New York girl handcuffed and arrested for doodling on her desk
Saturday, February 6, 2010
ခုံပေါ်မှာလျှောက်မရေးနဲ့ ရဲဖမ်းလိမ့် မယ်...
အမေရိကန်နိုင်ငံမှ အသက် ၁၂ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသူလေးတစ်ဦးကိုစာသင်ချိန်
အတွင်း သူမ၏စာသင်ခုံစားပွဲပေါ်တွင် မာ့ ကာဘောပင်ဖြင့် ရေးခြစ်ခဲ့ မှုဖြင့် ရဲများက လက်ထိပ်
ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြပါတယ်...
Forest Hills မှာ ရှိတဲ့  Junior High School 190 မှာ ပညာသင်ကြားနေတဲ့ အဲလီဇာဂွန်ဇာလက်ဇ်
အမည်ရှိကလေးမလေးဟာ လွန်ခဲ့ တဲ့ တနင်္လာနေ့ က သူမအတန်းရဲ့ စပိန်ဘာသာ ဆရာရဲ့ သင်ခန်း
စာ၊အိမ်စာတွေပြီးစီးအောင်စောင့် ဆိုင်းနေတုံး သူမရဲ့ စာပွဲပေါ်မှာ စကားလုံးအနည်းငယ် အပြင်းပြေ
ရေးခြစ်ခဲ့ ပါတယ်လို့  ဆိုပါတယ်...
” သူငယ်ချင်း အက်ဘီနဲ့ ဖေ့ သ် ကို ချစ်ပါတယ်....” ” လက်ဇ် ကတော့ ဒီမှာလေ...၂/ ၁ / ၁၀ ” အ
စရှိတဲ့ စကားလုံးတွေရေးပြီး ပြုံးနေတဲ့ မျက်နှာပုံစံလေးတစ်ခုကိုလည်း ဆွဲခဲ့ တာဖြစ်ပါတယ်....
ဖြစ်ချင်တော့ စာသင်ချိန်ပြီးတော့ အစိမ်းရောင် ရေစိုမာကာပင် နဲ့ အခုလိုတောင်ချစ်မြောက်ချစ်
လုပ်ထားတာလေးကို ပြန်မဖျက်ခဲ့ မိတဲ့ အဲလီဇာ လေးဟာ တစ်ကယ့် ပြစ်မှုကျူးလွန်သူတစ်ယောက်
ကဲ့ သို့ ဒုက္ခရောက်ခဲ့ ရပါတော့ တယ်...
တောင်ခြစ်မြောက်ဖြစ်ရေးမိလို့ အဖမ်းခံရသလားကွယ်...
မင်းကလေးလည်းနာမည်ကြီးဦးမှာပါပဲ...
သူမကို လက်ထိပ်ခဲ့ ကာ ကျောင်းဝင်းထဲကနေဖြတ်ပြီး လမ်းပေါ်ကိုလမ်းလျှောက်စေပြီးခေါ်သွား
ကာနာရီအတော်ကြာထိမ်းသိမ်းထားခဲ့ ပါတယ်လို့  သူမရဲ့ မိခင်ကပြောခဲ့ ပါတယ်...
”ကျွန်မဖြင့် အပြင်းအထန်ငိုခဲ့ ရတာပါပဲ... အလွယ်တစ်ကူဖျက်လို့ ရတဲ့ စာလေးတစ်ခုနှစ်ခုလောက်
ရေးခြစ်မိခဲ့ တာပါ...အဲဒီအတွက်လေးနဲ့ လက်ထိပ်ခတ်ရတယ်ဆိုတာကတော့ တစ်ကယ့် ကို မလို
အပ်ခဲ့ ပါဘူး...” လို့ သူမက ဆိုခဲ့ ပါတယ်...
ကျောင်းမှတ်တမ်းမှာ ထူးချွန်ထက်မြက်တဲ့ သူအဖြစ်ထင်ရှားတဲ့ အဲလီဇာဟာ အဲဒီကတည်းကစပြီး
ကျောင်းကိုမလာတော့ ပါးဘူး....
သူမက ” ကျွန်မတော့ အထိန်းသိမ်းခံရ၊ အချူပ်ခံရတော့ မှာပဲလို့ ထင်ခဲ့ မိတာပါ...စားပွဲခုံပေါ်က
ရေးခြစ်ခဲ့ တာကိုလည်းပြန်ဖျက်ခဲ့ သင့် ပါတယ်...” လို့ သူမကပြောကြားခဲ့ ပါတယ်...
မြို့ တော်ရဲ့ တာဝန်ရှိသူများကတော့ အဲလီဇာကိုဖမ်းဆီးခဲ့ မှုဟာ မှားယွင်းမှုတစ်ခုဖြစ်ပါတယ်လို့ ဝန်
ခံအသိအမှတ်ပြုခဲ့ ကြပါတယ်...အခုတော့ ကျွန်တော်တို့ ဒီကိစ္စကို စစ်ဆေးနေကြပါတယ် လို့ မြို့ နယ်
ပညာရေးဌာနရဲ့ ပြောဆိုခွင့် ရပုဂ္ဂိုလ် ဒေးဗစ်ကန်တာ ကပြောကြားခဲ့ ပါတယ်...
အခုအထိတွေ့ ရှိခဲ့ ရသမျှတော့ အခုအဖြစ်အပျက်ဟာ မဖြစ်သင့် ခဲ့ ပါဘူး လို့ သူကဆက်ပြောခဲ့ 
ပါသေးတယ်...
ကိုပီတာငယ်စဉ်အလယ်တန်းတုံးကလည်း အဲဒီလိုဖြစ်ခဲ့ ဖူးပါသေးတယ်...
အဲဒီတုံးက လူငယ်ဘာဝ ဆရာမ မလာခင်စားပွဲခုံပေါ်မှာ ဒုံးပျံပုံလေးဆွဲမိတာပါ....
ကိုယ်ကမြေဖြူနဲ့ ဒုံးပျံပုံပဲဆွဲပြီးမဖျက်ပဲပြန်သွားတာ...နောက်သူငယ်ချင်းတစ်ယေက်က
ဒုံးပျံနဲ့ အလားတူ ယောကျာင်္းလေးရဲ့ မဖွယ်မရာပုံရေးဆွဲခဲ့ တော့ နောက်နေ့ မနက်အတန်းပိုင်
ဆရာမရောက်တော့ ပြဿနာလည်းဖြစ်ရော ကျောင်းသားတွေက ပီတာဆွဲခဲ့ တာပဲမြင်လို့ အ
ချောင်တရားခံဖြစ်ခဲ့ ရပြီး အတန်းရှေ့ ထွက်ကာ ဆရာမရဲ့ အပြင်းအထန် အပြစ်တင်ပြောဆိုအပြစ်
ပေးတာခံခဲ့ ရပါတယ်...( ဘာမဆိုင်ညာမဆိုင် တရားခံဖြစ်ခံရတာ ငယ်ကတည်းကဗျ...ဟဲဟဲ...)
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...
အဲဒီတုံးက ကျွန်တော်လည်း ဒီကလေးမလေးအသက်နဲ့ အတူတူပါပဲ...
ကံကောင်းလို့ ရဲဖမ်းမခံရတာနော်....
လုံခြုံရေးအကြောင်းပြပြီးအစစအရာရာတင်းကြပ်နေတဲ့ အမေရိကားလည်း နေ၇တာသိပ်တော့
လွယ်မယ်မထင်ပါဘူး...
မူရင်းသတင်းပါ...
A 12-year-old Queens girl was hauled out of school in handcuffs for an artless offence - doodling her name on her desk in erasable marker.
Alexa Gonzalez was scribbling a few words on her desk on Monday while waiting for her Spanish teacher to pass out homework at Junior High School 190 in Forest Hills, she said.
"I love my friends Abby and Faith," the girl wrote, adding the phrases "Lex was here. 2/1/10" and a smiley face. But instead of simply cleaning off the doodles after class, Alexa landed in some adult-sized trouble for using her lime-green magic marker.
She was led out of school in cuffs and walked to the precinct across the street, where she was detained for several hours, she and her mother said.
"I started crying, like, a lot," said Alexa. "I made two little doodles. ... It could be easily erased. To put handcuffs on me is unnecessary." Alexa, who had a stellar attendance record, hasn't been back to school since, adding, "I just thought I'd get a detention. I thought maybe I would have to clean [the desk]."
City officials acknowledged Alexa's arrest was a mistake. "We're looking at the facts," said City Education Department spokesman David Cantor. "Based on what we've seen so far, this shouldn't have happened."
The battery's dead: Scientists invent wafer-thin plastic that can store electricity
နေရစ်ခဲ့ တော့ ဓါတ်ခဲများ....
ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များက လျှပ်စစ်ဓါတ်အားများထည့် သွင်းသိုလှောင်ကာ၊ ပြန်လည်
အားသွင်းနိုင်သည့် ပလတ်စတစ် အပြားတစ်မျိုးတီထွင်ထုတ်လုပ်ဖန်တီးနိုင်ခဲ့ ပြီဟု ကြေငြာလိုက်
သည့် အတွက် မျိုးဆက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာသုံးစွဲခဲ့ ကြရသော သမားရိုးကျ ဓါတ်ခဲများ
အသုံးပြုစရာမလိုတော့ ပဲ အမှိုက်ပုံးထဲသို့ ရောက်ရှိတော့ မည်ဖြစ်ပြီး၊ လက်ရှိသုံးစွဲနေသော လက်
ကိုင်မိုဘိုင်းလ်ဖုံးများ၊ ကားများနှင့် နောက်ဆုံး ၀တ်ဆင်နေသောအ၀တ်အစား ဒီဇိုင်းများပါ နောင်
မကြာမီကာလများတွင် သိသိသာသာကြီးတိုးတက်ပြောင်းလဲလာတော့ မည်ဖြစ်သည်...
battery
 ဦးဆောင်တီထွင်သူ နာတာရှာ နှင့် သူမ၏အဖွဲ့ သားများရဲ့ တီထွင်မှုအစွမ်း...
Researcher Natasha Shirshova with her team's invention
ယခုကဲ့ သို့ လွန်စွာပါးလွှာသည့် ပလတ်စတစ် လျှပ်စစ်ဓါတ်ပြားများတီထွင်ထုတ်လုပ်နိုင်ခြင်းကြောင့် 
မိုဘိုင်းလ်ဖုံးများ၊ အိုင်ပေါ့ ဒ်များရဲ့ သုံးစွဲနိုင်တဲ့ လျှပ်စစ်ဓါတ်အားသက်တမ်းများ နှစ်ဆ တိုးလာမှာ
ဖြစ်ပြီး အရွယ်အစားအနေဖြင့် လည်း ခရက်ဒစ်ကတ်၊ ဘဏ်ကဒ် လောက်မျှသာ ပါးလွှာတော့ မှာ
ဖြစ်ပါတယ်...
အခုလို နည်းပညာအသစ်ကြောင့် နောင်ဆို ကွန်ပြူတာဖန်သားပြင်များပါ စက္ကူစ တစ်စလို ခွေ
လိပ်သိမ်းဆည်းပြီး သယ်ဆောင်သွားနိုင်လိမ့့်မှာဖြစ်ပါတယ်...
ပြီးတော့ လူတွေသွားလာလှုပ်ရှားနေယင် အလိုအလျောက်ဓါတ်အားသွင်းပေးနေပြီး၊ ရာသီဥတုအေး
မြလာတဲ့ အခါ အပူငွေ့ တွေထုတ်လွှတ်ပေးမယ့် လျှပ်စစ်အင်္ကျီအ၀တ်အစားများလည်း တီထွင်ဖန်
တီးနိုင်တော့ မှာဖြစ်ပါတယ်...
027.1ST.06.jpg
 ဒါကတော့ အဆိုပါ ပလတ်စတစ်ဓါတ်အားသိုလှောင်ပြား အလုပ်လုပ်ပုံရှင်းပြချက်ပါ...
အလိုအလျှောက်နွေးထွေးစေမယ့် နွေးထည်အင်္ကျီပါးပါးလေးတွေနဲ့ 
စက္ကူတစ်ရွက်လောက်သာပါးလှပ်မယ့် လျှပ်စစ်ဒစ်ဂျစ်တယ်စာအုပ်
တွေပါ ပေါ်ထွက်လာပါလိမ့် မယ်...
လန်ဒန်မြို့ Imperial ကောလိပ်၊ လေကြောင်းဆိုင်ဌာန မှ Dr Emile Greenhalgh က ယခုတီထွင်
လိုက်တဲ့ ပစ္စည်းဟာ ဓါတ်ခဲမဟုတ်ကြောင်း စွမ်းအားမြင့် လျှပ်စစ်သိုလှောင်ပြား ဖြစ်ပြီး သမားရိုးကျ
လျှပ်စစ်စီးပါတ်လမ်း လုပ်ဆောင်ပုံအတိုင်းဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်...
သူ့ အဖွဲ့ ၏ စမ်းသပ်ပုံစံတူပလတ်စတစ်လျှပ်စစ်ဓါတ်အားပြားဟာ ၅ လက်မ ပတ်လည်အရွယ်ရှိ
ပြီး ဝေဖာပြားကဲ့သို့ ပါးလွှာကာ သာမာန်လျှပ်စစ်အားသွင်းမှု ငါးစက္ကန့် မျှအချိန်ဖြင့် မီးချောင်းတစ်
ချောင်းကို မိနစ် ၂၀ ကြာမျှ လင်းစေနိုင်ပါတယ်...
ဗေါ်လ်ဗို ကားကုမ္ပဏီနှင့် ပေါင်စတာလင် ၃ သန်း ( ဒေါ်လာ ၄ သန်း ခွဲ ) ကုန်ကျမည့် အနာဂတ်
မျိုးဆက်သစ် လောင်စာဆီနှင့် လျှပ်စစ်ဓါတ်အားပူးတွဲသုံးကားများအတွက် သုတေသနပြုစီမံကိန်း
ပြုလုပ်နေသည့် Dr Greenhalgh က ” ယခုတီထွင်နိုင်ခဲ့ တဲ့ အကျိုးဆက်ကြောင့် နောင်အနာဂတ်
မှာ ထုတ်လုပ်မယ့် ကားများမှာသုံးစွဲမယ့် လျှပ်စစ်ဓါတ်အားကို ၎င်းကားများရဲ့ ခေါင်မိုး၊ သို့ မဟုတ်
ဘေးတံခါးများကပင် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်...”  ဟု ပြောကြားခဲ့ ပါသည်...
” ဒီလျှပ်ပြားရဲ့ အသုံးပြုနိုင်မှုဟာဒီတင်ရပ်မသွားသေးပါဘူး....ထူထဲကြီးမားတဲ့ ဓါတ်ခဲပြားများအသုံး
ပြုစရာမလိုတော့ တဲ့ အတွက် နောင်မိုဘိုင်းလ်ဖုံးများဟာ ဘဏ်ကဒ်တစ်ခုလိုပါးလွှာတော့ မှာဖြစ်ပြီး
ကိုယ်ပိုင်သုံးကွန်ပြူတာအသေးများမှာလည်း အလိုအလျောက်ဓါတ်အားသွင်းနိုင်မှာမို့  နာရီပေါင်းများ
စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်...” လို့ သူကဆက်ပြောပါတယ်...
အဆိုပါ ပလတ်စတစ်ဓါတ်ပြားဟာ သာမာန်ဓါတ်ခဲများထက်လွယ်ကူလျှင်မြန်စွာ အားသွင်းနိုင်၊ အသုံး
ပြုနိုင်သည့် အတွက် သုံးစွဲမှုသက်တမ်းလည်းပိုမိုကြာရှည်ခံမှာဖြစ်ပါတယ်...
သိပ္ပံပညာရှင်များက အဆိုပါလျှပ်စစ်ဓါတ်အားသိုလှောင်ပြားကို ဗော်လ်ဗိုကားရဲ့ အပိုဘီးတင်ဆောင်
တဲ့ သတ္တုပြားနေရာအကန့် မှာအစားထိုးအသုံးပြုဖို့ ကြံရွယ်ထားပါတယ်...
ဒါကြောင့် လက်ရှိဗော်လ်ဗိုကားမှာသုံးစွဲနေတဲ့ မျိုးဆက်သစ်လျှပ်စစ်ဘက်ထရီအိုးနေရာမှာအခု
တီထွင်လိုက်တဲ့ ပလတ်စတစ်ဓါတ်အားပြားများအသုံးပြုတော့ မှာမို့ အရွယ်အစားပိုမိုသေးငယ်
သွားမှာဖြစ်ပြီး ကားအလေးချိန်လည်းလျော့ ကျကာ ကားရဲ့ အသုံးပြုနိုင်မှုစွမ်းရည် ပိုမိုတိုးတက်
ကောင်းမွန်လာမှာဖြစ်ပါတယ်...
” ဒီလိုတီထွင်မှုမျိုးတစ်ခြားမည်သူမျှ မပြုလုပ်နိုင်သေးပါဘူး...နောင် ၁၀ နှစ်အတွင်းမှာ လက်ရှိ
အသုံးပြုနေတဲ့ ဘက်ထရီတွေအားလုံး ပြောင်းလဲသွားမှာဖြစ်ပါတယ်...” လို့  Dr Greenhalgh က
ပြောကြားခဲ့ ပါတယ်...
battery
နေရစ်ခဲ့ တော့ ခေတ်ဟောင်း ဓါတ်ခဲများ...
