Caped hero saves woman from spiked drink
Tuesday, February 2, 2010
ကလပ်သွားတဲ့ မမများ သတိထား...
မမကအိမ်ထောင်ရှင်မို့ ပေါ့ ကွယ်...နို့ မို့ ဆိုမောင်လေးရဲ့ ကျေးဇူးတွေ
မကျေ ကျေအောင်ဆပ်ပစ်လိုက်မယ်....
အမျိုးသမီးများနှင့် ချိန်းဆိုတွေ့ ဆုံပြီး၎င်းတို့ သောက်မည့် ဖျော်ရည်၊ အအေးနှင့် အဖျော်ယမကာ
များထဲတွင် အိပ်ဆေးများထည့် ပြီး မုဒိန်းကျင့် မည့် အကြံအစည်ဖြင့် ဆေးခတ်ထားသည့် အဖျော်
ယမကာကိုသောက်သုံးပြီး သတိလစ်လဲကျသွားသည့်  အဲလစ်ဇဘက်ကောဝဲလ် တစ်ယောက် တစ်
ကယ့် စူပါးမင်း ကဲ့ သို့ သော လူစွမ်းကောင်းတစ်ဦးက ကယ်တင်ခဲ့ ၍အရှက်တကွဲမဖြစ်ခဲ့ ရပေ...
ကလေးတစ်ယောက်မိခင် ဖြစ်သူ အဲလစ်ဇဘက်ဟာ ဘီယာဆိုင်တစ်ခုမှာ သူမသောက်သုံးမယ့် 
ယမကာထဲသို့  Rohypnol  ဟုယူဆရသော သတိအာရုံများကင်းလွတ်တတ်သည့် ဆေးတစ်မျိုး
အခတ်ခံခဲ့ ရပြီးနောက် သတိလစ်လဲကျသွားခဲ့ တယ်လို့ ဆိုပါတယ်...
ဒါပေမယ့် သူမကို လျို့ ဝှက်ဆန်းကျယ်တဲ့ အမည်မသိသူ၊ သူရဲကောင်းအမျိုးသားတစ်ဦးက အရေး
ပေါ်သူနာတင်ယာဉ်ဆီကို ပွေ့ ချီခေါ်ဆောင်သွားပြီး သူ့ ရဲ့ ဝတ်ရုံနဲ့ နွေးထွေးစေအောင် လွှမ်းခြုံပေး
ခဲ့ ကာ ပုံပြင်ဆန်ဆန် ပျောက်ကွယ်သွားခဲ့ ပါတယ်...
သူနဲ့ ပါတ်သက်တဲ့ အမှတ်တစ်ရပစ္စည်းကတော့ ထိုသူဝတ်ဆင်ထားခဲ့ သည့် နာမည်ကျော်စူပါမင်း
ဇတ်ကားထဲက ဇတ်ကောင်စူပါမင်းရဲ့ ဝတ်ရုံကဲ့ သို့ သော ၀တ်ရုံသာဖြစ်ပါတယ်...
ဆေးရုံမှာကုသမှုခံယူပြီးအကြောတွေဆိုင်းပြီး၊ လေဖြတ်ချင်သလိုဖြစ်သွားခဲ့ တဲ့ အဖြစ်ဆိုးကနေ
သက်သာပျောက်ကင်းသွားခဲ့ တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ အဲလစ်ဇဘက်ဟာ သူမရဲ့ ကယ်တင်ရှင်
ကျေးဇူးရှင်သူရဲကောင်း စူပါမင်းကို စုံစမ်းပေးဖို့  သူမနေထိုင်ရာ ၀ီဂန်နယ်၊ လန်းစ် အရပ်က ဒေသ
ဆိုင်ရာသတင်းစာမှာ ထည့် သွင်းဖော်ပြ အကူအညီတောင်းခဲ့ ပါတယ်...
အဲဒီအခါကျတော့မှပဲ မာန်မာနမထားပဲ ကိုယ့် ကိုယ်ကိုနှိမ့် ချလေ့ ရှိတဲ့ သူရဲကောင်းဖြစ်သူ ပေါလ်
လောင်းမိုင်းယား တစ်ယောက် ထွက်လာပါတော့ တယ်...
အဲဒီနေ့ က သူဟာ မိတ်ဆွေတစ်ဦးဆီကနေ ငှားရမ်းပြီးဝတ်ဆင်ထားတဲ့ အဆိုပါဝတ်၇ုံနဲ့  သူငယ်
ချင်းတွေနဲ့ အတူ အပြင်မှာလျှောက်လည်နေခဲ့ တာဖြစ်ပါတယ်...
ဈေးကွက်ဖြန့် ချီရေးအမှုဆောင်ဖြစ်တဲ့ အသက် ၂၃ နှစ်ရှိလူငယ်က ” ကျွန်တော်တို့ အဲလီဇဘက်
ကို ယိုင်ထိုးယိုင်ထိုးနဲ့ မျက်နှာအပ်ပြီးကြမ်းပြင်ပေါ်ကိုမှောက်လဲကျသွားတာတွေ့ လိုက်ရပါတယ်...
