရပ်ဆောက်ထားတာတွေ.ရပါတယ်။ဝမ်းရေးအတွက်ဈေး
ရောင်းပြီးအသက်မွေးနေရသူတွေကိုစာနာပေမယ်.အဲဒီဆိုင်တွေကများပြားလွန်းပြီးသန်.သန်.
ရှင်းရှင်းမနေထိုင်ကြတာကြောင်.ရယ်သူတို.ရဲ.အညစ်အကြေးတွေကိုစနစ်တကျစွန်.ပစ်မယ်.
အိမ်သာမရှိတာကြောင်.အဲဒီဆိုင်တွေနားတစ်ဝိုက်လမ်းတစ်လျှောက်ကတော.အနံ.အသက်
ဆိုးလှပါတယ်...အဲဒီအချက်ကတော.တော်တော်အရုပ်ဆိုးလှပါတယ်...ရင်ပြင်တော်ရဲ.အ
နောက်ဖက်လို.ပဲဆိုကြပါစို...မုဆိုးတောင်လို၊ကျီးကန်းပါးစပ်လိုဖက်ကဆိုင်တွေဆိုထားပါ
တော.( အမှန်တော.အဲဒီမှာလည်းဆိုင်တွေများလွန်းလှပါတယ်။ကြာယင်သဘာဝအလှ
ရှုခင်းတွေဆိုတာကွယ်ပျောက်သွားနိုင်ပါတယ်...) အခုတော.ဘုရားတောင်မရောက်သေး
ဘူးမိလ္လာနံ.ကကြိုဆိုနေတာကတော.လွန်လွန်းလှတယ်...
        နောက်တစ်ခုစိတ်အနှောက်အယှက်ဖြစ်ရတာကတော.ကျိုက်ထီးရိုးတောင်တစ်လျှောက်
မှာအခြားစိတ်ဝင်စားဖွယ်ရာနေရာ၊စေတီများလည်းရှိကြပါတယ်...ဟိုးယခင်ကဆိုလျှင်ထိုနေ
ရာဒေသများမှာနေထိုင်ကျင်.ကြံသီတင်းသုံးတဲ.ရသေ.၊ရဟန်း၊ယောဂီများသာတွေ.ရပြီးထိုသူ
တော်ကောင်းများအလှူခံသည်ကလည်းအေးချမ်းစွာပဲဖြစ်ပါတယ်။အခုတော.ထိုထိုနေရာ
များမှာဒေသခံများပုံစံမဟုတ်သည်.စစ်တပ်(သို.မဟုတ်) ရဲ သို.မဟုတ်အဖွဲ.အစည်း
တစ်ခုခုမှအဖွဲ.၀င်များဟုသိသာနိုင်သည်.ဆံပင်တိုတို၊ရှပ်အင်္ကျီအဖြူသို.မဟုတ်ဂျာ
ကင်အင်္ကျီများဝတ်ဆင်ထားသည်.အမျိုးသားများကိုတွေ.ရပြီးထိုသူများမှဘုရားဖူး
လာသူများစိတ်အနှောက်အယှက်ဖြစ်လောက်အောင်ထိုထိုဘုရားစေတီ၊ဘိုးတော်မယ်
တော်များကိုကန်တော.ကြရန်တိုက်တွန်းခေါ်ယူနေကြသည်ကိုတွေ.ရသည်။အကယ်၍
မအူမလည်ဖြင်.သူတို.ခေါ်လို.၀င်သွားပြီးကန်တော.မိပါကထိုထိုနေရာများအတွက်အ
လှူဒါနပြုသွားရန်တိုက်တွန်းတော.သည်။(ဘုရားဖူးအများစုကလည်းဘုမသိဘမသိနှင်.
ဝင်ကန်တော.ကြသည်ကများပါသည်။)သူတို.၏အမိန်.ပေးသကဲ.သို.တိုက်တွန်းမှုကြောင်.
