Showing posts with label News : Daily Telegraph. Show all posts
Showing posts with label News : Daily Telegraph. Show all posts
Chinese husband allows wife to attack him once a week
Thursday, December 10, 2009
တစ်ပါတ်တစ်ခါလောက်တော့ kick  ပါနော်...
 ချစ်တော့ ချစ်တယ်....ကြောက်ရတယ်...
တရုတ်နိုင်ငံ၊ ချူံကင်း ညနေပိုင်းသတင်းစာ တွင်ဖော်ပြချက်အရ အသက် ၃၂ နှစ်အရွယ်ရှိ
မစ္စတာကျန် အမည်ရှိ အမျိုးသားတစ်ဦးဟာ ကွန်ဖူးသိုင်းတတ်သူဇနီးဖြစ်သူရဲ့  လက်ချက်
ဒါဏ် အမြဲခံစားနေခဲ့ ရတာကြောင့်  သက်သာရာရကြောင်းအနေဖြင့်  သူမအနေနဲ့ သူ့ အား
တစ်ပါတ်လျှင် တစ်ကြိမ်သာ ထိုးကြိတ်၊ရိုက်နှက်၊ ကန်ကြောက်ခွင့် ရှိကြောင်း သဘောတူညီ
မှု စာချူပ် လက်မှတ်ရေးထိုးချူပ်ဆိုခဲ့ ကြသည်ဟုသိရသည်....
” ကျွန်မအနေနဲ့ သူ့ ကို အနိုင်ကျင့် ပြီးထိုးကြိတ်၊ကန်ကျောက်မနေချင်ပါဘူး...ဒါပေမယ့် လင်
နဲ့ မယားဆိုတာ လျှာနဲ့ သွားဆိုသလိုပါပဲ....သဘောထားခြင်းမတိုက်ဆိုင်တာတွေ၊ ငြင်းခုံတာ
တွေကတော့ရှောင်လွှဲလို့ မရပါဘူး.... အဲဒီလို အခြေအတင်ငြင်းခုံပြောဆိုကြရပြီဆိုရင်လဲ
ကျွန်မက လက်မပါပဲ မနေနိုင်တော့ ပါဘူး...” လို့  သူ့ ရဲ့ ဇနီးဖြစ်သူက သတင်းစာကိုပြော
ပြခဲ့ ပါတယ်...
 kick စမြဲ...ချစ်ဆဲ....
အခုလို သဘောတူညီမှု စာချူပ်လက်မှတ်မထိုးခင် ရက်သတ္တပါတ်အတွင်းမှာတင် သူမဟာ
သူ့ ကို သုံးကြိမ်တိုင်တိုင် ထိုးကြိတ်၊ကန်ကြောက်ခဲ့ ပါသေးတယ်လို့ ဆိုပါတယ်...
ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာ အရောင်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သူ့ ရဲ့ ဇနီး
ဖြစ်သူဟာ ကွန်ဖူးသိုင်းပညာကို သူမငယ်စဉ်ကတည်းက လေ့ လာသင်ယူခဲ့ တာဖြစ်ပြီး၊ သူ့ 
အနေနဲ့ လည်း သူမရဲ့ ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ ကိုယ့် အားကိုယ် ကိုးစိတ်ဓါတ်ကို နှစ်သက်သ
ဘောကျပြီး၊ ချစ်ခဲ့ တာဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူမစ္စတာကျန်းကဆိုပါတယ်....
သူတို့ အိမ်ထောင်မကျခင် သမီးရည်းစားဘ၀ ခြောက်လအတွင်းမှာကိုပဲ သူ့ အနေနဲ့ သူမရဲ့ လက်
စွမ်းလက်စ ဒါဏ်ကို အတော်ခံခဲ့ ရတာဖြစ်ပါတယ်လို့ သူက ၀န်ခံပြောဆိုခဲ့ ပါတယ်...
” ကျွန်တော်တို့ လက်မထပ်ခင်တုံးက သူမရဲ့ ဆံပင်ဒီဇိုင်းက တော်တော်လေးမိုက်လို့  ကျွန်တော်
ကသူမကို အဲဒီဆံပင်ပုံစံနဲ့ ဆို ကျားမလေးနဲ့ တူတယ်လို့ စ ခဲ့ ပါတယ်...
အဲဒါကြောင့် သူမနဲ့ ကျွန်တော် စကားများခဲ့ ကြပြီး ကျွန်တော်က သူမကို ညစ်ညမ်းတဲ့ စကားလုံး
အချို့ ဒေါသအလျှောက်သုံးခဲ့ မိတာနဲ့ ပထမဦးဆုံးအကြိမ် သူမရဲ့ ကွန်ဖူးပညာစွမ်းကို မြည်းစမ်း
လိုက်ခဲ့ ရတာပါပဲ....” လို့ သူကဆိုခဲ့ ပါတယ်...
သူ့ အနေနဲ့ အခုလိုမိန်းမဖြစ်သူရဲ့  ပညာစွမ်းကို မကြာခဏ မြည်းစမ်းခွင့် မကြုံရလေအောင်၊ စကား
မများပဲနေနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ ပေမယ့် စကားနိုင်လုတိုင်း မရှုံးအောင်ပြောဆိုငြင်းခုံမိတာ
ကြောင့် သူ့ ခမျာ တစ်ကိုယ်လုံးဒါဏ်ရာဒါဏ်ချက်တွေနဲ့ ပဲ အဆုံးသတ်ခဲ့ ရတာပါပဲ...
အခုတော့ သူ့ မိန်းမရဲ့ စကားများတိုင်း စိတ်တို၊ဒေါသထွက်လို့ ခြေလွန်၊လက်လွန်လုပ်တတ်မှုတွေ
ကို ထိန်းချူပ်ဖို့ အတွက် မစ္စတာကျန်း တစ်ယောက် သူ့ ယောက္ခမတွေရှေ့ မှာပဲ အခုလို နှစ်ဦးသ
ဘောတူ စည်းကမ်းစာချူပ် လုပ်ဖို့ စဉ်းစားစီစဉ်ခဲ့တာဖြစ်ပါတယ်...
သဘောတူညီချက်အရ အကယ်၍ သူ့ မိန်းမအနေနဲ့ စာချူပ်ပါစည်းကမ်းကိုချိုးဖောက်မိခဲ့ ရင်
( တစ်ပါတ်အတွင်း သူ့ ကို တစ်ကြိမ်မက ထိုးကြိတ်ခဲ့ ယင် ) သူမဟာ သူမရဲ့ မိဘများနေအိမ်
မှာသုံးရက်ကြာ သွားရောက်နေထိုင်ရမှာဖြစ်ပါတယ်...
သူမဟာ သူမရဲ့ မိဘတွေကိုတော့ အလွန်ရိုသေလေးစားပါတယ်....ကျွန်တော့ ရဲ့ ယောက္ခမတွေ
ကလည်းကျွန်တော့ ကို အားပေးထောက်ခံပြီး သူမကိုသာပြစ်တင်ဆူပူကြပါတယ်လို့ သူကျဆက်
ပြောပြပါတယ်...
သူ့ ရဲ့ ဇနီးဖြစ်သူကလည်း သူမအနေနဲ့ ယောကျာင်္းဖြစ်သူကိုနောက်နေ့ မှာ ထိုးကြိတ်ထားလို့ မျက်
လုံးတွေအညိုအမဲစွဲနေတာမြင်ရယင် အမြဲတမ်း နောင်တရမိပါတယ်လို့ ဆိုပါတယ်......
အခုတော့ နှစ်ဦးသဘောတူနားလည်မှုယူထားတဲ့ စည်းကမ်းရှိနေပြီမို့ နောင်ဆိုအကြမ်းမဖက်မိ
ဖို့ ကိုယ့် ကိုယ်ကိုအတင်းထိန်းချူပ်ရတော့ မှာပါပဲ လို့ သူမကဆက်ပြောပြခဲ့ ပါတယ်...
အမျိုးသားဖြစ်သူ မစ္စတာကျန်း ရဲ့ မိဘတွေကတော့  သူတို့ ရဲ့ သားဖြစ်သူအနေနဲ့ မိန်းမရဲ့ အနိုင်
ကျင့် မှုကို ခံရတတ်ပေမယ့် သူတို့ စုံတွဲဟာ ရှေ့ သွားနောက်လိုက်ညီကြပါတယ်...
သူတို့ အနေနဲ့ အိမ်ထောင်ရှင်ကောင်းတွေဖြစ်ကြတာမို့ ဘာမှထပ်ပြောနေစရာမရှိပါဘူးလို့ အဆို
ပါသတင်းစာကို ပြောပြခဲ့ တယ်လို့ ဆိုပါတယ်....
သူတို့ ရဲ့ သဘောတူညီမှုစာချူပ်ပါစည်းကမ်းအတိုင်းရော သူ့ ဇနီးကလိုက်နာနိုင်ပါ့ မလားဆို
တော့ ....
ဖြစ်နိုင်ပါတယ်....သူဒီလို ထိုးကြိတ်ကန်ကျောက်ခံနေရပေမယ့် သူ့ ဇနီးဖြစ်သူကိုတော့ ချစ်
နေတုံးပါပဲလို့  မစ္စတာကျန်းက ဆိုခဲ့ ပါတယ်...
အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တယ်ဆိုတာ ဒီဖြစ်ရပ်မှန်ဇတ်လမ်းမှာလည်းမှန်နေ
ပြန်ရောပဲနော်....
ကိုယ့် ဆရာတွေလည်းမယူခင် အမျိုးသမီးက ခါးပါတ်နက်လားဆိုတာ သေချာစုံစမ်းထားနော်...
နို့ မို့ ဆို မျက်ကွင်းညိုနဲ့ ပန်ဒါ ၀က်ဝံဖြစ်နေရဦးမယ်...
သတင်းစာမှာတော့ ဒီိလိုဖော်ပြထားလေရဲ့ ဗျာ....
A Chinese man has signed a contract with his wife that entitles her to attack him once a week.
The 32-year-old man, who was named by the Chongqing Evening News as Mr Zhang, took the unusual step after suffering intense abuse from his wife, who studies kung fu.
"I don't want to beat him, but arguments are inevitable and I can't help myself," his wife told the newspaper. She added that in the week before they signed the deal, she had beaten him up three times.
Mr Zhang said his wife, who is a sales manager at a trading company, had studied kung fu since her childhood and that he was attracted to her "strong and independent temperament".
He also admitted that he had suffered at her hands throughout their six-month courtship. "Before we got married, she had a wild hairstyle and I teased that it made her look like a tigress. During the argument that followed, I said some bad words and I got a taste of her kung fu for the first time."
He said that he had tried to bite his lip in order to avoid being punished, but that he "never wants to lose an argument" and so always ends up with "bruises and scars all over".
In order to curb his wife's aggression, Mr Zhang proposed signing a contract in front of his in-laws. If his wife breaches the contract, she has to return to her parents' home for three days. "She is very obedient to her parents, and her parents will support me and blame her," he said.
His wife said that she always feels regret when she sees her husband with a black eye. "Now that we have a contract, I will force myself to drop the use of force," she said.
Mr Zhang's parents told the newspaper that although they felt bad that their son was regularly attacked, the couple were a good match. "They have a good marriage, so we can say nothing about it," said his father.
Will the contract work? Apparently, it doesn’t matter because Zhang says, “Despite all the beatings, I still love her.”
တရုတ်နိုင်ငံကထူးဆန်းသောလူပုံသစ်မြစ်
Thursday, November 12, 2009
Chinese Farmer Discovers a Knotty Vegetable Man
fleeceflower root 1513314i 600x600 Chinese Farmer Discovers a Knotty Vegetable Man picture
 ယူပါမေ....ကံကောင်းခြင်းတွေကိုလေ....
fleeceflower root
သစ်မြစ်ဖြစ်ယင်တောင်....အတူတူနော်...မခွဲဘူး...
သိပ်ချစ်ကြတယ်ပေါ့ ....
တရုတ်နိုင်ငံလန်ကျူံးနယ်က ကျန်ဒယ်ရွှန်း အမည်ရှိလယ်သမားတစ်ဦးဟာ သူ့ ရဲ့ စိုက်ထားတဲ့ 
သီးနှံပင်တွေအထဲကဆင်ငိုမြက် ကဲ့ သို့ သောပေါင်းပင်တစ်မျိုးကို ဆွဲနှုတ်လိုက်တဲ့ အခါမှာ လူ
တစ်ဦးရဲ့ ပုံသဏ္ဍာန်နဲ့ ချွတ်စွပ်တူတဲ့ မြက်ဥတွေ ပါလာလို့ အလွန်ပင် အံ့ သြထိတ်လန့် တုန်လှုပ်
သွားခဲ့ ရပါတယ်...
နှစ်ပေကျော် ( ၆၂ စင်တီမီတာ ) အရှည်ရှိတဲ့ အဆိုပါပေါင်းပင်မြစ်ဟာအပေါ်ပိုင်းမှာ ဖုထစ်နေ
တဲ့ လူရဲ့ ဦးခေါင်းပိုင်းပုံသဏ္ဍန်ဖြစ်နေပြီး၊ သွယ်လျသွားတဲ့ အောက်ပိုင်းကတော့ လူရဲ့ ခန္ဓာကိုယ်
နဲ့ ပုံစံတူဖြစ်လို့ နေပါတယ်....
အဲဒီခေါင်းပိုင်းမှာကိုပဲ မျက်လုံးနဲ့ နှာခေါင်းနေရာတွေမှာလည်း ဖုထစ်ပြီးဆိုင်ရာပုံပေါ်ပေါက်နေ
ပါသေးတယ်...
ခန္ဓာကိုယ်ပိုင်းမှာဆိုယင်လည်း သိသာထင်ရှားတဲ့ ခြေလက်အင်္ဂါပုံသဏ္ဍာန်တွေဖြစ်နေပြီး၊ရှိသင့် 
တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းအင်္ဂါအစိတ်အပိုင်းနေရာမှာလည်းအဖုအလုံးအဖြစ်ပုံပေါ်တည်ရှိနေ
ပါသေးတယ်....
စိတ်ရှုပ်ထွေးကာအံ့ အားသင့် တွေဝေနေတဲ့ လယ်သမားခမျာမှာတော့ အခုလိုထူးဆန်းတဲ့ တွေ့ 
ရှိမှုဟာ သူ့ ကို ကံကောင်းခြင်းလက်ဆောင်တွေပဲရောက်ရှိလာစေမှာလား၊ ကံဆိုးမိုးမှောင်ကျ
ရောက်စေမှာလားဆိုတာတော့ မဝေခွဲတတ်ရှာပါဘူး...
” ကျွန်တော်တော့  အခုလိုထူးဆန်းတဲ့ အပင်ကိုဆက်ပြီးနှုတ်ပစ်သင့် သလား၊ မသင့် ဘူးလား
ဆိုတာမဆုံးဖြတ်တတ်တော့ ပါဘူးဗျာ....သူ့ ဘာသာသူပဲမြေကြီးထဲမှာရှိနေတာကောင်းပါတယ်...
ပြန်ပြီးတော့ မြုပ်ထားလိုက်ပါတော့ မယ် ....”  လို့ ကျန် ကပြောလိုက်ပါတယ်...
လယ်သမားတွေအနေနဲ့ အခုလိုသူတို့ ရဲ့ ဥယျာဉ်ခြံမြေတွေထဲကနေ အခုလို ထူးထူးဆန်းဆန်း
သစ်မြစ်၊ သစ်ဥတွေ တူးဆွတွေ့ ရှိတာဟာ ဒါပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး...
၂၀၀၈ ခုနှစ်တုံးကလည်း တရုတ်နိုင်ငံ၊ ရှန်တုံဒေသမှာ လယ်သမားတစ်ဦးဟာ လူပုံစံအင်္ဂါအစုံ
အလင်ပါရှိတဲ့ သစ်မြစ်တစ်စုံကိုအမှတ်မထင်တွေ့ ရှိခဲ့ ပါသေးတယ်...
အဲဒီသစ်မြစ်မှာဆိုယင် ဖိုနဲ့ မ ပုံသဏ္ဍာန် နှစ်ခုပါပြီး အမျိုးသမီးပုံသဏ္ဍာန်သစ်မြစ်မှာ အမျိုးသ
မီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းသဏ္ဍာန်ပီပြင်ထင်ရှားတဲ့ အချိုးအဆစ်တွေပါရှိပြီး၊ အမျိုး
သားပုံသဏ္ဍာန်ဆိုယင်လည်း အမျိုးသားအမှတ်သင်္ကေတဖြစ်တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းက အမျိုး
သားလက္ခဏာ ပုံသဏ္ဍာန်တွဲလောင်းကျ နေတဲ့ ပုံစံလေး ပါရှိခဲ့ ပါတယ်...
အဆိုပါ ဖိုမ စုံတွဲသစ်မြစ်ကိုတော့ အမြော်အမြင်ရှိတဲ့ ၊ စီးပွားရေးအကွက်မြင်တဲ့ တရုတ်တစ်
ယောက်က ယွမ်ငွေ ၆၀၀ ( ဒေါ်လာ ၈၀ ကျော် ) နဲ့ ဝယ်ယူသွားခဲ့ ပြီး သူ့ အိမ်မှာ စိတ်ပါဝင်
စားသူ၊ အထူးအဆန်းအဖြစ်ကြည့် ရှုလိုသူတွေကို ပြခန်းနဲ့ ပြသထားပါတယ်....
မူရင်းသတင်းကတော့ ဒီလိုပါ...
Zheng Dexun, a Chinese farmer from Langzhong, had the shock of his life recently when he pulled out a man-shaped knotweed plant from amongst his crops. Stretching out to 62 centimeters, this particular plant consisted of a knobby head joined to a slender body that tapered down.
The head itself had protruding bits for the eyes and nose area. As for the body, there were distinguishable arms and legs as well as a bumpy little package.
The bemused farmer is not sure if he should count his blessings or be wary of impending bad luck.
Zheng said: “I don’t know whether it is good or bad to dig out a Chinese knotweed that looks like a human. I’d better put it back in the earth!”
This is not the first time someone has dug out a strangely shaped fleeceflower variety in their garden.
In December 2008, a browsing customer stumbled upon a knotweed ‘couple’ in China’s Shandong.
This root consisted of two human-shaped bits where one resembled a female with its defined upper torso and the other looked masculine with its dangling member.
This particular specimen was nabbed by an enterprising customer for 600 yuan whereby he has set up a viewing spot in his home for eager visitors.
Link (1 2)
ဘော်စတွန်မြို့ မှတိဗက်လားမားဘုန်းတော်ကြီးဝင်စားသူလေး...
Wednesday, November 11, 2009
Boston schoolboy named Buddhist high priest 
 တိဗက်လားမားဘုန်းတော်ကြီးဝင်စားသူပါတဲ့ ...
အမေရိကန်နိုင်ငံဘော်စတွန်မြို့ မှ အသက် ၁၁ နှစ်အရွယ်ရှိ Jigme Wangchuk  အမည်ရှိကောင်
လေးရဲ့ သူငယ်ချင်းတွေ အတွက်တော့ သူလေးဟာ သာမာန် ကျောင်းနေဘက်တစ်ယောက်ပါပဲ...
ဒါပေမယ့်  အိန္ဒိယ နိုင်ငံရဲ့ တိဗက်အနွယ် မဟာယာန ဗုဒ္ဓဘာဝင်တွေအတွက် ကတော့ သူလေး
ဟာသူတို့ မဟာယာနဂိုဏ်းရဲ့ အကြည်ညိုဆုံးတွေထဲကတစ်ပါးဖြစ်တဲ့  လားမားဘုန်းတော်ကြီး
တစ်ဖန်ပြန်လည်ဝင်စားတာလို့  ယုံကြည်ကြလို့  ထောင်ပေါင်းများစွာသော မဟာယာနဘာသာ
ဝင်တွေ ကြည်ညို ဦးခိုက်နေကြရပါတယ်...
အခုတော့ သူဟာ အမေရိကန်က သူ့ ရဲ့ ကျောင်းသားဘ၀ ကိုစွန့် လွှတ်ပြီး ဟိမ၀န္တာတောင်တန်း
တွေနဲ့ နီးတဲ့ အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့ က တိဗက်မဟာယာနဘုန်းကြီးကျောင်းတစ်ခုမှာ မဟာယာ
နဗုဒ္ဓဘာသာခေါင်းဆောင်အဖြစ်နဲ့ နေထိုင်စေဖို့ ဖန်တီးလာတဲ့ ကံကြမ္မာအတိုင်းပဲ ဘူတန်နိုင်ငံ၊
နီပေါနိုင်ငံနဲ့  အိန္ဒိယနိုင်ငံရဲ့ ဟိမ၀န္တာတောင်တန်းများနဲ့ နီးစပ်တဲ့ ပြည်နယ်များက သူ့ ရဲ့ နောက်
လိုက်နောက်ပါများနဲ့ အတူ နေထိုင်လျှက်ရှိနေပါတယ်...
To his old classmates in Boston, Jigme Wangchuk is a normal 11-year-old schoolboy - but in India he is worshipped by thousands of Buddhists who consider him the reincarnation of one the faith's holiest figures. He has traded his American life for a monastery in the Himalayan hill town Darjeeling to fulfil his "destiny" as a spiritual leader and live among his followers throughout Bhutan, Nepal and India's Himalayan states.
သူ့ ရဲ့ မိဘနှစ်ပါးဟာလည်းသူနဲ့ အတူနီးနီးကပ်ကပ်ရှိနေချင်ကြတာမို့  အမေရိကန်နိုင်ငံက သူတို့ 
ရဲ့ စားသောက်ဆိုင်လုပ်ငန်းကို စွန့် လွှတ်ပြီးသူတို့ ရဲ့ သား လူဝင်စားကောင်လေးနေထိုင်ရာ Drukpa
Sangag Choeling Monastery  ရှိရာအိန္ဒိယနိုင်ငံကို လိုက်ပါလာခဲ့ ကြပါတယ်....
သူတို့ ရဲ့ သားလေးဟာလွန်ခဲ့ တဲ့ နှစ် နှစ် လောက်ကစတင်ပြီးတော့ သူ့ ရဲ့ ယခင်ဘ၀ အကြောင်း
စပြီးပြောနေကတည်းက တစ်ခြားကလေးတွေနဲ့ မတူတော့ ဘူးဆိုတာ သိခဲ့ ကြရပါတယ်...
ပထမတော့ သူတို့ ဟာ ကလေးသူငယ်တို့ သဘာဝစိတ်ကူးယဉ်ပြီးထင်ရာမြင်၇ာပြောနေတာ
ပါလို့ ထင်ပြီးဂရုမစိုက်ခဲ့ ကြပါဘူး...
ဒါပေမယ့် သူတို့ မိသားစု အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မိုင်ဆိုးမြို့ ရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို
သွားရောက်ခဲ့ ကြပြီးနောက်တော့  သူတို့ ရဲ့ သားလေးပြောတာတွေကို အလေးအနက်ထားလာရ
ပါတော့ တယ်...
His parents have also given up their restaurant business to be near his Drukpa Sangag Choeling Monastery. They say they discovered their son was not like other children two years ago when he started talking about his "past life". At first, they dismissed it as a childish fantasy, but began taking it seriously during a trip to a monastery in Mysore, southern India.
” သားလေးဟာ သူ့ ရဲ့ အယင်ဘ၀အကြောင်းကို အမြဲပဲပြောပြလေ့ ရှိပါတယ်.... ဒါပေမယ့် ကျွန်
မတို့ က အလေးမထားခဲ့ ကြပါဘူး...ကလေးတို့ သဘာဝ စိတ်ကူးယဉ်ပြီးပြောတယ်လို့ ပဲမှတ်ထား
တာပါ...“ လို့  သူ့ ရဲ့ မိခင်ဖြစ်သူ Dechen ကဆိုပါတယ်...
တစ်ခါတော့ သူဟာ ကစားနေရာကရုတ်တစ်ရက်ရပ်လိုက်ပြီး သူဟာအရင်ဘ၀တုံးက တိဗက်
နိုင်ငံက ဒုတိယမြောက်အဆင့် အမြင့် ဆုံး လားမားဘုန်းကြီး ဂေါဝါ လိုရီပါ ဖြစ်တယ်....သူဟာ
သက္ကရာဇ် ၁၂၅၀ မှာ တိဗက်မှာပဲသေဆုံးခဲ့ တာဖြစ်တယ်လို့  အမျှင်မပြတ် အိပ်မက်မက်နေသူ
ပမာပြောပြခဲ့ ပါတယ်....
"He used to always talk of his past life but we did not take it seriously, dubbing it as a child's fantasies," said his mother Dechen. At one point she claims he stopped playing and went into a trance in which he recounted the story of his former life as "His Holiness the Second Galwa Lorepa" lama who died in 1250 in Tibet.
သူ့ ရဲ့ အိပ်မက်လိုအတွေးပုံရိပ်ထဲမှာ သူနေထိုင်ခဲ့ တဲ့ တိဗက်မဟာယာနဗုဒ္ဓဘာသာဘုန်းတော်
ကြီးကျောင်းရဲ့ ခန်းနားပုံကိုမြင်ယောင်ခဲ့ ရာမှာ ကျောင်းခေါင်မိုးပေါ်မှာ ၃၅ ပေရှိတဲ့ နဂါးပုံရုပ်
ထုနဲ့ တန်းဆာဆင်ထားပါတယ်တဲ့ ...
သူတစ်ခါမျှမရောက်ခဲ့ ဘူးတဲ့ ကျောင်းတော်ရဲ့ ပုံသဏ္ဍာန်ကိုပြောပြတာကြားခဲ့ ရပြီးနောက် တိ
ဗက်ဘုန်းတော်ကြီးတွေက သူဟာ တိဗက်မဟာယာနဗုဒ္ဓဘာသာ ဂိုဏ်းရဲ့ အဓိကကျောင်းတိုက်
ကြီးလေးခုထဲကတစ်ခုကို တည်ထောင်ခဲ့ တဲ့ လားမားဘုန်းတော်ကြီး Rinpoche တစ်ဖန်ပြန်
လည်ဝင်စားတာဖြစ်တယ်လို့  ယုံကြည်ပြောဆိုခဲ့ ကြပါတယ်...
While in a trance he described a celebrated Buddhist monastery with a 35ft dragon on the roof. After hearing his description of the temple he had not visited, the monks proclaimed he was the reincarnation of the 'Rinpoche' or high priest Galwa Lorepa, the founder of one of the four main schools of Tibetan Buddhism.
အခုတော့ သူဟာ နောက်ထပ်ဆယ်နှစ်လုံးလုံး ပြင်ပအဆက်အသွယ်အားလုံးနီးပါနဲ့ အဆက်ဖြတ်
ပြီးနေထိုင်ရတော့ မှာပါ....သူလုပ်နိုင်တာဆိုလို့ သူ့ ရဲ့ ( အမေရိကားက ) ကျောင်းနေဘက်သူ
ငယ်ချင်းဟောင်းများကို e-mail နဲ့ သာဆက်သွယ်နိုင်တော့ တာပါပဲ....
” လွန်ခဲ့ တဲ့ နှစ်နှစ်လောက်ကစပြီး ကျွန်မတို့ အတွက်အတော့် ကိုစိတ်ဒုက္ခရောက်ခဲ့ ကြရပါတယ်...
ကျွန်မဆိုယင် ငါးလလောက်ဆက်တိုက်နေ့ စဉ်ငိုခဲ့ ရပါတယ်...နောက်ဆုံးတော့ လည်း အခုလို
မျိုးအခြေအနေကို ကျင့် သားရသွားရတော့ တာပါပဲ....”  လို့ သူ့ ရဲ့ မိခင်ကပြောပြခဲ့ ပါတယ်...
Now he will spent the next ten years in virtual seclusion and only be able to communicate with his former school friends by email. "It has been a very difficult period for us over the past two years. I have been crying for the past five months, but have, at last, come to terms with it," said his mother Dechen.
” ကျွန်မတို့ မိသားစု ဒါဂျီလင်မြို့ ကိုလာခဲ့ တုံးက နယူးဒေလီမြို့ ကိုရောက်နေခိုက် ကျွန်မသူ့ ကို
မေးခဲ့ ပါတယ်....ဘော့ စတွန်မြို့ ကိုပြန်မသွားချင်ဘူးလားလို့ ....အဲဒီတော့ သူက သူ့ မှာ( အရင်
ဘ၀က ) သူ့ ရဲ့ နောက်လိုက်နောက်ပါတွေအတွက် ဖြည့် ဆည်းပေးရမယ့် တာဝန်ဝတ္တရားရှိနေ
ပါတယ်လို့ ဖြေပါတယ်.... သူ့ အတွက်တော့ နောင်တ ဆိုတာမှရှိပါဘူး....”  လို့ သူ့ မိခင်ကဆို
ပါတယ်...
”ကျွန်တော်ကျောင်းသားဘ၀ကိုတော့ လွမ်းပါတယ်....ဒါပေမယ့် အခုရောက်ရှိနေထိုင်ရတဲ့ ဘဝ
သစ်၊ နေရာသစ်မှာလည်းပျော်ပါတယ်...ဒီမှာနေရတာကိုနှစ်သက်ပါတယ်....” လို့ သူကပြော
ခဲ့ပါတယ်....
"When we were in New Delhi on our way to Darjeeling, I asked him whether he would like to go back to Boston. He said he has to fulfil his responsibilities to his people." But for 'His Holiness' Jigme, there's no regrets. "I will miss my school days but I am happy in my new role. I like it here," he said.
တစ်ကယ်တော့ လူဝင်စားဆိုတာကို ယနေ့ သိပ္ပံပညာရှင်များလည်း လက်တွေ့ မေးမြန်းစုံစမ်း၊
စမ်းသပ်ခဲ့ ပြီးကြလို့ လက်ခံသွားခဲ့ ကြရပါပြီ....
ကျွန်တော်တို့ ယုံကြည်တဲ့ ထေရ၀ါဒဗုဒ္ဓ ဘာသာကလည်းလူဝင်စားဆိုတာကိုယုံကြည်လက်ခံ
ပါတယ်...