ကျွန်တော်ကသူမကို ထူမဖို့ ကြိုးစားခဲ့ ပေမယ့် သူမရဲ့ ခြေထောက်တွေက မခိုင်တော့ ပါဘူး...ဒါနဲ့ 
ပဲကျွန်တော်ဟာ သူမကိုပွေ့ ချီပြီး ဆိုင်အပြင်ကိုသယ်ဆောင်လာခဲ့ ရတာပါ...သူနာတင်ကားမရောက်
ခင်အထိသူမဟား ခိုက်ခိုက်တုန်နေပါတယ်...ဒါကြောင့် ကျွန်တော့် ရဲ့ ဝတ်ရုံကိုချွတ်ပြီးသူမ ကိုနွေး
ထွေးအောင် လွှမ်းခြုံပေးထားပြီး ကျွန်တော်ထွက်လာခဲ့ ပါတယ်...ဒါဟာဘာမှသိပ်ပြီးပြောပလောက်
တာမဟုတ်ပါဘူး...ကျွန်တော်ဟာ လူသားတစ်ဦးကို ကူညီခဲ့ တာသာဖြစ်ပါတယ်...”  လို့ ဆိုခဲ့ ပါတယ်...
အိမ်ထောင်ရှင်ဖြစ်တဲ့ အဲလစ်ဇဘက်ဟာ အဲဒီနေ့ က သူငယ်ချင်းမိတ်ဆွေများနဲ့ သူမရဲ့ ညီမဖြစ်သူနဲ့ 
ပါ အပြင်ထွက်လည်ခဲ့ တာဖြစ်ပါတယ်...သူမက ”  ကျွန်မ သုံးခွက်လောက်လဲသောက်ပြီးရောလဲကျ
သတိလစ်သွားခဲ့ တာပါပဲ...တော်တော်ကြာကြာမှ နိုးလာတော့ ဆေးရုံကိုရောက်နေခဲ့ ပါပြီ......
ဆရာဝန်တွေကတော့ ကျွန်မဟာ အိပ်ဆေးခတ်ခံခဲ့ ရတယ်လို့ အခိုင်အမာယုံကြည်ကြပါတယ်...
Rohypnol ဒါမှမဟုတ် GHB  လို့ ခေါ်တဲ့ ဆေးလို့ ဆိုပါတယ်...ကျွန်မကိုကူညီ၊ ကယ်တင်ခဲ့ တဲ့ 
ကျေးဇူးရှင်လူစွမ်းကောင်းကို မတွေ့ တွေ့ အောင်ရှာပြီး ကျေးဇူးတင်စကားပြောမယ်၊ သူ့ ရဲ့ ဝတ်
ရုံကို ပြန်ပေးမယ်လို့ စိတ်ဆုံးဖြတ်ခဲ့ ပါတယ်...”  လို့ သူမက ပြောကြားခဲ့ ပါတယ်...
အင်း...
အခုခေတ်မှာ ကလပ်သွားမှ ခေတ်မှီမယ်....ပျော်စရာကောင်းတယ်လို့ ထင်တဲ့ မနူးမနပ် မမများ
သတိထားစရာပါပဲ....
ကိုယ့် ကိုချိန်းတဲ့ ငနဲဆီမှာ အထက်ပါ Rohypnol ဒါမှမဟုတ် GHB ဆို တဲ့ ဆေး ပါတယ်ဆိုယင်
တော့ ကြိမ်းသေပြီပဲ...သူကိုယ့် ကိုပွဲသိမ်းတော့ မယ်ဆိုတာ...
ဘာမှစိတ်ပူစရာမလိုဘူး၊ အဖော်ပါယင်ပြီးတာပဲဆိုသူများအတွက်တော့ အထူးဆိုရန်မရှိပြီ....
ကဲသာကဲ...ကွဲသာကွဲ ဟုသာ......
အဆိုပါ ဆေးများအကြောင်းလေ့ လာလိုပါလျှင် ဒီမှာဖတ်ပါ...
ဖတ်ပြီး သတိထားတတ်လျှင်ဗဟုသုတ...
မဟုတ်တဲ့ နေရာမှာသုံးလျှင်တော့ အကုသိုလ်....
မူရင်းသတင်းပါ....
Date -rape drug victim Elizabeth Caulwell was rescued by a real-life Superman. The mother of one collapsed in a bar when her drink was spiked with a substance, thought to be Rohypnol.
But she was carried safely to an ambulance by the mystery hero who then vanished - leaving her wrapped in his red cape, the only clue to his identity. After recovering from partial paralysis in hospital, Elizabeth, 26, made an appeal to track down her Superman using the local paper in her hometown of Wigan, Lancs.
Modest hero Paul Longmire came forward. He had been out with pals in the costume borrowed from a friend.
The marketing executive, 23, said: "We saw Elizabeth stumble and go down face first. I tried supporting her but her legs kept giving way so I just picked her up and carried her outside before the ambulance came. She was shivering so I wrapped my cape around her then left. It wasn't heroic. I just helped someone." Married Elizabeth, who had been out with pals and her sister, said: "I'd drunk three drinks when I collapsed. I woke hours later in hospital.
"Doctors were certain I'd been spiked, probably with Rohypnol or maybe GHB. I was determined to find who Superman was to say thanks and return his cape."
0 comments: