The suburban snake charmer: Grandmother fills her home with 45 slithering reptiles
Friday, October 2, 2009
မြွေတွေကိုချစ်တဲ့ ဘွားဘွား....
The suburban snake charmer: Grandmother fills her home with 45 slithering reptiles
တစ်ခြားအဘွားတွေနဲ့ မတူ...ခေတ်မှီမြွေမင်းသမီးလေလား....
 Unconventional: the snakes lives with Sue in her east London home
စပါးကြီးမြွေဖြူကြီးနဲ့ ....
အင်း ....အသဲယားစရာ...
Quite a handful: Sue Coleman's snakes are not quite as cuddly as the average pet
သာမာန်လူတစ်ယောက်အတွက်တော့ မြွေတစ်ကောင်ဆိုလျှင်ပင်တော်တော်ကြောက်ဖို့ ကောင်းနေ
မှာအမှန်ဖြစ်ပေမယ့်  အင်္ဂလန်နိုင်ငံက ဘွားဘွား Sue Coleman အတွက်ကတော့ မြွေပေါင်း ၄၅
ကောင်နှင့် အတူနေရသည်ကိုပင်သူမအနေဖြင့် အားမရနိုင်သေးပေ...
သူမနှင့် သက်တူရွယ်တူ အခြားအသက် ၆၀ ကျော်အမျိုးသမီးကြီးများကဲ့ သို့ ဇာပန်းထိုးခြင်း၊စုပေါင်း
မဲလက်မှတ်ဝယ်ယူပြီးကံထူးသူရွေးသည့်  ဘင်ဂို  ကစားခြင်း စသည်တို့ ကိုဝါသနာမပါပဲ ထူးထူးခြား
ခြားထိတ်လန့် စရာတွားတွားသတ္တ၀ါမြွေများနှင့် သာခင်မင်တွယ်တာပြီးနေထိုင်ခဲ့ လေသည်....
ကြတာကိုအိမ်နီးနားချင်းများကစိတ်ဝင်တစား၊၀မ်းပန်းတသာနဲ့ ကြည့် ရှုနေနိုင်ကြပါတယ်...
”  လူတွေကသူတို့ ကိုသေသေချာချာဂရုတစိုက်ပြုစုစောင့် ရှောက်ထိန်းသိမ်းနိုင်ယင်မြွေတွေဟာ
လည်းချစ်စရာအိမ်မွေးတိရိစ္ဆာန်တွေမို့ ကျွန်မတော့ သူတို့ ကိုချစ်ပါတယ်....”  လို့ သူမကဆိုခဲ့ ပါတယ်..
လွန်ခဲ့ တဲ့ ၁၇ နှစ်လောက်ကတည်းကစပြီးတိတ်ဆိတ်အေးချမ်းတဲ့ အရပ်မှာရှိတဲ့ သူမရဲ့ နေအိမ်ကို
မြွေတွေကိုသူတို့ ဆီရောက်ပြီးမှဘယ်လိုကိုင်တွယ်ပြုစုထိန်းသိမ်းရမယ်ဆိုတာမသိတဲ့ ပိုင်ရှင်တွေရဲ့ 
မြွေတွေကိုကယ်တင်စောင့် ရှောက်လာခဲ့ တာမို့ အခုဆိုသူမရဲ့ နေအိမ်ဟာမြွေမျိုးစုံတဲ့ တိရိစ္ဆာန်ရုံက
လေးတစ်ခုဖြစ်လို့ နေပါတော့ တယ်...
သူမစတင်ကယ်ဆယ်မွေးမြူခဲ့ တာက corn snake မြွေမျိုးတစ်စုံကစခဲ့ တာဖြစ်ပါတယ်...အဲဒါကလွန်
ခဲ့ တဲ့ ၁၂ နှစ်လောက်ကဖြစ်ပါတယ်....ပြီးတော့ ဆက်ကာဆက်ကာမွေးလာခဲ့ တာဆယ်ကောင်ကနေ
အကောင်နှစ်ဆယ် စသည်ဖြင့် နောက်တော့ များလာလိုက်တာသတိတောင်မထားနိုင်တော့ ပါဘူးတဲ့ ...
