Cat banned from visiting Buddhist bank robber in jail

Thursday, November 5, 2009
အရင်ဘ၀ကတော်စပ်ခဲ့ တဲ့ သားဖြစ်သူထံထောင်ဝင်စာတွေ့ ဖို့ ငြင်းပယ်ခံရတဲ့ ကြောင်....




လူဝင်စားကြောင်ဆိုပဲ....





ထောင်ကျနေတဲ့  ဗုဒ္ဓဘာသာဝင် ဘဏ်ဓါးပြတစ်ဦးရဲ့  သူ၏အချစ်တော်ကြောင်ကလေးကို
ထောင်ဝင်စာလာတွေ့ နိုင်စေဖို့ တောင်းဆိုချက်ကို တရားရုံးကပယ်ဖျက်ငြင်းဆိုခြင်းခံခဲ့ ရ
တယ်လို့ ဆိုပါတယ်....အဆိုပါကြောင်ကလေးဟာ သူ့ ရဲ့ မိခင်သေလို့ ပြန်ဝင်စားတာဖြစ်လို့ 
သူ့ အနေနဲ့ တွေ့ ဆုံခွင့် တောင်းခဲ့ တာဖြစ်ပေမယ့် လည်း တရားရုံးကလက်မခံပဲ ငြင်းပယ်ခဲ့ 
တာဖြစ်ပါတယ်...
အသက် ၄၆ နှစ်ရှိ Peter Keonig ဟာ ဂျာမနီနိုင်ငံ၊ Werl မြို့ မှာ ဘဏ်တစ်ခုကိုဓါးပြတိုက်ခဲ့ လို့ 
ထောင်ဒါဏ် ငါးနှစ်ကျခံနေရတာဖြစ်ပါတယ်...

သူဟာ ယခုသီတင်းပတ်မှာ တရားရုံးကိုသွားရောက်ခဲ့ ပြီး သူ့ ရဲ့ ကြောင်မလေး Gisela ကိုသူ့ 
ဆီကို လာရောက်လည်ပတ်ခွင့် ပြုဖို့ အခွင့် ရှိကြောင်း ၊ ဘာဖြစ်လို့ လည်းဆိုတော့ အဲဒီကြောင်
မကလေးဟာသေဆုံးသွားခဲ့ တဲ့ သူ့ ရဲ့ မိခင်ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်လို့ တောင်းဆိုခဲ့ 
တာပါ...

ဗုဒ္ဓဘာသာဝင်တွေဟာ လူတွေသေဆုံးပြီးသွားယင် တိရိစ္ဆာန်တွေအဖြစ် ပြန်လည်ဝင်စား တတ်
တယ်လို့ ယုံကြည်တတ်ကြပါတယ်...( ဒါကတော့ မူရင်းသတင်းမှာပါတာပါ...)

” ဒီကြောင်ဟာ ကျွန်တော့် အမေဆိုတာကျွန်တော်သိပါတယ်...အမေကကျွန်တော့် ကိုဂရုတစ်
စိုက်ရှိသလိုကို သူကကျွန်တော့် ကိုဂရုစိုက်ပါတယ်...ကျွန်တော်ဟာ တစ်ခြားထောင်ကျအကျဉ်း
သားတွေ သူတို့ ရဲ့ ဇနီး၊ သားသမီးတွေနဲ့ တွေ့ ဆုံခွင့် ရှိသလို ကျွန်တော့် ကြောင်မလေးနဲ့ တွေ့ 
ဆုံခွင့် ရလိုပါတယ်....” လို့ သူကဆိုပါတယ်...


” တရားရုံးတော်အနေနဲ့  လူသားတစ်ဦးချင်းစီရဲ့ ဘာသာရေးဆိုင်ရာကိုးကွယ် ယုံကြည်မှုကို လေး
စားပါတယ်...သို့ သော် တရားခံအနေဖြင့် ကွယ်လွန်သွားတဲ့ သူ့ ရဲ့ မိခင်ဖြစ်သူဟာ ဒီကြောင်မ
လေးအဖြစ် ပြန်လည်မွေးဖွားလာတယ်ဆိုတာကို သက်သေမပြနိုင်ခဲ့ ပါဘူး...ဒါကြောင့် သူ့ ရဲ့ ဒီ
ကြောင်မလေး သူ့ ဆီထောင်ဝင်စာလာတွေ့ ဖို့ တောင်းဆိုချက်ကိုငြင်းပယ်ရခြင်းဖြစ်ပါတယ်...”
လို့ တရားရုံးကဆိုပါတယ်...

ဒါပေမယ့် တရားရုံးကတော့ သူဟာ ကြောင်မလေးဆီကို ထောင်ထဲကနေ စာရေးပြီးဆက်သွယ်
နိုင်တယ်လို့ ဆိုခဲ့ ကြောင်းပါခင်ဗျာ....
သြော်...ဂျာမနီကကြောင်က စာဖတ်တတ်တယ်နဲ့ တူတယ်ဗျာ .....



မူရင်းကတော့ ဒီလိုပါတဲ့ ....
A Buddhist bank robber has had his request for his cat to have visiting rights to him in jail turned down by a court – despite his plea that it is the reincarnation of his mother.
Peter Keonig, 46, is serving five-years for armed robberies in Werl, Germany.

He went to court this week demanding the right for his cat Gisela to be allowed to visit him in jail "because she is my dead mum".
Buddhists believe that people come back as other animals after death. He said: "I know it is mummy. She looks after me just the way she did. I need to see her like other prisoners see their wives and children."

But the court turned him down. "While we respect the religious freedom of individuals, the accused has not been able to furnish proof that his deceased mother has been reborn in a cat. Therefore, the request for visiting rights for the feline is rejected."

The court did say he would be allowed to write to the cat.

1 comments:

သားကြီး said...

တော်တော်လာတဲ့တရားရုံးပဲ
ကြောင်ဆီစာပို့ခိုင်းတယ်
ဒွတ်ခ