ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး....
ကိုပီတာတစ်ယောက်လွန်ခဲ.သည်.မတ်လက ရွှေပြည်ကြီးသို.အလွမ်းပြေခွင်.ယူ
ပြီး ပြည်တော်ပြန်ဖြစ် ခဲ.လေသည်။
အိမ်ရှိ မိမိဝယ်ယူစုဆောင်းထားသော ငယ်ချစ်ဦးစာအုပ်စင်ဘီရိုကို မွှေနှောက်၍
ကောင်းနိုးရာ မွေ.လျော်ဖွယ်စာအုပ်တို.ကိုရွေးချယ်ပြီး ဖတ်ရှုမိရာမှပြန်လည်ဝေငှတင်
ပြရန် စိတ်ကူးမိလေသည်။ အစားကောင်းစားရလျှင် မိတ်ဆွေများကိုသတိရတတ်သည်
ဟူသောဆိုရိုးစကား ရှိသည်မဟုတ်ပါလော...
ယခုဖတ်မိသည်က ယနေ့ မြန်မာနိုင်ငံရှိသက်တော်ထင်ရှားရှိနေသေးသည့်  ဆရာ
တော်ဘုရားကြီးများထဲတွင် ကိုယ်တိုင်မဖူးတွေ့ ရသေးစေကာမူ အကျင့် သီလ၊သမာဓိ၊ပညာ
များ၏ သင်းပျံ့ သောဂုဏ်သတင်းကြောင့် ကျွန်တော် အကြည်ညိုဆုံး မဟာဗောဓိမြိုင်ဆရာ
တော်ဘုရားကြီး ၀န၀ါသီဥေယျဓမ္မသာမိထေရ်အရှင် ရေးသာတော်မူသည့်  " မျက်နှာဖုံးများ
ကိုခွာချခြင်း ” အမည်ရှိလောကဝေါဟာရများကို အပေါ်ယံ အေ၇ခွံကိုခွာချပြီး စကားနောက်
ကွယ်က တရားကို ဖော်ထုတ်ပြသထားသည့် ဓမ္မစာစုများဖြစ်သည်...
ရပ်သုံး ရွာသုံး ဓလေ့ သုံး နေ့ စဉ်သုံးစွဲနေသော စကားလုံးများ၏ နက်နဲသော သဘောတရား
များကို ဆရာတော်ဘုရားကြီး၏ ဥာဏ်တော်ဖြင့်  ထွင်းဖောက်သိမြင် အနက်အဓိပ္ပါယ် ဖွင့် ဆို
ထားသည်မှာ ကြက်သီးမွေးညှင်းပင် ထခမန်းပင်ဖြစ်သည်...
သီတင်းကျွတ်လပြည့်  ဓမ္မလက်ဆောင်အဖြစ်လည်းယူဆနိုင်ပါသည်...
အေးအေးဆေးဆေးနှင့်  စေ့ ငုသေချာစွာ ဖတ်ပြီး ဖြန့် ထွက်တွေးနိုင်ပါစေသတည်း....
ဖတ်မိသည့်  အထဲက နှစ်သက်သည်များကို ကောက်နှုတ်ဖော်ပြ ထားခြင်းဖြစ်ပါသတည်း....
အလေ့ အထ
ကာမ၏အကြောင်းအရာကို လေ့ လာနေသော် ကာမသဘာဝ ထကြွမည် ဧကန်ပင်...
ဓမ္မ၏အကြောင်းခြင်းရာကို လေ့ လာနေသော် ဓမ္မသဘာဝလည်း ထကြွမည် ဧကန်ပင်...
စင်စစ် အလေ့ မှန်သမျှ ထ ရန်၏တောင်ဝှေးလက်ကိုင် များတည်း....
စိတ်မည်သည် ဝေ့ လျက်လေ့  လေ့ ရှိ၏...
စိတ်ဝေ့ ရာ အာရုံလာ၊ လေ့ လာစရာများပေါ်တော့ မည်သာ....