အလှူငွေထည်.၀င်ရာတွင်လည်းငွေပမာဏနည်းလျှင်ထပ်မံထည်.၀င်ရန်ပြောကြသေး
ရာငယ်ရွယ်သူမိန်းမပျိုများမဆိုထားနှင်.အုပ်စုနည်းသူယောကျာင်္းလေးများပင်ထိုသူတို.၏အမူ
အယာအပြောအဆိုကြောင်.ထပ်မံထည်.သွားကြရသည်ကများပါသည်...ဤအချက်များကား
ဗုဒ္ဓဘာသာဝင်တို.အတွက်အမည်းစက်ကြီးသဖွယ်ဖြစ်နေတော.သည်။ 
( ဤသည်ကားကိုယ်တိုင်လည်းကြုံတွေ.ခဲ... အခြားကျိုက်ထီး
ရိုးသို.မိမိတို.မရောက်ခင်သွားခဲ.သည်.လမ်းထဲမှညီမငယ်များကလည်းပြောပြခဲ.ကြသည်မှာ
အမှန်ပင်ဖြစ်သည်။ )
 ဘယဆေးဆိုင်( ဘလော.ဂ်ဂါကိုနေစိုးနိုင်အတွက်များဖွင်.ထားလေသလား ..)
       ကျွန်တော်သည်ပင်အထက်ပါသစ်ဥသစ်ဖု၊တိရိစ္ဆာန်အဆီများနှင်.ဘယဆေးရောင်းသော
ဆိုင်ကလေးကိုအမှတ်တရဓါတ်ပုံရိုက်ခဲ.ရာတွင်ထိုဆိုင်ကိုကျော်၍အတန်ငယ်ခပ်လှမ်းလှမ်းကို
ရောက်ခါမှထိုဆံပင်တိုရှပ်အင်္ကျီလက်တိုနှင်.ပုဂ္ဂိုလ်တစ်ပါးဘယ်ကဘယ်လိုပေါ်လာသည်မသိ
ရောက်လာပြီးဘာဖြစ်လို.ထိုကဲ.သိုဓါတ်ပုံရိုက်ရတာလည်း၊ဘယ်အဖွဲ.အစည်းကလည်း၊စသည်
ဖြင်.ရစ်ပါတော.သည်။ကျွန်တော်ကသာမာန်ဘုရားဖူးသာဖြစ်ကြောင်း၊ထိုဆိုင်ကိုလည်းအမှတ်
တရအနေဖြင်.ရိုက်ထားသည်သာဖြစ်ကြောင်းပြောရာ၊နောက်ဆုံးရစ်စရာမရှိကင်မရာအခွန်
ဆောင်ထားသလားဟုမေး၍ဆောင်ထားသောအခွန်ကဒ်ပြားကိုပြလိုက်တော.မှဘာမှမပြော
သာတော.ပေ.....
      စဉ်းစားမိသလောက်ကတော.ထိုသူများထိုထိုနေရာများမှာဘာကြောင်.ရောက်လာရ
သနည်း ? တစ်ခါကဖြစ်ပွားခဲ.ဖူးသောကျိုက်ထီးရိုးစေတီရင်ပြင်နှင်.ဆိုင်ခန်းများသို.သူပုန်
များလာရောက်၍လုယက်တိုက်ခိုက်သည်ကိုကာကွယ်ရန်လား၊ဒါမှမဟုတ်ထိုနေရာများရှိ
အလှူခံပုံးများကိုမသမာသူများဖောက်ထွင်းခိုးယူခြင်းမှကာကွယ်နိုင်ရန်အစောင်.ချထား
ခြင်းများလည်းဖြစ်နိုင်ပါသည်။သို.မဟုတ်ယခုနောက်ပိုင်းအလွန်နာမည်ကြီးနေသည်ဘု
ရားအလှူခံပုံးများအားကန်ထရိုက်ကဲ.သို.ပေးထားလေသလော...မည်သို.ဆိုစေကာမူယခု
ကဲ.သို.ဘုရားဖူးများအားစိတ်အနှောက်အယှက်ဖြစ်စေရန်ပြုမူပြောဆိုခြင်းများကတော.
မည်သည်.ရှုထောင်.ကကြည်.ကြည်.အရုပ်ဆိုးလှပါသည်။
       သြော်....ဘုရားပေါ်မှာလဲအနှောက်အယှက်တွေ၊ဘုရားကိုခုတုံးလုပ်စားနေသူတွေ
              ရှိတာပါပဲလား....
What's left to eat !!!
Tuesday, May 12, 2009
Can't eat pork,
ဝက်သားလဲမစားရဲဘူး
Swine flu... 
ဝက်တုပ်ကွေး
Can't eat chicken,
ကက်သားလည်းမစားရဲဘူး
Bird flu. 
ကြက်တုပ်ကွေး
Can't eat Beef, 
အမဲသားလဲမစားရဲဘူး...
Mad cow.... 
နွားရူးရောဂါ တဲ. ....
Can't eat eggs, 
ကက်ဥ ဆိုယင်ကော...
Salmonella. 
ဝမ်းဖောဝမ်းယောင်ဖြစ်ပြီးဖျားတတ်တယ်ဆိုပဲ...
Can't eat fish, 
ငါးစားရမှာလည်းကြောက်တယ်...
heavy metal poisons in their waters. 
ရေထဲမှာသတ္တုအဆိပ်ဓါတ်တွေပါဝင်မှုနှုံးများနေတယ်တဲ.ဗျာ...
Can't eat fruits and veggies, 
သတ်သတ်လွတ်ပဲစားပါတော.မယ်လေ ဆိုပေမယ်လည်း....
insecticides and herbicides. 
ပိုးသတ်ဆေးတွေ..အရွက်ဆေး၊အသီးဆေးတွေဖျန်းထားတယ်တဲ.ဗျာ...
Hmmmmmmmmm!!!!!!!!!!!!! 
ကဲ.....
M
M
M
M
M
M
M
M
M
M
M
I believe that leaves Chocolate and ice cream!!!!!!!! 
 စားလို.ရတာဆိုလို.ချောကလက်နဲ.ရေခဲမုန်.ပဲကျန်တော.တယ်နော်....
Remember - - - 'STRESSED' 
ဒီမှာကြည်. ...အချက်ပို ( စဉ်းစားစရာအချက်အလက်တွေပိုလို.စိတ်တင်းကြပ်နေတာ)
ရဲ.ပြောင်းပြန်အဓိပ္ပါယ်က..
spelled backwards! is 
အချိုပွဲ တဲ.ဗျား....
'DESSERTS'
Send this to four people and you will lose 2 pounds
ကိုယ်အလေးချိန်ကျပြီးပိန်ချင်ယင်ဒီစာကိုတစ်ခြားသူလေးယောက်စီပို.ပါလေ...
Delete it and you will gain 10 pounds immediately! 
မပို.ပဲဒီစာကိုဖျက်ပစ်ယင်ခင်သန္တာသက်ချိုပြုံး(ဆင်ခန္ဓာဝက်ကိုယ်လုံး)ဖြစ်စေ...
       forward mail ထဲမှာတွေ.မိတာလေးပါ....
                 အသားငါးတွေကတော.ရောဂါပိုးမွားရှိတာပြောစရာမလိုပါဘူး...အသီးအနှံတွေ
ကိုပိုးသတ်ဆေးတွေ၊အပင်သန်ဆေး၊အသီးကြီးဆေးတေတရားလွန်ဖျန်းနေကြတာကိုဖွံ.ဖြိုးတိုး
တက်တဲ.နိုင်ငံတွေကသိကုန်လို. ဓာတုဗေဓဓါတ်မြေသြဇာနဲ.ပိုးသတ်ဆေးမသုံးတဲ. Organic
Farmတွေကဟင်းသီးဟင်းရွက်အသီးအနှံတွေကိုပဲဈေးကြီးပေးဝယ်ပြီးစားနေခြင်းဖြင်.ရေရှည်
ကျန်းမာရေးကိုဂရုစိုက်နေချိန်မှာကျွန်တော်တို.ရွှေပြည်ကြီးမှာတော.အသီးကြီးလေ၊အပင်တုတ်
လေဈေးပိုပေးပြီးအားပါးတရ၀ယ်ပြီးစားသောက်နေတာ(ကျွန်တော်တို.ကိုယ်တိုင်တောင်ပါဝင်
ပါတယ်လေ...)သေသေချာချာစေ.စေ.တွေးကြည်.ယင်အဲဒီအသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ
ကိုသေသေချာချာဆေးကြောပြီးပိုးမွားတွေသေအောင်ချက်ပြုတ်တဲ.မိသားစုဟာတော်တော်
ရှားပါတယ်...သခွားသီး၊ခရမ်းချဉ်သီးအစ၊နံနံပင်ကြက်သွန်မြိတ်အဆုံးမချက်ပဲတော်ရုံဆေးပြီးဒီ
အတိုင်းအစိမ်းစားနေကြသေးတာပဲ...စိုက်တဲ.သူတွေကလည်းစီးပွားရေးတွက်ခြေကိုက်အောင်
ပိုးသတ်ဆေးစတာတွေကိုတရားလွန်အထိန်းအကွပ်မရှိသုံးနေကြတာကလား....ပြီးတော.
