Cat banned from visiting Buddhist bank robber in jail
Thursday, November 5, 2009
အရင်ဘ၀ကတော်စပ်ခဲ့ တဲ့ သားဖြစ်သူထံထောင်ဝင်စာတွေ့ ဖို့ ငြင်းပယ်ခံရတဲ့ ကြောင်....
လူဝင်စားကြောင်ဆိုပဲ....
ထောင်ကျနေတဲ့  ဗုဒ္ဓဘာသာဝင် ဘဏ်ဓါးပြတစ်ဦးရဲ့  သူ၏အချစ်တော်ကြောင်ကလေးကို
ထောင်ဝင်စာလာတွေ့ နိုင်စေဖို့ တောင်းဆိုချက်ကို တရားရုံးကပယ်ဖျက်ငြင်းဆိုခြင်းခံခဲ့ ရ
တယ်လို့ ဆိုပါတယ်....အဆိုပါကြောင်ကလေးဟာ သူ့ ရဲ့ မိခင်သေလို့ ပြန်ဝင်စားတာဖြစ်လို့ 
သူ့ အနေနဲ့ တွေ့ ဆုံခွင့် တောင်းခဲ့ တာဖြစ်ပေမယ့် လည်း တရားရုံးကလက်မခံပဲ ငြင်းပယ်ခဲ့ 
တာဖြစ်ပါတယ်...
အသက် ၄၆ နှစ်ရှိ Peter Keonig ဟာ ဂျာမနီနိုင်ငံ၊ Werl မြို့ မှာ ဘဏ်တစ်ခုကိုဓါးပြတိုက်ခဲ့ လို့ 
ထောင်ဒါဏ် ငါးနှစ်ကျခံနေရတာဖြစ်ပါတယ်...
သူဟာ ယခုသီတင်းပတ်မှာ တရားရုံးကိုသွားရောက်ခဲ့ ပြီး သူ့ ရဲ့ ကြောင်မလေး Gisela ကိုသူ့ 
ဆီကို လာရောက်လည်ပတ်ခွင့် ပြုဖို့ အခွင့် ရှိကြောင်း ၊ ဘာဖြစ်လို့ လည်းဆိုတော့ အဲဒီကြောင်
မကလေးဟာသေဆုံးသွားခဲ့ တဲ့ သူ့ ရဲ့ မိခင်ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်လို့ တောင်းဆိုခဲ့ 
တာပါ...
ဗုဒ္ဓဘာသာဝင်တွေဟာ လူတွေသေဆုံးပြီးသွားယင် တိရိစ္ဆာန်တွေအဖြစ် ပြန်လည်ဝင်စား တတ်
တယ်လို့ ယုံကြည်တတ်ကြပါတယ်...( ဒါကတော့ မူရင်းသတင်းမှာပါတာပါ...)
” ဒီကြောင်ဟာ ကျွန်တော့် အမေဆိုတာကျွန်တော်သိပါတယ်...အမေကကျွန်တော့် ကိုဂရုတစ်
စိုက်ရှိသလိုကို သူကကျွန်တော့် ကိုဂရုစိုက်ပါတယ်...ကျွန်တော်ဟာ တစ်ခြားထောင်ကျအကျဉ်း
သားတွေ သူတို့ ရဲ့ ဇနီး၊ သားသမီးတွေနဲ့ တွေ့ ဆုံခွင့် ရှိသလို ကျွန်တော့် ကြောင်မလေးနဲ့ တွေ့ 
ဆုံခွင့် ရလိုပါတယ်....” လို့ သူကဆိုပါတယ်...
” တရားရုံးတော်အနေနဲ့  လူသားတစ်ဦးချင်းစီရဲ့ ဘာသာရေးဆိုင်ရာကိုးကွယ် ယုံကြည်မှုကို လေး
စားပါတယ်...သို့ သော် တရားခံအနေဖြင့် ကွယ်လွန်သွားတဲ့ သူ့ ရဲ့ မိခင်ဖြစ်သူဟာ ဒီကြောင်မ
လေးအဖြစ် ပြန်လည်မွေးဖွားလာတယ်ဆိုတာကို သက်သေမပြနိုင်ခဲ့ ပါဘူး...ဒါကြောင့် သူ့ ရဲ့ ဒီ
ကြောင်မလေး သူ့ ဆီထောင်ဝင်စာလာတွေ့ ဖို့ တောင်းဆိုချက်ကိုငြင်းပယ်ရခြင်းဖြစ်ပါတယ်...”
လို့ တရားရုံးကဆိုပါတယ်...
ဒါပေမယ့် တရားရုံးကတော့ သူဟာ ကြောင်မလေးဆီကို ထောင်ထဲကနေ စာရေးပြီးဆက်သွယ်
နိုင်တယ်လို့ ဆိုခဲ့ ကြောင်းပါခင်ဗျာ....
သြော်...ဂျာမနီကကြောင်က စာဖတ်တတ်တယ်နဲ့ တူတယ်ဗျာ .....
မူရင်းကတော့ ဒီလိုပါတဲ့ ....
A Buddhist bank robber has had his request for his cat to have visiting rights to him in jail turned down by a court – despite his plea that it is the reincarnation of his mother.
Peter Keonig, 46, is serving five-years for armed robberies in Werl, Germany.
He went to court this week demanding the right for his cat Gisela to be allowed to visit him in jail "because she is my dead mum".
Buddhists believe that people come back as other animals after death. He said: "I know it is mummy. She looks after me just the way she did. I need to see her like other prisoners see their wives and children."
But the court turned him down. "While we respect the religious freedom of individuals, the accused has not been able to furnish proof that his deceased mother has been reborn in a cat. Therefore, the request for visiting rights for the feline is rejected."
The court did say he would be allowed to write to the cat.
ဒန့် ကျွဲပင် ပုခက်ဆင်လေပြီ....
Wednesday, November 4, 2009
ေ၇ှးလူကြီးတွေပြောသောစကားအခုတော့ တစ်ကယ်မှန်ခဲ့ လေပြီ....
ကောသလအိပ်မက် တစ်ဆယ့် ခြောက်ချက်ဟူသော (ထပ်မံဖတ်ရှုချင်သူများကလစ်လုပ်ရန်)
လွန်ခဲ့ သော နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်က ဗုဒ္ဓလက်ထက်ကဖြစ်ပွား ဟောကြားခဲ့ သော
အဖြစ်အပျက်အဆိုအမိန့် သည်လည်းအမှန်တစ်ကယ်ဖြစ်ခဲ့ လေပြီ....
ဘူဂေးရီးယားနိုင်ငံမှ အသက် ၁၁ နှစ်အရွယ် Kordeza အမည်ရှိ  မိန်းကလေးတစ်ဦးဟာ သူမရဲ့ 
လက်ထပ်မင်္ဂလာကျင်းပတဲ့ နေ့ မှာပဲ အလေးချိန် ၅ ပေါင်နဲ့  ၈အောင်စ ရှိတဲ့ သမီးမိန်းကလေး
တစ်ယောက်ကိုမွေးဖွားခဲ ပါတယ်တဲ့ ....
ဆယ့် တစ်နှစ်အရွယ် ကလေးက ကလေးမွေးသူလေး...
သူမဟာအသက် ဆယ့် ကိုးနှစ်အရွယ်သာရှိသေးတဲ့  သူမရဲ့ ခင်ပွန်းကို သူမကစားနေစဉ် တစ်ခြား
ကလေးများ အနိုင်ကျင့် နေတုံးမှာ ၀င်ရောက်ကယ်တင်ပေးခဲ့ ရာက စတင်သိကျွမ်းခဲ့တာပါတဲ့ ....
ဒန့် ကျွဲပင် ပုခက်ဆင်တော့ မယ့် ခေတ်ရောက်ချေပြီ....
Jeliazko Dimitrov လို့ အမည်ရှိတဲ့ ကောင်လေးကတော့ သူဟာ ကောင်မလေးကို အသက်
၁၅နှစ်ရှိပြီလို့ ထင်ခဲ့ မိလို့  ချစ်သူရည်းစားအဖြစ်နဲ့ တွဲသွားတွဲလာ ပြုလုပ်ခဲ့တာပါလို့ ဆိုပါတယ်...
ဘာတွေဖြစ်ကုန်ခဲ့တာလည်း ?
သူတို့ နှစ်ယောက်ဟာ သမီးရည်းစားအဖြစ်နဲ့ ချိန်းတွေ့ ကြအပြီး တစ်ပါတ်အကြာမှာ ကောင်မ
လေးမှာ ကိုယ်ဝန်ရှိခဲ့ တာဖြစ်ပါတယ်....( ခေတ်ကာလသားသမီးများတယ်လဲ သွက်ကြသကိုး...)
(ကိုပီတာတို့ သူတို့ အရွယ်တုံးက ဒါတွေဘာမှမသိ ...ဆော့ လို့ ကောင်းတုံးဗျာ...)
ခလေးမလေးမှာ ကိုယ်ဝန်ရှိပြီဆိုတာသိလိုက်ရတော့ ကောင်လေးဟာ သူ့ တာဝန်သူယူပြီး
ကောင်မလေးကို လက်ထပ်ပါ့ မယ်တဲ့ ...ဒါပေမယ့်  သကောင့် သားခမျာမှာတော့ အရွယ်မ
ရောက်သေးသူ မိန်းကလေးနဲ့ အတူနေဆက်ဆံမှုနဲ့ ထောင်ခြောက်နှစ်ကျခံ ရမှာပါတဲ့ ....
 ရှေ့ ဆက်ပြီး...ဘာဆက်လုပ်ကြမလဲ....
ကလေးအမေ ပူပူနွေးနွေးအသစ်စက်စက်ကလေးကောင်မလေးကတော့  ကျောင်းမနေတော့ 
ပါဘူးတဲ့ ...ဘာဖြစ်လို့ လည်းဆိုတော့  သားသည်အမေဖြစ်နေရပြီကိုး....
ကျွန်မငယ်သေးတယ်ဆိုတာသိပါတယ်...ဒါပေမယ့် ဘယ်တတ်နိုင်မှာလည်း...
ဖြစ်ပြီးသွားခဲ့ ပြီလေ....
ကောင်မလေးက သူဟာအခုတော့ အရုပ်တွေနဲ့ ဆော့ စရာမလိုတော့ ပါဘူးတဲ့ ....
ကစားစရာသက်ရှိအရုပ်လေးတစ်ခု ရထားပြီလေ...လို့ ပြောလိုက်ပါတယ်တဲ့ ...
ဟုတ်ကဲ့ ကျွန်တော်တော့ တွေးပြီးစိုးရိမ်ပူပန်မိပါတယ်...
ဒါပေမယ့် ဘာတတ်နိုင်မှာလည်း...ဖြစ်ပြီးခဲ့ ပြီ...
အချစ်မှာ အကန့် အသတ်မှရှိပါဘူး....( အလဲ့ ...တယ်ဆိုတဲ့ စာပဲ...)
(အခုတော့ ထောင်ထဲမှာ ခြောက်နှစ်လောက်နေလိုက်ပေဦးတော့ မောင်မင်းကြီးသားရေ...)
အခုတော့ ကလေးအဖေဖြစ်ရတာကို ဂုဏ်ယူဝင့် ကြွားနေတဲ့  ၁၉ နှစ်သားအရွယ် ခင်ပွန်းသည်
Jeliazko Dimitrov  ကိုဘေးမှာထားပြီး ” ကလေးတစ်ယောက်ရဲ့ အမေဖြစ်ရတာကိုက စိတ်ထဲ
မှာထူးထူးဆန်းဆန်းကြီးကို ခံစားရပါတယ်လို့ ...” Kordeza လေးကပြောဆိုခဲ့ ပါတယ်....
ကလေးတော့ နောက်ထပ် မလိုချင်တော့ ပါဘူး...တစ်ယောက်နဲ့ တင်လုံလောက်ပါပြီ...
ဘူဂေးရီးယားနိုင်ငံရဲ့  အဲဒီကောင်မလေးတွေနေတဲ့ နယ်မှာတော့ မိန်းကလေးတွေဟာ အသက်
၁၄ နှစ်ဆိုယင်အိမ်ထောင်ပြုကြပါပြီတဲ့ ....
ကောင်လေးကလည်း ၁၄ နှစ်အောက်မိန်းကလေးနဲ့  အတူပေါင်းသင်းဆက်ဆံလို့  တရားစွဲဆို
ထောင်ချ ခံရမှာဖြစ်ပါတယ်ဆိုပဲ...
ဒီလိုအဖြစ်အပျက်မျိုးကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ကြိုတင်ပြီး အနာဂတံ
သ ဥာဏ်တော်ဖြင့် မြင်သိ ဟောကြားခဲ့ တဲ့ ဗုဒ္ဓ ကိုသာ ပိုလို့ ကြည်ညိုမိပါတော့ တယ်...
မူရင်းသတင်းအကျယ်ကတော့ ...ဒီမှာပါ...
အောက်ကတော့ အကျဉ်းချူပ်ပေါ့ ....
11 year-old Bulgarian girl had a daughter, and she gave birth in hospital where she was taken on the second day of the wedding ceremony.
She met her 19-year-old husband on the playground when he defended her from bullies.
The guy admitted that he thought she was fifteen years-old, that’s why he started going out with her.
Their child was conceived a week after they were dating. And when he learned that she was pregnant he had to marry her as it was his “duty”. Still, he is facing 6 years of prison for having sex with a minor.
The young mother won’t be attending the school anymore, because as she said she is “a mother now”. And here’s what she said: 'I'm not going to play with toys any more - I have a new toy now.'
With proud husband Jeliazko Dimitrov, 19, at her side, Kordeza admitted: "It feels strange to be a mum and have a baby. 
Man is allergic to his wife
မိန်းမနဲ့ ဓါတ်မတဲ့သူ...
မြင်သာမြင်မကြင်ရတဲ့ ဘ၀....
ဘလော့ ဂ်ဂါ အကျော်အမော် မကိကိ က ဓါတ်မတည့် တဲ့ အကြောင်းလေးရေးလို့ ဖတ်အပြီး
မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အင်္ဂလန်နိုင်ငံက အိမ်ထောင်သည်အမျိုးသားကြီးတစ်ဦးခမျာလည်း
နှစ်ကိုယ်တူချစ်ကြည်နူးမယ်လို့  ရည်ရွယ်ပြီးအိမ်ထောင်ပြုကာမှ မိန်းမနဲ့ ဓါတ်မတည့် တဲ့ ရော
ဂါ ကောက်ကာငင်ကာဖြစ်လာပါတယ်တဲ့ ...
အင်္ဂလန်နိုင်ငံသား Darren Young ခမျာမှာတော့ အချစ်တွေပေးမယ်ဆိုပြီးကြုံးဝါးခဲ့ လေသမျှ
သူ့ မိန်းမယူတော့ မှပဲ သူ့ မှာမိန်းမနဲ့ ဓါတ်မတည့် တာဖြစ်နေပါသတဲ့ ...
အသက် ၄၅ နှစ်ရှိ Darren တစ်ယောက် မိန်းမအနားကပ်မိယင်၊ ထိမိယင်ကိုပဲ ကိုယ်မှာအ
ကွက်တွေဖြစ်ပြီး နှလုံးခုန်နှုံးကလည်း ကစဉ့် ကလျားဖြစ်သွားတတ်ပါတယ်တဲ့ ...အထူးသ
ဖြင့် သူ့ မိန်းမဖြစ်သူဘော်ဒီလိုးရှင်း သို့ မဟုတ် မိတ်ကပ်လိမ်းထားယင်ပေါ့ ....
သူ့ မိန်းမကသာမာန်အလှပြင်မိတ်ကပ် စတာလေးတွေလိမ်းထားမိလို့ အဲဒီမိတ်ကပ်က ဓါတ်
ပစ္စည်းတွေနဲ့ ထိတွေ့ မိရုံနဲ့  သူ့ အရေပြားတွေ အကြီးအကျယ်ရောင်ရမ်းလာတတ်ပြီး၊ နှလုံး
ခုန်တာလည်း ရပ်လုမတတ်ကိုဖြစ်သွားတတ်ပါတယ်...
Darren တစ်ယောက် ဆေးရုံတက်ရပြီးစတီးရွိုက်ဆေးတွေထိုးပြီးကတည်းက အခုလိုဓါတ်မတည့် 
တာကို ဆရာဝန်တွေ သိရှိသွားခဲ့ ကြတာပါ...သူ့ လိုဖြစ်တဲ့ သူမျိုး ကမ္ဘာပေါ်မှာ သုံးယောက်ပဲ
ရှိပါသေးသတဲ့ ....
အခုတော့ သူဟာ လေးနှစ်ကြာလက်ထပ်ပေါင်းသင်းလာခဲ့ တဲ့ သူ့ ရဲ့ ချစ်ဇနီး Sue ကို မထွေး
ပွေ့ ရဲတော့ ပါဘူး...သူ့ ဇနီးအနေနဲ့ မိတ်ကပ် တို့ စနိုးတို့ ဘော်ဒီလိုးရှင်းတို့ လိမ်းမထားတာမ
သေချာလို့ ရှိယင်ပေါ့ ...
Yorks နယ်တောင်ပိုင်း၊ Sprotbrough ဒေသက ဘတ်စကားမောင်းသမား Darren က ....
” အင်း ညအိပ်ယာဝင်ချိန်ရောက်ယင် Sue အနေနဲ့ ဒီနေ့ တော့ နေမကောင်းဘူး...ခေါင်းကိုက်
တယ် ဘာညာနဲ့ အကြောင်းပြစရာမလိုတော့ ပါဘူး... ကျွန်မအခု လိုးရှင်းလိမ်းထားတယ်လို့ 
ဆိုလိုက်တာနဲ့  ကျွန်တော်တော့ သေမတတ်ကြောက်မိတော့ တာပါပဲ...” လို့ သူကဆိုပါတယ်...
( မပိုင်ဘူးလားဗျာ...မကိကိရယ်...)
Sue တစ်ယောက်တည်းတင်မဟုတ်ပါဘူး...ဘီယာဆိုင်၊ စားသောက်ဆိုင်တွေကိုသွားလည်း အဲ
ဒီမှာထိုင်နေ၊ ရှိနေတဲ့ မိန်းမတွေ မိတ်ကပ်၊ လိုးရှင်း လူးထားရင်လည်း အဲဒီလိုဖြစ်တာပါပဲ...
ဆရာဝန်တွေလည်း ဘယ်လိုကြောင့် အခုလို ရုတ်တရက်ဖြစ်လာရတာလည်းဆိုတာ မသိနိုင်
တော့ ပါဘူးတဲ့ ....”  လို့ ပြောပါတယ်...
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူ စာရေးမ Sue ကတော့ ....”  ကျွန်မ ပင်ပန်းနွမ်းနယ်
နေချိန်မှာ Darren တစ်ယောက်လာပြီး ဟိုလိုလို၊ ဒီလိုလို ဆိုယင်တော့ ...ရှင့် အကြောင်း
ရှင်သိယင် ဝေးဝေးနေနော်၊ နို့ မို့ ဆို ဒုက္ခရောက်သွားမယ် လို့  ပြောလိုက်ယုံပါပဲ....” လို့ 
ဆိုလိုက်ပါတယ်...( သူမို့ မသနားရက်တယ်...ရက်စက်တယ်ဗျာ နော်...)
Sheffield မြောက်ပိုင်းအထွေထွေဆေးရုံကြီးက သူနာပြုဆရာမကြီး fran Ashworth ကတော့ 
လူတွေဟာကိုယ့် ကိုယ်ကို မသိပဲနဲ့ အဲဒီလိုဓါတ်မတဲ့ တာတွေ ( allergy ) ဖြစ်နေတတ်ပါတယ်
လို့ ပြောဆိုသတိပေးလိုက်ပါတယ်...
ကဲ ....
ကိုသားကြီးတို့ ရေ...
အိမ်ထောင်မပြုခင်ဓါတ်တဲ့ လားဓါတ်မတဲ့ လားအရင်စမ်းကြည့် နော်...
တော်တော်ကြာလက်ထပ်ပြီးမှ allergy ဖြစ်နေယင်တော့ ကိုယ်ကျိုးနည်းပေလိမ့် မယ်...
ပြောမယ့် သာပြောရတယ်...ကိုယ့် ဆရာလည်း ခေသူတော့ ဟုတ်ပေမယ်မထင်ပါဘူးဗျာ...
မူရင်အင်္ဂလိပ်လိုပါ....
Darren Young is itching to get on with his love life - but he's allergic to his wife. Darren, 45, risks breaking out in blotches and sending his heart rate haywire if he touches her when she is wearing creams and lotions.
His body is likely to swell up alarmingly and his heart could even stop beating if he comes into contact with large enough amounts of a chemical used in many common cosmetics.
Doctors discovered the allergy when Darren had a dangerous reaction to a steroid injection in hospital. He is one of only three recorded cases in the world.
Now he dare not cuddle up to Sue, his wife of four years, unless he is sure she is not wearing any creams containing polyethylene glycol.
Bus driver Darren, of Sprotbrough, South Yorks, joked: "When it comes to bedtime Sue doesn't need a headache as an excuse. She just says she has been using body lotion and it might kill me."
The dad of two added: "It's not just Sue - I can get a reaction if I go into a pub or a restaurant where a woman has been sitting. The doctors don't really know why it has suddenly happened."
Clerk Sue, 48, said: "If Darren fancies a bit of nookie and I'm tired I just say, 'Keep your hands off if you know what's good for you'.
Sister Fran Ashworth of Sheffield's Northern General Hospital warned other people may have the allergy and be unaware of it.
World's largest and most lavish cruise ship
Tuesday, November 3, 2009
ကမ္ဘာ့ အကြီးဆုံး ခရီးသည်တင်ဇိမ်ခံသင်္ဘောကြီး
ကမ္ဘာ့ အကြီးဆုံးခရီးသည်တင်သင်္ဘောကြီး၏ ဂရပ်ဖစ်ပုံရိပ်
World's  biggest-ever passenger ship. Oasis of the Seas cutaway
အထပ်ပေါင်းနှစ်ဆယ်ရှိ ကမ္ဘာ့ အကြီးဆုံး ခရီးသည်တင်သင်္ဘောကြီး Oasis of the Sea
ဟာ Denmark နိုင်ငံမှ Great Belt တံတားကြီးအောက်မှ ဖြတ်မောင်းခဲ့ ရာမှာ မီးခိုးခေါင်း
တိုင်တွေကို နှိမ့် ချခဲ့ တာတောင်မှ တံတားနဲ့  ၂ ပေ ပဲ သီသီလေးလွတ်လို့  အတော့် ကို
ကျဉ်းထဲ၊ ကြပ်ထဲက မောင်းထွက်ခဲ့ ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်....
တံတားအောက်သို့ အ၀င်
မီးရောင်တွေ ထိန်ထိန်ငြီးအောင်ထွန်းညှိ တန်ဆာဆင်ထားတဲ့  အဆိုပါဧရာမ သင်္ဘောကြီး
တံတားအောက်ကနေ ညသန်းခေါင်ကျော်လောက်မှာ ဖြတ်သွားတာကို တွေ့ မြင်ကြည့် ရှုရဖို့ 
လူတွေ ရာနဲ့ ချီပြီး တံတားကြီးရဲ့ တစ်ဖက်တစ်ချက်ကနေ နာရီပေါင်းများစွာစောင့် နေခဲ့ ကြရ
ပါတယ်...
” ဒီသင်္ဘောကြီး တံတားအောက်ကနေ လျောကနဲ ဖြတ်သွားတာကိုကြည့် ရတာက တစ်ကယ့် 
ကိုရင်သပ်ရှုမောစရာပါပဲ...တစ်ကယ့် ကိုကြီးတဲ့ အကောင်ကြီးပါပဲဗျာ....” လို့ အသက် ၅၆ နှစ်
ရှိ Kurt Hal ကဆိုပါတယ်....
ကြီးမားလွန်းလို့ အကုန်လုံးမြင်ရဖို့ ဆိုယင်
ပက်လက်လှန်ပြီးတော့ တောင်ကြည့် ရမလားပဲ...
နာမည်ကျော် တိုက်တန်းနစ် သင်္ဘောကြီးထက် ငါးဆမျှ ပိုမိုကြီးမားပြီး ၁.၅ ဘီလီယံ ဒေါ်လာ
ကုန်ကျတဲ့  ထိုင်ခုံ ၇၅၀ ပါတဲ့ လေဟာပြင်ပြပွဲခန်းမ၊ ဂေါက်ကွင်းအငယ်စားတစ်ခု၊ ရေခဲ
ပြင်စကိတ်ကွင်းနဲ့ ဖျော်ဖြေရေးဇုံကြီး ( ရပ်ကွက် ) ၇ ခု ပါဝင်တဲ့ သင်္ဘောကြီးရဲ့  ခေတ်မှီ
ဆန်းသစ်တဲ့ အသွင်အပြင်တွေကြောင့်  ခရီးသည်တွေအတွက် စီစဉ်ထားတဲ့ အစီအစဉ်တွေ
ဟာ မုချအောင်မြင်ရမယ်လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေကယုံကြည်အားထားနေကြပါတယ်...
အထပ်ပေါင်းနှစ်ဆယ်တိတိရှိဆိုပဲ...
Staggering: The 20-storey liner, which is five times larger than the Titanic, looms over onlookers as it leaves Finland
အလျားပေပေါင်း ၁၁၈၀ ရှိတဲ့ သင်္ဘောကြီးဟာ ပထမဦးဆုံးအကြိမ် ပင်လယ်ပြင်ဖြတ်သန်း
မောင်းနှင်တဲ့ ခရီးမှာ ဗြိတိန်နိုင်ငံကို ၀င်ရောက်မှာ ဖြစ်ပြီး သင်္ဘောပေါ်မှာ အပြီးသတ်အချော
ကိုင်တန်ဆာဆင်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ တဲ့  ရာနဲ့ ချီတဲ့  အလုပ်သမားတွေကို အဲ
ဒီမှာ ချထားပေးခဲ့ မှာဖြစ်ပါတယ်....
ဘေးနားက သင်္ဘောလေးတွေနဲ့ ယှဉ်လိုက်ယင်တော့ 
ဆင်နဲ့ ဆိတ်ထက်တောင်အရွယ်အစားကကွာလွန်းပါတယ်...
အခုခရီးဟာ သင်္ဘောကြီးကိုတည်ဆောက်ခဲ့ တဲ့  ဖင်လန်နိုင်ငံ သင်္ဘောကျင်းကနေ အတ္တ
လန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့ ကို မောင်းနှင်နေတာဖြစ်ပါတယ်....
ရေကြောင်းဝါသနာရှင်များကတော့  ဗြိတိန်နိုင်ငံရဲ့  အကြီးဆုံးဖြစ်ခဲ့ တဲ့ ခရီးသည်တင်သင်္ဘော
ကြီး Queen Elizabeth  QE 2 ထက် သုံးဆမျှ ပိုမိုကြီးမားတဲ့  အဆိုပါ Oasis of the Sea
သင်္ဘောကြီးကိုမြင်ရဖို့  Hamsphire နယ် က ကျောက်ဆောင်တွေဆီကို အလုံးအရင်းနဲ့ ရောက်
ရှိ စုရုံးစောင့် ဆိုင်းနေကြမှာပါ...
သင်္ဘောကကြီးလွန်းလို့ ရပ်ကွက်တွေတောင်ခွဲထားရသေးတယ်ဆိုပဲ...
ရေကူးကန် ၂၁ ကန်....စသည်စသည်...
The cruise liner is so vast it is divided up into 'neighbourhoods' with special themes. It boasts 21 swimming pools, a carousel, a rock climbing wall and even a science lab
ကြမ်းပြင်ကနေမျက်နှာကြက်အထိ မြင့် တဲ့  ပြတင်းမှန်တွေတပ်ဆင်ထားတဲ့  ခရီးသည်အခန်း
တွေပါဝင်တဲ့ အထပ်ပေါင်းများစွာရှိတဲ့ သင်္ဘောကြီးဟာ ခရီးသည်ပေါင်း ၆၃၆၀ ဦးနဲ့  သင်္ဘော
ဝန်ထမ်းပေါင်း ၂၁၆၀ ကိုတင်ဆောင်နိုင်မှာဖြစ်ပါတယ်...
ဒေါ်လာ ၁.၅ ဘီလီယံ တဲ့ ဗျာ .....( ပေါင်စတာလင် ၈၅၅ သန်းပါတဲ့ ....)
The £855million ship can carry 6,360 passengers and 2,160 crew
ဒီနေ့ တော့ ဘာလုပ်ပြီး ဘယ်လိုအပမ်းဖြေမလဲ....
ကြိုက်ရာရွေးချယ်....
What shall we do today? Take your choice from surf machines, volleyball and basketball courts, a miniature golf course and even an 82ft zipline. There are even two 43ft-high climbing walls
သင်္ဘောပေါ်မှာဆိုယင်လည်း အချမ်းသာဆုံးသူဌေးများပင် စိတ်တိုင်းကျပျော်ရွှင်စွာ ဇိမ်ခံနိုင်
မည့်  ငါးပြတိုက်လေဟာပြင်ကပွဲရုံ၊ လက်မှုအနုပညာ ပြကွက်၊ပြခန်း ၊ အထပ် ကိုးထပ်အထိ
မြင့် မားတဲ့ ဒေါင်လိုက်၊ အထက်အောက် အပြေးပြိုင်ကွင်းပတ်လမ်း တို့ အပြင် သစ်ပင်ပန်းပင်
အမျိုးစုံလည်းထည့် သွင်းစိုက်ပျိုးထားတာမို့  သင်္ဘောကြီးကို ကမ္ဘာ့ ပထမဆုံး ရေပေါ်ပန်းဥ
ယျာဉ်ကစားကွင်းကြီးလို့ တောင်ခေါ်လို့ ရပါတယ်တဲ ....
ပျော်ရွှင်စရာ ရေသဘင်ပွဲတော်....ငါးလိမ္မာပြပွဲခန်းမကြီး....
A computer-generated image gives an impression of how the AquaTheatre will look when it's full of guests (top) while some of the many apartments found on the ship's 16 decks are seen in the bottom image
ရေကူးကန် လေးကန်အပြင် ရေစိမ်ကန်များ၊ ဘော်လီဘောနဲ့ ဘတ်စကတ်ဘောကစားကွင်းများ
သဏ္ဍာန်တူကျောက်ဆောင်တက်ကစားကွင်းနဲ့  လူငယ်တွေအတွက်အထူးစီမံဖန်တီးထားတဲ့
ပန်းခြံ နဲ့ ကလေးများအတွက်ကစားစရာ သိပ္ပံဓါတ်ခွဲခန်းတွေလည်းပါဝင်မှာဖြစ်ပါတယ်...
ဗီဒီယိုကလစ်လေးလည်းကြည့် ရှုနိုင်ပါသေးတယ်...
သူ့ ခေတ်တုံးကတော့ သူလည်းအကြီဆုံးပဲပေါ့....
အခုတော့ ဒူဘိုင်းမှာ floating hotel  လုပ်မယ်ဆိုပြီးကျောက်ချထားတဲ
Queen Elizabeth 2 
သင်္ဘောကြီးပေါ်မှာအသုံးပြုတဲ့ ရေတွေအားလုံးကိုသန့် စင်ပြီးပြန်လည်သုံးစွဲမှာမို့  ပင်လယ်ထဲကို
ရေဆိုးရေပုပ်တွေလုံးဝမစွန့် ပစ်မယ့် သဘာဝပတ်ဝန်းကျင်ကိုမပျက်စီးအောင်အထိန်းသိမ်းနိုင်
ဆုံးခရီးသည်တင်သင်္ဘောဖြစ်တယ်လို့  လည်းသင်္ဘောတည်ဆောက်သူတွေကပြောကြားခဲ့ပါတယ်..
သင်္ဘောကြီးရဲ့ အတိုင်းအတာမှတ်တမ်းများ
အလျား                              ၁၁၈၀ပေ
တန်ချိန်                              ၂၂၅၆၂၈၂
အထပ်                               ၂၀
တင်ဆောင်နိုင်သောခရီးသည်   ၆၃၆၀
ဝန်ထမ်း                              ၂၁၆၀
ကုန်ကျငွေ                          ၁. ၆ ဘီလီယံဒေါ်လာ
ရက်သတ္တပါတ် နှစ်ပါတ်ခရီးစဉ်အတွက်လိုက်ပါစီးနင်းခ    ၁၃၀၀ပေါင်စတာလင်(ဒေါ်လာ၂၁၀၀)
                                                                       အနည်းဆုံးဈေးနှုံးပါ....