ဒါပေမယ့် ကျွန်တော်တို့ ရဲ့ ထေရ၀ါဒက လူတစ်ယောက်ရဲ့ ယခင်ဘ၀ကအကြောင်းတွေထက်
ယခုလက်ရှိဘ၀မှာ သူနေထိုင်၊ ကျင့် ကြံပွားများအားထုတ်တဲ့  သီလ၊သမာဓိ၊ပညာတွေကို ပိုပြီး
အလေးထားကာယုံကြည်၊ ကြည်ညိုပါတယ်...
လူတစ်ယောက်ဟာယခင်ဘ၀က ဘယ်လောက်ပင်သီလသမာဓိနဲ့ ပြည့် စုံကျော်ကြားခဲ့ တယ်
လို့ ဆိုစေကာမူ့ ယခုဘ၀မှာတော့ သူဟာ လူအများရဲ့ ယုံကြည်ကြည်ညိုမှုကိုရဖို့ ထပ်မံကျင့် ကြံ
နေထိုင်ရပါတယ်...အဲဒီလိုဖြူစင်တဲ့ အကျင့် သီလရှိမှလည်းထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေကကြည်
ညိုကြပါတယ်...
လူဝင်စားသည်ဖြစ်စေ၊ မ၀င်စားသည်ဖြစ်စေ သူကျင့် ကြံနေထိုင်၊ဟောပြောသွန်သင်ဆုံးမသော
အချက်အလက်များကိုသာအလေးထားယုံကြည်ပါသည်...
နောက်တစ်ချက်က ထေရ၀ါဒဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘုရားရှင်နှင့် တစ်ကွသော၊ ရဟန္တာအရှင်မြတ်
များဟာကိလေသာကင်းစင်ကာဘ၀ဇတ်ချူပ်ငြိမ်းခဲ့ ပြီမို့ ဘ၀အသစ်တစ်ဖန်ပြန်မဖြစ်ကြတော့ 
ပါဘူး....
အနာဂါမ်အရိယာသူတော်စဉ်များဟာလည်းနောက်တစ်ဘ၀သာ ( ဗြဟ္မာ့ ဘုံမှာပဲရောက်ရှိကြ
ပါတယ်...)  ရှိတော့ တာမို့ လူ့ ပြည်မှာပြန်မ၀င်စား၊ ပြန်မဖြစ်ပါ.....
သကဒါဂါမ်၊ သောတာပန် အရိယာ သူတော်စဉ်များလည်း လူ့ ပြည်မှာလူအဖြစ်ပြန်ဝင်စားတယ်
လို့ တော့ အစဉ်အဆက်မှတ်တမ်းမရှိပါ....
ထို့ အတွက် လူဝင်စားသူဟူသရွေ့ ကတော့ ကိလေသာအာသဝေါတရားများမကုန်ခန်းသေး
လို့ သာ....
ကိလေသာ၊တဏှာမကုန်သေးသရွေ့  ၃၁ ဘုံမှာအဆုံးအစမရှိကျင်လည်ကြရဦးမည်
ဖြစ်ပါကြောင်း....
Cat banned from visiting Buddhist bank robber in jail
Thursday, November 5, 2009
အရင်ဘ၀ကတော်စပ်ခဲ့ တဲ့ သားဖြစ်သူထံထောင်ဝင်စာတွေ့ ဖို့ ငြင်းပယ်ခံရတဲ့ ကြောင်....
လူဝင်စားကြောင်ဆိုပဲ....
ထောင်ကျနေတဲ့  ဗုဒ္ဓဘာသာဝင် ဘဏ်ဓါးပြတစ်ဦးရဲ့  သူ၏အချစ်တော်ကြောင်ကလေးကို
ထောင်ဝင်စာလာတွေ့ နိုင်စေဖို့ တောင်းဆိုချက်ကို တရားရုံးကပယ်ဖျက်ငြင်းဆိုခြင်းခံခဲ့ ရ
တယ်လို့ ဆိုပါတယ်....အဆိုပါကြောင်ကလေးဟာ သူ့ ရဲ့ မိခင်သေလို့ ပြန်ဝင်စားတာဖြစ်လို့ 
သူ့ အနေနဲ့ တွေ့ ဆုံခွင့် တောင်းခဲ့ တာဖြစ်ပေမယ့် လည်း တရားရုံးကလက်မခံပဲ ငြင်းပယ်ခဲ့ 
တာဖြစ်ပါတယ်...
အသက် ၄၆ နှစ်ရှိ Peter Keonig ဟာ ဂျာမနီနိုင်ငံ၊ Werl မြို့ မှာ ဘဏ်တစ်ခုကိုဓါးပြတိုက်ခဲ့ လို့ 
ထောင်ဒါဏ် ငါးနှစ်ကျခံနေရတာဖြစ်ပါတယ်...
သူဟာ ယခုသီတင်းပတ်မှာ တရားရုံးကိုသွားရောက်ခဲ့ ပြီး သူ့ ရဲ့ ကြောင်မလေး Gisela ကိုသူ့ 
ဆီကို လာရောက်လည်ပတ်ခွင့် ပြုဖို့ အခွင့် ရှိကြောင်း ၊ ဘာဖြစ်လို့ လည်းဆိုတော့ အဲဒီကြောင်
မကလေးဟာသေဆုံးသွားခဲ့ တဲ့ သူ့ ရဲ့ မိခင်ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်လို့ တောင်းဆိုခဲ့ 
တာပါ...
ဗုဒ္ဓဘာသာဝင်တွေဟာ လူတွေသေဆုံးပြီးသွားယင် တိရိစ္ဆာန်တွေအဖြစ် ပြန်လည်ဝင်စား တတ်
တယ်လို့ ယုံကြည်တတ်ကြပါတယ်...( ဒါကတော့ မူရင်းသတင်းမှာပါတာပါ...)
” ဒီကြောင်ဟာ ကျွန်တော့် အမေဆိုတာကျွန်တော်သိပါတယ်...အမေကကျွန်တော့် ကိုဂရုတစ်
စိုက်ရှိသလိုကို သူကကျွန်တော့် ကိုဂရုစိုက်ပါတယ်...ကျွန်တော်ဟာ တစ်ခြားထောင်ကျအကျဉ်း
သားတွေ သူတို့ ရဲ့ ဇနီး၊ သားသမီးတွေနဲ့ တွေ့ ဆုံခွင့် ရှိသလို ကျွန်တော့် ကြောင်မလေးနဲ့ တွေ့ 
ဆုံခွင့် ရလိုပါတယ်....” လို့ သူကဆိုပါတယ်...
” တရားရုံးတော်အနေနဲ့  လူသားတစ်ဦးချင်းစီရဲ့ ဘာသာရေးဆိုင်ရာကိုးကွယ် ယုံကြည်မှုကို လေး
စားပါတယ်...သို့ သော် တရားခံအနေဖြင့် ကွယ်လွန်သွားတဲ့ သူ့ ရဲ့ မိခင်ဖြစ်သူဟာ ဒီကြောင်မ
လေးအဖြစ် ပြန်လည်မွေးဖွားလာတယ်ဆိုတာကို သက်သေမပြနိုင်ခဲ့ ပါဘူး...ဒါကြောင့် သူ့ ရဲ့ ဒီ
ကြောင်မလေး သူ့ ဆီထောင်ဝင်စာလာတွေ့ ဖို့ တောင်းဆိုချက်ကိုငြင်းပယ်ရခြင်းဖြစ်ပါတယ်...”
လို့ တရားရုံးကဆိုပါတယ်...
ဒါပေမယ့် တရားရုံးကတော့ သူဟာ ကြောင်မလေးဆီကို ထောင်ထဲကနေ စာရေးပြီးဆက်သွယ်
နိုင်တယ်လို့ ဆိုခဲ့ ကြောင်းပါခင်ဗျာ....
သြော်...ဂျာမနီကကြောင်က စာဖတ်တတ်တယ်နဲ့ တူတယ်ဗျာ .....
မူရင်းကတော့ ဒီလိုပါတဲ့ ....
A Buddhist bank robber has had his request for his cat to have visiting rights to him in jail turned down by a court – despite his plea that it is the reincarnation of his mother.
Peter Keonig, 46, is serving five-years for armed robberies in Werl, Germany.
He went to court this week demanding the right for his cat Gisela to be allowed to visit him in jail "because she is my dead mum".
Buddhists believe that people come back as other animals after death. He said: "I know it is mummy. She looks after me just the way she did. I need to see her like other prisoners see their wives and children."
But the court turned him down. "While we respect the religious freedom of individuals, the accused has not been able to furnish proof that his deceased mother has been reborn in a cat. Therefore, the request for visiting rights for the feline is rejected."
The court did say he would be allowed to write to the cat.
ပိုင်ပြီဟုတော့ ဖြင့် မတွက်လေနှင့် ....
Sunday, November 1, 2009
Device retrieves secret texts years after being deleted
တိတ်တိတ်ကလေး ခိုးစားထားတာတွေ ပေါ်ကုန်တော့ မည်...
သစ္စာမရှိသူ၊ မိမိချစ်သူ၊ဇနီး၊ခင်ပွန်း၊မိတ်ဆွေသူငယ်ချင်းများကို လိမ်ညာလှည့် ဖြားခဲ့ သူများ
အကြီးအကျယ်ဒုက္ခရောက်စေမယ့်  နည်းပညာတစ်ခု အောင်မြင်စွာတီထွင်ထုတ်လုပ် နိုင်ခဲ့ 
လေပြီ....
လွန်ခဲ့ သော ငါးနှစ်ခန့် ကမှစပြီး delete လုပ်ပြီးဖျက်ပြစ်ခဲ့ တဲ့ မိုဘိုင်းဖုံးများထဲက စာသား
တွေကိုပြန်လည် ရယူဖော်ထုတ်ပေးနိုင်တယ့် နည်းပညာ ကိရိယာပေါ်ပေါက်လာတာပါပဲ...
ရေခဲပြင်ဟော်ကီကစားရာတွင် ဘောလုံးအစားသုံးသောရာဘာဒိုးပြား ပုံသဏ္ဍာန်ရှိသည့် အဆို
ပါပစ္စည်းလေးဟာ  ကာလကြာမြင့် စွာကတည်းက မိမိရဲ့ မိုဘိုင်းလ်ဖုံးတွေထဲကနေ ဖယ်ရှား
ဖျက်ပစ်ထားခဲ့ တဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို SIM ကဒ်တွေဆီကနေ
ပြန်လည်ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်...
