ဗြိတိန် က Romantic ဘိုးဘိုး....
Monday, October 5, 2009
ဗြိတိန် က Romantic  ဘိုးဘိုး....
Britain's most romantic husband?
ဗြိတန်နိင်ငံ၊ ဝေလနယ်မြောက်ပိုင်းမှ အသက် ၈၇ နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးဟာ အိမ်ထောင်သက်
နှစ်ပေါင်း ၆၀ အတွင်း သူ့ ရဲ့ ချစ်ဇနီးအိပ်ယာဘေးမှာနှင်းဆီပန်းတစ်ပွင့် ကိုနေ့ စဉ်တင်ထားပေးခဲ့ တာ
တစ်ရက်မှ မပျက်ကွက်ခဲ့ ပါဘူးတဲ့ ...
၎င်းအပြင် Tom Shovelton အမည်ရှိတဲ့ အဆိုပါ ကြင်နာတတ်တဲ့ နှလုံးသားရှိသူ romantic ဘိုးဘိုး
ဟာ အသက် ၈၃ နှစ်အရွယ်ရှိ သူ၏ဇနီးသည် ဘွားဘွားကို နေ့ စဉ် နံနက်တိုင်း အိပ်ယာကနိုးတာနဲ့ 
တစ်ခြားဘာမှမလုပ်ခင်အနမ်းပန်းတစ်ပွင့် လက်ဆောင်ပေးလေ့ ရှိပြီး၊ ညအိပ်ယာဝင်တိုင်းလည်းတစ်
ရက်မှမပျက်ကွက်ပဲ နှုတ်ဆက်အနမ်းလေးပေး ပြီးမှအိပ်စေပါတယ်တဲ့ ...
Wale နယ်မြောက်ပိုင်း Flintshire ဒေသက Pentre Halkyn  အရပ်မှာနေထိုင်တဲ့ သူတို့ စံပြဇနီးမောင်
နှံရဲ့ အိမ်ထောင်သက်အနှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်ကိုလည်းမကြာခင်ကမှကျင်းပခဲ့ ပါသေး
တယ်...
ဘွားဘွား  Ms Shovelton  က ”  အဘွားးဟာ နေ့ တိုင်းအိပ်ယာဘေးမှာနှင်းဆီပန်းတစ်ပွင့် နဲ့ နံနက်
တိုင်းနဲ့ ညအိပ်ယာဝင်တိုင်းးမှာလည်း အနမ်းပန်း လေးတွေကို နေ့ စဉ် မပျက်မကွက် ရနေတုန်းပါပဲ....”
လို့ ဆိုခဲ့ ပါတယ်...
”  အဘွားတို့ နှစ်ယောက်ဟာ တစ်သက်လုံး မခွဲမခွာပဲ အတူနေထိုင်လုပ်ကိုင် စားသောက်လာခဲ့ ကြ
တာမို့  လင်နဲ့ မယားအပေးအယူ မျှဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိကြပါတယ်...အဘွားတို့ 
အနှစ်ခြောက်ဆယ်လုံးလုံး စိတ်ဆိုး၊စိတ်ပျက်၊စိတ်ဆင်းရဲမှုမရှိပဲ ပျော်ပျော်ရွှ့င်ရွှင်နဲ့ ကို အတူနေလာခဲ့ 
ပြခဲ့ ပါတယ်...
ဇနီးမောင်နှံတွေဟာတစ်ဦးကိုတစ်ဦး ကိုယ်ကျိုးစွန့် ပြီး ဦးစားပေး ဆက်ဆံကြမယ် ဆိုယင် ၀မ်းနည်း
စရာနဲ့  လမ်းခွဲလွာမှု တွေဟာ နည်းပါးသွားမှာအမှန်ပါပဲ လို့ ဘိုးဘိုး Shovelton  ကယုံကြည်ထားပါ
တယ်တဲ့ ....
” လူတိုင်း ( ဇနီးမောင်နှံတိုင်း )  ဟာဒီလိုမျိုးဂရုတစ်စိုက် ယုယကြင်နာမှုမျိုး ပြုလုပ်သင့် ကြပါတယ်...
အဘိုးကတော့ သူ့ ကို (အဘွားကို) နဖူးကနေခြေဖျားအထိ ချစ်လွန်းလို့  စတွေ့ တဲ့ ( လက်ထပ်တဲ့ )
နေ့ ကတည်းကနေ အခုအထိ အကြင်နာတွေ ပေးနေဆဲ ပါပဲ...” လို့  ဘိုးဘိုး ကဆိုခဲ့ ပါတယ်...
သူတို့ နှစ်ဦးဟာ ၁၉၄၆ ခုနှစ် ရဲ့ နှစ်သစ်ကူးပွဲတော်ညမှာ ဘီယာဆိုင်တစ်ခုမှာ အမှတ်မထင်ဆုံတွေ့ ခဲ့ 
ကြပြီး နှစ်ဦးစလုံးဟာသစ်သီးဝလံ၊ပန်းမာန်ဥယျာဉ် စိုက်ပျိုးခြင်း ကိုဝါသနာပါကြတာ သိရှိခဲ့ ရကာ ဥ
ယျာဉ်ခြံမြေ စိုက်ပျိုးကြတဲ့ အလုပ် ကိုအတူတစ်ကွလုပ်ကိုင်ခဲ့ ကြပါတယ်...
သူတို့ မှာ သားသမီး ငါးဦး၊ မြေးဆယ်ယောက် နဲ့  မြစ်တစ်ယောက် တို့ ရှိကြပါတယ်တဲ့ ...
သာယာကြည်နူးဖွယ်ကောင်းတဲ့  အိမ်ထောင်စုလေးပေါ့ နော်...
ကဲ ....ဆရာတို့ ရေ...
               အစတော့ ဆွဲထုတ်ပေးလိုက်ပြီနော်....တော်ကြာ လေဒီတွေ စကားနာထိုးယင်တော့ ....
                   လိုက်နာနိုင်ယင်တော့ ...home sweet home  ဖြစ်စေမယ့် ဆေးနည်းကောင်းပါပဲ...
အင်္ဂလိပ်လိုလေးဖတ်ချင်သေးတယ်ဆိုယင်...
An 87-year-old North Wales man has put a fresh rose at his wife's bedside every single day of the 60 years they have been married.
Tom Shovelton also kisses his 83-year-old wife Joan and first thing every morning and before they go to sleep each night, reports the Daily Mail.
The couple, from Pentre Halkyn in Flintshire, North Wales, have just celebrated their diamond wedding anniversary.
Mrs Shovelton said: "I still get a rose by my bedside every day and I always get a kiss in the morning and before I go to bed at night.
"We have lived and worked together all our lives, so we know how important give and take is. We've had a happy 60 years together. I wouldn't have changed a thing."
And Mr Shovelton believes that if more couples made a selfless gesture to their spouse or loved one, there would be fewer broken relationships.
"Everyone should do it," he said. "I love her to bits - I have done since the day we met."
They met by chance in a pub on New Year's Eve of 1946, discovered they shared a love of horticulture and went on to work together as market gardeners.
The couple, who have children, Susan, Tony, Mark and twins Jayne and Paul, also have ten grandchildren and one great grandchild.
နောက်ဆုံးပေါ်အဆင့် မြင့် ဇိမ်ခံရွက်လှေ....
Sunday, October 4, 2009
နောက်ဆုံးပေါ်အဆင့် မြင့် ဇိမ်ခံရွက်လှေ....  
Yacht that will blow your mind!
 Perini Navy may have created the largest yacht of all time. 
ကမ္ဘာ့ သမိုင်းမှာတော့  Perini ရေတပ်ဟာအကြီးမားဆုံးရွက်လှေကိုတီထွင်ကောင်းတီထွင်နိုင်ခဲ့ ပေ
လိမ့် မယ်...
ဒါပေမယ့် .... သန်းကြွယ်သူဌေးများအတွက်သာရည်စူးတည်ဆောက်ထားတဲ့  Maltese Falcon 
အမည်ရှိတဲ့ နောက်ဆုံးပေါ်ဇိမ်ခံရွက်လှေကတော့  တန်ဖိုး ဒေါ်လာ သန်း တစ်ရာ ပါတဲ့ ....
နောက်ဆုံးပေါ်အဆင့် မြင့် ရွက်လွှင့် နည်းပညာများနဲ့ စိတ်ကူးတီထွင်ထားတဲ့  DynaRig System ကို
အဆိုပါရွက်လှေကြီးမှာအသုံးပြုထားပါတယ်တဲ့ ....အဲဒီရွက်လှေမှာအဆက်မပြတ်အလိုအလျောက်လှည့်
ပတ်နိုင်တဲ့ ရွက်တိုင် သုံးခုပါဝင်ပြီး...ရွက်ပေါင်း ၁၅ ခုတိတိတပ်ဆင်ထားပါတယ်တဲ့ ....
အမြန်ဆုံးမောင်းနိုင်တဲ့ အမြန်နှုံးကတော့ ရေမိုင် ၂၁ မိုင်ဖြစ်ပါတယ်...အဲဒီလိုအမြန်နှုံးနဲ့ မို့ အတ္တလန္တစ်
သမုဒ္ဒရာ ကို ၁၀ ၇က်ထဲနဲ့ ဖြတ်နိုင်ပါတယ်တဲ့ .....လေနဲ့ ရွက်လွှင့် တဲ့ အမြန်နှုံးလဲပါမှာပေါ့ နော်....
Created for multi-millionaires, the yacht Maltese Falcon has been recently sold for $ 100 million.
This boat uses the innovative sailing system DynaRig. It consists of three constantly rotating masts, which hold 15 sails.
The maximum speed of the boat is of about 21 knots. Maltese Falcon is able to cross the Atlantic in just 10 days!
ကဲ.....အားကျသွားရည်ယိုကြရအောင်လားဗျာ....
ပုံတွေကကောင်းလွန်းလို့ ခပ်များများပဲတင်လိုက်ပါတယ်.....
စိတ်ကူးယဉ်ကမ္ဘာထဲကမင်းသား/ မင်းသမီး လေးတွေနဲ့ ကမ္ဘာပတ်ပြီးရွက်လွှင့် ကြရအောင်ဗျာ...
အပေါ်စီးမှမြင်ရတဲ့ ...လှပတဲ့ အချစ်ရွက်လှေ...
တစ်ခြားလှေများနဲ့ ယှဉ်လိုက်ရင်ဒီလိုတွေ့ ရတယ်လေ....
တိမ်ပြာပြာနေ့ တစ်နေ့ ...ဒီလို Sunday မျိုးမှာ....တစ်ယောက်သောသူနဲ့ သာ....
Romantic  ဆန်လွန်းတဲ့ သူ့ ဟန်.....
 လေဟုန်စီးလို့ ခရီးနှင်....
ထိန်းချူပ်ခန်း....control  room....
 bridge  လို့ ခေါ်တဲ့ သင်္ဘောဦးခန်း.....အဆင့် မြင့် ရေဒါစက်တွေ...
control system ....တွေတပ်ဆင်ထားတယ်လေ...
အဆောင်ဆောင်အခန်းခန်းတွေနဲ့ ....ခမ်းနားချင်တိုင်းခမ်းနား...
ထည်ဝါချင်တိုင်းထည်ဝါနေတော့ တယ်....
နေထိုင်သုံးစွဲရမှာတောင်အားနာစရာ....
မွမ်းမံတန်ဆာဆင်ထားသမျှ.....
 အစည်းအဝေးခန်းပါမကျန်...အကုန်ပါတယ်နော်....
ခန့် ငြားထယ်ဝါ... ဖဲမွေ့ ယာပေါ်ဝယ်....
 ကောင်းတာတွေထက်ပိုလို့ ကောင်းစေရမည်.....
တစ်ခါလောက်တော့ ....စီဖူးချင်လိုက်စမ်းပါဘိ.....
ပြည်တော်ပြန်သီတင်းကျွတ်လက်ဆောင် ….
Saturday, October 3, 2009
ပြည်တော်ပြန် သီတင်းကျွတ်လပြည့် နေ့ ဓမ္မလက်ဆောင်....
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး....
        ကိုပီတာတစ်ယောက်လွန်ခဲ.သည်.မတ်လက ရွှေပြည်ကြီးသို.အလွမ်းပြေခွင်.ယူ
ပြီး ပြည်တော်ပြန်ဖြစ် ခဲ.လေသည်။
         အိမ်ရှိ မိမိဝယ်ယူစုဆောင်းထားသော ငယ်ချစ်ဦးစာအုပ်စင်ဘီရိုကို မွှေနှောက်၍
ကောင်းနိုးရာ မွေ.လျော်ဖွယ်စာအုပ်တို.ကိုရွေးချယ်ပြီး ဖတ်ရှုမိရာမှပြန်လည်ဝေငှတင်
ပြရန် စိတ်ကူးမိလေသည်။ အစားကောင်းစားရလျှင် မိတ်ဆွေများကိုသတိရတတ်သည်
 ဟူသောဆိုရိုးစကား ရှိသည်မဟုတ်ပါလော...