သင်္ဘောကြီးကိုဆေးသုတ်ရာတွင်ကုန်ကျသည့်ဆေး      ၆၃၀၀၀၀ ဂါလံ
သင်္ဘောကြီးပေါ်ရှိသစ်ပင် ပေါင်း                        ၁၂၀၀၀
အခန်းပေါင်း၂၇၀၀အတွက်သွယ်တန်းထားသည့်လျှပ်စစ်ကြိုးအရှည်    ၃၃၀၀မိုင်
မူရင်းသတင်းကတော့  ဒီလိုပါ
World's largest and most lavish cruise ship squeezes under Danish bridge (by just 2ft) before sailing into British waters
It was a very tight squeeze indeed considering there was only a 2ft gap between the world's largest cruise ship and the bridge it passed beneath.
The 20-storey Oasis Of The Seas cleared the Great Belt Bridge, which connects the Danish islands of Zealand and Funen, on its way out of the Baltic Sea by lowering its telescopic smokestacks.
Hundreds of people gathered on beaches at both ends of the bridge, waiting for hours to watch the brightly-lit behemoth sail by shortly after midnight.
'It was fantastic to see it glide under the bridge. Boy, it was big,' said Kurt Hal, 56.
Company officials are banking that its novelty will help guarantee its success. Five times larger than the Titanic, the £855million ship has seven neighborhoods, an ice rink, a small golf course and a 750-seat outdoor amphitheatre.
It will be passing the South coast of Britain today as it makes its maiden voyage.
The 1,180ft monster is due to enter British waters in order to drop off hundreds of workers who have been making the finishing touches to its on-board luxuries.
It is en route from its shipyard in Finland before crossing the Atlantic for its official unveiling in Florida.
And nautical enthusiasts are likely to flock to the cliffs of Hampshire in the hope of catching a glimpse of the cruise ship, which is three times the size of the QE2 - and five times as big as the Titanic.
The Oasis Of The Seas can accommodate a staggering 6,360 passengers and 2,160 crew in recession-defying luxury, with cabins including 'multi-level urban-style loft suites' boasting floor-to-ceiling windows.
On-board entertainment will be enough to satisfy even the most jaded millionaire, including the aquatic amphitheatre, handcrafted carousel, zip wire racing diagonally down nine decks, and even what is billed as the world's first floating park.
It also features not one but four swimming pools plus various whirlpools, volleyball and basketball courts, rock climbing wall and a 'youth zone' with theme parks and children's science labs.
The ship is so vast it is divided up into 'neighbourhoods' with special themes, including a tropical zone with palm trees and vines among the total 12,000 plants on board.
Sensitive to charges of conspicuous consumption, its builders say it is also the world's most environmentally-friendly cruise ship, reusing all its water and discharging no sewage into the sea.
Road traffic was stopped as a precaution, but fortunately an expensive collision was avoided. 'Nothing fell off,' said project manager Toivo Ilvonen.
Details of its arrival in the Solent are being kept a closely guarded secret, and it won't be coming into port, instead meeting a tender for the transfer of around 300 shipyard workers.
But enthusiasts are keeping a close eye on websites charting its course and hoping it will arrive before nightfall.
Then it is off across the Atlantic where operators Royal Caribbean - who have already ordered a sister ship, Allure of the Seas - will officially name it before its first cruise, to Haiti next month.
OASIS OF THE SEAS - will it fit in my marina?
Length - 1,180ft
Weight - 225,282 tons
Decks - 16
Passengers - 6,360
Crew - 2,160
Cost - £800million
Price for a two-week cruise - from £1,300
630,000 gallons of paint needed to decorate it
2,300 tons of water in its swimming pools
12,000 plants on board including hundreds of palm trees
3,300 miles of electrical cables to keep the lights in its 2,700 cabins blazing
Entertainment includes:
Aquatic amphitheatre
Carousel
Nine-storey zip wire
Volleyball and basketball courts
Golf course
Rock climbing wall
Cantilevered whirlpools
'Youth zone' including children's science labs and 'mocktail bar' serving non-alcoholic drinks
ကြည်နူးကြည်ညိုဖွယ်ရာဆောင်သော
မနှစ်တုံးကတင်ခဲ့ တဲ့ ပို့ စ် အဟောင်းလေးပါ....
မဖတ်ရသေးသူတွေ ပြန်လည်ဖတ်ရှုကြည်ညိုနိုင်ရန်တင်ပေးလိုက်ပါတယ်....
                               မင်းကွန်းဆရာတော်ဘုရားကြီး နှင့်  မဟာစည်ဆရာတော်ဘုရားကြီး....
      မြန်မာပြည်ဗုဒ္ဓသာသနာသမိုင်းတွင်သီလ၊သမာဓိ၊သိက္ခာပညာအားဖြင်.၄င်း၊
သာသနာပြုစွမ်းဆောင်ချက်များကြောင့် ၎င်းမသိသူမရှိသလောက်သာသနာ့ 
ဘုန်းကံကြီးမားပြီးထင်ရှားကျော်ကြားသည့် ဆရာတော်ဘုရားကြီးနှစ်ပါးရှိခဲ့ 
ဖူးပါသည်။ယနေ့ ခေတ်လူငယ်များမသိလောက်ပေမယ့် လူလတ်ပိုင်းများအ
တွက်တော့ ဆရာတော်ဘုရားကြီးများသက်တော်ထင်ရှားရှိခဲ့ သည့် အချိန်
ကိုဖြတ်သန်းခဲ့ ကြသည့် အတွက်သိရှိကြမှာပါ။ဆရာတော်ဘုရားကြီးများစံ
လွန်တော်မူခဲ့ ကြပေမယ့် သူတို.ပြုစုထမ်းဆောင်ခဲ့ တဲ့ သာသနာ့ တာဝန်များ
နဲ့  အကျိုးကျေးဇူးများကတော့ ယနေ့ အထိ သာသနာတော်မှာထွန်းလင်း
တောက်ပနေဆဲပါ။နောင်လဲနှစ်ပေါင်းများစွာဆက်လက်ထွန်းလင်းနေဦးမှာပါ။
ထိုဆရာတော်ဘုရားကြီးနှစ်ပါးကတော့ မဟာစည်ဆရာတော်ဘုရားကြီးနှင်.
တိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးတို့ ဖြစ်ပါတယ်။
        မင်းကွန်းဆရာတော်ဘုရားကြီးကတော့ နအဖခေတ်မှာစံလွန်တော်မူခဲ့ လို့ 
သိရှိကြည်ညိုသူတွေပိုများပါတယ်။မဟာစည်ဆရာတော်ဘုရားကြီးက ၁၉၈၀ခုနှစ်
ကျော်လောက်ကစံလွန်ခဲ့ တာမို့ ယ္ခုခေတ်လူငယ်တွေသိပ်မသိကြပါဘူး။ဒါပေမယ့် 
ဆရာတော်ဘုရားကြီးနှစ်ပါးစလုံးဟာဆဌသံဃာယနာတင်ပွဲမှာအမေးအဖြေဆရာ
တော်များအဖြင့် အထင်ကရပါဝင်ခဲ့ ကြတာမို့ နိုင်ငံတကာဗုဒ္ဓဘာသာအသိုင်းအ၀ိုင်း
ကပါသိရှိထင်ရှားကြော်ကြားခဲ့ ပါတယ်။နှစ်ပါးစလုံးကလဲပရိယတ်၊ပဋိပတ်တာဝန်တွေ
ကိုအသီးသီးထမ်းဆောင်ခဲ့ ကြလို့ ပရိယတ်ဆိုလည်းမင်းကွန်းဆရာတော်ဘုရားကြီး
ရဲ့ ကျေးဇူးတော်ကြောင့် ပိဋကတ်သုံးပုံဆောင်သာသနာ့ အာဇာနည်ရဟန်းတော်တွေ
ပေါ်ပေါက်လာနိုင်ခဲ့ ပါပြီ။ပဋိပတ်၊ကမ္မဌာန်းပိုင်းဆိုယင်လည်းယနေ့ ပြည်ပသာသနာ
ပြုလုပ်ငန်းမှာဆရာကြီးဦးဂိုအင်ကာရဲ.ရိပ်သာများပြီးယင်မဟာစည်ရိပ်သာခွဲတွေဟာ
ပြည်ပမှာအများဆုံးပါ။ပြည်တွင်းမှာဆိုယင်တော.တစ်နိုင်ငံလုံးမဟာစည်ရိပ်သာပေါင်း
ရာနဲ.ချီပြီးရှိပါတယ်။
      ဆရာတော်ဘုရားကြီးများသက်တော်ထင်ရှားရှိစဉ်တစ်နေ.မှာမဟာစည်ဆရာတော်
ဘုရားကြီးသီတင်းသုံးရာကုက္ကိုင်းဟာမစ်တစ်ရှိမဟာစည်သာသနာ.ရိပ်သာကိုမင်းကွန်း
ဆရာတော်ဘုရားကြီးကြွရောက်လာပါတယ်။မဟာစည်ဆရာတော်ဘုရားကြီးရဲ.စံကျောင်း
တော်ကိုသွားပြီးဆရာတော်ဘုရားကြီးနှစ်ပါးစကားပြောဆိုဆွေးနွေးနေကြပါတယ်။
       သိက္ခာဝါကြီးမားတဲ့ ဆရာတော်ကြီးများမို.ထိုစဉ်ကအနားမှာဘယ်သူမှမနေရဲ၊ဆရာ
တော်ကြီးများရှိတဲ့ အခန်းထဲကိုမ၀င်ရဲကြပါဘူး။နောက်တော့ ဗုဒ္ဓသာသနနုဂ္ဂဟဥက္ကဌဖြစ်တဲ့ 
ဦးပွင်.ကောင်း(ရွှေပုဇွန်ကိတ်)ကအရေးကြီးတဲ့ ကိစ္စတစ်ခုလျှောက်ထားစရာရှိတာနဲ့ ဆရာ
တော်ကြီးရဲ့ အခန်းထဲကိုအရဲစွန့် ပြီးဝင်သွားပါတယ်။သူမြင်တွေ့ လိုက်ရတာကတော့ 
မဟာစည်ဆရာတော်ဘုရားကြီးကအခန်းထဲကကုလားထိုင်ပေါ်မှာခြေထောက်နှစ်ချောင်း
ကိုအောက်ချပြီးထိုင်နေပါတယ်။အဲဒီအချိန်မှာမင်းကွန်းဆရာတော်ဘုရားကြီးကအောက်က
ကြမ်းပြင်ပေါ်မှာထိုင်ပြီးမဟာစည်ဆရာတော်ဘုရားကြီးရဲ့ ပေါင်ပေါ်ကိုမေးတင်ပြီးစကားပြော
ဆိုလျှောက်ထားနေတာပါ။အစ်ကိုကြီးကိုညီငယ်လေးက၊ဖခင်ကိုသားငယ်ကနွဲ့ ပြီးတစ်ခုခု
လိုချင်လို့ ပူဆာနေတဲ့ ပုံလိုမျိုးပါ။နိုင်င်ငံတစ်ဝှမ်းလုံးရဲ့ ကြည်ညိုကိုးကွယ်နေတဲ့ သီလသိက္ခာ
ပညာကြီးမားတဲ.ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ ချစ်ခင်ရင်းနှီးတဲ့ သံယောဇဉ်ဟာမြင်ရတဲ့ သူကို
ရင်ထဲမှာကြည်နူးစေပါတယ်။
       ဦးပွင်.ကောင်းကတော့ ထိုစဉ်ကဆရာတော်ဘုရားကြီးများဘာကိုပြောဆိုနေသလဲ
ဆိုတာမပြောခဲ့ ပါဘူး။ကျွန်တော်နဲ.ရင်းနှီးတဲ့ သာသနာ့ ရိပ်သာဆရာတော်တစ်ပါးကို
ထိုအကြောင်းလျှောက်ထားကြည့် တော.မဟာစည်ဆရာတော်ဘုရားကြီးကိုသုဓမ္မာဂိုဏ်း
ထဲ(မဟာစည်ဆရာတော်ဘုရားကြီးကထိုစဉ်ကရွှေကျင်ဂိုဏ်းကဖြစ်ပါတယ်)၀င်ဖို့ လျှောက်
နေတာဖြစ်နိုင်တယ်လို.ပြောပါတယ်။ဒါကတော့ သူ့ ရဲ့ ပုဂ္ဂလိကထင်မြင်ချက်ပါ။
နိုင်ငံကျော်ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ လူသိနည်းတဲ့ ကြည်ညိုကြည်နူးဖွယ်ရာအမှတ်
တရပုံရိပ်များပါပဲ။
    မဟာစည်ဆရာတော်ဘုရားကြီးဟာယနေ.ထင်ရှားကြော်ကြားတဲ.ရွှေတောင်ကုန်းသာ
သနာ.ရိပ်သာဆရာတော်ကြီးဦးပဏ္ဍိတာဘိဝံသနဲ.ချမ်းမြေ.ရိပ်သာဆရာတော်ကြီးအရှင်
ဇနကာဘိဝံသ တို့ ရဲ.ဆရာရင်းဖြစ်ပါတယ်။
လူငယ်များသိရှိနိုင်ရန်အတွက်ဖြစ်ပါတယ်။
ပန်းချီကျွမ်းကျင်သူသာ စိတ်ကူးနဲ့ ဆရာတော်ဘုရားကြီးနှစ်ပါးထိုင်နေတော်မူပုံကိုသာရေးဆွဲ
ပြီးပို့ စ် မှာတင်နိုင်ယင်တော့ ပိုကောင်းမှာပါ....
ဦးပွင်.ကောင်းရေးသားသောကျွန်တော်နှင်.မဟာစည်သာသနာပြု ၃၃ နှစ်ခရီးစာအုပ်ကို
ဖတ်ရှုကိုးကားပါသည်။
ဘယ်ဆီကိုရောက်ရောက်...ဘာတွေကိုလုပ်လုပ်...
Monday, November 2, 2009
The satellite link that keeps watch on your children 
ချစ်စရာနာရီလေးပါ...ဒါပေမယ့် သင်ဘယ်ကိုရောက်နေတယ်ဆိုတာ
မပြောပဲနဲ့ သိနေလိမ့် မယ်...
The num8 watch costs £149.99 and can be securely fastened to a child's wrist, triggering an alert if forcibly removed
ချစ်စရာလက်ပတ်နာရီကလေးရဲ့ တောက်ပြောင်သစ်လွင်နေတဲ့  အရောင်ကတော့  ကလေး
သူငယ်လေးတွေ အတွက်ကတော့ စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးထားတာဖြစ်ပေမယ့်  အဲဒီ
နာရီရဲ့ အဓိက ရည်မှန်းချက်ကတော့  စိုးရိမ်သောကပိုနေရတဲ့  သူတို့ လေးတွေရဲ့ မိဘတွေ
အတွက် စိတ်ချလက်ချရှိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်...
ဒီနာရီရဲ့ အဓိက ရောင်းအားမြှင့် ဆွဲဆောင်ချက်ကတော့  လက်မှာဝတ်ဆင်ထားသူရဲ့ ရောက်
ရှိနေရာကို ဆယ်ပေအတွင်းအနီးစပ်ဆုံး ညွှန်ပြပေးနိုင်တဲ့  ဂြိုလ်တုဆက်သွယ်ရေးစနစ်ပဲဖြစ်
ပါတယ်...
အဆိုပါနာရီကို တီထွင်ထုတ်လုပ်သူရဲ့ အဆိုအရ သူတို့ ရဲ့  ကမ္ဘာလုံးဆိုင်ရာဂြိုလ်တု ဆက်သွယ်
ရေးခြေရာခံစနစ်က မိမိတို့ ရဲ့ သားသမီးတွေဘယ်များရောက်နေပြီလဲဟု စိုးရိမ်ပူပန်နေ၇တဲ့ 
မိဘတွေကို စိတ်အေးစေမှာဖြစ်သလို အရွယ်မရောက်သေးသူ ကလေးသူငယ်များကိုလည်း
လွတ်လွတ်လပ်လပ် ဆော့ ကစားစေနိုင်မှာဖြစ်ပါတယ်...
ဒါပေမယ့် ဝေဖန်သူများကတော့  အခုလိုခြေရာခံနိုင်တဲ့  ကိရိယာတတ်ဆင်ထားတာကိုက
ကလေးသူငယ်များရဲ့  ဘ၀လုံခြုံရေးကို လွန်လွန်ကဲကဲ အကြောင်းပြတဲ့  ဆင်ခြေတစ်ခုသာဖြစ်
တယ်လို့ ဆိုပါတယ်...