အလေ့ မှာအလာ၊ လာရာတွင်အာရုံပြရာ၏ အတွင်းသားများ သည်ကား ထကြွရတော့ ပြီသာ...
မျက်လုံးမှသည် ဟိုမှသည် ဘယ်ညာဝေ့  အာရုံစုံ အကုန်လေ့ လိုက်သော် တစ်ဖက်ရှိ
သက်မဲ့ သက်ရှိတို့  အထဲမှ တွဲစရာအာရုံ တစ်ခု အံတုဝင်လာ၏...
ထိုအခါ အလေ့ မှလာသော ထိုပေါ်ရာအာရုံသည် မျက်စိမှတစ်ဆင့်  ခန္ဓာ အတွင်းသို့ 
ချဉ်းကပ်သွားချေရာ စိတ်ကလည်းအထ သွေးကလည်းကြွရတော့ သည်သာ....
သည့် အတူ ....
နားသည် နားနှင့် ပတ်သက်ရာ၊ နှာသည် နှာနှင့် ပတ်သက်ရာ၊ လျှာသည်လျှာနှင့် ပတ်သက်
ရာ၊ ကိုယ်သည် ကိုယ်နှင့် ပတ်သက်ရာ၊ စိတ်သည်လည်း စိတ်နှင့် ပတ်သက်ရာများကို လေ့ 
ယူကလာကြတော့ မည်သာ...
အလေ့ မှလာသော ထိုပြင်ပတို့ က တစ်ဖန် မိမိစိတ်ကို နှိုးဆွကြပြန်ရာ စိတ်သည်လည်းကောင်း
စိတ်နှင့် အတူအိပ်နေသော စရိုက်သွေးသည်လည်းကောင်း နိုးထကြရတော့ သည်သာ...
ကာမကို လေ့ သော် ကာမအတွေ့ တို့ ပေါ်လာချေမည်...
ထိုကာမအတွေ့ က လေ့ လိုက်လေသောအခါ ကာမစိတ်သည်လည်းကောင်း ၊ ကာမသွေး
တို့ သည်လည်းကောင်း နိုးထကြရချေပြီ...
ထိုအလေ့ သည်...
လေ့ ရာမှလာသော အရာကို ပြုကျင့် ၍လည်း ပေးတတ်သည်...လာသော အရာက သွေးဆာ
သွေးတောင်းသဖြင့်  ပေးရခြင်းကြောင့်  ....
အလေ့ အကျင့်  သင့် တင့် နေလျှင်လည်း အစိမ်းသော်မှ ကျက်လာတတ်သည်...
အလေ့ နှင့် အကျင့် များအတွင်းက အပူအားများ ထွက်ပေါ်လာနေခြင်းများကြောင့် ...
သို့ ကြောင့် ....
အလေ့ အထ နောက်သို့  အလေ့ အလာ၊ အလေ့ အကျင့် ၊ လေ့ ကျက်ခြင်းများ တစ်သင်းပြီး
တစ်သင်း၊ တစ်သင်းပြီးတစ်သင်း ခြေရာချင်းနင်းကာ လိုက်ပါနေခြင်းတည်း....
သာဝတ္တိမြို့ တော်က ခေမက....
၎င်းသည် ကျောင်းဒကာကြီး၏ တူတော်မောင် ပင်ဖြစ်ချေသည်။ သို့ သော် ကျောင်းဒကာ အနာ
ထပိဏ်နှင့် တူသာ တော်သော်လည်း မတူရှာပြီ...ကျောင်းဒကာကား ဓမ္မရေးရာ၌သာ လေ့ သဖြင့် 
၎င်းထံသို့  ဘုရားရှင်သည်လည်းကောင်း၊ ရဟန္တာအရှင်များစွာသည် လည်းကောင်း လာ၏....
လာသော် သဒ္ဓါစိတ် သဒ္ဓါ သွေးများ နိုးထလာပြီး...