အဲဒီဖွံ.ဖြိုးပြီးနိုင်ငံတွေကအန္တရာယ်များလို.၊သတ်မှတ်စံချိန်စံညွန်းနဲ.မကိုက်ညီလို.ပယ်လိုက်တဲ.
ဓါတ်မြေသြဇာဆေးဝါးတွေကိုကျွန်တော်တို.တိုင်းပြည်တွေကအားပါးတရ၀ယ်သုံးနေကြရတာလေ...(တစ်ခြားအဆင်.မှီဆေးတွေနဲ.စာယင်ဈေးနှုံးသက်သာတယ်လေ...) ဒါကြောင်.လဲငယ်ငယ်ရွယ်ရွယ်နဲ.ကင်ဆာလိုရောဂါတွေဖြစ်ပြီးသက်တမ်းမစေ.ခင်သေကုန်လို.
နိုင်ငံအလိုက်သက်တမ်းတွေနိုင်းယှဉ်လိုက်ယင်ရွှေပြည်ကြီးကတစ်ဖြည်းဖြည်းနဲ.နောက်ရောက်
လာနေပြီမဟုတ်လား... တွေးလေကြောက်စရာကောင်းလေပါပဲ...ဒါပေမယ်လဲဘာတတ်နိုင်မလဲ
သဗ္ဗေသတ္တာကမ္မသကာလို.ပဲနှလုံးသွင်းရတော.တာပါပဲ....
--------------------------------------------------------------------------------
Smoke or Get Burnt: Chinese County Tells its Officials
Sunday, May 10, 2009
ဆေးလိပ်မသောက်ယင်ဒဏ်ငွေရိုက်မယ်
           မျက်စေ.လည်သွားပါသလားမိတ်ဆွေ ? ... ကျွန်ုပ်တို.သိထားသည်.ယေဘုယျအချက်
ကဆေးလိပ်မသောက်ရသောက်လျှင်ဒါဏ်ငွေဘယ်လောက်.... စသည်မဟုတ်လား...
ယခုမျက်စေ.လည်လောက်အောင်ဆေးလိပ်မသောက်လျှင်ဒါဏ်ရိုက်မည်.အမိန်.ညွန်ကြားချက်
ကိုထုတ်ပြန်သည်.သူများကတော.ကျွန်ုပ်တို.နိုင်ငံမှနေ.စဉ်အရေးကိစ္စများမှအစနိုင်ငံတကာ
ဆက်ဆံရေးအဆုံးအစစအရာရာဆရာတင်အားထားနေသောတရုတ်ပြည်သူ.သမ္မတနိုင်ငံမှ
သူ.နိုင်ငံသားများရဲ.ကျန်းမာရေး၊စီးပွားရေးအထွေထွေကိုဂရုမထားပဲအစိုးရရဲ.စီမံကိန်းပေါ်လစီ
အောင်မြင်ရေးကိုသာအဓိကထားကာဘယ်သူသေသေငတေမာလျှင်ပြီးရောစိတ်ဓါတ်ကိုလေး
စားအားကျဖွယ်တွေ.ရှိရမည်ဖြစ်သည်။
              တရုတ်နိုင်ငံအလယ်ပိုင်းဒေသမှခရိုင်အုပ်ချူပ်ရေးတာဝန်ရှိသူများက၄င်းတို.၏၀န်
ထမ်းများအနေဖြင်.တစ်နှစ်လျှင်စီးကရက်ဘူးပေါင်း ၂ သိန်းခန်.၀ယ်ယူသောက်သုံးကြရန်အမိန်.