နံပါတ် ၈ လို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ နာရီလေးဟာ တန်ဖိုးပေါင်စတာလင် ၁၅၀ ( ဒေါ်လာ
၂၅၀ နီးပါး....)  ( ဈေးကတော့ မသေးပေဘူးဗျာ ...နော်...) ကုန်ကျမှာဖြစ်ပြီး၊ ကလေးသူငယ်
ရဲ့ လက်မှာ ခိုင်မြဲစွာပတ်ချည်ထားနိုင်ပြီး အကယ်၍ တစ်စုံတစ်ယောက်က အတင်းအကြပ် ချွတ်
ပြစ်ပါက အရေးပေါ်သတိပေးချက် ထုတ်လွှင့် ပေးနိုင်မည်ဖြစ်သည်....
လူကြီးမိဘတွေဟာ မိမိတို့ ကလေးငယ်တွေ ဘယ်ရောက်နေတယ်ဆိုတာကို အင်တာနက်
google map မှာ ' wry '  ဆိုတဲ့ စာလုံးကို သတ်မှတ်ထားတဲ့  နံပါတ်အကန့် မှာ ရိုက်ထည့် ပြီး
သော်၎င်း၊ သို့ မဟုတ် အဆိုပါ နာရီနဲ့ ချိတ်ဆက်ထားတဲ့  လုံခြုံစိတ်ချရတဲ့ အင်တာနက် စာမျက်
နှာပေါ်မှာ ' where r you ' ဆိုတဲ့ စာလုံးတွေကို ရိုက်နှိပ်၍သော၎င်း ရှာဖွေသိရှိနိုင်ပါတယ်...
ထိုအခါ ကလေးငယ်ရောက်ရှိနေတဲ့  လမ်းအမည်နဲ့ စာပို့ သင်္ကေတ ( စာတိုက်သေတ္တာ ) အမှတ်
တို့ ကိုဖော်ပြမှာဖြစ်ပါတယ်...
မိဘများအနေနဲ့  လုံခြုံစိတ်ချရမည်ထင်တဲ့  မိမိတို့ အလိုရှိတဲ့ ဒေသတစ်ခုအတွင်းမှာသာ မိမိတို့ 
ရဲ့ ကလေးများကို သွားရောက်ကစားစေချင်တဲ့ နယ်ပယ်ကိုလည်း သတ်မှတ်ဖန်တီးနိုင်ပါတယ်...
မိမိတို့ ရဲ့ ကလေးက အဆိုပါနယ်ပယ်အတွင်းကနေ စွန့် ခွာထွက်သွားခဲ့ ယင် အရေးပေါ်သတိ
ပေးချက် ပို့ ပေးမှာဖြစ်ပါတယ်...
မိမိတို့ ရဲ့ ရင်သွေးငယ်များ တစ်ခဏတာပဲဖြစ်ဖြစ် ပျောက်ဆုံးခဲ့ ယင်တောင်မှ မိဘများအနေနဲ့ 
ထိတ်လန့် တုန်လှုပ်ပြီး အားကိုးရာမဲ့ ဖြစ်တတ်ကြတာပဲ မဟုတ်လား...
No. 8 နာရီလေးရဲ့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ရည်ရွယ်ချက်ကတော့  ကလေးတွေလည်းလွတ်
လွတ်လပ်လပ် သွားလာဆော့ ကစားနိုင်ရမယ်...မိဘတွေလည်းစိတ်အေးချမ်းသာရှိစေရမှာဖြစ်
ပါတယ်....
ဒါပေမယ့် ဒီအယူအဆလုပ်ရပ်ကို သဘောမတူတဲ့  Kidscape  ကလေးသူငယ်များဆိုင်ရာ ကူညီ
ရေးအဖွဲ့ ဥက္ကဌ Dr. Michele Elliot ကတော့  ”  ကလေးတွေကို (ရာဇ၀င်လူဆိုးတွေလို ) ခေတ်
မှီလျှပ်စစ်ပစ္စည်းတွေနဲ့  တစ်ချိန်လုံးခြေရာခံဖို့  လိုနေရလောက်အောင်ပဲ ဒီကမ္ဘာကြီးက လုံခြုံမှု
ကင်းမဲ့ နေပြီိလား....အဲဒီလောက်အထိအဖြစ်သည်း ဖို့ တော့ လိုမယ်မထင်ပါဘူး....” လို့ ဆို
လိုက်ပါတယ်...
အင်း...
စိတ်ပူတတ်တဲ့ မိဘတွေအတွက်ကတော့ အင်မတန်မှဝမ်းသာစရာကောင်းတဲ့ သတင်း၊တီထွင်
မှုပေပဲ....
ဒါပေမယ့်  ရွှေပြည်ကြီးမှာအသုံးပြုနိုင်ဖို့ အတွက်အခွင့် အလမ်းကတော့  မှုံရီေ၀၀ါးနေဆဲ.....
ဒီပစ္စည်းလေး(လက်ပတ်နာရီလေး) သာဈေးကွက်ထဲရောက်လာယင်တော့  ကလေးသူငယ်တွေ
တင်သာမက စိုးရိမ်စိတ်ပူတတ်တဲ့ ၊ သံသယကြီးမားတဲ့ အကြင်လင်မယားတွေ၊ ချစ်သူမောင်နှံ
တွေအတွက်ပါ အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်...
ကဲ....ဆရာတို့ ဆရာမတို့ ရေ...
နာရီလေးကတော့ ချစ်စရာလေး...
ဘီယာဆိုင် ၊ အနှိပ်ခန်းရောက်နေပြီး....အလုပ်ထဲမှာပါလို့ တော့ ...
ညာလို့ တော့ မရတော့ ပေဘူးဗျို့ ....
ဖျက်ပစ်လိုက်တဲ့ မိုဘိုင်းလ်ဖုံးထဲက text message တွေကိုပြန်ရှာလို့ ရတဲ့ စက်လည်းပေါ်
ဒီလို ကိုယ်ဘယ်ကိုရောက်နေတယ်ဆိုတာ ဖော်ပြနိုင်တဲ့ လက်ပတ်နာရီလည်းပေါ်လာပြီ
ဆိုတော့ ....ကမ္ဘာကြီးဟာကျဉ်းသွားပြီပေါ့ ....
ကိုယ်ကျင့် တရားမကောင်းတဲ့ လူတွေအတွက် ပေါ်ပေါက်လာရတယ်လို့ ပဲထင်ပါတယ်...
မူရင်းတော့ ဒီိလိုရေးသားဖော်ပြထားပါတယ်...
Its vivid colour is clearly designed to appeal to youngsters. But this watch is really aimed at their parents.
For its key selling point is a satellite positioning system that locates the wearer to within ten feet.
The makers claim the GPS tracking device will offer anxious parents peace of mind and allow children the independence to go out to play on their own.
But critics have said the 'tagging' is a step too far in the climate of paranoia over child safety.
The num8 watch, pictured above, costs £149.99 and can be securely fastened to a child's wrist, triggering an alert if forcibly removed.
Parents will be able to see their child's location on Google maps by texting 'wru' to a special number, or clicking 'where r you' on the secure website linked to the device. The street address and postcode will be displayed.
Safe zones can also be set up in which children can play. An alert will be sent to the parents if the child strays out of that area.
Steve Salmon, of makers Lok8u, said: 'Losing your child, if only for a brief moment, leads to a state of panic and makes parents feel powerless. The overriding aim of num8 is to give children their freedom and parents peace of mind.'
But Dr Michele Elliott, director of children's charity Kidscape, said: 'Is the world really that unsafe that parents need to track their children electronically? I don't think so.'
ဖိလစ်ပိုင်နိုင်ငံက သချိုင်းမှာနေထိုင်ကြသူများ.....
အခုတစ်လော မုန်တိုင်းတွေ တစ်ခုပြီးတစ်ခုနဲ့  သဘာဝဘေးအန္တရယ်တွေကျရောက် ခံစား
နေရတဲ့  ဖိလစ်ပိုင်နိုင်ငံက လူဆင်းရဲ တွေရဲ့ ဘ၀ တစ်စိတ်တစ်ဒေသပါ....
တစ်ချို့ ကတော့ သူတို့ ရဲ့ ကွယ်လွန်လေပြီးသော မိဘ၊ဘိုးဘွားတွေရဲ့ အုတ်ဂူမှာနေကြတာပါ...
တစ်ချို့ ကတော မထင်မှတ်တဲ့ ဘ၀အချိုးအကွေ့ တွေကြောင့် သုဿာန်တစ်စပြင်ကို ရောက်
ရှိနေထိုင်ကြ၇ပြီး...