The new patented material from scientists at Imperial College could do away with the need for traditional batteries forever
တိုးတက်လာတဲ့ နည်းပညာများကတော့ အံ့ မခန်းပါပဲဗျာ...
အင်္ဂလိပ်လိုသတင်းလေးပါ....
The battery, which has powered our lives for generations, may soon be consigned to the dustbin of history.
British scientists say they have created a plastic that can store and release electricity, revolutionising the way we use phones, drive cars  -  and even wear clothes.
It means the cases of mobiles and iPods could soon double up as their power source  -  leading to gadgets as thin as credit cards. 
The technology could also lead to flexible computer screens that can be folded up and carried around like a piece of paper. 
And it could even be used to create 'electric clothes' that charge up as a person moves around and which slowly release heat when the weather gets cold. 
Dr Emile Greenhalgh, from Imperial College London's Department of Aeronautics, said the material is not really a battery, but a supercapacitor  -  similar to those found in typical electrical circuits. 
His team's prototype  -  which is around five inches square and wafer-thin  -  takes five seconds to charge from a normal power supply and can light an LED for 20 minutes.
Dr Greenhalgh, who is working with car company Volvo on a three-year, £3million project to use the material in hybrid petrol-electric cars, said: 'We think the car of the future could be drawing power from its roof or even the door, thanks to our material.
'The applications for this material don't stop there  -  you might have a mobile that is as thin as a credit card because it no longer needs a bulky battery, or a laptop that can draw energy from its casing so it can run for longer.' 
The material charges and discharges electricity quicker than a conventional battery, and does not use chemical processes  -  giving it a longer lifespan, he added.
The scientists plan to use it to replace the metal floor of a Volvo car's boot which holds the spare wheel. 
This would mean Volvo could shrink the size of its hybrid battery  -  and cut down the weight of the car, making it more efficient. 
Dr Greenhalgh said: 'No one has created a material like this  -  within ten years it could replace batteries.'
Girl Buried Alive In Honour Killing Horror
Friday, February 5, 2010
မိသားစုဂုဏ်သိက္ခာကိုကာကွယ်ဖို့ အရှင်လတ်လတ်မြေမြုပ်ခံရသူမိန်းကလေး....
တူရကီနိုင်ငံတွင် အသက်၁၆ နှစ်အရွယ်ရှိကောင်မလေးတစ်ဦးဟာ သူမနဲ့ ရွယ်တူကောင်လေးတွေ
နဲ့ မိတ်ဆွေဖွဲ့ ကာခင်ခင်မင်မင်အရောတ၀င်နေခဲ့ လို့  သူမရဲ့ မိသားစုက ရက်ရက်စက်စက် အရှင်
လတ်လတ်မြေမြုပ်ကာ သတ်ဖြတ်ခြင်းခံခဲ့ ရပါတယ်...
The hole
ကောင်မလေးကိုအရှင်လတ်လတ်မြုပ်နှံထားခဲ့သည့် နေရာ...
Grim: The hole where Medine Memi was found buried alive in Turkey
သတင်းပေးတိုင်တန်းမှုအရ ရဲတပ်ဖွဲ့ ကအဆိုပါမိသားစုရဲ့ အိမ်၊ခြံဝင်းကိုဝင်ရောက်ရှာဖွေရာမှာ၊ မိ
သားစုရဲ့ အိမ်ရှေ့ မှာရှိတဲ့ ကြက်ခြံထဲမှာ အနက် နှစ်မီတာရှိတဲ့ တွင်းတစ်ခုမှာ Medine Memi အ
မည်ရှိတဲ့ ကောင်မလေးရဲ့ လက်တွေကိုကြိုးဖြင့့်တုပ်နှောင်ပြီးမြေမြုပ်ထားတာကိုတွေ့ ရှိခဲ့ ရပါတယ်...
သူမရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ရာမှတော့ အဆုတ်နဲ့ အစာအိမ်တွေထဲမှာ မြေကြီးတွေ အ
တော်အတန်ရောက်ရှိနေတာတွေ့ ခဲ့ ရလို့ သူမဟာ အသက်ရှင်လျှက်နဲ့ မြေမြုပ်ခံခဲ့ ရတာပါလို့ 
သေမှုသေခင်းဆိုင်ရာကျွမ်းကျင်သူတွေက တူရကီနိုင်ငံ၊ အနာတိုလီယာသတင်းဌာနကို ပြောကြား
ခဲ့ ပါတယ်...
ကောင်မလေးကို သူမပျောက်ဆုံးပြီး ၇က်ပေါင်းလေးဆယ် အကြာမှာ Adiyaman ပြည်နယ်၊ Kagta
မြို့ က နေအိမ်ခြံဝန်းမှာတွေ့ ရှိရတာဖြစ်ပါတယ်...
သူမအလောင်းကိုခွဲစိတ်စစ်ဆေးတွေ့ ရှိရချက်ကတော့  သွေးခဲမတတ် ကြောက်လန့် အံ့ သြစရာ
ကောင်းလှပါတယ် လို့ ကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်...
A suspect
ကောင်မလေးကို သတ်ဖြတ်ခဲ့ သည် ဟု သံသယရှိသူ ....
A suspect is led from a Turkish police station by officers investigating the killing
ဝါးသုံးစွဲထားခြင်း၊ အဆိပ်မိထားခြင်း စတဲ့ အမှတ်အသားများမရှိလို့  သူမဟာမြေမြုပ်ခံရစဉ်တုံးက
အသက်ရှင်နေပြီး၊ သတိတရားလုံးလုံးရှိနေသေးတယ်လို့ ဖေါ်ပြနေပါတယ်...”
သူမရဲ့ ဖခင်နဲ့ အဖိုးဖြစ်သူတို့ ကိုဖမ်းဆီးထိန်းသိမ်းလိုက်ပြီး သူတို့ ကို လူသတ်မှုနဲ့ တရားစွဲဆိုမှာ
ဖြစ်ပါတယ်လို့  အဆိုပါမှုခင်းဌာန ကပြောကြားခဲ့ ပါတယ်...
သူမရဲ့ ဖခင်ဖြစ်သူရဲ့ အစစ်ဆေးခံချက်အရ သူမတို့ မိသားစုဟာ အဆိုပါကောင်မလေး ယောကျာင်္း
လေးသူငယ်ချင်းများထားရှိတာကို မကျေနပ်ကာစိတ်ဆိုးခဲ့ ကြတယ်လို့ ဆိုပါတယ်...
( သူတို့ လက်ခံထားတဲ့  ဒီလိုမျိုးစာရိတ္တဆိုင်ရာချွတ်ယွင်းမှုဖြစ်လာခဲ့ ယင် ) မိသားစု၊မျိုးနွယ်ရဲ့ ဂုဏ်
သိက္ခာကိုထိန်းသိမ်းခြင်းအားဖြင့်  ကျူးလွန်သူအမျိုးသမီးကိုကိုသတ်ဖြတ်လေ့ ရှိတဲ့ တူရကီနိုင်ငံအရှေ့ 
တောင်ပိုင်းက ကာ့ ဒ် လူမျိုးဝင်ဖြစ်တဲ့ မိသားစုအကြီးအကဲလူကြီးများက မိသားစုဝင် တစ်ဦးဦးကို အဲ
 ဒီလိုသတ်ဖြတ်ဖို့ တာဝန်ပေးလေ့ ရှိပါတယ်...
အများအားဖြင့် အသတ်ခံရသူတွေဟာ မိသားစုမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားအောင် အိမ်
ထောင်ရေးဖောက်ပြန်တယ်လို့ ယူဆခံရတဲ့ အမျူးသမီးများဖြစ်ကြပါတယ်....
ဒါပေမယ့် မတရားအဓမ္မပြုကျင့် ခံရတာတို့ ၊ ဒါမှမဟုတ် တစ်စိမ်းယောကျာင်္း တွေကို စကားပြောမိရုံ
နဲ့ တင် သတ်ဖြတ်ခံရတာမျိုးလည်းရှိပါတယ်တဲ့ ....
ရက်စက်ပါပေ့ ကွယ်....
ကြောက်စရာ ရိုးရာအစွဲအလမ်းအယူအဆတွေပါပဲ.....
အင်္ဂလိပ်လိုသတင်းလေးပါ....
A 16-year-old girl was buried alive by relatives in a gruesome Turkish honour killing - because she befriended boys.
Acting on a tip-off, police discovered Medine Memi's body in a sitting position with her hands tied, in a two-metre-deep hole in a chicken pen outside her house.
