New York girl handcuffed and arrested for doodling on her desk

Saturday, February 6, 2010

ခုံပေါ်မှာလျှောက်မရေးနဲ့ ရဲဖမ်းလိမ့် မယ်...


အမေရိကန်နိုင်ငံမှ အသက် ၁၂ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသူလေးတစ်ဦးကိုစာသင်ချိန်
အတွင်း သူမ၏စာသင်ခုံစားပွဲပေါ်တွင် မာ့ ကာဘောပင်ဖြင့် ရေးခြစ်ခဲ့ မှုဖြင့် ရဲများက လက်ထိပ်
ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြပါတယ်...
Forest Hills မှာ ရှိတဲ့  Junior High School 190 မှာ ပညာသင်ကြားနေတဲ့ အဲလီဇာဂွန်ဇာလက်ဇ်
အမည်ရှိကလေးမလေးဟာ လွန်ခဲ့ တဲ့ တနင်္လာနေ့ က သူမအတန်းရဲ့ စပိန်ဘာသာ ဆရာရဲ့ သင်ခန်း
စာ၊အိမ်စာတွေပြီးစီးအောင်စောင့် ဆိုင်းနေတုံး သူမရဲ့ စာပွဲပေါ်မှာ စကားလုံးအနည်းငယ် အပြင်းပြေ
ရေးခြစ်ခဲ့ ပါတယ်လို့  ဆိုပါတယ်...
” သူငယ်ချင်း အက်ဘီနဲ့ ဖေ့ သ် ကို ချစ်ပါတယ်....” ” လက်ဇ် ကတော့ ဒီမှာလေ...၂/ ၁ / ၁၀ ” အ
စရှိတဲ့ စကားလုံးတွေရေးပြီး ပြုံးနေတဲ့ မျက်နှာပုံစံလေးတစ်ခုကိုလည်း ဆွဲခဲ့ တာဖြစ်ပါတယ်....
ဖြစ်ချင်တော့ စာသင်ချိန်ပြီးတော့ အစိမ်းရောင် ရေစိုမာကာပင် နဲ့ အခုလိုတောင်ချစ်မြောက်ချစ်
လုပ်ထားတာလေးကို ပြန်မဖျက်ခဲ့ မိတဲ့ အဲလီဇာ လေးဟာ တစ်ကယ့် ပြစ်မှုကျူးလွန်သူတစ်ယောက်
ကဲ့ သို့ ဒုက္ခရောက်ခဲ့ ရပါတော့ တယ်...




တောင်ခြစ်မြောက်ဖြစ်ရေးမိလို့ အဖမ်းခံရသလားကွယ်...
မင်းကလေးလည်းနာမည်ကြီးဦးမှာပါပဲ...



သူမကို လက်ထိပ်ခဲ့ ကာ ကျောင်းဝင်းထဲကနေဖြတ်ပြီး လမ်းပေါ်ကိုလမ်းလျှောက်စေပြီးခေါ်သွား
ကာနာရီအတော်ကြာထိမ်းသိမ်းထားခဲ့ ပါတယ်လို့  သူမရဲ့ မိခင်ကပြောခဲ့ ပါတယ်...
”ကျွန်မဖြင့် အပြင်းအထန်ငိုခဲ့ ရတာပါပဲ... အလွယ်တစ်ကူဖျက်လို့ ရတဲ့ စာလေးတစ်ခုနှစ်ခုလောက်
ရေးခြစ်မိခဲ့ တာပါ...အဲဒီအတွက်လေးနဲ့ လက်ထိပ်ခတ်ရတယ်ဆိုတာကတော့ တစ်ကယ့် ကို မလို
အပ်ခဲ့ ပါဘူး...” လို့ သူမက ဆိုခဲ့ ပါတယ်...

ကျောင်းမှတ်တမ်းမှာ ထူးချွန်ထက်မြက်တဲ့ သူအဖြစ်ထင်ရှားတဲ့ အဲလီဇာဟာ အဲဒီကတည်းကစပြီး
ကျောင်းကိုမလာတော့ ပါးဘူး....