တစ်ချို့ ကတော့ ရွှေမြို့ တော် မနီလာ ကိုရောက်ယင် အလုပ်အကိုင်အခွင့် အလမ်းတွေတွေ့ 
ပြီး ဘ၀အဆင့် အတန်းမြင့် မားရချေရဲ့  ဆိုပြီး နယ်ကနေ အရာအားလုံးစွန့် ပြီးတက်လာကြ
သူတွေပါ....
အဲဒီသုဿာန်မှာ နေထိုင်သူ မိသားစုပေါင်း ၁၀၀၀၀ ကျော်တောင်ရှိတယ်ဆိုပဲ....
ကာမဘုံသားများဖြစ်တဲ့  လူတွေကတော့ ဘယ်နေရာကိုပဲ ရောက်ရောက် မိမိဘ၀ အသက်ရှင်
နေထိုင်ရေးအတွက် ပျော်ပျော်ပဲနေကြရတာပါပဲ....
အင်း...ဘာပဲဖြစ်ဖြစ် ရွှေပြည်ကြီးတော့ အဲဒီလောက်မဆိုးဘူးလို့ ထင်ရတာပဲ....
သင်္ချိုင်းမှာနေယင်လဲ ရဲကလာဖမ်းမှာပဲလေ.....
About 10,000 Filipino families live in the northern town cemetery in Manila.
Some of them got there by accident. Some inherited the mausoleums from their great-grandparents and now live in there. Others came from the province and are unable to earn enough money to live in a big city.
In all cases, mainly families have nowhere to go.
ဖိလစ်ပိုင်က နာမည်ကျော်သင်္ချိုင်း...
လက်ရှိလည်းလောလောလတ်လတ်...လူသေတွေမြုပ်နှံနေသေးတယ်...
 အလကားနေရတော့ လည်း ...လူနေထူထပ်တာပေါ့ ....
ပျော်ပျော်ပါးပါး ....အားကစား....
မရဏ ပေါင်းကူးတံတား....
 အပျင်းပြေကာရယ်....
စာပဲသင်သင်...လျောင်းစက်မွေ့ လျော် ပျော်ပိုက်ချင်ယင်လဲ အသင့် ....
လူသားတစ်ဦးချင်းစီရဲ့ ဘ၀....မကြာခင်နေ၀င်တော့ မည့် ပုံရိပ်နှင့် 
တက်သစ်စ အာရုံဦးလေလား
သူရဲတောင်ငိုသွားမယ်....
ဝိဥာဉ်များနဲ့ ကခုန်သီချင်းဆိုမယ်...
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတာ ....သူတို့ အတွက်တော့ နီးနီးလေးပါ...
တစ်နေ့ တော့ တို့ ခေတ်ရောက်ရမည်မှာမလွဲပါ...တို့ ယုံကြည်တယ်...
မကြောက်ပါဘူး....
လာလာလေ....၀ိဥာဉ်မိတ်ဆွေများ...အလွမ်းတွေကို...ခေါင်းတွေထဲထည့် ပစ်လိုက်မယ်...
ပိုင်ပြီဟုတော့ ဖြင့် မတွက်လေနှင့် ....
Sunday, November 1, 2009
Device retrieves secret texts years after being deleted
တိတ်တိတ်ကလေး ခိုးစားထားတာတွေ ပေါ်ကုန်တော့ မည်...
သစ္စာမရှိသူ၊ မိမိချစ်သူ၊ဇနီး၊ခင်ပွန်း၊မိတ်ဆွေသူငယ်ချင်းများကို လိမ်ညာလှည့် ဖြားခဲ့ သူများ
အကြီးအကျယ်ဒုက္ခရောက်စေမယ့်  နည်းပညာတစ်ခု အောင်မြင်စွာတီထွင်ထုတ်လုပ် နိုင်ခဲ့ 
လေပြီ....
လွန်ခဲ့ သော ငါးနှစ်ခန့် ကမှစပြီး delete လုပ်ပြီးဖျက်ပြစ်ခဲ့ တဲ့ မိုဘိုင်းဖုံးများထဲက စာသား
တွေကိုပြန်လည် ရယူဖော်ထုတ်ပေးနိုင်တယ့် နည်းပညာ ကိရိယာပေါ်ပေါက်လာတာပါပဲ...
ရေခဲပြင်ဟော်ကီကစားရာတွင် ဘောလုံးအစားသုံးသောရာဘာဒိုးပြား ပုံသဏ္ဍာန်ရှိသည့် အဆို
ပါပစ္စည်းလေးဟာ  ကာလကြာမြင့် စွာကတည်းက မိမိရဲ့ မိုဘိုင်းလ်ဖုံးတွေထဲကနေ ဖယ်ရှား
ဖျက်ပစ်ထားခဲ့ တဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို SIM ကဒ်တွေဆီကနေ
ပြန်လည်ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်...
အဆိုပါသိပ္ပံပစ္စည်း ကိရိယာကိုထုတ်လုပ်သည့်  Khor Will & amp အဖွဲ့ အစည်း အနေဖြင့် 
သြစတေးလျနိုင်ငံရဲတပ်ဖွဲ့ ၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများနှင့်  ခြေလှမ်းမှားနေသည့် မိမိတို့ ၏ဇနီး၊
ခင်ပွန်းများကို သံသယရှိနေသူများရဲ့ စစ်ဆေးစေလိုသည့် မိုဘိုင်းလ်ဖုံး များကို စမ်းသပ်စစ်
ဆေးခြေရာခံ ပေးနပါတယ်...
အဆိုပါကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး Kim Khor က ကုန်လွန်ခဲ့ တဲ့ နှစ်များက စာသားအဖြစ်ရိုက်
နှိပ် ပို့ လွှတ်ထားတဲ့  သတင်းအချက်အလက်၊စာသားတွေကို အလွယ်တစ်ကူပဲပြန်ပြီး ရှာဖွေ
တွေ့ ရှိနိုင်ပါတယ် လို့ ဆိုပါတယ်...
Mr Khor နဲ့ လုပ်ဖော်ကိုင်ဖက် Mr Gary Coulthart  တို့ ဟာ laptop ကွန်ပြူတာနဲ့ scan
ဖတ်စစ်ဆေးတဲ့  စက်ပစ္စည်းကိရိယာတွေပါဝင်တဲ့  ခရီးသွားသေတ္တာလေးနဲ့  သြစတေးလျ
နိုင်ငံအနှံ့ အပြားသွားရောက်ကြကာ မိုဘိုင်းလ်ဖုံးတွေထဲက ဖျက်ပစ်ခဲ့ တဲ့ စာသားတွေကို
မိနစ်ပိုင်းအတွင်း ပြန်ရှာပေးနေကြပါတယ်တဲ့ ခင်ဗျား....
ကဲ....
ဆရာတို့ ၊ ဆရာမတို့ ရေ....
ပိုင်လှပြီလို့ တော့ မတွက်နဲ့ တော့ နော်...
အခုအချိန်ကစပြီး SIM ကဒ်ကိုသာအစတုံးဖျောက်ပစ်ဖို့ သာစဉ်းစားတော့ ...
နို့ မို့ ဆိုယင်တော့ ခေါင်းကိုဆင်နင်းတာ၊ကွန်တိန်နာကားကြိတ်တာကမှတော်ဦးမယ်...
ကတိတွေအခါခါအထပ်ထပ်ပေးပြီးကာမှ၊ အဲဒီစက်နဲ့ စစ်ဆေးလိုက်တော့ မှ text message
တွေပို့ ပြီး ကြူထားတာတွေ၊ လိမ်ထားတာတွေ အားလုံးအကုန်ပေါ်လာလိမ့် မယ်နော်...
မူရင်းကတော့ ဒီလိုပါ...
It's a technological breakthrough that will worry cheating partners - secret text messages can now be retrieved from mobilephones five years after they were deleted.
Shaped like an ice hockey puck, the XRY forensic device mines old SIM cards for long-erased nuggets of personal information.
Kim Khor is director of Khor Wills & Associates - which handles mobile forensics for Australian police, private companies and suspicious individuals keen to catch wayward spouses. He says old text messages can be easily found.
Mr Khor and associate Gary Coulthart - armed with a suitcase of gadgetry including laptops and scanning devices - travel around Australia to retrieve private information from mobile phones in minutes.