         ယခုဖတ်မိသည်က ယနေ့ မြန်မာနိုင်ငံရှိသက်တော်ထင်ရှားရှိနေသေးသည့်  ဆရာ
တော်ဘုရားကြီးများထဲတွင် ကိုယ်တိုင်မဖူးတွေ့ ရသေးစေကာမူ အကျင့် သီလ၊သမာဓိ၊ပညာ
တော်ဘုရားကြီး ၀န၀ါသီဥေယျဓမ္မသာမိထေရ်အရှင် ရေးသာတော်မူသည့်  " မျက်နှာဖုံးများ
ကိုခွာချခြင်း ”  အမည်ရှိလောကဝေါဟာရများကို အပေါ်ယံ အေ၇ခွံကိုခွာချပြီး စကားနောက်
ကွယ်က တရားကို ဖော်ထုတ်ပြသထားသည့် ဓမ္မစာစုများဖြစ်သည်...
ရပ်သုံး ရွာသုံး ဓလေ့ သုံး နေ့ စဉ်သုံးစွဲနေသော စကားလုံးများ၏ နက်နဲသော သဘောတရား
များကို ဆရာတော်ဘုရားကြီး၏ ဥာဏ်တော်ဖြင့်  ထွင်းဖောက်သိမြင် အနက်အဓိပ္ပါယ် ဖွင့် ဆို
ထားသည်မှာ ကြက်သီးမွေးညှင်းပင် ထခမန်းပင်ဖြစ်သည်...
သီတင်းကျွတ်လပြည့်  ဓမ္မလက်ဆောင်အဖြစ်လည်းယူဆနိုင်ပါသည်...
အေးအေးဆေးဆေးနှင့်  စေ့ ငုသေချာစွာ ဖတ်ပြီး ဖြန့် ထွက်တွေးနိုင်ပါစေသတည်း....
ဖတ်မိသည့်  အထဲက နှစ်သက်သည်များကို ကောက်နှုတ်ဖော်ပြ ထားခြင်းဖြစ်ပါသတည်း....
အလေ့ အထ
ကာမ၏အကြောင်းအရာကို လေ့ လာနေသော် ကာမသဘာဝ ထကြွမည် ဧကန်ပင်...
ဓမ္မ၏အကြောင်းခြင်းရာကို လေ့ လာနေသော် ဓမ္မသဘာဝလည်း ထကြွမည် ဧကန်ပင်...
စင်စစ် အလေ့ မှန်သမျှ ထ ရန်၏တောင်ဝှေးလက်ကိုင် များတည်း....
စိတ်မည်သည် ဝေ့ လျက်လေ့  လေ့ ရှိ၏...
စိတ်ဝေ့ ရာ အာရုံလာ၊ လေ့ လာစရာများပေါ်တော့ မည်သာ....
အလေ့ မှာအလာ၊ လာရာတွင်အာရုံပြရာ၏ အတွင်းသားများ သည်ကား ထကြွရတော့ ပြီသာ...
မျက်လုံးမှသည် ဟိုမှသည် ဘယ်ညာဝေ့  အာရုံစုံ အကုန်လေ့ လိုက်သော် တစ်ဖက်ရှိ
သက်မဲ့ သက်ရှိတို့  အထဲမှ တွဲစရာအာရုံ တစ်ခု အံတုဝင်လာ၏...
ထိုအခါ အလေ့ မှလာသော ထိုပေါ်ရာအာရုံသည် မျက်စိမှတစ်ဆင့်  ခန္ဓာ အတွင်းသို့ 
ချဉ်းကပ်သွားချေရာ စိတ်ကလည်းအထ သွေးကလည်းကြွရတော့ သည်သာ....
သည့် အတူ ....
နားသည် နားနှင့် ပတ်သက်ရာ၊ နှာသည် နှာနှင့် ပတ်သက်ရာ၊ လျှာသည်လျှာနှင့် ပတ်သက်
ရာ၊ ကိုယ်သည် ကိုယ်နှင့် ပတ်သက်ရာ၊ စိတ်သည်လည်း စိတ်နှင့် ပတ်သက်ရာများကို လေ့ 
ယူကလာကြတော့ မည်သာ...
အလေ့ မှလာသော ထိုပြင်ပတို့ က တစ်ဖန် မိမိစိတ်ကို နှိုးဆွကြပြန်ရာ စိတ်သည်လည်းကောင်း
စိတ်နှင့် အတူအိပ်နေသော စရိုက်သွေးသည်လည်းကောင်း နိုးထကြရတော့ သည်သာ...
ကာမကို လေ့ သော်  ကာမအတွေ့ တို့ ပေါ်လာချေမည်...
ထိုကာမအတွေ့ က လေ့ လိုက်လေသောအခါ ကာမစိတ်သည်လည်းကောင်း ၊ ကာမသွေး
တို့ သည်လည်းကောင်း နိုးထကြရချေပြီ...
ထိုအလေ့ သည်...
လေ့ ရာမှလာသော အရာကို ပြုကျင့် ၍လည်း ပေးတတ်သည်...လာသော အရာက သွေးဆာ
သွေးတောင်းသဖြင့်  ပေးရခြင်းကြောင့်  ....
အလေ့ အကျင့်  သင့် တင့် နေလျှင်လည်း အစိမ်းသော်မှ ကျက်လာတတ်သည်...
အလေ့ နှင့် အကျင့် များအတွင်းက အပူအားများ ထွက်ပေါ်လာနေခြင်းများကြောင့် ...
သို့ ကြောင့် ....
အလေ့ အထ နောက်သို့  အလေ့ အလာ၊ အလေ့ အကျင့် ၊ လေ့ ကျက်ခြင်းများ တစ်သင်းပြီး
တစ်သင်း၊ တစ်သင်းပြီးတစ်သင်း ခြေရာချင်းနင်းကာ လိုက်ပါနေခြင်းတည်း....
၎င်းသည် ကျောင်းဒကာကြီး၏ တူတော်မောင် ပင်ဖြစ်ချေသည်။  သို့ သော် ကျောင်းဒကာ အနာ
ထပိဏ်နှင့် တူသာ တော်သော်လည်း မတူရှာပြီ...ကျောင်းဒကာကား ဓမ္မရေးရာ၌သာ လေ့ သဖြင့် 
၎င်းထံသို့  ဘုရားရှင်သည်လည်းကောင်း၊ ရဟန္တာအရှင်များစွာသည် လည်းကောင်း လာ၏....
လာသော် သဒ္ဓါစိတ် သဒ္ဓါ သွေးများ နိုးထလာပြီး...
ထိုအလေ့ ဖြင့် ပင် ထိုအကျင့်  ကျင့် နေပါသည်...
ထိုအလေ့ ကြောင့် ပင် စိမ်းနေသော တရားသက် ကျက်စေပါသည်...
ခေမက ကား တခြားတစ်ဘာသာအားဖြင့်  ကာမရေးရာကိုသာ အလေ့ ပါ၏...ကာမရေးရာသော်မှ
သူတစ်ကာ့ မယားအား အထားများ၏.... သို့ ကြောင့်  ၄င်းထံသို့  သူတစ်ကာ့ မယားများသည်သာ
တစ်ယောက်ပြီးတစ်ယောက် ရောက်ရောက်လာ၏...
ကိုယ့် ထံရှိစိတ်ကို သူထံရှိအာရုံစုံ တို့ ဖြင့် ရောက်နေခြင်းကြောင့်  တဏှာအား၊ တဏှာစိတ်၊ တဏှာ
သွေးများသည်သာ နိုးထလာချေသည်...
ထိုအလေ့ အထဖြင့် ပင် ကာမအကျင့်  ထိုးကျင့် နေပါသည်...
ထိုအလေ့အထ ကြောင့် ပင် စိမ်းနေသော တဏှာသက် ရင့် ကျက်ချေပါသည်....
အို ....ဗုဒ္ဓနွယ်ဖွား လောကီသားအပေါင်းတို့ ...
သင်တို့ သည်လည်း...
ကာမနှင့်  ဓမ္မ အဘယ်အစုကို လေ့ နေကြပါသနည်း...
အကယ်တိတိ ကာမကိုချည့်  လေ့ မိနေချေသော် သင် တို့ ထံသို့  ကာမ၀တ္တု ကာမအာရုံအစုစုတို့ 
အပုံအပုံ အကုန်အကုန် စုပြုံကာ တိုးဝှေ့ လာမည်ဖြစ်ချေရာ...
သင်တို့ ကား....
လေ့ သလောက်လာ- လာသလောက်ထ- ထသလောက်နိုး- နိုးသလောက်ကျင့် ဖြင့်  တစ်ဆင့် ပြီး
တစ်ဆင့်  တိုးကျင့် ပေးနေရမည်ဖြစ်ရာ ကြာသော်....
အကျင့် လွန်သော်  အနင့် ....
အကျင့် လွန်သော် အအင့် တို့ ဖြင့် ....
နင့် ပျက်၊ အင့် ပျက်၊ ကျင့် ပျက်ကြီးဘ၀သို့  လှလှကြီး ရောက်ကြရပေတော့ မည်....
ထိုအခါ...
စိမ်းစိုနေသော သူကိုယ်တို့ ၏ ကိုယ်ကာယ အိုဇရာကျလျက်က အကျဘက် ကျက်စေတော့အံ့ ...
စိမ်းစိုနေသော သူကိုယ်တို့ ရှိ စိတ္တဇ၊ ဘိဇ္ဇနပြလျက်က အကျဘက် သက်စေတော့ အံ့ ...
ထမင်းဟင်း ကျက်သော် သိုး....
လူ့ သက် ကျက်သော် ကျိုး...
မည်သည့် အကျက် မှ အကောင်းဘက် အကျိုးမပေးသာတကား...
         ဆရာတော်ဘုရားကြီး၏ခြေတော်အစုံကို ရည်မှန်းဦးခိုက်လျှက်...
2000 women whipped for 5 hours by priests
Friday, October 2, 2009
အပြစ်တွေကြေအောင်...ကြာပွတ်နဲ့ ရိုက်ပေးမည့် တမီလ်ကုလားဘုန်းကြီးများ....
2000 women whipped for 5 hours by priests 
အပြစ်တွေအားလုံးကြေစေ...အေးစေ...
အိန္ဒိယနိုင်ငံ၊တမီလ်နာဒူးပြည်နယ်၊ နာမကဲလ် ဒေသရှိ အနှစ်သုံးရာသက်တမ်းရှိသောကုလားဘုရား
ကျောင်းတစ်ခုတွင်ထောင်နှင့် ချီသောလူအုပ်ကြီးမှာ ဒေသဆိုင်ရာထုံးတမ်းစဉ်လာအရသူတို့ ဘုရား
ကိုလာရောက်ဝတ်ပြုဆုတောင်းရန်စုရုံးနေကြသည်...
၎င်းနောက်တွင်တော့ ပြင်ပကမ္ဘာမှလူအများအံ့ သြထိတ်လန့် ဖွယ်အဖြစ်အပျက်များကား....
အမျိုးသမီးပေါင်းနှစ်ထောင်ကျော်ဟာဘုရားကျောင်းမှာနေထိုင်တဲ့ ဟိန္ဒူကုလားဘုန်းကြီးတွေရဲ့ ကြိုး
နဲ့ ရိုက်နှက်ခြင်းကိုခံကြရတာပါ...တစ်ချို့ မိန်းကလေးတွေဆိုယင်အသက်ဆယ်နှစ်လောက်ပဲရှိကြ
သေးတာပါ...ထိုရိုးရာဓလေ့ အရရိုက်နှက်ပွဲဟာ အချိန် ၅ နာရီတောင်ကြာမြင့် ခဲ့ ပါတယ်...
ဘာဖြစ်လို့ ဒီလိုရိုက်ရတာလဲဆိုတဲ့ ကုလားဘုန်းကြီးတွေရဲ့ အဖြေကတော့ ...ဘေးဘယာအားလုံးဝေး
ကွာစေဖို့ ဖြစ်ပါသတဲ့ ....တစ်ချို့ ဆယ်နှစ်လောက်ရှိသူတွေကိုတော့ စာမကြိုးစားလို့ ပိုကြိုးစားအောင်
ဒါနဲ့ ကုလားဘုန်းကြီးနဲ့ ဘာဆိုင်လို့ လဲဗျာ....အံ့ ရော...) 
အပျိုဖြစ်တဲ့ ကုလားမလေးများကျတော့ လည်းအဲဒီလိုဖြစ်ရတာကိုကမသန့် စင်တော့ ပါဘူးလို့ ဆိုပဲ....
( အပြစ်ကလည်းရှာပဲရှာနိုင်လွန်းပါတယ်...)
ဒါဟာဘာမှအထူးအဆန်းမဟုတ်ပါဘူးတဲ့ ...ဒီိလိုမျိုးမိန်းမနဲ့ ကလေးတွေကိုရိုက်နှက်လာတာသက်
တမ်း အနှစ် ၃၀၀ ရှိခဲ့ ပါပြီ..လို့ ကုလားဘုန်းကြီးတစ်ပါးဖြစ်သူ သန်ဂါဝေလု ကပြောပါတယ်...
( ယောကျာင်္းလေးတွေကိုရိုက်ယင်ဟိုမောင်တွေကသူတို့ ဘုန်းကြီးတွေကိုပြန်ဆော်မှာလေ....ဒါ
ကြောင့် မိန်းမတွေကိုရွေးရိုက်တာနေမှာ...)
အဆိုပါအံ့ သြတုန်လှုပ်ဖွယ်မြင်ကွင်းကိုဒေသဆိုင်ရာရုပ်သံလွှင့် လိုင်းများကရိုက်ကူးထုတ်လွှင့် ခဲ့ ကြ
ပါတယ်...အရိုက်ခံရသူရော၊ကြည့် ရှုသူများပါမည်သူကမျှအော်ဟစ်အကူအညီတောင်းခံခြင်းမပြုခဲ့ 
ကြပေ...သူတို့ အဖို့ တော့ ဒီနေရာ၊ဒီဒေသတစ်ဝိုက်တွင်ဒီမြင်ကွင်းမျိုးကားရိုးနေပေပြီ...ဓလေ့ ထုံး
စံကားဓလေ့ ထုံးစံဖြစ်သမို့ ရိုးနေပြီ ဆိုသတတ်...
ကိုစွဲလမ်းမှုကားမယိုင်မလဲ...
” အခုလိုအရိုက်ခံလိုက်ရယင်ကိုပဲ...ကျွန်မတို့ မှာဖြစ်ပေါ်နေတဲ့ ၊ရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်
ရာရောဂါဝေဒနာဆိုးတွေပပျောက်သွားပြီးမကောင်းတဲ့ နတ်မိစ္ဆာအနှောက်အယှက်တွေလည်းပယ်ရှင်း
ပြီးသားဖြစ်သွားတယ်လို့ ကိုယုံကြည်ပါတယ်...”  လို့ Radhika အမည်ရှိတဲ့ ရိုးရာကိုယုံကြည်သူအမျိုး
သမီးတစ်ဦးကဆိုပါတယ်...
သြော်....
ရှိနေကြဦးမှာပါပဲ....
မူရင်းဗီဒီယိုကလစ်လေးကိုတော့ အင်္ဂလိပ်လိုသတင်းထဲကလင့် ခ်ကိုသွားပြီးကြည့် ရှုနိုင်ပါတယ်..
Like every Dussera, thousands gathered to pray at a 300-year-old temple in Tamil Nadu's Namakkal district, India. What followed next was unspeakable horror.
Two thousand teenagers and children, some as young as 10, were whipped by the temple's priests. For five hours. The priests' explanation: This whipping is a cure-all. Some 10-year-olds were lashed for not studying enough. Others were attacked for being slow to attain puberty. And menstruating teens were hit for being impure. The priests say this is nothing new. "We have been practicing this ritual for 300 years," declares Thangavelu, a priest.
The shocking scenes were filmed by local channels, none of whom called for help. Like others in this area, they find nothing absurd about what they saw. Tradition is tradition, they say.
The women can be seen gasping for breath, many are sobbing their hearts out. But the faith is unshakeable. Radhika, a devotee, says, "We believe that when we are whipped, we will get rid of all our mental and physical ailments and evil spirits."
The suburban snake charmer: Grandmother fills her home with 45 slithering reptiles
မြွေတွေကိုချစ်တဲ့ ဘွားဘွား....
The suburban snake charmer: Grandmother fills her home with 45 slithering reptiles
တစ်ခြားအဘွားတွေနဲ့ မတူ...ခေတ်မှီမြွေမင်းသမီးလေလား....
 Unconventional: the snakes lives with Sue in her east London home
စပါးကြီးမြွေဖြူကြီးနဲ့ ....
အင်း ....အသဲယားစရာ...
Quite a handful: Sue Coleman's snakes are not quite as cuddly as the average pet
သာမာန်လူတစ်ယောက်အတွက်တော့ မြွေတစ်ကောင်ဆိုလျှင်ပင်တော်တော်ကြောက်ဖို့ ကောင်းနေ
မှာအမှန်ဖြစ်ပေမယ့်  အင်္ဂလန်နိုင်ငံက ဘွားဘွား Sue Coleman အတွက်ကတော့ မြွေပေါင်း ၄၅
ကောင်နှင့် အတူနေရသည်ကိုပင်သူမအနေဖြင့် အားမရနိုင်သေးပေ...
သူမနှင့် သက်တူရွယ်တူ အခြားအသက် ၆၀ ကျော်အမျိုးသမီးကြီးများကဲ့ သို့ ဇာပန်းထိုးခြင်း၊စုပေါင်း
မဲလက်မှတ်ဝယ်ယူပြီးကံထူးသူရွေးသည့်  ဘင်ဂို  ကစားခြင်း စသည်တို့ ကိုဝါသနာမပါပဲ ထူးထူးခြား
ခြားထိတ်လန့် စရာတွားတွားသတ္တ၀ါမြွေများနှင့် သာခင်မင်တွယ်တာပြီးနေထိုင်ခဲ့ လေသည်....
ကြတာကိုအိမ်နီးနားချင်းများကစိတ်ဝင်တစား၊၀မ်းပန်းတသာနဲ့ ကြည့် ရှုနေနိုင်ကြပါတယ်...
”  လူတွေကသူတို့ ကိုသေသေချာချာဂရုတစိုက်ပြုစုစောင့် ရှောက်ထိန်းသိမ်းနိုင်ယင်မြွေတွေဟာ
လည်းချစ်စရာအိမ်မွေးတိရိစ္ဆာန်တွေမို့ ကျွန်မတော့ သူတို့ ကိုချစ်ပါတယ်....”  လို့ သူမကဆိုခဲ့ ပါတယ်..