အခုတော့ မြွေတွေနဲ့ နေရတာသဘောကျနှစ်ခြိုက်လို့ နောက်ထပ်တောင်ထပ်ပြီးမွေးမြူချင်ပါသေးသ
တဲ့ ....
သူမရဲ့ နောက်ဆုံးထပ်တိုးလာတဲ့ အဖော်ကတော့  Ra  အမည်ရတဲ့ အလျား ၁၀ ပေရှိ စပါးကြီးမြွေ
ဖြူကြီးဖြစ်ပါတယ်...
အဲဒီမြွေကြီးရောက်လာတော့ အိမ်မှာနေရာနည်းနည်းတော့ ကျပ်သွားပါတယ်လို့ သူမကဆိုပါတယ်...
ဒါပေမယ့် မြွေတွေကိုကျွေးမွေးရတဲ့ ကြွက်တွေအတွက်စားရိတ်ကလည်းမနည်းလှပါဘူး...မြွေတွေ
နေတဲ့ မှန်ပုံးတွေကိုမီးချောင်းထွန်းပေးရတဲ့ လျှပ်စစ်မီတာစားရိတ်ကလည်းကြီးမားပါတယ်လို့ သူမ
ကထပ်ပြောပြပါတယ်...
အခုတော့ သူမမွေးထားတဲ့ မြွေတွေနဲ့ လည်းတွဲဖက်ပြီး belly dancing လို့ ခေါ်တဲ့ မလုံ့ တလုံဝတ်
ပြီးခါး၊ရင်၊တင်တွေကိုလှုပ်ခါယမ်းကပြရတဲ့ အကမျိုးပါဝင်တဲ့ ဖျော်ဖြေမှုမျိုးတွေလည်းပြုလုပ်ပြီးဝင်
ငွေရှာနေပါတယ်တဲ့ ....
လူအများစုအတွက်မြွေတွေဟာကျောချမ်းစရာဖြစ်တာကိုသဘောပေါက်ပေမယ့် သူမကတော့ မြွေ
တွေကိုကြောက်ရွံ့ ခြင်းမှကင်းဝေးစေဖို့ လူအများကိုကူညီချင်ချင်တဲ့ စိတ်အားထက်သန်နေပါတယ်
တဲ့ ဗျာ...
လူအမျိုးမျိုး...စရိုက်အထွေထွေပေါ့ ခင်ဗျာ....
မဟုတ်ပေဘူးလား....
မူရင်းကဒီလိုပါ...
One snake would be too much for most people, but for Sue Coleman, even 45 are not enough.
Unlike other ladies her age, the 60-year-old grandmother is not interested in bingo or knitting, preferring to spend quality time with her slithery friends.
Sue, AKA Snakey Sue, and her snakes enjoy pottering around at her house together, much to the amusement of neighbours in Leytonstone, east London.
"I love them, they make such good pets, as long as people can care for them properly," she said.
Over the past 17 years, Sue has turned her home in a quiet residential street into a living zoo, with pythons, hognose snakes, corn snakes and barley snakes, which she often rescues from people who don't know how to care for them.
She said: "It started with a couple of corn snakes I brought 12 years ago.
"I went to find out more about them and became fascinated by snakes. Before I know it I had ten, then twenty, and it just carried on."
The snake addict admits she still wants more to add to her collection.
Her most recent acquisition is a 10-foot Albino Python named Ra and Sue says the only thing that will slow her down is a lack of space.
But she spends a fortune each week on dead mice to feed her massive brood.
"My electricity bills are huge because of all the lighting used for their tanks," she added.
Sue even works with her snakes, dancing with them as part of her belly dancing entertainment act.
Although she understands snakes make most people shudder, she keen to help people conquer their fears.
1 comments:
Beauty Studio USA Branded Store said...
ွှအသဲယားစရာကြီးဗျာ။ဒါကြီးတွေတော့ ဖြစ်နိုင်ရင် မချစ်ပါရပါစေနဲ့ဗျာ။