အဆိုပါသိပ္ပံပစ္စည်း ကိရိယာကိုထုတ်လုပ်သည့်  Khor Will & amp အဖွဲ့ အစည်း အနေဖြင့် 
သြစတေးလျနိုင်ငံရဲတပ်ဖွဲ့ ၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများနှင့်  ခြေလှမ်းမှားနေသည့် မိမိတို့ ၏ဇနီး၊
ခင်ပွန်းများကို သံသယရှိနေသူများရဲ့ စစ်ဆေးစေလိုသည့် မိုဘိုင်းလ်ဖုံး များကို စမ်းသပ်စစ်
ဆေးခြေရာခံ ပေးနပါတယ်...
အဆိုပါကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး Kim Khor က ကုန်လွန်ခဲ့ တဲ့ နှစ်များက စာသားအဖြစ်ရိုက်
နှိပ် ပို့ လွှတ်ထားတဲ့  သတင်းအချက်အလက်၊စာသားတွေကို အလွယ်တစ်ကူပဲပြန်ပြီး ရှာဖွေ
တွေ့ ရှိနိုင်ပါတယ် လို့ ဆိုပါတယ်...
Mr Khor နဲ့ လုပ်ဖော်ကိုင်ဖက် Mr Gary Coulthart  တို့ ဟာ laptop ကွန်ပြူတာနဲ့ scan
ဖတ်စစ်ဆေးတဲ့  စက်ပစ္စည်းကိရိယာတွေပါဝင်တဲ့  ခရီးသွားသေတ္တာလေးနဲ့  သြစတေးလျ
နိုင်ငံအနှံ့ အပြားသွားရောက်ကြကာ မိုဘိုင်းလ်ဖုံးတွေထဲက ဖျက်ပစ်ခဲ့ တဲ့ စာသားတွေကို
မိနစ်ပိုင်းအတွင်း ပြန်ရှာပေးနေကြပါတယ်တဲ့ ခင်ဗျား....
ကဲ....
ဆရာတို့ ၊ ဆရာမတို့ ရေ....
ပိုင်လှပြီလို့ တော့ မတွက်နဲ့ တော့ နော်...
အခုအချိန်ကစပြီး SIM ကဒ်ကိုသာအစတုံးဖျောက်ပစ်ဖို့ သာစဉ်းစားတော့ ...
နို့ မို့ ဆိုယင်တော့ ခေါင်းကိုဆင်နင်းတာ၊ကွန်တိန်နာကားကြိတ်တာကမှတော်ဦးမယ်...
ကတိတွေအခါခါအထပ်ထပ်ပေးပြီးကာမှ၊ အဲဒီစက်နဲ့ စစ်ဆေးလိုက်တော့ မှ text message
တွေပို့ ပြီး ကြူထားတာတွေ၊ လိမ်ထားတာတွေ အားလုံးအကုန်ပေါ်လာလိမ့် မယ်နော်...
မူရင်းကတော့ ဒီလိုပါ...
It's a technological breakthrough that will worry cheating partners - secret text messages can now be retrieved from mobilephones five years after they were deleted.
Shaped like an ice hockey puck, the XRY forensic device mines old SIM cards for long-erased nuggets of personal information.
Kim Khor is director of Khor Wills & Associates - which handles mobile forensics for Australian police, private companies and suspicious individuals keen to catch wayward spouses. He says old text messages can be easily found.
Mr Khor and associate Gary Coulthart - armed with a suitcase of gadgetry including laptops and scanning devices - travel around Australia to retrieve private information from mobile phones in minutes.
အံ့ သြဖွယ်ကျေးဇူးတော်....
Saturday, September 12, 2009
အံ့ သြဖွယ်ကျေးဇူးတော်....
Man killed in church after stone altar falls on him
Austria နိုင်ငံမှထာဝရဘုရားသခင်ကို အလွန်ကြည်ညို ယုံကြည်သူ ကက်သလစ်ဘာသာဝင်
Gunther Link ဟာသူဓါတ်လှေကားတစ်ခုအတွင်းမှာပိတ်မိနေစဉ်ဘုရားသခင်ထံဆုတောင်းခဲ့ ၍ထို
အန္တရယ်အခက်အခဲမှလွတ်မြောက်ခဲ့ ရာကျေးဇူးတော်ကိုချီးမွမ်းရန်ဘုရားကျောင်းသို့ သွား၍၀တ်ပြုဆု
တောင်းနေစဉ်ကျောက်သားအတိပြီးသောဘုရားစင်ကြီး၎င်းအပေါ်လဲပြိုကျပြီးသေဆုံးခဲ့ ရသည်....
အသက် ၄၅ နှစ်ရှိ Link သည် Austria နိုင်ငံ၊ Vienna မြို့ ရှိ Weinhaus ဘုရားရှိခိုးကျောင်းတွင်ဝတ်
ပြုပြီးကျေးဇူးတော်ကိုချီးမွမ်းနေစဉ်အလေးချိန်ပေါင် ၈၆၀ ရှိသောရှေးဟောင်းကျောက်သားဘုရားစင်
ကြီး၎င်းအပေါ်ပြုကျပြီးနေရာတွင်ပင်ချက်ချင်းသေဆုံးခဲ့ သည်ဟုဆိုသည်....
” သူဟာဘာသာတရာကိုအလွန်ကိုင်းရှိုင်းပါတယ်...ဓါတ်လှေကားထဲမှာသူပိတ်မိတော့ အလွန်ကြောက်
ရွံ့ ထိတ်လန့် ပြီးအန္တရယ်မှလွတ်မြောက်ဖို့ ထာဝရဘုရားသခင်ထံဆုတောင်းခဲ့ ပါတယ်... သူ့ ကိုဓါတ်
လှေကားထဲကနေဆွဲထုတ်ကယ်တင်ပြီးသိပ်မကြာခင်ပဲသူဟာဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ ဘု
ရားရှိခိုးကျောင်းကိုတိုက်ရိုက်ထွက်ခွာသွားခဲ့ တာပါပဲ...သူဟာကျောက်သားစင်ပေါ်ကကျောက်တိုင်ကို
ကိုင်ပြီးဆုတောင်းခဲ့ ပုံရပြီး၊အဲဒီကျောက်တိုင်ပေါ်မှာတည်ရှိနေတဲ့ ကျောက်စင်ကသူ့ အပေါ်ပြုတ်ကျပြီး
သူ့ ကိုချက်ချင်းသေစေခဲ့ တာပါပဲ ....”  လို့ ရဲတပ်ဖွဲ့ ပြောခွင့် ရပုဂ္ဂိုလ် Roman Hahslinger ကပြော
ပြခဲ့ ပါတယ်...
” ကျွန်တော်တို့ သူ့ ရဲ့ လက်ဗွေရာတွေကိုအဲဒီကျောက်တိုင်ပေါ်မှာတွေ့ ရပါတယ်...ဒီကိစ္စနဲ့ ပတ်သက်
ပြီးဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်...” လို့ အဆိုပါရဲ အရာရှိကဆိုပါတယ်...
Link ရဲ့ ရုပ်အလောင်းကိုသူ့ ရဲ့ ညီအစ်ကိုဝမ်းကွဲတစ်ယောက်ကသူပျောက်ဆုံးနေကြောင်းရဲတပ်ဖွဲ့ ကို
အကြောင်းကြားပြီးနောက်တစ်နေ့ စုပေါင်းဝတ်ပြုပွဲကိုလာရောက်တဲ့ လူအများကဘုရားကျောင်းမှာ
တွေ့ ရှိခဲ့ တာဖြစ်ပါတယ်...
သြော်...ဒုက္ခလေးထဲကလွတ်ပြီးဒုက္ခအကြီးနဲ့ တစ်ခါတည်းပွဲသိမ်းသွားတာပါပဲလား....
မူရင်းလေးကဒီလိုပါ...
Gunther Link, a devout Catholic, prayed to be saved after he was trapped in a lift – but was killed when he went to church to give thanks and the stone altar fell on him.
Link, 45, died instantly as he was crushed under the ancient 860lb monument in the Weinhaus Church in Vienna, Austria.
Roman Hahslinger, a police spokesman, said: "He was a very religious man and had been scared when he was trapped in the lift and had prayed for release.
"A short while later he was pulled out of the elevator and he went straight to the church to thank God. He seems to have embraced a stone pillar on which the stone altar was perched and it fell on him, killing him instantly.
"We have found his fingerprints on the pillar. We are now investigating the case further," he added.
Link's body was found by parishioners attending Mass the next day after he had been reported missing by his cousin.
လိမ်တယ်ညာတယ်လူညာကြီးရယ်... Indian man married 14 women in two years
Monday, August 31, 2009
လိမ်တယ်ညာတယ်လူညာကြီးရယ်... 
Indian man married 14 women in two years 
အိန္ဒိယနိုင်ငံသားအင်ဂျင်နီယာအမျိုးသားတစ်ဦးဟာအချိန်ကာလနှစ်နှစ်ခွဲအတွင်းမှာအမျိုးသမီး ၁၄
ယောက်ကိုလိမ်လည်လှည်.ဖြားလက်ထပ်ခဲ.လို.သူ.ကိုမယားအများအပြားယူမှုနဲ.တရားစွဲဆိုထားပါ
တယ်...ထိုအမှုကြောင်.အိန္ဒိယနိုင်ငံရဲ.လူလတ်တန်းစားအမျိုးသမီးများရဲ.အဆင့် အတန်းမြင့် တဲ.လင်
ယောကျာင်္းများရွေးချယ်လက်ထပ်လိုမှုပြင်းပြခြင်းကိုသိသာထင်ရှားစေပါတယ်တဲ့ ....