A post mortem revealed that she had a significant amount of soil in her lungs and stomach, meaning that she was buried alive, foresic experts told the Anatolia agency.
The girl was discovered in Kahta town, Adiyaman province, 40 days after she went missing.
"The autopsy result is blood-curdling," one anonymous expert said.
"According to our findings, the girl - who had no bruises on her body and no sign of narcotics or poison in her blood - was alive and fully conscious when she was buried."
Medine's father and grandfather have been arrested and jailed pending trial over her killing, the agency said.
The father is reported to have said in his testimony that the family was unhappy she had male friends.
"According to our findings, the girl - who had no bruises on her body and no sign of narcotics or poison in her blood - was alive and fully conscious when she was buried."
The father is reported to have said in his testimony that the family was unhappy she had male friends.
In honour killings, most prevalent in Turkey's mainly Kurdish South East, a so-called family council names a member to murder a female relative.
A victim is targeted if she is considered to have sullied the family honour, usually by engaging in an extra-marital affair.
The practice has seen rape victims or women who simply talked to strange men murdered.
မော်ဒန် ဘဘ၊ ဖွားဖွားများ....
Thursday, February 4, 2010
စိတ်ပျို၊ ကိုယ်နု....
မော်ဒန်ဖွားဖွား....
ဒီဇိုင်းအလန်းနဲ့ ဖွားဖွား...
ဒီဂျေ ပွတ်တဲ့ ဖွားဖွား....
ဂျပန်ဂေါ်လီဘိုးဘိုး....
ငယ်ဘ၀ ကိုလွမ်းလို့ ပါကွယ်....
လူငယ်လေးတစ်ဦးပါ....
ကြီးလေ မိုက်လေ တို့ တစ်တွေ....
ဇယားလေးနဲ့ ချိန်းထားလေသလား...
ဘကျောက်...ဒီလိုမလုပ်နဲ့ ....သွား !!!  လူဆိုး !!!....
ဖွက်ထားတဲ့ ပိုက်ဆံရှာတာပါကွယ်...
ဘိုးဘိုးအသက်ရှည်တာ...
ဒါ့ ကြောင့် ကိုး....
နတ်သမီးလေးလို ပေါ့ ...
အဖွားက မကြာခင် နတ်ပြည်သွားရတော့ မှာလေ...
ဆေးလိပ်သောက်ရင်အသက်တိုတယ်လို့ ဘယ်သူပြောလဲ...
ငါမမူးသေးပါဘူး.... အစာမကြေလို့ ပါ...
ကွင်းပစ်တမ်းကစားကြမယ်လေ...
တို့ ကတော့  ဂေါ်လီ ပဲ...
တော်ကီလာမပွားနဲ့ ၊ ရူးသွားမယ်...
ကျောင်းတုံးကလို ...ငယ်မူငယ်သွေးတွေပြန်ကြွနေပြီလား...
ဒီ ၀တ်စုံလေးနဲ့ ပဲ...
ဘဘ နဲ့  သားသား ဘယ်သူမြန်သလဲ...
သင်လည်းတစ်နေ့ ဤသို့ အိုရဦးမည်....
သင့် ချစ်သူလည်းတစ်နေ့ ဤသို့ အိုပေရဦးမည်...
စွဲလမ်းတွယ်တာမှုတွေ သိပ်မထားပါနဲ့ လေ....
ဘ၀ အမောတွေ ...ပြေလျောပါစေလေ....
Eight Amazing Holes.....
1. Kimberley Big Hole - South Africa
holes in earth5 7 Huge Holes in the Earth
တောင်အာဖရိကနိုင်ငံက Kimberley တွင်းကြီး ဖြစ်ပါတယ်...
 ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူသားတွေ အင်အားနဲ့ တူးထားတဲ့ တွင်းပါတဲ့ ...
ပေပေါင်း ၃၅၉၉ ပေ ( မီတာ ၁၀၉၇ ) နက်ပြီး တွင်းကြီးကိုအပြီတိုင်
မစွန့် ပစ်ခင်အထိ စိန်ပေါင်း သုံးတန်လောက်ထွက်ရှိခဲ့ တဲ့ 
စိန် တွင်းကြီးပါတဲ့ .....
Apparently the largest ever hand-dug excavation in the world, this 1097-meter-deep mine yielded over three tons of diamonds before being closed.
2. Glory Hole - Monticello Dam, California
holes in earth7 7 Huge Holes in the Earth
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Monticello 
ရေလှောင်ဆည် က Glory Holeတွင်းကြီးဖြစ်ပါတယ်...
အခုလို ရေတွေ စီးဝင်တဲ့ တွင်းအမျိုးအစားထဲမှာတော့ ကမ္ဘာပေါ်မှာအကြီးဆုံးတွင်း
ကြီးဖြစ်ပြီးတစ်စက္ကန့် ကို ရေပမာဏပေါင်း ၁၄၄၀၀ အထိ စီးဝင်နိုင်ပါတယ်...
ဒီတွင်းကြီးကိုေ၇လှောင်တမံထဲမှာရေတွေ ပြည့် လျှံနေပြီးလျှော့ ချဖို့ 
လိုတဲ့ အခါမှာအသုံးပြုပါတယ်တဲ့ .... 
This is the Glory Hole at Monticello Dam, and it's the largest in the world of this type of spillway, its size enabling it to consume 14,400 cubic feet of water every second.
3 Bingham Canyon Mine, Utah
holes in earth3 7 Huge Holes in the Earth
ဒီတွင်းကြီးကလည်းကမ္ဘာပေါ်မှာ လူသားတွေပြုလုပ်ခဲ့ သမျှ 
အကြီးဆုံးတွင်းကြီးလို့ ဆိုပြန်တာပါပဲ....
၁၈၆၃ ခုနှစ်ကတည်းက စပြီးတူးလာခဲ့ တာ အခုထက်ထိတိုင်အောင်ပါပဲတဲ့ ...
အခုလက်ရှိဆိုယင်တွင်းကြီးဟာ မိုင်နဲ့ ချီပြီးနက်ရှိုင်းကာ အကျယ်ကတော့ 
၂.၅ မိုင်ရှိနေပြီလို့ ဆိုပါတယ်...
This is supposedly the largest man-made excavation on earth. Extraction began in 1863 and still continues today, the pit increasing in size constantly. In its current state the hole is miles deep and 2.5 miles wide
4 Great Blue Hole , Belize
holes in earth1 7 Huge Holes in the Earth
 ဘယ်လစ်ဇ်နိုင်ငံရဲ့ ကာရစ်ဘီရံ ပင်လယ်ထဲကရေပြာတွင်းကြီးပါ...
ဘယ်လစ်ဇ် ကနေ မိုင် ၆၀ အကွာမှာတသည်ရှိတဲ့  ထူးဆန်းအံ့ သြဖွယ်ရာ 
သဘာဝတရားရဲ့ ဖြစ်တည်မှုတစ်ခုဖြစ်ပါတယ်...
အဲဒီလိုမျိုးတွင်းတွေကမ္ဘာပေါ်မှာ အမြောက်အများရှိပေမယ့် ဒီတွင်းကြီးလောက် 
လှပအံ့ သြစရာကောင်းတာမရှိတော့ ပါဘူးတဲ့ ....
This incredible geographical phenomenon known as a blue hole is situated 60 miles off the mainland of Belize .
There are numerous blue holes around the world but none as stunning as this one.
5.Mirny Diamond Mine, Siberia 
holes in earth2 7 Huge Holes in the Earth
ဒီပုံကိုတော့ အများစုက တွေ့ ဖူးမြင်ဖူးကြမှာပါ...
ကမ္ဘာမှာ အကြီးကျယ်ဆုံး စိန်တွင်းကြီးပေါ့ .....
ပေပေါင်း ၁၇၂၂ ပေ ( ၅၂၅ မီတာ ) နက်ပြီး အ၀အကျယ် ကတော့ 
ပေပေါင်း ၃၉၃၇ ပေ ( ၁၂၀၀ မီတာ ) ရှိပါတယ်....
အဲဒီတွင်းကြီးရဲ့ အ၀ပေါ်ကိုဖြတ်ပြီးပျံသန်းခဲ့ တဲ့ ဟယ်လီကော်ပတာတွေ
စုပ်ယူပျက်ကျဖူးခဲ့ လို့  မပျံသန်းရနယ်မြေအဖြစ်သတ်မှတ်ထားခဲ့ ရပါတယ်တဲ့ .... 
I’m pretty sure most people have seen this one. It’s an absolute beast and holds the title of largest open diamond mines in the world. At 525 meters deep, with a top diameter of 1200 meters, there’s even a no-fly zone above the hole due to a few helicopters having been sucked in
6. Diavik Mine, Canada
holes in earth6 7 Huge Holes in the Earth
 ဒီပုံကိုတော့ အများစုက တွေ့ ဖူးမြင်ဖူးကြမှာပါ...