လွန်ခဲ့ တဲ့ ၁၇ နှစ်လောက်ကတည်းကစပြီးတိတ်ဆိတ်အေးချမ်းတဲ့ အရပ်မှာရှိတဲ့ သူမရဲ့ နေအိမ်ကို
မြွေတွေကိုသူတို့ ဆီရောက်ပြီးမှဘယ်လိုကိုင်တွယ်ပြုစုထိန်းသိမ်းရမယ်ဆိုတာမသိတဲ့ ပိုင်ရှင်တွေရဲ့ 
မြွေတွေကိုကယ်တင်စောင့် ရှောက်လာခဲ့ တာမို့ အခုဆိုသူမရဲ့ နေအိမ်ဟာမြွေမျိုးစုံတဲ့ တိရိစ္ဆာန်ရုံက
လေးတစ်ခုဖြစ်လို့ နေပါတော့ တယ်...
သူမစတင်ကယ်ဆယ်မွေးမြူခဲ့ တာက corn snake မြွေမျိုးတစ်စုံကစခဲ့ တာဖြစ်ပါတယ်...အဲဒါကလွန်
ခဲ့ တဲ့ ၁၂ နှစ်လောက်ကဖြစ်ပါတယ်....ပြီးတော့ ဆက်ကာဆက်ကာမွေးလာခဲ့ တာဆယ်ကောင်ကနေ
အကောင်နှစ်ဆယ် စသည်ဖြင့် နောက်တော့ များလာလိုက်တာသတိတောင်မထားနိုင်တော့ ပါဘူးတဲ့ ...
အခုတော့ မြွေတွေနဲ့ နေရတာသဘောကျနှစ်ခြိုက်လို့ နောက်ထပ်တောင်ထပ်ပြီးမွေးမြူချင်ပါသေးသ
တဲ့ ....
သူမရဲ့ နောက်ဆုံးထပ်တိုးလာတဲ့ အဖော်ကတော့  Ra  အမည်ရတဲ့ အလျား ၁၀ ပေရှိ စပါးကြီးမြွေ
ဖြူကြီးဖြစ်ပါတယ်...
အဲဒီမြွေကြီးရောက်လာတော့ အိမ်မှာနေရာနည်းနည်းတော့ ကျပ်သွားပါတယ်လို့ သူမကဆိုပါတယ်...
ဒါပေမယ့် မြွေတွေကိုကျွေးမွေးရတဲ့ ကြွက်တွေအတွက်စားရိတ်ကလည်းမနည်းလှပါဘူး...မြွေတွေ
နေတဲ့ မှန်ပုံးတွေကိုမီးချောင်းထွန်းပေးရတဲ့ လျှပ်စစ်မီတာစားရိတ်ကလည်းကြီးမားပါတယ်လို့ သူမ
ကထပ်ပြောပြပါတယ်...
အခုတော့ သူမမွေးထားတဲ့ မြွေတွေနဲ့ လည်းတွဲဖက်ပြီး belly dancing လို့ ခေါ်တဲ့ မလုံ့ တလုံဝတ်
ပြီးခါး၊ရင်၊တင်တွေကိုလှုပ်ခါယမ်းကပြရတဲ့ အကမျိုးပါဝင်တဲ့ ဖျော်ဖြေမှုမျိုးတွေလည်းပြုလုပ်ပြီးဝင်
ငွေရှာနေပါတယ်တဲ့ ....
လူအများစုအတွက်မြွေတွေဟာကျောချမ်းစရာဖြစ်တာကိုသဘောပေါက်ပေမယ့် သူမကတော့ မြွေ
တွေကိုကြောက်ရွံ့ ခြင်းမှကင်းဝေးစေဖို့ လူအများကိုကူညီချင်ချင်တဲ့ စိတ်အားထက်သန်နေပါတယ်
တဲ့ ဗျာ...
လူအမျိုးမျိုး...စရိုက်အထွေထွေပေါ့ ခင်ဗျာ....
မဟုတ်ပေဘူးလား....
မူရင်းကဒီလိုပါ...
One snake would be too much for most people, but for Sue Coleman, even 45 are not enough.
Unlike other ladies her age, the 60-year-old grandmother is not interested in bingo or knitting, preferring to spend quality time with her slithery friends.
Sue, AKA Snakey Sue, and her snakes enjoy pottering around at her house together, much to the amusement of neighbours in Leytonstone, east London.
"I love them, they make such good pets, as long as people can care for them properly," she said.
Over the past 17 years, Sue has turned her home in a quiet residential street into a living zoo, with pythons, hognose snakes, corn snakes and barley snakes, which she often rescues from people who don't know how to care for them.
She said: "It started with a couple of corn snakes I brought 12 years ago.
"I went to find out more about them and became fascinated by snakes. Before I know it I had ten, then twenty, and it just carried on."
The snake addict admits she still wants more to add to her collection.
Her most recent acquisition is a 10-foot Albino Python named Ra and Sue says the only thing that will slow her down is a lack of space.
But she spends a fortune each week on dead mice to feed her massive brood.
"My electricity bills are huge because of all the lighting used for their tanks," she added.
Sue even works with her snakes, dancing with them as part of her belly dancing entertainment act.
Although she understands snakes make most people shudder, she keen to help people conquer their fears.
Mayor won't stop begging
Thursday, October 1, 2009
Mayor won't stop begging
အိန္ဒိယနိုင်ငံမှမြို့ တော်ဝန်အသစ်တစ်ယောက်ဟာ သူ့ ရဲ့ မူလဂုဏ်သရေရှိအလုပ်ကြီးဖြစ်တဲ့ တောင်းရမ်း
ခြင်းကိုစွန့် လွှတ်ဖို့ ငြင်းပယ်ခဲ့ ပါတယ်တဲ့  ...ဘာဖြစ်လို့ လည်းဆိုတော့ သူ့ အဖို့ အဲဒီအလုပ်ကပိုပြီးဝင်
ငွေကောင်းနေလို့ ပါလို့ ဆိုပါတယ်..
Beggar in India /Rex
ဒါပေမယ့် ရိုးသားတယ်...စိတ်ကောင်းရှိတယ်...
လို့ သူနေတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း Khaikheri မြို့ ကစီမံကိန်း ပရော့ ဂျက်တွေကိုတောင်ကန်ထရိုက်
ဆွဲနိုင်ပါတယ်တဲ့ ....