Tushar Waghmare လို့ အမည်ရှိတဲ့ အဆိုပါအင်ဂျင်နီယာနဲ့ လက်ထပ်ခဲ့ တဲ့ အမျိုးသမီးအများစုဟာ
ပညာတတ်မိန်းမများဖြစ်ကြပေမယ့် သူတို့ ဟာ အဆိုပါအမျိုးသားဟာအင်ဂျင်နီယာတစ်ယောက်ဖြစ်
တယ်ဆိုတာနဲ့ သူ့ ရဲ့ ဘ၀နောက်ကြောင်းကိုဆက်လက်စုံစမ်းမေးမြန်းခြင်းမရှိတော့ ပါဘူးတဲ့ ....
ဆွေစဉ်မျိုးဆက်အရမျိုးရိုးအလုပ်အကိုင်အဆင့် အတန်းကိုအလွန်ပဲအလေးထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဓလေ့ 
အရအိမ်ထောင်ပြုလက်ထပ်ခြင်းဟာအလွန်ပဲအရေးကြီးတဲ.ကိစ္စတစ်ရပ်ဖြစ်လို့ လက်ထပ်မဲ့ သတို့ သား
နဲ့ သူတို့ သမီးဟာချစ်သူတွေမဖြစ်တတ်ကြပဲအများအားဖြင်.အဆင့် တူချင်းဂုဏ်ရည်တူခြင်းစီစဉ်
ကြတာများပါတယ်တဲ့ ....
အသက် ၄၀ အရွယ်ရှိ အင်ဒီးယားအဲယားလိုင်းကအင်ဂျင်နီယာ Waghmare ဟာသူလက်ထပ်ပေါင်း
သင်းခဲ့ တဲ့ အမျိုးသမီးတွေကိုအိန္ဒိလူမျိုးအိမ်ထောင်ဖက်ရွေးချယ်ရေးအင်တာနက်စာမျက်နှာမှာတွေ့ ရှိ
ခဲ့ တာလို.ဆိုပါတယ်...အဲဒီဝက်ဘ်ဆိုဒ်မှာသူဟာသူ့ ကိုယ်သူအိမ်ထောင်ဖက်နှင့် ကွာရှင်းထားသူ၊ဇတ်
မြင်.ဗြဟ္မနအမျိုးသမီးပညာတတ်များနဲ.ဖူးစာဆုံလိုသူပါလို့ ဖေါ်ပြထားခဲ့ ပါတယ်တဲ့ .... 
ယာ၊ဗိသုကာပညာရှင်တွေဖြစ်နေကြတာပါပဲ....သူမတို့ အားလုံးရဲ.မိဘတွေဟာ Waghmare နဲ့ တွေ့ 
ခြားဘာကိုမှဆက်မမေးနိုင်လောက်အောင်အထင်ကြီးသွားခဲ့ ကြရပါတယ်....
သူဟာထိုအမျိုးသမီးတွေကိုလစာငွေထောက်ပံ့ ခဲ့ တာမို.သုံးလေးရက်လောက်သူတို့ နဲ.ပေါင်းသင်းနေ
ထိုင်ပြီးလေကြောင်းလိုင်းအလုပ်တာဝန်နဲ.ခရီးဝေးကိုသွားပြီးအလုပ်လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်
နဲ့ သူထွက်ခွာသွားတဲ့ အခါတိုင်းထိုအမျိုးသမီးတွေဟာဘာမှထွေထွေထူးထူးမေးမြန်းမနေတော.ပါ
ဘူးတဲ့ ....
နောက်ဆုံးသူဟာလက်ထပ်ပေါင်းသင်းခဲ့ တဲ့ အမျိုးသမိး ၁၄ ယောက်စလုံးကိုလစာငွေနဲ့ မထောက်ပံ့ နိုင်
တော့ လို.မိန်းမတွေကသူ့ ကိုပြန်ပြီးငွေပြန်ပို့ ပေးခဲ့ ရလို့ အခုလိုအဖြစ်မှန်ပေါ်ပေါက်ပြီးတရားစွဲဆိုခံခဲ.ရ
တာပါလို.စုံစမ်းစစ်ဆေးသူတွေကဆိုပါတယ်...
”သူ့ ရဲ.ယောက်ခမလောင်းတွေ၊ဇနီးလောင်းတွေအကုန်လုံးဘယ်သူမှသူ့ ရဲ.ဘ၀နောက်ကြောင်းတွေကို
စုံစမ်းမေးမြန်းဖို့ သတိတောင်မရ၊မတွေးခဲ့ မိကြပါဘူး...ဘာဖြစ်လို့ လည်းဆိုတော့ သူဟာလစာဝင်ငွေ
အင်မတန်ကောင်းတဲ့ အင်ဂျင်နီယာလည်းဆိုလိုက်ရော၊အားလုံးဟာအထင်ကြီးလွန်သွားခဲ့ ကြလို.ပါပဲ
ရဲတပ်ဖွဲ့ ပြောပြခဲ့ ပါတယ်...
ကုမ္ပဏီပိုင်ရှင်မှ၊ဆရာဝန်မှ၊အင်ဂျင်နီယာမှ၊စစ်ဗိုလ်မှ၊သင်္ဘောသားမှ စတဲ့  .....
ငွေဂုဏ်၊ကြေးဂုဏ်၊အဆင့် အတန်းမက်မောလွန်းတဲ့ အမျိုးသမီးများသတိထားသင့် တာပါပဲ...
 An Indian engineer has been charged with bigamy after wooing 14 women and marrying them in the space of just two and a half years. The case has revealed the desperation of middle class Indian women in their quest for a high-status husband.
Marriage is the most important assertion of status in India's rigidly hierarchical society, and is usually an alliance of compatible families more often than a love match between bride and groom. Mr Waghmare, 40, an Air India engineer from Mumbai, found the women on Indian matrimonial websites, where he described himself as a divorcee looking for a high-caste Brahmin career woman.
Three of the women who replied and eventually married him were engineers themselves or architects. Police said Mr Waghmare had met all their families, who were so awed by his £900-a-month salary that they failed to question him.
Because he provided for them, they did not ask him any questions when he spent up to just three days with each of the women a month before saying he had to work away from home.
ီDetectives said he was eventually caught when his salary would not stretch to each of his 14 wives and they had to support him instead. "None of the women or their parents ever thought of doing a background check on him as they would be impressed with his job profile," said a policeman.
Parrot mimics owner's voice to boss around her other pets
Saturday, January 24, 2009
သခင်ရဲ.အသံကိုတုပြီးဘ၀တူတစ်ခြားတိရိစ္ဆာန်တွေကိုအမိန်.ပေးတတ်တဲ.အာဂကြက်တူရွေး
A parrot that learned to mimic his owner's voice is using the skill to issue orders to her other pets.
                              Barney နဲ.သူ.သခင်မ၊ဘ၀တူတစ်အိမ်ထဲနေတယ်ရီယာခွေး
ဘားနေးလို.အမည်ရတဲ.အာဖရိကကြက်တူရွေးတစ်ကောင်ဟာသူ.သခင်မ Margaret Sullivan ရဲ.ခွေး
သုံးကောင်ဖြစ်တဲ. Harry, Tilly and Bluey တို.ကိုနာမည်နဲ.ကိုခေါ်နိုင်ပါသတဲ.။
အသက် ၁၀ နှစ်ရှိပြီဖြစ်တဲ.ငှက်ဟာ” ဒီကိုလာခဲ.ဦး ” အစရှိသဖြင်.အမိန်.ပေးတတ်ပြီးသူ.အကြိုက်ဆုံး
စကားလုံးဖြစ်တဲ.သိပ်လိမ္မာတဲ.ခွေးပဲဆိုပြီးတော.တောင်ချီးမွမ်းတတ်သေးသဗျာ။
Gloucestershire နယ် Tredworth ဒေသ မှာနေတဲ. Ken Kersey ဆိုတဲ.သူ.ခင်ပွန်းအဘိုးကြီးနဲ.
အတူနေထိုင်တဲ.အသက် ၆၅ နှစ်ရှိ Mrs Sullivan ကသူမရဲ.ကြက်တူရွေးဘားနေးဟာသူ.ကိုယ်
သူအထင်တော်တော်ကြီးနေတယ်လို.လည်းဝန်ခံပြောကြားသွားပါတယ်။
သူမကဘားနေးဟာအင်မတန်မောက်မာစီးပိုးတဲ.ငှက်ပါ။သူကကျွန်မစကားပြောနေယင်တောင်ပြန်ပြော
တတ်ပြီးဆဲလဲဆဲတတ်တယ်။နဲနဲလဲရိုင်းတယ်ပေါ.လို.ဆိုပါတယ်။
သူကကျွန်မအသံနဲ.တူအောင်ပြောတတ်ဖို.အမြဲတမ်းကြိုးစားလေ.လာနေပုံရတယ်။ဒါကြောင်.လဲသူ.ကို
စပြီးဝယ်လာတဲ.နေ.ကစပြီးတစ်နေ.တစ်ခြားပိုပိုတတ်လာတာပါ။
သူကသူ.ကိုယ်သူကျွန်မရဲ.အချစ်ဆုံးအိမ်မွေးတိရိစ္ဆာန်လို.အသေအချာသူ.ကိုယ်သူထင်နေတာပါ။ဒါ
ပေမယ်.သူဟာကျွန်မရဲ.အချစ်ဆုံးမဟုတ်ပါဘူး။ဒါကိုလည်းသူသိအောင်ပြောလို.မဖြစ်ဘူးရှင်.လို.အဖွား
ကြီးကဆိုပါတယ်။
ထိုအဖိုးကြီးနှင်.အဖွားကြီးမှာ ၁၂ နှစ်အရွယ်ရှိအယ်ဇေးရှင်းမျိုးစပ် Harry ၊  ၃ နှစ်အရွယ်ရှိတယ်ရီယာ
မျိုး Tilly နှင်.သား   ၈ လအရွယ်ရှိ Bluey ဆိုပြီးခွေးသုံးကောင်ရှိပါတယ်။
မြေး ၇ ယောက်တို.ရဲ.ဘွားဘွားဖြစ်တဲ. Mrs Sullivan ဟာ ဘားနေးကိုငယ်ရွယ်စဉ် ၁၉၉၈ ခုနှစ်မှာ
ဝယ်ခဲ.တာဖြစ်ပါတယ်။အဲဒီအချိန်ကတည်းကစလို.သူဟာအဖွားကြီးရဲ.အသံနဲ.လေယူလေသိမ်းကို
တုပနေခဲ.တာဖြစ်ပါတယ်။
သူသဘောအကျဆုံးအလုပ်ကတော. shadow ဆိုတဲ.ကြောင်ကိုအမည်တပ်ခေါ်လေ.ရှိပြီးအဲဒီကြောင်
ကသူခိုင်းတဲ.အတိုင်းလိုက်လုပ်ပြီးသူ.လှောင်အိမ်အပေါ်မှာထိုင်နေတတ်ပါတယ်။အဲဒါဆိုယင်ဘားနေး
ကကြောင်ကိုချီးမွမ်းလိုက်တတ်ပါသေးတယ်။
 Mr Sullivan ကပြောရာမှာဒီကောင်ကအမြဲတန်းပဲ ” ဒီကိုလာဦး၊ကဲပါကွာ၊သိပ်တော်တဲ.ခွေးပဲ ” စသည်
ဖြင်.ခွေးတွေကိုပြောတတ်ပြီးတစ်ခြားတိရိစ္ဆာန်တွေကိုလည်းအဘွားကြီးလေသံနဲ.ခိုင်းနေတတ်တယ်လို.