ဒီမိုင်းတွင်းကြီးကလည်းကြီးမားလွန်းတဲ့ အပြင် တည်နေရာကလည်း အလွန်ဝေးလံ
တဲ့ နေရာမှာမို့  သူ့ ရဲ့ ကိုယ်ပိုင်လေယာဉ်ကွင်းနဲ့ ပါတဲ့ ...လေယာဉ်ပြေးလမ်းက
ဘယ်လောက်တောင်ကြီးမားရှည်လျားသလဲဆိုယင် ဘိုးအင်း ၇၃၇ လေယာဉ်တွေတောင်
ဆင်းသက်ပျံသန်းထားရှိနိုင်ပါတယ်....
အေးလွန်းလို့ ပတ်ဝန်းကျင်က ရေပြင်ကြီးများခဲ နေတဲ့ အချိန်ဆိုယင်တော့ ရှုခင်း
ကတော့ ရင်သပ်ရှုမောပါပဲတဲ့ ...
The mine is so huge and the area so remote that it has its own airport with a runway large enough to accommodate a Boeing 737. It looks equally cool when the surrounding water is frozen
7.Sinkhole in Guatemala
holes in earth4 7 Huge Holes in the Earth
ဂွာတီမာလာက မြေကျွံ တွင်းကြီး...
ဒီပုံကတော့  ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဂွာတီမာလာနိုင်ငံမှာ မြေကျွံပြီး
အောက်ကို ပြိုကျသွားတဲ့ တွင်းကြီးဖြစ်ပါတယ်....
အိမ်ပေါင်း နှစ်ဒါဇင်လောက် အထဲကိုကျွံဝင်ပျက်စီးသွားပြီး လူလည်း သုံးဦး
သေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်.... အရှင်လတ်လတ်မြေမြိုတယ်ဆိုတာ အဲဒါပေါ့ ဗျာ...
This photo is of a sinkhole that occurred February 2007 in Guatemala . It swallowed two dozen homes and killed at least three people.
8. This Indian Parliament is the famous Rat Hole.
နောက်ဆုံးပိတ်၊ အိတ်နဲ့ လွယ်ဆိုသလို ...
အံ့ သြစရာအကောင်းတစ်ကာ့ အကောင်းဆုံးတွင်းကြီးကတော့  ဘတ်ဂျက်ငွေတွေထည့် လေသမျှ အဆုံးမရှိတဲ့ အိန္ဒိယနိုင်ငံက ပါလီမန်ကြွက်တွင်းကြီး ပါပဲတဲ့  ဗျာ....
အဲဒီတွင်းကြီးထဲကို နှစ်စဉ် အိန္ဒိယနိုင်ငံသားတွေရဲ့ အခွန် ဘဏ္ဍာငွေတွေ သန်းပေါင်း
များစွာ ထည့် ဝင်ရောက်ရှိခဲ့ ကြရပြီး ဘယ်ရောက်သွားတယ်
ဆိုတာကတော့ တစ်ခါမှ ကြားရတယ်လို့ ကို မရှိတော့ ပါဘူးတဲ့ ....
အဲဒီ အဆောက်အဦးကြီးထဲမှာ ( ကြွက်တွင်းကြီးထဲမှာကိုပဲ...)
အငယ်စားတွင်းပေါင်း ( ၅၃၄ +၂၅၀ ) ရှိတယ်ဆိုပဲ...
It is capable of swallowing Millions of Tax Payers Money annually, never to be heard from again! It is reputed to contain at least 534 + 250 ass"holes".
အင်း.....
ရွှေပြည်ကြီးမှာလည်း....
မကြာမှီ...လာမည်....မျှော်.... ပေါ့ ဗျာ နော်...
A Nice Story About Love by Swami Vivekananda
Wednesday, February 3, 2010
 ဆွာမိကြီးပြောတဲ့ အချစ်အကြောင်း...
I once had a friend who grew to be very close to me.
Once when we were sitting at the edge of a swimming pool, she filled the palm of her hand with some water and held it before me, and said this: "You see this water carefully contained on my hand? It symbolizes Love."
တစ်ချိန်တုန်းက ကျူပ်နဲ့ သိပ်ခင်တဲ့ မိတ်ဆွေတစ်ဦးရှိခဲ့ တယ်...
တစ်နေ့ တော့ ရေကူးကန်ဘေးမှာ ကျူပ်တို့ နှစ်ဦးထိုင်နေစဉ် သူမက လက်ခုပ်တစ်ဖက်နဲ့ ရေခပ်ပြီး
ကျူပ်ရှေ့ ကိုလာကာ...” ကျွန်မလက်ထဲကရေကို ကြည့် ပါဦးလေ...ဒါဟာချစ်ခြင်း
မေတ္တာရဲ့ သင်္ကေတအထိန်းအမှတ်ပါပဲ...”  လို့ ဆိုလာပါတယ်..
This was how I saw it: As long as you keep your hand caringly open and allow it to remain there, it will always be there. However, if you attempt to close your fingers round it and try to posses it, it will spill through the first cracks it finds.
ဟုတ်ပါတယ်....သင်ဟာသင့် ရဲ့ လက်ကို သေချာစွာဖြန့် ထားပြီးရှိစေမယ်ဆိုယင် ရေတွေဟာ
လက်ခုပ်ထဲမှာပဲရှိနေမှာပါ...ဒါမဟုတ်ပဲ ပိုင်ဆိုင်လိုတဲ့ စိတ်ဇောနဲ့ လက်ကိုဆုပ်ပြီး
ရေတွေကိုယူလိုက်မယ်ဆိုယင်တော့ လက်ချောင်းတွေကြားထဲကနေ
ရေတွေယိုဖိတ်ပြီးထွက်ကျကုန်မှာပါ....
This is the greatest mistake that people do when they meet love...they try to posses it, they demand, they expect... and just like the water spilling out of your hand, love will retrieve from you .
အဲဒီအချက်ဟာ အချစ်နဲ့ ပါတ်သက်လာယင် လူတွေ အမှားကြီးမှားနေကြတဲ့ 
အချက်အလက်ပါပဲ...သူတို့ ဟာ ပိုင်ဆိုင်ချင်ကြတယ်..
ပိုင်ဆိုင်ဖို့ အတွက်ကြိုးပမ်းကြတယ်....အတင်းအကြပ်တောင်းဆိုကြတယ်..အမျှော်လင့် ကြီး
မျှော်လင့် ကြတယ်...အဲဒီအခါမှာတော့ ...လက်ခုပ်ထဲကရေတွေလိုပါပဲ...
ပိုင်ဆိုင်ဖို့ ကြိုးစားလိုက်တိုင်း...လက်ထဲကနေလျှောထွက်သွားသလိုပါပဲ...
ချစ်ခြင်းမေတ္တာဟာလည်း သင့် ထံကနေ ထွက်ခွာသွားပါလိမ့် မယ်....
For love is meant to be free, you cannot change its nature. If there are people you love, allow them to be free beings.
Give and don't expect.
Advise, but don't order.
Ask, but never demand.
ချစ်ခြင်းမေတ္တာဆိုတာလွတ်လပ်ခြင်းသဘာဝတရားမို့ ထိုသဘာဝတရားကိုသင်ဘယ်လိုမှ
ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး...ဒါကြောင့် သင်မေတ္တာစစ်နဲ့ ချစ်ခင်နှစ်သက်
နေသူတွေရှိနေမယ်ဆိုယင်တော့ ...
သူတို့ ကို....
လွတ်လပ်ပါစေလေ...
ပေးဆပ်လိုက်ပါလေ...ရယူဖို့ တော့ဖြင့် မမျှော်လင့် ပါလေနဲ့ ...
အကြံပြုပါလေ....ဘယ်တော့ မှတော့ အမိန့် ပေးစေခိုင်းခြင်းမပြုပါလေနဲ့ ...
မေတ္တာရပ်ခံ၊ ခွင့် တောင်းပါလေ...ဘယ်တော့ မှတော့ မတောင်းဆိုပါလေနဲ့ ....
It might sound simple, but it is a lesson that may take a lifetime to truly practice. It is the secret to true love. To truly practice it, you must sincerely feel no expectations from those who you love, and yet an unconditional caring."
ကြားရဖန်များလို့ ရိုးကောင်းရိုးနေပါလိမ့် မယ်...ဒါပေမယ့် ဒီအမှန်တရားဟာ သင့် ဘဝ
တစ်လျှောက်လုံးအတွက်ကျင့် သုံးရမယ့် လက်ဆောင်မွန်ပါလေ...
ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ လျှို့ ဝှက်ချက်ပါပဲ...
တိတိကျကျ၊တစ်သွေမတိမ်းလိုက်နာကျင့် သုံးချင်တယ်ဆိုယင်ဖြင့် ...
ကိုယ်တကယ်ချစ်မြတ်နိုးသူကို ဘာအနှောင်အဖွဲ့ မှမပါတဲ့ ဂရုစိုက်ခြင်းမျိုးဖြင့် ဂရုစိုက်ပါလေ...
ကိုယ်တကယ်ချစ်မြတ်နိုးသူဆီကဘာတစ်ခုကိုမျှ ပိုင်ဆိုင်ရရှိလိမ့် မယ်လို့ မမျှော်လင့် ပါနဲ့ ...
Passing thought... Life is not measured by the number of breaths we take; but by the moments that take our breath away.....
အတိုချူပ်ရလျှင် ...ဘ၀ဆိုသည်မှာ အသက် ရှူသွင်း၊ရှူရှိုက်နေသည့် အကြိမ်ပမာဏအရေ
အတွက်မဟုတ်...ထိုတစ်ခဏလေးများမျှသာဖြစ်ပါတယ်...
Life is beautiful!!! Live it !!!
သာယာလှပ တန်ဖိုးရှိတဲ့ ဘ၀များမှာ !!!...
အနေတတ်၍ ကျေနပ်ပါစေလေ !!!...
forward mail က ရတာလေးကို....
ခံစားတင်ပြသည်...
Caped hero saves woman from spiked drink
Tuesday, February 2, 2010
ကလပ်သွားတဲ့ မမများ သတိထား...
မမကအိမ်ထောင်ရှင်မို့ ပေါ့ ကွယ်...နို့ မို့ ဆိုမောင်လေးရဲ့ ကျေးဇူးတွေ
မကျေ ကျေအောင်ဆပ်ပစ်လိုက်မယ်....
အမျိုးသမီးများနှင့် ချိန်းဆိုတွေ့ ဆုံပြီး၎င်းတို့ သောက်မည့် ဖျော်ရည်၊ အအေးနှင့် အဖျော်ယမကာ
များထဲတွင် အိပ်ဆေးများထည့် ပြီး မုဒိန်းကျင့် မည့် အကြံအစည်ဖြင့် ဆေးခတ်ထားသည့် အဖျော်
ယမကာကိုသောက်သုံးပြီး သတိလစ်လဲကျသွားသည့်  အဲလစ်ဇဘက်ကောဝဲလ် တစ်ယောက် တစ်
ကယ့် စူပါးမင်း ကဲ့ သို့ သော လူစွမ်းကောင်းတစ်ဦးက ကယ်တင်ခဲ့ ၍အရှက်တကွဲမဖြစ်ခဲ့ ရပေ...
ကလေးတစ်ယောက်မိခင် ဖြစ်သူ အဲလစ်ဇဘက်ဟာ ဘီယာဆိုင်တစ်ခုမှာ သူမသောက်သုံးမယ့် 
ယမကာထဲသို့  Rohypnol  ဟုယူဆရသော သတိအာရုံများကင်းလွတ်တတ်သည့် ဆေးတစ်မျိုး
အခတ်ခံခဲ့ ရပြီးနောက် သတိလစ်လဲကျသွားခဲ့ တယ်လို့ ဆိုပါတယ်...
ဒါပေမယ့် သူမကို လျို့ ဝှက်ဆန်းကျယ်တဲ့ အမည်မသိသူ၊ သူရဲကောင်းအမျိုးသားတစ်ဦးက အရေး
ပေါ်သူနာတင်ယာဉ်ဆီကို ပွေ့ ချီခေါ်ဆောင်သွားပြီး သူ့ ရဲ့ ဝတ်ရုံနဲ့ နွေးထွေးစေအောင် လွှမ်းခြုံပေး
ခဲ့ ကာ ပုံပြင်ဆန်ဆန် ပျောက်ကွယ်သွားခဲ့ ပါတယ်...
သူနဲ့ ပါတ်သက်တဲ့ အမှတ်တစ်ရပစ္စည်းကတော့ ထိုသူဝတ်ဆင်ထားခဲ့ သည့် နာမည်ကျော်စူပါမင်း
ဇတ်ကားထဲက ဇတ်ကောင်စူပါမင်းရဲ့ ဝတ်ရုံကဲ့ သို့ သော ၀တ်ရုံသာဖြစ်ပါတယ်...
ဆေးရုံမှာကုသမှုခံယူပြီးအကြောတွေဆိုင်းပြီး၊ လေဖြတ်ချင်သလိုဖြစ်သွားခဲ့ တဲ့ အဖြစ်ဆိုးကနေ
သက်သာပျောက်ကင်းသွားခဲ့ တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ အဲလစ်ဇဘက်ဟာ သူမရဲ့ ကယ်တင်ရှင်
ကျေးဇူးရှင်သူရဲကောင်း စူပါမင်းကို စုံစမ်းပေးဖို့  သူမနေထိုင်ရာ ၀ီဂန်နယ်၊ လန်းစ် အရပ်က ဒေသ
ဆိုင်ရာသတင်းစာမှာ ထည့် သွင်းဖော်ပြ အကူအညီတောင်းခဲ့ ပါတယ်...
အဲဒီအခါကျတော့မှပဲ မာန်မာနမထားပဲ ကိုယ့် ကိုယ်ကိုနှိမ့် ချလေ့ ရှိတဲ့ သူရဲကောင်းဖြစ်သူ ပေါလ်
လောင်းမိုင်းယား တစ်ယောက် ထွက်လာပါတော့ တယ်...
အဲဒီနေ့ က သူဟာ မိတ်ဆွေတစ်ဦးဆီကနေ ငှားရမ်းပြီးဝတ်ဆင်ထားတဲ့ အဆိုပါဝတ်၇ုံနဲ့  သူငယ်
ချင်းတွေနဲ့ အတူ အပြင်မှာလျှောက်လည်နေခဲ့ တာဖြစ်ပါတယ်...
ဈေးကွက်ဖြန့် ချီရေးအမှုဆောင်ဖြစ်တဲ့ အသက် ၂၃ နှစ်ရှိလူငယ်က ” ကျွန်တော်တို့ အဲလီဇဘက်
ကို ယိုင်ထိုးယိုင်ထိုးနဲ့ မျက်နှာအပ်ပြီးကြမ်းပြင်ပေါ်ကိုမှောက်လဲကျသွားတာတွေ့ လိုက်ရပါတယ်...
ကျွန်တော်ကသူမကို ထူမဖို့ ကြိုးစားခဲ့ ပေမယ့် သူမရဲ့ ခြေထောက်တွေက မခိုင်တော့ ပါဘူး...ဒါနဲ့ 
ပဲကျွန်တော်ဟာ သူမကိုပွေ့ ချီပြီး ဆိုင်အပြင်ကိုသယ်ဆောင်လာခဲ့ ရတာပါ...သူနာတင်ကားမရောက်
ခင်အထိသူမဟား ခိုက်ခိုက်တုန်နေပါတယ်...ဒါကြောင့် ကျွန်တော့် ရဲ့ ဝတ်ရုံကိုချွတ်ပြီးသူမ ကိုနွေး
ထွေးအောင် လွှမ်းခြုံပေးထားပြီး ကျွန်တော်ထွက်လာခဲ့ ပါတယ်...ဒါဟာဘာမှသိပ်ပြီးပြောပလောက်
တာမဟုတ်ပါဘူး...ကျွန်တော်ဟာ လူသားတစ်ဦးကို ကူညီခဲ့ တာသာဖြစ်ပါတယ်...”  လို့ ဆိုခဲ့ ပါတယ်...
အိမ်ထောင်ရှင်ဖြစ်တဲ့ အဲလစ်ဇဘက်ဟာ အဲဒီနေ့ က သူငယ်ချင်းမိတ်ဆွေများနဲ့ သူမရဲ့ ညီမဖြစ်သူနဲ့ 
ပါ အပြင်ထွက်လည်ခဲ့ တာဖြစ်ပါတယ်...သူမက ”  ကျွန်မ သုံးခွက်လောက်လဲသောက်ပြီးရောလဲကျ
သတိလစ်သွားခဲ့ တာပါပဲ...တော်တော်ကြာကြာမှ နိုးလာတော့ ဆေးရုံကိုရောက်နေခဲ့ ပါပြီ......
ဆရာဝန်တွေကတော့ ကျွန်မဟာ အိပ်ဆေးခတ်ခံခဲ့ ရတယ်လို့ အခိုင်အမာယုံကြည်ကြပါတယ်...