ထိုအလေ့ ဖြင့် ပင် ထိုအကျင့်  ကျင့် နေပါသည်...
ထိုအလေ့ ကြောင့် ပင် စိမ်းနေသော တရားသက် ကျက်စေပါသည်...
ခေမက ကား တခြားတစ်ဘာသာအားဖြင့်  ကာမရေးရာကိုသာ အလေ့ ပါ၏...ကာမရေးရာသော်မှ
သူတစ်ကာ့ မယားအား အထားများ၏.... သို့ ကြောင့်  ၄င်းထံသို့  သူတစ်ကာ့ မယားများသည်သာ
တစ်ယောက်ပြီးတစ်ယောက် ရောက်ရောက်လာ၏...
ကိုယ့် ထံရှိစိတ်ကို သူထံရှိအာရုံစုံ တို့ ဖြင့် ရောက်နေခြင်းကြောင့်  တဏှာအား၊ တဏှာစိတ်၊ တဏှာ
သွေးများသည်သာ နိုးထလာချေသည်...
ထိုအလေ့ အထဖြင့် ပင် ကာမအကျင့်  ထိုးကျင့် နေပါသည်...
ထိုအလေ့အထ ကြောင့် ပင် စိမ်းနေသော တဏှာသက် ရင့် ကျက်ချေပါသည်....
အို ....ဗုဒ္ဓနွယ်ဖွား လောကီသားအပေါင်းတို့ ...
သင်တို့ သည်လည်း...
ကာမနှင့်  ဓမ္မ အဘယ်အစုကို လေ့ နေကြပါသနည်း...
အကယ်တိတိ ကာမကိုချည့်  လေ့ မိနေချေသော် သင် တို့ ထံသို့  ကာမ၀တ္တု ကာမအာရုံအစုစုတို့ 
အပုံအပုံ အကုန်အကုန် စုပြုံကာ တိုးဝှေ့ လာမည်ဖြစ်ချေရာ...
သင်တို့ ကား....
လေ့ သလောက်လာ- လာသလောက်ထ- ထသလောက်နိုး- နိုးသလောက်ကျင့် ဖြင့်  တစ်ဆင့် ပြီး
တစ်ဆင့်  တိုးကျင့် ပေးနေရမည်ဖြစ်ရာ ကြာသော်....
အကျင့် လွန်သော် အနင့် ....
အကျင့် လွန်သော် အအင့် တို့ ဖြင့် ....
နင့် ပျက်၊ အင့် ပျက်၊ ကျင့် ပျက်ကြီးဘ၀သို့  လှလှကြီး ရောက်ကြရပေတော့ မည်....
ထိုအခါ...
စိမ်းစိုနေသော သူကိုယ်တို့ ၏ ကိုယ်ကာယ အိုဇရာကျလျက်က အကျဘက် ကျက်စေတော့အံ့ ...
စိမ်းစိုနေသော သူကိုယ်တို့ ရှိ စိတ္တဇ၊ ဘိဇ္ဇနပြလျက်က အကျဘက် သက်စေတော့ အံ့ ...
ထမင်းဟင်း ကျက်သော် သိုး....
လူ့ သက် ကျက်သော် ကျိုး...
မည်သည့် အကျက် မှ အကောင်းဘက် အကျိုးမပေးသာတကား...
ဆရာတော်ဘုရားကြီး၏ခြေတော်အစုံကို ရည်မှန်းဦးခိုက်လျှက်...
1 comments:
မိမိစိတ်သန်ရာသန်ရာမှာ လူတွေက ပျော်ပိုက်နေတယ်ဆိုတာ လေးသိသွားပါတယ်။ကောင်းတဲ့အကျင့်လေးတွေသန်အောင် ပိုပိုကျိုးစားလေ့ကျင့်ရမယ် ဆိုတဲ့အသိလေးရသွားပါတယ် အကိုရေ။
Post a Comment