ဆိုပါတယ်။
တစ်ကယ်.ကိုဆန်းတာပါဗျာ။ခွေးတွေများသူခေါ်လို.လှောင်အိမ်အနားရောက်လာသလိုလိုနဲ.တစ်
ကယ်.အဘွားကြီးလေသံနဲ.တစ်ထေရာထဲပြောတာလို.ဆိုပါတယ်။
တစ်ခြားကောင်တွေကလည်းသူပြောနေတာကိုအဘွားကြီးလို.ထင်နေကြတာ၊အဲဒါနဲ.သူကလည်းအမိန်.
ပေးပြီးဟိုဟာခိုင်းလိုက်ဒီဟာခိုင်းလိုက်ကိုသဘောကျနေတာ။အထူးအဆန်းပါပဲ။ဒီကောင်ကတစ်ခြား
ဘယ်ကောင်.ကိုမှမကြောက်မရွံ.တော.တာလို.အဘိုးကြီးကပြောပြပါတယ်။
ဧကန္တအရင်ဘ၀ကလူပေါ်လူဇော်လုပ်နည်းစာအုပ်ဖတ်ခဲ.ဖူးတယ်ထင်တယ်။
Barney, an African Grey Parrot, calls Margaret Sullivan's three dogs – Harry, Tilly and Bluey – by name.
The bird, 10, squawks out orders like "come here" and even offers praise to his favourites such as "good dog".
Mrs Sullivan, 65, who lives in Tredworth, Gloucestershire, with partner Ken Kersey, 62, admitted that Barney has a "very high opinion of himself".
She said: "Barney's a really bossy parrot. He even chats back at me and swears when I'm talking sometimes – he's so cheeky.
"He's always tried to learn how to speak in my voice but he has got better and better at it ever since I bought him.
"Barney's got a really high opinion of himself and he certainly likes to think he's my favourite out of the pets. He's not – but I would never tell him that."
Mr and Mrs Sullivan own three dogs, Alsatian-Collie cross Harry, 12, Cairn terrier Tilly, three, and her son Bluey, eight-months.
Mrs Sullivan, a grandmother-of-seven, bought Barney as a young parrot in 1998 and he has been perfecting her voice and accent ever since.
His favourite games is calling out to a cat named Shadow. He then praises him when he does as he is told and sits on top of Barney's cage.
Mr Sullivan said: "He always says 'come here', 'come on' and 'good dog' to the pets and gives out orders to all the animals in Margaret's voice.
"It's uncanny. He mimics her perfectly and when the dogs come over to the cage as if they are following his orders.
"The animals all think he's Margaret when he speaks. He loves ordering them around and commanding them – it's very surprising. He's not frightened or scared of them at all."
Buddhist monk 'confesses' to rape of British tourist
Friday, January 16, 2009
A Buddhist monk has been arrested for allegedly raping a British tourist in Cambodia
ကမ္ဗောဒီယားကဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဗြိတိသျှတိုးရစ်တစ်ယောက်ကိုမုဒိန်းကျင်.မှုဖြင်.အဖမ်းခံရ
20 Nov 2008
တစ်ခြားဘာသာဝင်တွေရဲ.အပြစ်တွေကိုပဲတင်နေတယ်လို.မထင်ရအောင်ဒီတစ်ပတ်တော.ဗုဒ္ဓုဘာ
သာဝင်တွေရဲ.အကြောင်းလဲရေးပါဦးမယ်။
ကမ္ဗောဒီးယားနိုင်ငံမှာအသက်၁၇ နှစ်ရှိဗုဒ္ဓဘာသာကိုရင်ကြီး(ရဟန်းဖြစ်ဖို.အသက်မပြည်.သေးလို.
ကိုရင်ကြီးပဲခေါ်ရတာပါ။နိုင်ငံခြားသားများကတော.သိကြမည်မဟုတ်ပါ။)တစ်ပါး ရဲ.အဓမ္မပြုကျင်.
ခြင်းကိုခံခဲ.ရတာကိုတိုင်ကြားသတင်းပို.ဖို.ရစခန်းကိုရောက်လာတဲ. အသက်၃၉ နှစ်ရှိဗြိတိန်လူမျိုး
အမျိုးသမီးဟာကြောက်ရွံ.လို.တုန်လှုပ်ချောက်ခြားလို.နေပါတယ်လို.ရဲတပ်ဖွဲ.ရဲ.အဆိုအရသိရှိရ
ပါတယ်။ကိုရင်ကြီး Thorn Sophpan ကလည်းထိုပြစ်မှုကိုဝန်ခံခဲ.ပြီးသူ.ကိုချက်ချင်းဖမ်းပြီးလူဝတ်
 လဲလိုက်ပါတယ်လို.ရဲအဖွဲ.ကဆက်ပြောပါတယ်။
ကိုရင်ကြီးဟာထိုအမျိုးသမီးကို Phnom Sam Pov တောင်ထိပ်ပေါ်ရှိသဘာဝလှိုင်ဂူတွေကိုလိုက်လံ
ပြသနေစဉ်မှာအဓမ္မပြုကျင်.ခဲ.တယ်လို.မြို.နယ်ရဲမှူး Mey Chhengly က ဆိုပါတယ်။
ထိုအမျိုးသမီးအနေနဲ.ကိုရင်ကြီးကိုလိုက်လံပြပေးဖို.မဖိတ်ခေါ်ပဲငြင်းဆန်ခဲ.ပေမယ်.ထိုကိုရင်ကအတင်း
လိုက်လာခဲ.တာလို.ဆိုပါတယ်။ထိုအဓမ္မပြုကျင်.မှုဟာကမ္ဗောဒီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ
Battambang ပြည်နယ်မှာဖြစ်ပွားခဲ.တာပါ။
သူမကိုအဓမ္မလည်းကျင်.၊လက်ကိုင်မိုဘိုင်းလ်ဖုန်း၊ကင်မရာနဲ.ပိုက်ဆံတွေပါလုယက်ခိုးယူသွားတဲ.ကိုရင်
ကိုပြန်လည်ခုခံတိုက်ခိုက်လို.ညာဘက်ခြေထောက်ပါထိခိုက်ဒဏ်ရာရသွားပါတယ်။
ကမ္ဗောဒီးယားနိုင်ငံမှာတော.ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာအမျိုးသမီးတွေကိုမဖွယ်မရာပြုမှုတွေနဲ.မ
ကြာခဏစွပ်စွဲပြောဆိုခံနေရပါတယ်။
ယ္ခုသီတင်းပတ်အတွင်းမှာပဲတစ်ခြားဘုန်းကြီးနှစ်ပါးဟာလဲစာသင်ကျောင်းအခန်းတွင်းမှာဆယ်ကျော်
သက်မိန်းကလေးနှစ်ယောက်ကိုအဓမ္မပြုကျင်.မှုနဲ.အဖမ်းခံခဲ.ကြရပါတယ်။
လွန်ခဲ.တဲ.နှစ်ဇန်န၀ါရီလမှာတော.ဘုန်းကြီးတစ်ပါးဟာကမ္ဗောဒီယားနိုင်ငံကနာမည်ကျော်အန်ကော
ဝပ်ကျောင်းဝန်းထဲမှာအသက် ၈ နှစ်သာရှိသေးတဲ.ပြင်သစ်လူမျိုးကလေးမကလေးကိုမဖွယ်မရာပြု
လုပ်မှုနဲ.အဖမ်းခံခဲရပြန်ပါတယ်။သြဂုတ်လမှာတော.အသက် ၁၀ နှစ်ရှိကလေးမတစ်ဦးကိုအဓမ္မပြု
ကျင်.ပြီးသတ်ဖြတ်မှုဖြင်.ဘုန်းကြီးတစ်ပါးကိုဖမ်းဆီးလူဝတ်လဲခဲ.ရပါတယ်။
သင်္ကန်းဝတ်ဘုန်းကြီးအတုအယောက်တွေဟာလူတွေဆီကအလှူငွေ၊ပစ္စည်းတွေကိုလှည်.ပတ်
လိမ်လည်ကောက်ခံခြင်.သူတော်ကောင်းယောက်ဆောင်၍ဓါးပြမှမှုတွေကိုလည်းကျူးလွန်နေကြ
ပါတယ်။
ဗုဒ္ဓဘာသာဟာရဟန်းတော်တွေကိုကိုယ်နှုတ်နှလုံးသုံးပါစလုံးဖြူစင်သန်.ရှင်းအောင်သွန်သင်ပြသ
ပေးတဲ.ဘာသာဖြစ်ပါတယ်။အခုလိုပြစ်မှုတွေကျူးလွန်နေကြတာ.ကိုးကွယ်ရာဘာသာတရားကိုထိ
ခိုက်တာပေါ.။ဒါကြောင်.ဒီလိုရဟန်းအတုအယောင်တွေကိုဖမ်းဆီးလူဝတ်လဲပြစ်ဖို.လိုအပ်တယ်လို.
ကမ္ဗောဒီးယားနိုင်ငံမဟာနိကာယသံဃဂိုဏ်းဥသျှောင် Nun Nget ကပြောဆိုမိန်.ကြားခဲ.ပါတယ်။
အဆိုပါအဓမ္မပြုကျင်.တဲ.ကိုရင်ကြီး Thorn Spphoan  ဟာသာသနာ.ဘောင်ကိုဝင်ရောက်တာရက်
ပိုင်းလပိုင်းပဲရှိပါသေးတယ်တဲ.။ကမ္ဗောဒီယားနိုင်ငံမှာလည်းလူငယ်တွေဟာမိဘကျေးဇူးသိတတ်တဲ.
အနေနဲ.၎င်း၊ဗုဒ္ဓဘာသာကိုလေ.လာချင်လျှင်သော်လည်းကောင်းတစ်သက်လုံးမဟုတ်ပဲခဏတာမျှ
ဒုလ္လဘရဟန်းဝတ်၊ကိုရင်ဝတ်လေ.ရှိကြပါတယ်တဲ.ခင်ဗျား။ကျွန်တော်တို.နိုင်ငံမှာလိုပေါ.လေ။
According to police the 39-year-old victim was trembling with fear when she reached the police station to report the attack on Tuesday afternoon. The monk, 17-year-old Thorn Sophoan, was immediately arrested and defrocked. Police said that he has confessed to the crime.
"While the monk was guiding the British woman to see caves on the top of Phnom Sam Pov mountain, he raped her," the local police chief Mey Chhengly said.
The victim reportedly told the monk that she did not want a guide but he insisted on following her anyway. The attack took place in Battambang province in the north west of Cambodia.
The victim's right leg was injured as she attempted to fight off her attacker, who also stole her money, camera and mobile telephone.
Buddhist monks in Cambodia are frequently accused of sexual assaults.
This week two other monks were arrested for allegedly raping two teenagers in a school classroom.
In January a monk was arrested for allegedly molesting an 8-year-old French girl at the famous Angkor ruins and in August a monk was arrested and defrocked after being accused of the rape and murder of a 10-year-old child.
There is also a problem with fake monks, who police say deceive the public into giving alms or disguise themselves as holy men before committing crimes such as armed robbery.
"Buddhism educates monks to have physical, verbal and mental purity," said Nun Nget, supreme patriarch of the Mohanikaya Buddhist sect in Cambodia. "[Such crimes] heavily affect our religion, which is why it is necessary to defrock bad monks."
Thorn Sophoan had been a monk for only a few days month before he was arrested. Many young Cambodians become monks for short periods of time without necessarily devoting their lives to the clergy. They could be briefly ordained to show gratitude to their parents, honour a dead relative, or study Buddhism.
မာတင်္ဂထုံးနှလုံးမူတဲ.သူ ၊Man holds vigil to win back nun
Friday, January 9, 2009
Man holds vigil to win back nun
သူ.ချစ်သူကသူ.ကိုပစ်ပြီးသီလရှင်ဝတ်သွားခြင်းခံရတဲ.အီတလီနိုင်ငံသားတစ်ယောက်ကတော.ထို
မိန်းကလေးသီလရှင်ဝတ်ရာကျောင်းရှေ.မှာချစ်သူပြန်လာဖို.အရေးမာတင်္ဂထုံးနှလုံးမူပြီးဇွဲကောင်း
ကောင်းနဲ.စောင်.နေပါတယ်။
အသဲကွဲခဲ.ရတဲ.အသက် ၂၁ နှစ်ရှိ ဒယ်နီရယ်ဘရီယာတိုရီ ဆိုတဲ.လူငယ်ကသီလရှင်ဝတ်သွားတဲ.
သူနဲ.အသက်တူချစ်သူမိန်းကလေး ပက်ထရီဇီယာ သူ.နောက်ပြန်လိုက်မလာမချင်းအဲဒီသီလရှင်
ကျောင်းရှေ.မှာပဲနေတော.မယ်လို.ဒေးလီးလ်တယ်လီဂရပ်သတင်းစာမှာဖော်ပြထားပါတယ်။
သူဟာ Alassio ဆိုတဲ.အီတလီမြစ်ကမ်းနဘေးမြို.ကလေးကနေမိုင်ပေါင်း ၃၀၀ ကျော်ဝေးတဲ.
ရောမမြို.တောင်ပိုင်း( ဒဂုံတောင်မဟုတ်ပါ။) က Montecassino Abbey ဆိုတဲ.ကောင်မလေးရှိ
တဲ.ကျောင်းကိုလာခဲ.ရတာပါ။
သူ.ချစ်သူ ပက်ထရီဇီယကသူ.နဲ.တွေ.ဆုံဖို.ငြင်းဆန်တော. သူက " ကိုယ်မင်းကိုပြန်မခေါ်သွား
ချင်ပါဘူး။မင်းကိုချစ်လို.၊မင်းနဲ.စကားပြောချင်တာပါ " လို.စာတန်းလေးရေးပြီးကျောင်းနံရံမှာကပ်
ထားခဲ.ပါတယ်။( ဒီလိုလေးလဲဖိန်.ရတာပေါ.လေ )
သူလရှင်ဆရာကြီးများကအဲဒီပိုစတာလေးကိုဖြုတ်ချလိုက်တော.သူကသူ.အနေနဲ.သူ.ချစ်သူပြန်
လိုက်လာဖို.ဆိုယင်ဘာပဲလုပ်ရလုပ်ရလုပ်ပါ.မယ်တဲ.လေ။သူ.ကိုလည်းအဲဒီကျောင်းနားတစ်ဝိုက်
ကလူတွေက၀ိုင်းပြီးအားပေးထောက်ခံနေကြတယ်တဲ.။
အီတလီနိုင်ငံကသတင်းစာတွေမှာတော.သူတို.နှစ်ယောက်ဟာငယ်စဉ်ဆယ်ကျော်သက်အရွယ်
ကတည်းကရင်းနှီးကျွမ်းဝင်ခဲ.ကြပြီးချစ်သူတွေအဖြစ်နှစ်တော်တော်ကြာရှိခဲ.ကြတယ်။ပက်ထရီဇီ
ယာကသူမမိသားစုကို ဒယ်နီယယ်နဲ.ခွဲပြီးသီလရှင်သွားဝတ်တော.မယ်လို.ပြောတဲ.အချိန်အထိ
ပါပဲတဲ.။
ထိုကျောင်းမှတယ်လီဖုံးဖြင်.ဆက်သွယ်လို.ရတဲ.သီလရှင်တစ်ပါးကတော.ဆရာလေးအနေနဲ.သူ
လျှောက်ချင်တဲ.လမ်းကိုရွေးခဲ.ပြီးပြီမို.နောက်ပြန်လှည်.ဖို.မရှိတော.ပါဘူးလို.ဖြေပါတယ်။ဒယ်နီရယ်
အနေနဲ.လဲဒီကျောင်းရှေ.မှာနေဖို.မရှိတော.ပါဘူးလို.ဆိုပါတယ်။
ပက်ထရီဇီယာ လဲဒီကျောင်းမှာအခုရှိမနေပါဘူး။တစ်ခြားကိုဘုရားဖူးသွားနေပါတယ်။သူမဟာ
ဒီသတင်းပတ်အကုန်မှာမှပြန်ရောက်မှာပါ။ဆရာလေးတို.အနေနဲ.အခုလို.လူသိရှင်ကြားဖြစ်နေတာ
တွေကိုဖယ်ရှားစေချင်ပါတယ်လို.အဆိုပါသီလရှင်ကဆိုပါတယ်။
ကောင်လေးရေးတဲ.ပိုစတာကိုဖယ်ရှားပစ်ခဲ.ပေမယ်အခုတော.ဒီနေရာတစ်ခုလုံးရုပ်သံလွှင်.သတင်း
ထောက်တွေ၊ဓါတ်ပုံသတင်းထောက်တွေနဲ.ပြည်.နေပါပြီ၊ကျောင်းဝင်းကနေအပြင်ကိုထွက်ဖို.ကြိုးစား
တာတောင်သတင်းယူသူတွေရဲ.မိုက်ကရိုဖုံးတွေ၊ကင်မရာတွေနဲ.၀ိုင်းနေတာမို.ထွက်ဖို.အခွင်.မသာ
ပါဘူးလို.ဆိုပါတယ်။
Netlog လို.ခေါ်တဲ.အွန်လိုင်ဆိုက်ဒ်တစ်ခုကအဖွဲ.၀င်ဖြစ်တဲ.ဒယ်နီရယ်ကတော.သူ.ကိုယ်သူ Brave-
heart 86 လို. nick name ပေးထားပြီးဘောလုံးဝါသနာပါသူအမျိုးသားတစ်ယောက်လို.ဖော်ပြထား
ပါတယ်တဲ.ခင်ဗျာ။
         ( ကြိတ်သာကြိတ်ကိုယ်.လူရေ၊ဘုရားအလောင်းမာတင်္ဂကတော.ဒီနည်းနဲ.ဇွဲဆုရသွားတာပဲ။)
An Italian man whose girlfriend left him to become a nun is holding a vigil outside her convent.
Heartbroken Daniel Briatore, 21, has vowed to remain camped outside the convent in a bid to win back Patrizia Masoero, also 21, reports the Daily Telegraph.
He travelled 300 miles from their hometown of Alassio on the Italian Riviera to the Franciscan convent at Montecassino Abbey, south of Rome.
When Patrizia refused to see him he put up a banner on the convent walls reading:"I didn't want to take you away, just talk to you, because I love you."
The nuns immediately took the banner down but Daniel has said he will do "whatever it takes" to get her back, boosted by local villagers who are all said to be backing him.
Italian media reports said the two had known each other since they were teenagers and had been together for several years until Patrizia told her family she was leaving Daniel to become a nun.
A nun who answered the telephone at the convent said:"Our sister has chosen the path she wants, there is no point in him staying here.
"At the moment she isn't even here, she is in Rome on a pilgrimage with her fellow sisters and is due back here at the convent this weekend - we just want all this attention to go away.
"We took the banner down but now the whole place is swarming with TV crews and photographers when I tried to leave the convent it was impossible because i had microphones and cameras pushed into me."
In his entry on Italian social network site Netlog, Daniel calls himself Braveheart 86 and describes himself as a "heterosexual lifeguard who enjoys football".