Rohypnol ဒါမှမဟုတ် GHB  လို့ ခေါ်တဲ့ ဆေးလို့ ဆိုပါတယ်...ကျွန်မကိုကူညီ၊ ကယ်တင်ခဲ့ တဲ့ 
ကျေးဇူးရှင်လူစွမ်းကောင်းကို မတွေ့ တွေ့ အောင်ရှာပြီး ကျေးဇူးတင်စကားပြောမယ်၊ သူ့ ရဲ့ ဝတ်
ရုံကို ပြန်ပေးမယ်လို့ စိတ်ဆုံးဖြတ်ခဲ့ ပါတယ်...”  လို့ သူမက ပြောကြားခဲ့ ပါတယ်...
အင်း...
အခုခေတ်မှာ ကလပ်သွားမှ ခေတ်မှီမယ်....ပျော်စရာကောင်းတယ်လို့ ထင်တဲ့ မနူးမနပ် မမများ
သတိထားစရာပါပဲ....
ကိုယ့် ကိုချိန်းတဲ့ ငနဲဆီမှာ အထက်ပါ Rohypnol ဒါမှမဟုတ် GHB ဆို တဲ့ ဆေး ပါတယ်ဆိုယင်
တော့ ကြိမ်းသေပြီပဲ...သူကိုယ့် ကိုပွဲသိမ်းတော့ မယ်ဆိုတာ...
ဘာမှစိတ်ပူစရာမလိုဘူး၊ အဖော်ပါယင်ပြီးတာပဲဆိုသူများအတွက်တော့ အထူးဆိုရန်မရှိပြီ....
ကဲသာကဲ...ကွဲသာကွဲ ဟုသာ......
အဆိုပါ ဆေးများအကြောင်းလေ့ လာလိုပါလျှင် ဒီမှာဖတ်ပါ...
ဖတ်ပြီး သတိထားတတ်လျှင်ဗဟုသုတ...
မဟုတ်တဲ့ နေရာမှာသုံးလျှင်တော့ အကုသိုလ်....
မူရင်းသတင်းပါ....
Date -rape drug victim Elizabeth Caulwell was rescued by a real-life Superman. The mother of one collapsed in a bar when her drink was spiked with a substance, thought to be Rohypnol.
But she was carried safely to an ambulance by the mystery hero who then vanished - leaving her wrapped in his red cape, the only clue to his identity. After recovering from partial paralysis in hospital, Elizabeth, 26, made an appeal to track down her Superman using the local paper in her hometown of Wigan, Lancs.
Modest hero Paul Longmire came forward. He had been out with pals in the costume borrowed from a friend.
The marketing executive, 23, said: "We saw Elizabeth stumble and go down face first. I tried supporting her but her legs kept giving way so I just picked her up and carried her outside before the ambulance came. She was shivering so I wrapped my cape around her then left. It wasn't heroic. I just helped someone." Married Elizabeth, who had been out with pals and her sister, said: "I'd drunk three drinks when I collapsed. I woke hours later in hospital.
"Doctors were certain I'd been spiked, probably with Rohypnol or maybe GHB. I was determined to find who Superman was to say thanks and return his cape."
ချာချီသောက်တဲ့ ဆေးပြင်းလိပ် လေလံတင်...
Monday, February 1, 2010
Half-smoked cigar that Churchill stubbed out as he heard the Nazi army had reached Leningrad is sold for £4,500
                                     cigar
ဆေးပြင်းလိပ်ကြိုက်သူ ဆာဝင်စတန်ချာချီ...
Cigar fan: Sir Winston Churchill
၁၉၄၁ ခု နှစ်က အင်္ဂလန်ဝန်ကြီးချူပ် ၀င်စတန်ချာချီ၏ သောက်လက်စ ဆေးပြင်းလိပ်တစ်ပိုင်းတစ်စ
ကိုလေလံတင်ပွဲတွင်ရောင်းချခဲ့ ရာ ပေါင်စတာလင် ၄၅၀၀ ( ဒေါ်လာ ၇၂၀၀ ကျော် ) ပေးဝယ်သွား
ခဲ့ သည်ဟု လေလံတင်သူများကဆိုခဲ့ ပါသည်...
နောဖို့ ခ် နယ်၊ အိုင်လ်ရှန်မြို့ မှ ကီးစ် လေလံတင်အဖွဲ့ သားများ၏အဆိုအရ ဆာဝင်စတန်ချာချီဟာ
ဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် အဆိုပါ ဆေးပြင်းလိပ်ကို ကုန်အောင်မ
သောက်နိုင်ပဲ တစ်ပိုင်းတစ်စဖြင့် ချန်ထားခဲ့ သည်ဟု သိရပါသည်...
cigar
 သမိုင်းဝင်ဆေးပြင်းလိပ်တိုနဲ့ ပတ်ထားတဲ့ စာရွက်....
Stub: The half-smoked cigar with the letter that was wrapped around it
ထိုဆေးပြင်းလိပ်တိုကို ဒေါင်းနင်းလမ်း ( ၀န်ကြီးချူပ်အိမ်တော် ) မှ ကိုယ်ရေးလက်ထောက်တစ်ဦး
က ကောက်ယူခဲ့ ပြီး သူ၏ သူငယ်ချင်းတစ်ဦးထံသို့  အိမ်တော်တံဆပ်ခေါင်းစီးပါ စာရွက်တွင် မှတ်
ချက်စာသားအနည်းငယ်ရေးကာ လက်ဆောင်အဖြစ်ပေးပို့ ခဲ့ ခြင်းဖြစ်သည် ဟု ဆိုပါသည်...
ထိုသူသေဆုံးသောအခါ သူ့ ရဲ့ ဆွေမျိုးတစ်ဦးထံသို့ ရောက်ရှိသွားခဲ့ ခြင်းဖြစ်ပါသည်....
အိုင်လ်ရှမ်မြို့ တွင်ကျင်းပသော လေလံပွဲတွင် လေးလက်မခန့် သာရှိသော အဆိုပါဆေးပြင်းလိပ်
တိုကို ကိုယ်ပိုင်အမှတ်တ၇ ၀ယ်ယူစုဆောင်းသူ တစ်ဦးက ၀ယ်ယူသွားခြင်းဖြစ်ကြောင်း ကီးစ် 
လေလံအဖွဲ့ ကဆိုပါသည်...
အဆိုပါဆေးပြင်းလိပ်တိုနှင့်အတူပေးပို့ ခဲ့ သော ၀န်ကြီးချူပ်ရုံး၊အမှတ် ၁၀ ခေါင်းစီးတံဆိပ်ပါ
စာရွက်တွင် ” ဒီအမှတ်တရ ပစ္စည်းလေးက နောင်တစ်ချိန်မှာ သမိုင်းတွင်အကြီးကျယ်အမြင့် 
မြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး အင်္ဂလန်မှာ နေထိုင်သွားတယ်ဆိုတာ သင့် ကိုအမှတ်ရနေစေပါ
အဆိုပါဆေးပြင်းလိပ်မှာ နယ်ချဲ့ နာဇီတပ်များ ရုရှားနိုင်ငံ၊ လီနင်ဂရက်မြို့ သို့ ချီတက်ရောက်ရှိပြီး
သမိုင်းဝင် လီနင်ဂရက်တိုက်ပွဲအဖြစ်သို့ မှတ်တမ်းတင်စေခဲ့ သည့် နေ့ တွင် တစ်စိတ်တစ်ပိုင်းဖြင့် 
ထားရှိခဲ့ ခြင်းဖြစ်ပါသည်...
ထိုဆေးပြင်းလိပ်တိုကို တယ်လီဖုံးဖြင့် ဈေးအမြင့် ဆုံးပေးဝယ်ခဲ့ သည့် ဟတ်ဖို့ ရှိုင်းယားမှ လူတစ်
ဦးက ရရှိသွားကြောင်း ဈေးနှုံးအကဲဖြတ်သူ ဆာရာပရီယာ ကပြောခဲ့ ပါသည်...
” ရှေးဟောင်းပစ္စည်းများ ကိုယ်ပိုင်ဝယ်ယူစုဆောင်းသူနှစ်ဦးက ဒီဆေးပြင်းလိပ်ကို အလွန်ဝယ်ယူ
စုဆောင်းချင်နေခဲ့ ကြတာပါ...သူတို့ ဟာတစ်ဦးကိုတစ်ဦး အလျော့ မပေးပဲ ဈေးကိုတိုးမြှင့် ပေးခဲ့  
တာ သိသာနိုင်ပါတယ်...
ဒီလေလံပွဲဟာ တစ်ကယ့် ကို အကြိတ်အနယ်ပါပဲ... သူတို့ နှစ်ဦး အဲဒီလေလံတင်တဲ့ အခန်းထဲမှာ
ရှိမနေခဲ့ တာကိုကပဲ တော်တော်ကောင်းပါတယ်...” လို့ သူမက ပြောခဲ့ ပါသည်...