ပေးခဲ.ကြကြောင်း၊ထိုသို.လျာထားချက်ပြည်.မှီအောင်မသောက်သုံးနိုင်ပါကဒဏ်ငွေဆောင်ရ
မည်ဖြစ်ကြောင်းနိုင်ငံပိုင်သတင်းဌာနများကလွန်ခဲ.သည်.တနင်္လာနေ.ကဖော်ပြခဲ.ပါတယ်။
               တရုတ်နိုင်ငံဟူပေပြည်နယ်၊ဂေါင်အန်းခရိုင်အုပ်ချူပ်ရေးအဖွဲ.မှ၎င်း၏၀န်ထမ်းများ
အားပြည်နယ်ထုတ်စီးကရက်ဘူးပေါင်း ၂ သိန်း ၃ သောင်းကိုတစ်နှစ်အတွင်းသုံးစွဲရမည်ဟု
အမိန်.ပေးခဲ.သည်ဟု Global Times သတင်းစာကဆိုပါသည်။ အဆိုပါလျာထားချက်ကိုမပြည်.
မီသည်.ဌာနအားဒဏ်ငွေပေးဆောင်စေရမည်ဟုသတင်းအရသိရသည်။
                သတင်းစာတွင်ဖော်ပြချက်အရဂေါင်အန်းခရိုင်စီးကရက်ဖြန်.ဖြူးရေးကြီးကြပ်မှု
ကော်မတီဝင်ချန်နယန်ကျိုက ဒီအမိန်.ညွန်ကြားချက်ကြောင်.စီးကရက်လုပ်ငန်းမှအခွန်အ
ကောက်ပိုမိုတိုးတက်ရရှိမှဖြစ်ပြီးဒေသတွင်းစီးပွားရေးကိုလည်းအားဖြည်.အထောက်အကူဖြစ်
စေမှာလို.ဆိုပါတယ်။၎င်းအပြင်ထိုစီမံချက်ကြောင်.အိမ်နီးချင်းဟူနန်ပြည်နယ်ထုတ်စီးကရက်
များနှင်.ဈေးကွက်တွင်ယှဉ်ပြိုင်နေရသောဒေသခံစီးကရက်လုပ်ငန်းများကိုလည်းကူညီထောက်
ပံ.ရာရောက်စေမှာဖြစ်ပါတယ်။
                 တရုတ်ပြည်တွင်စီးကရက်အစွဲအမြဲသောက်သုံးသူပေါင်းသန်း ၃၅၀ ရှိပြီး၎င်း
တို.အထဲမှနှစ်စဉ်လူပေါင်းတစ်သန်းမှာဆေးလိပ်သောက်ခြင်းနှင်.ဆက်ဆပ်သောရောဂါများ
ကြောင်.နှစ်စဉ်သေဆုံးလျက်ရှိသည်။
                 တရုတ်ပြည်ရှိအမျိုးသားဆရာဝန်စုစုပေါင်း၏တစ်ဝက်ကျော်မှာဆေးလိပ်
သောက်ကြပြီးယခုအခါတွင်တရုတ်နိုင်ငံတော်အစိုးရမှစံပြအနေဖြင်.၄င်းတို.ကိုဆေးလိပ်
ဖြတ်စေရန်အပြင်းအထန်ကြိုးပမ်းနေကြောင်းမကြာသေးမီကမှနိုင်ငံပိုင်သတင်းဌာနများတွင်
ဖော်ပြခဲ.သေးသည်။ ( သူတို.လည်းအခုတစ်မျိုး၊တော်ကြာတစ်မျိုးလုပ်တတ်တာပဲ..)
                   သြော်....နိုင်ငံတော်ကြီးကဖြတ်ခိုင်းတယ်...ပြည်နယ်အစိုးရကသောက်ခိုင်း
တယ်...( ဆရာဝန်မပါ လို.များပြောလေမလားပဲ...)
          မူရင်းသတင်းလေးပါ...
Officials in a county in cen tral China have been told to smoke nearly a quarter million packs of locally made cigarettes annually or risk being fined, state media reported on Monday.
The Gong'an county government in Hubei province has ordered its staff to puff their way through 230,000 packs of Hubei-produced cigarette brands a year, the Global Times said.
Departments that fail to meet their targets will be fined, according to the report.
"The regulation will boost the local economy via the cigarette tax," said Chen Nianzu, a member of the Gong'an cigarette market supervision team, according to the paper.
The measure could also be a ploy to aid local cigarette brands such as Huanghelou, which are under severe pressure from competitors in neighbouring Hunan province, according to the paper.
China has 350 million smokers, of whom a million die of smoking-related diseases every year. More than half of all male doctors in China smoke, but the government is now trying harder to get them to kick the habit in order to set an example for others, state media reported recently.