သူမက ” ကျွန်မတော့ အထိန်းသိမ်းခံရ၊ အချူပ်ခံရတော့ မှာပဲလို့ ထင်ခဲ့ မိတာပါ...စားပွဲခုံပေါ်က
ရေးခြစ်ခဲ့ တာကိုလည်းပြန်ဖျက်ခဲ့ သင့် ပါတယ်...” လို့ သူမကပြောကြားခဲ့ ပါတယ်...
မြို့ တော်ရဲ့ တာဝန်ရှိသူများကတော့ အဲလီဇာကိုဖမ်းဆီးခဲ့ မှုဟာ မှားယွင်းမှုတစ်ခုဖြစ်ပါတယ်လို့ ဝန်
ခံအသိအမှတ်ပြုခဲ့ ကြပါတယ်...အခုတော့ ကျွန်တော်တို့ ဒီကိစ္စကို စစ်ဆေးနေကြပါတယ် လို့ မြို့ နယ်
ပညာရေးဌာနရဲ့ ပြောဆိုခွင့် ရပုဂ္ဂိုလ် ဒေးဗစ်ကန်တာ ကပြောကြားခဲ့ ပါတယ်...
အခုအထိတွေ့ ရှိခဲ့ ရသမျှတော့ အခုအဖြစ်အပျက်ဟာ မဖြစ်သင့် ခဲ့ ပါဘူး လို့ သူကဆက်ပြောခဲ့ 
ပါသေးတယ်...

ကိုပီတာငယ်စဉ်အလယ်တန်းတုံးကလည်း အဲဒီလိုဖြစ်ခဲ့ ဖူးပါသေးတယ်...
အဲဒီတုံးက လူငယ်ဘာဝ ဆရာမ မလာခင်စားပွဲခုံပေါ်မှာ ဒုံးပျံပုံလေးဆွဲမိတာပါ....
ကိုယ်ကမြေဖြူနဲ့ ဒုံးပျံပုံပဲဆွဲပြီးမဖျက်ပဲပြန်သွားတာ...နောက်သူငယ်ချင်းတစ်ယေက်က
ဒုံးပျံနဲ့ အလားတူ ယောကျာင်္းလေးရဲ့ မဖွယ်မရာပုံရေးဆွဲခဲ့ တော့ နောက်နေ့ မနက်အတန်းပိုင်
ဆရာမရောက်တော့ ပြဿနာလည်းဖြစ်ရော ကျောင်းသားတွေက ပီတာဆွဲခဲ့ တာပဲမြင်လို့ အ
ချောင်တရားခံဖြစ်ခဲ့ ရပြီး အတန်းရှေ့ ထွက်ကာ ဆရာမရဲ့ အပြင်းအထန် အပြစ်တင်ပြောဆိုအပြစ်
ပေးတာခံခဲ့ ရပါတယ်...( ဘာမဆိုင်ညာမဆိုင် တရားခံဖြစ်ခံရတာ ငယ်ကတည်းကဗျ...ဟဲဟဲ...)
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...
အဲဒီတုံးက ကျွန်တော်လည်း ဒီကလေးမလေးအသက်နဲ့ အတူတူပါပဲ...
ကံကောင်းလို့ ရဲဖမ်းမခံရတာနော်....


လုံခြုံရေးအကြောင်းပြပြီးအစစအရာရာတင်းကြပ်နေတဲ့ အမေရိကားလည်း နေ၇တာသိပ်တော့
လွယ်မယ်မထင်ပါဘူး...

မူရင်းသတင်းပါ...

A 12-year-old Queens girl was hauled out of school in handcuffs for an artless offence - doodling her name on her desk in erasable marker.
Alexa Gonzalez was scribbling a few words on her desk on Monday while waiting for her Spanish teacher to pass out homework at Junior High School 190 in Forest Hills, she said.

"I love my friends Abby and Faith," the girl wrote, adding the phrases "Lex was here. 2/1/10" and a smiley face. But instead of simply cleaning off the doodles after class, Alexa landed in some adult-sized trouble for using her lime-green magic marker.

She was led out of school in cuffs and walked to the precinct across the street, where she was detained for several hours, she and her mother said.

"I started crying, like, a lot," said Alexa. "I made two little doodles. ... It could be easily erased. To put handcuffs on me is unnecessary." Alexa, who had a stellar attendance record, hasn't been back to school since, adding, "I just thought I'd get a detention. I thought maybe I would have to clean [the desk]."


City officials acknowledged Alexa's arrest was a mistake. "We're looking at the facts," said City Education Department spokesman David Cantor. "Based on what we've seen so far, this shouldn't have happened."

2 comments:

ဂျေဂျူဝိုင် said...

ဟောဗျာ

ရွှေရတုမှတ်တမ်း said...

အင်း...ပန်းချီဆရာကျော်ဆိုတော့..
ဒုန်းပျံက တူသွားလို့နေမှာပေါ့လေ