ထိုသမိုင်းဝင်ဆေးပြင်းလိပ်ကို သတင်းမီဒီယာများနှင့် ကမ္ဘာတစ်လွှားမှ ၀ယ်ယူစုဆောင်းသူများက
အထူးစိတ်ဝင်စားခဲ့ ကြသည်...
အီဂျစ်၊ အစ္စရေး စသည့် နိုင်ငံများက ဖုံးဖြင့် ဈေးပြိုင်ပေးဝယ်သူများက အကြိမ်ပေါင်း ၁၅ ကြိမ်တိုင်
အောင် အပြိုင်အဆိုင်ဈေးပေးခဲ့ကြပြီး၊ ဈေးနှုံးမြင့် လာတာနှင့် အမျှ လူအများ ထိုလေလံပွဲမှ နောက်
ဆုတ်သွားခဲ့ ကြပါသည်...
cigar
အမြင်စုတ်ပေမယ့် ...သမိုင်းဝင်၊ အဖိုးတန်တဲ့ဆေးလိပ်တို...
The stub was bought by a private collector at a sale in Aylsham
ထိုနေ့ ကလေလံပွဲတာဝန်ခံကျင်းပသူ ကီးစ်လေလံအဖွဲ့ မှသူများအနေဖြင့် ဆေးပြင်းလိပ်တို၏ 
မူလကြမ်းခင်းဈေးဖြစ်သည့်  ပေါင်စတာလင် ၃၀၀ ( ဒေါ်လာ ၄၈၀ ) ထက် ပို၇လိမ့် မည်ဟု
၁၅ ကြိမ်တိုင်တိုင် ဈေးခေါ်ပေးဝယ်ခဲ့ သည့် အရောင်းအ၀ယ်အဖြစ်ထူးကို မစ္စပရီယာကပြော
ကြားခဲ့ ပါသည်...
သတင်းမီဒီယာတွေက ဒီဆေးပြင်းလိပ်ကို စိတ်ဝင်စားနေတယ်ဆိုတာသိရတော့ ကျွန်မတို့ အ
နေနဲ့   ပေါင်စတာလင် ၁၀၀၀၊ ၂၀၀၀ ( ဒေါ်လာ ၁၆၀၀၊ ၃၀၀၀ ) လောက်ဈေးနှုံးတိုးမြှင့် ရဖို့ 
တော့ မျှော်လင့် ခဲ့ ကြပါတယ်...ဒါပေမယ့် အခုလောက် ( ဒေါ်လာ ၇၂၀၀ ) ရလိမ့် မယ်လို့ တော့
အဆိုပါဆေးပြင်းလိပ်ကို ၀ယ်ယူသွားခဲ့ သူအနေဖြင့် သူ့ ရဲ့ သမိုင်းဝင်ရှားပါးပစ္စည်းများစုဆောင်း
မှုဟာ ယခုဆေးပြင်းလိပ်တိုကြောင့် ပိုမိုတိုးပွားလာကာဂုဏ်ယူနိုင်မှာဖြစ်ပါတယ်....
အခုသမိုင်းဝင်ပစ္စည်းဟာ အင်္ဂလန်မှာပဲဆက်လက် ရှိနေမှာဖြစ်လို့ သူမအနေနဲ့ ဂုဏ်ယူမိပါတယ်
လို့ လည်း မစ္စပရီယာက ဆိုပါသည်...
ဝင်စတန်ချာချီ ဆိုတာ စစ်အတွင်း က သူရဲကောင်းစိတ်ဓါတ်ဖြင့် ကြီးကျယ်မြင့် မြတ်မှုတွေနဲ့ ဆက်
စပ် ပါတ်သက်နေခဲ့ တဲ့ သူဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နိုဝင်ဘာလ ကလည်း လန်ဒန်မြို့ က ညစာစားပွဲရုံနဲ့ စကားပြောဆိုဆွေးနွေးငြင်းခုံရာနေရာ
အဖြစ် မစ္စတာချာချီဦးစွာ တည်ထောင်ခဲ့ တဲ့ ကလပ်မှာ သူအသုံးပြုခဲ့ တဲ့ ဆေးလိပ်ခွက်တစ်ခုကိုလည်း
မူလခန့် မှန်းထားတဲ့ ဈေးနှုံးတန်ဖိုးထက်သုံးဆမြင့် ပြီး ပေါင်း ၄၂၀၀ ( ဒေါ်လာ ၆၇၀၀ ) ဖြင့် ရောင်းချ
ခဲ့ ပါသေးတယ်...
ရှေးဟောင်းပစ္စည်းများကတော့ အလေးထား၊ တန်ဖိုးထား တတ်သူများအတွက် အဖိုးမဖြတ်နိုင်ပေ
မယ့် အခုလို ဆေးပြင်းလိပ်တို တစ်ခုကို ဒေါ်လာ ၇၂၀၀ ပေးဝယ်တာကတော့ တော်တော်ထူးဆန်း
ပါပေတယ်...
လွန်ခဲ့ တဲ့ နှစ်ရက်လောက်ကပဲ အင်္ဂလန်က အိမ်တစ်အိမ်မှာ ထီးတွေထိုးစိုက်သိမ်းထားတဲ့ တရုတ်
ကြွေပန်းအိုးကြီးတစ်လုံး ဟာလည်းတရုတ်ဧကရာဇ်မင်းတစ်ပါးလက်ထက်က ပြုလုပ်ခဲ့ တဲ့ ရှေး
ဟောင်းလက်ရာဖြစ်နေလို့ ကာလပေါက်ဈေး ပေါင်စတာလင် ငါးသိန်း ( ဒေါ်လာ ရှစ်သိန်း ) ခန့် 
ရှိလို့ ပိုင်ရှင်တွေပွပေါက်တိုးခဲ့ ရပြန်ပါသေးတယ်...
ကုသိုလ်ကံများ ကောင်းချင်တော့ အဟောင်းအမြင်းပုံထဲကပစ္စည်းက ရွှေဖြစ်နေတတ်ပါသေးတယ်...
အဲဒီလိုနည်းနဲ့ ရွှေပြည်ကြီးက ရှေးဟောင်းရုပ်ပွား၊ဆင်းတုတော်များနဲ့ ပစ္စည်းတွေ အနောက်နိုင်ငံ
ရောက်ကုန်တာ ကတော့ နှမျောစရာပါပဲ...
ကိုယ့် အိမ်ကအဟောင်းအနွမ်းပစ္စည်းတွေဆိုယင်လည်း ရမ်းပြီးလွှင့် မပစ်လိုက်နဲ့ နော်...
တော်ကြာအဖိုးတန်...ရှေးဟောင်းသမိုင်းဝင်ဖြစ်နေဦးမယ်..
အင်္ဂလိပ်လိုသတင်းပါ....
A cigar which Sir Winston Churchill left unfinished in 1941 fetched £4,500 at a sale, auctioneers said.
Auctioneers Keys, of Aylsham, Norfolk, said Sir Winston abandoned the stub to attend a cabinet meeting.
It was picked up by a Downing Street valet who sent it to a friend with a note jotted on Number 10 writing paper, said staff.
The friend kept the souvenir until his death then the cigar passed to a relative.
Keys said the stub - nearly four inches long - was bought by a private collector at a sale in Aylsham.
The Number 10 notepaper said: 'Just a small souvenir to remind you at some future date of one of the greatest men that ever lived in England.' 
The cigar was stubbed out on the day the advancing German army reached Leningrad, leading to a historic siege.
It was eventually won by a phone bidder from Hertfordshire, according to assistant valuer Sarah Prior.
She added: 'Two private collectors really, really wanted it and you could sense that neither one wanted to back down.
'It was a real head to head - it was probably quite good they weren't in the room together."
The cigar had attracted interest from media and collectors from across the globe.
Eight phone bidders from countries including Egypt and Israel as well as 15 commission bids and one person in the room prepared for battle at the beginning of the auction but the price quickly forced many to pull out.
Ms Prior said no one at Keys had expected it to fetch 15 times the original estimate of £300.
She said: 'As soon as it had the press interest, we knew it would be more, probably four figures. I was expecting £1,000 or £2,000. We couldn't have dreamed it would go for £4,500."
The buyer plans to add his latest purchase to a private collection of historical memorabilia.
Ms Prior said she was pleased it would remain in the country.
'Winston Churchill is associated with something so great - that war-time spirit,' she said.
In November, a butter dish used as an ashtray by Churchill at the London dining and debating club he co-founded was sold for £4,200 - almost three times its estimate.