လာဘ်ကောင်းတဲ့ နေ့ တွေဆိုယင် ယခင်ကအလုပ်အကိုင်အတည်တစ်ကျမရှိပဲဒန်အိုးဒန်ခွက်ဖာတဲ့ အ
လုပ်လည်းလုပ်ခဲ့ ဖူးတဲ့ မြို့ တော်ဝန်သူတောင်းစားကြီးအတွက်တစ်ပတ်ကို ပေါင်စတာလင် ၃၅၀ ( ဒေါ်
လာ ၅၆၀ ကျော် ) တောင်ရတယ်ဆိုပဲ...
အင်း ....သူ့ ဝင်ငွေသိရတာကိုယ်တောင်တော်တော်အားငယ်သွားတယ်....
သူ့ လမ်းစဉ်ပဲလိုက်ရတော့ မလို ဖြစ်နေပါပေါ့ လား...အရပ်ကတို့ ရေ...
” ကျွန်တော်တောင်းရမ်းလို့ ရတဲ့ ငွေက ကျွန်တော့် မိသားစုကိုထောက်ပံ့ နိုင်ရုံတင်မကဘူး တစ်ခါတစ်
လေကိုယ်နေတဲ့ မြို့ တစ်ခုလုံးအတွက်ပါထည့် ဝင်သုံးစွဲနိုင်ပါသေးတယ်...”  လို့ သူကဆိုပါတယ်...
အတွက်တာဝန်အရှိဆုံးမဟုတ်လား...အဲဒီတော့ ယခုလိုကျွန်တော်တောင်းရမ်းလို့ ရတဲ့ ငွေစကြေး
စလေးတွေကိုရပ်ရွာကောင်းကျိုးအတွက်ဟိုဟိုသည်သည်စီမံကိန်းတွေမှာပါဝင်အသုံးချရပါတယ်...”
လို့ လည်းသူကထပ်ပြောပါတယ်....
” ကျွန်တော့် ကိုအခုလို နည်းများမဆိုငွေကြေးစွန့် လှူတဲ့ စေတနာရှင်များကိုလည်းအထူးပဲကျေးဇူး
တင်ပါတယ်...သူတို့ တစ်တွေလည်းဝမ်းမြောက်ကြမှာပါ...ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်က
ကိုယ့် မိသားစုတစ်ခုတည်းတင်ထောက်ပံ့ တာမဟုတ်ဘူးလေ...ရပ်ရွာကောင်းကျိုးပါဆောင်ရွက်
နေတာဆိုတော့ သူတို့ ပါကုသိုလ်ရတာပေါ့ ...” လို့ သူကဆိုခဲ့ ပါတယ်...
အင်း...ရှာမှရှားတဲ့ မြို့ တော်ဝန်၇ွာသူကြီးကတော့ ပေါ်တင်ကိုတောင်းစားတာပါဗျာ...
ပြီးတော့ သူက တောင်းလို့ ရတာကိုမြို့ ရွာကောင်းစားရေးအတွက်တောင်အသုံးချလိုက်သေးတယ်...
အဲဒီလိုလူမျိုးတွေထက်စာရင်...ဒီလိုမြို့ တော်ဝန်ကပိုရိုးသားတယ်လို့ ဆိုရမယ်နော်...
မူရင်းကဒီလိုပါ...
The new mayor of an Indian town is refusing to give up begging - because he's making too much money.
Dharmveer Bhoora, 56, says he makes so much money from begging he can subsidise town council projects in Khaikheri, northern India.
On a good week, the veteran pan-handler - who has never held a steady job - reckons he rakes in more than £350.
"The money I make from begging provides for my family and sometimes the whole town," he said.
"I am responsible now for looking after the development of the village and part of the money I make out of begging will also be utilised for undertaking developmental projects in the village."
He added: "I am very grateful for every small bit of money that anyone gives to me while begging and I am sure it will make some people feel good that they are not just helping me and my family but also my whole village."
Eggscruciating! Roberta the hen dies after laying enormous egg
သခင့် အတွက်နောက်ဆုံးလက်ဆောင်...
Eggscruciating! Roberta the hen dies after laying enormous egg 
ဧရာမကြက်ဥကြီး....
An Eggs-citing find: The giant, laid in upstate New York, weighs in at 138g
ကြက်နဲ့ လက်နက်နဲ့ မမျှ.....
Shell shocked: Roberta passed away a few hours after laying the egg
ခါးသီးချိုမြိန်တဲ့ အတွေ့ အကြုံနဲ့ ပိုင်ရှင်....
ရွှေဥ ဥပေးတဲ့ ကြက်မကြီးသေသွားလို့ လေ...
Farmer Chris Schauerman found the monster-sized egg in his coop
ကြက်ခြံပိုင်ရှင် Chris Schauerman တစ်ယောက်သူ့ ကြက်ခြံထဲသို့ ဝင်ရောက်ကြည့် ရှုစဉ်တုံးက
တော့ သူ့ အနေနဲ့ ဤမျှကြီးမားသောကြက်ဥကြီးကိုတွေ့ ရှိရလိမ့် မည်ဟုစိုးစဉ်းမျှမတွေးမိခဲ့ ၊မမျှော်
လင့် ခဲ့ ပေ...နယူးယောက်မြို့ Honeyoye Falls မှ စိုက်ပျိုးမွေးမြူရေးသမားတစ်ယောက်ဖြစ်သူ
Chris တစ်ယောက်ကြက်မများဥကျင်းဝပ်ရာကောက်ရိုးဝပ်ကျင်းတွင် အလေးချိန် ၁၃၈ ဂရမ် လေး
သော ( သာမာန်ကြက်ဥထက် နှစ်ဆကျော်ကြီးမားသော ) ကြက်ဥကြီးကိုတွေ့ လိုက်ရချိန်တွင်တော့ 
အလွန်အံ့ အားသင့် သွားခဲ့ ရပေသည်....
သာမာန်ကြက်ဥများဆိုလျှင်တော့  အလေးချိန် ၃၅ ဂရမ်မှ ၇၇ ဂရမ် အတွင်းသာအလေးချိန်ရှိပေ
သည်...
” ကျွန်တော်ဖြင့် ကိုယ့် မျက်စေ့ ကိုယ် ယုံတောင်မယုံနိုင်အောင်ဖြစ်သွားခဲ့ ရပါတယ်...ကြက်မ၀ပ်ကျင်း
အုပ်ဆောင်းကိုဖွင့် ကြည့် လိုက်တာနဲ့ တစ်ခြားသာမာန်ကြက်ဥငါးလုံးကြားများဒီကြက်ဥကြီးတွေ့ လိုက်
ရလို့ လေ....” ဟု သူကဆိုခဲ့ ပါတယ်...
သို့ သော် Schauerman အတွက်ကံဆိုးကံကောင်းကား ထိုအံ့ မခန်းကြက်ဥကြီးကိုဥပေးခဲ့ သည့် ကြက်
မကြီး Roberta  ခမျာ ထိုဧရာမကြက်ဥကြီးကိုဥအပြီးနာရီအနည်းငယ်အကြာတွင်သေဆုံးသွားခဲ့ သော
ကြောင့် ဖြစ်သည်...
” ကျွန်တော်အဲဒီကြက်မကြီးဆီသွားပြီးလှုပ်ကြည့် တော့ သူ ဟာခေါင်းကိုသာအနိုင်နိုင်ထောင်နိုင်ရှာပါ
တော့ တယ်...အဲဒီနောက်ကြမ်းပြင်ပေါ်လဲကျသွားတော့ တာပါပဲ...” လို့ သူကဆိုခဲ့ ပါတယ်....
” ပထမတော့ ဒီလိုဧရာမကြက်ဥကြီးကိုတွေ့ လိုက်ရလို့ စိတ်လှုပ်ရှားပြီးပျော်မိပါတယ်...ဒါပေမယ့် ကျွန်
တော့် ကြက်မကြီးခင်မျာသူ့ အတွက်ဒါဟာနောက်ဆုံးအားထုတ်ပြီးဥ  ဥခဲ့ ခြင်းပဲဆိုတာသိလိုက်ရတော့ 
စိတ်ပျက်ဝမ်းနည်းရမိပါတယ်...”  လို့ သူကထပ်ပြောပါတယ်...
အခုတော့  Little Roberta လို့ ကင်ပွန်းတပ်ထားတဲ့ ကြက်ဥကြီးဟာဘ၀ပြောင်းကာကြက်ဥမွှေကြော်
အဖြစ်သို့ ရောက်တော့ မယ် လို့ ဆိုပါတယ်...
ကြံကြံဖန်ဖန်တွေးရင်တော့ ....ဒီလောက်ကြီးမားတဲ့ ကြက်ဥ ဥရအောင်ဖြစ်စေတဲ့ တရားခံကြက်ဖ
ကဘယ်ကများလဲလို့ ပေါ့ ....
အနီးအနားမှာကြက်ဆင်ခြံများရှိလေသလားပဲ....
မူရင်းကတော့ ဒီလိုပါ...
When Chris Schauerman ventured into his chicken coop, the last thing he expected to find was this monster-sized egg.
The farmer, from Honeyoye Falls in upstate New York, was stunned to discover the giant, which weighs in at 138g, nestled among the hay.
The average hen egg weighs between 35g and 77g.
'I just couldn't believe it. You open up the chicken coop and sitting inside the nest with five other eggs is just this behemoth,' he said.
But the discovery was bittersweet for Mr Schauerman - Roberta, the chicken who had laid the egg, died a few hours afterwards.
'I came up to the chicken and I nudged her. She was barely able to pick her head up before it fell back down to the ground,' he said.
Mr Schauerman went on: 'I was pretty excited when I saw it but also kind of sad because I knew the chicken put forth its last effort to give this egg.'
The egg - christened Little Roberta - is now destined for an omelette of immense proportions.
တန်ဘိုးနည်း၊ဈေးအသက်သာဆုံးလေကြောင်းလိုင်းသစ်
တန်ဘိုးနည်း၊ဈေးအသက်သာဆုံးလေကြောင်းလိုင်းသစ်
New Budget Airline Air Crews
စီးကြဦးမလား...တန်ဖိုးနည်းဈေးအသက်သာဆုံးလေကြောင်းလိုင်းဆိုပဲ...
ဘယ်လေကြောင်းလိုင်းများဖြစ်လေမလဲ...
အလကားဆိုယင်တောင်စီးဝံ့ ကြပါ့ မလား....
လေယာဉ်ကြောင့် တော့ မဟုတ်...လေယာဉ်မယ်/ လေယာဉ်မောင် မစ္စက တွေကြောင့် ပေါ့ ....
စီးကြမယ်ဟေ့ ...ကောင်းကောင်း...
  Which airline is this? I doubt anyone dare to take it anymore, even free....
ဆ၀ါဒီ၊ဆီလာမက်ဒါတန်၊မင်္ဂလာပါ....ဘလာ..ဘလာ...ဘလာ...
 ဟတ်ကဲ့ ...ကြိုဆိုပါတယ်ရှင်/ဗျာ...
 ရွှေပန်း ချမ်းမြေ့  ...အဲလေ...ရွှင်လန်းချမ်းမြေ့ ပါစေ....
ကာဖီသောက်မလား... ပဒင်း ( ပူတင်း ) စားမလား...
 သမီးနဲ့ သား...စည်းနဲ့ ဝါး....
 အလှလေးတွေစုံညီ....
ဟဲ...ဟဲ...ကြောက်မသွားနဲ့ နော်...
နောက်တာပါတဲ့ ....
ဒါပေမယ့် ပြောလို့ တော့ ဘယ်ရမလဲ ....နောင်တစ်ချိန်...
ဒီလိုမျိုးလေယာဉ်မယ်/မောင်တွေ ပါတဲ့ လေကြောင်းလိုင်းရှိမလာနိုင်ဘူးလို့ မပြောနိုင်ဘူးနော်...
မူရင်းဘလော့ ဂ်ဂါ ..စလုံးကမမ ကြီးကတော့  ...အလကားဆိုယင်အားပေးမယ်တဲ့ ....
စင်္ကာပူမှာနာမည်ကြီးနေတဲ့  အဂ္ဂနက်စ်တန်ဘလော့ ဂ် ကတွေ့ ရှိပြီး...ဘ၀အမော ပြေအောင်...
ပြန်လည်မျှဝေပါတယ်...
မူရင်းလင့် ခ်ကတော့ ကြည့် ရှုဖို့ မသင့် တော်တဲ့ အတွက်မပေးတော့ ပါဘူး...
Rest assure, sure just some joke.... If free of charge, I don't mind taking.... Check out for the lastest budget airline promotions...