အလုပ်တော့အလုပ် . . . သို့သော်

Monday, December 29, 2008




ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံ ခြားသွားတာနဲ့ ပတ်သက်ပြီး အ ကြောင်းအရာအမျိုးမျိုးလေးတွေ ဖတ်ရတော့ ဒီအကြောင်းလေးနဲ့ဆိုင် တဲ့ဆောင်းပါးတစ်ပုဒ်ကို ရေးချင် လာပါတယ်။ ရေးသင့်၊ မရေးသင့် အရင်စဉ်းစားမိပါတယ်။ ဒါပေမဲ့ အတွဲ (၄)၊ အမှတ် (၈)Weekly Eleven ဂျာနယ်မျက်နှာဖုံးက "အလုပ်အကိုင်အခွင့်အလမ်းကောင်းနှင့်လစာ မြင့်မားမှုမက်လုံးဖြင့် ငယ်ရွယ်သူ အမျိုးသမီးများအား အဓိကပစ်မှတ် ထားသည့် အသွင်သစ်လူကုန်ကူးမှု များ မြန်မာနိုင်ငံအပေါ်ရိုက်ခတ်မှုရှိ လာနိုင်" ဆိုတဲ့ခေါင်းစဉ်နဲ့သတင်းဖတ် လိုက်ရတော့ ရေးမယ်လို့ဆုံးဖြတ် လိုက်ပါတယ်။ ဘာလို့လဲဆို ကျွန်မ ပတ်ဝန်းကျင်က မိန်းကလေးသူငယ် ချင်းတော်တော်များများ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အားတက်သရော ဆန္ဒရှိကြသလို မိတ်ဆွေ၊ အပေါင်း အသင်းတွေကလည်း အားပေးကြ ပါတယ်။ တချို့ကတော့ ပညာသင် ဖို့၊ တချို့လည်း အလုပ်လုပ်ဖို့ ရည် ရွယ်ချက်ကိုယ်စီနဲ့ပါ။ ပညာသင်ပြီး ဆုံးတဲ့သူတွေကလည်းရာထူးကောင်း၊ လစာမြင့် အလုပ်တွေရဖို့ မျှော်လင့် ချက်နဲ့ ထပ်ကြိုးစားရပြန်ပါတယ်။


အခုဆိုရင်လည်း နိုင်ငံခြားအ လုပ်သွားလုပ်နိုင်ဖို့ဆောင်ရွက်ပေး နေတဲ့အလုပ်အေဂျင်စီတွေကလည်း ပေါများလာသလို လုပ်ငန်းခွင်အ တွက် လိုအပ်တဲ့သင်တန်းတွေက လည်း လက်ညှိုးထိုးမလွဲနိုင်အောင် ပင်။ သင်တန်းတချို့ကလည်း လုပ် ငန်းခွင်ပညာရပ်တွေကို သင်ကြား ပေးတဲ့အပြင် အလုပ်အကိုင်အခွင့်အ လမ်းရဖို့အတွက်လည်း ကူညီပေး မယ်ဆိုပြီး အပြိုင်ကြော်ငြာလာပါ တယ်။ လက်ရှိအချိန်မှာလည်း ဒေ သတွင်းနိုင်ငံတွေဆီမှာ စီးပွားရေးအ ခက်အခဲရှိနေချိန်ဆိုတော့ အလုပ် ရ ဖို့အခွင့်အရေးက အရင်ထက်ပိုနည်း လာပေမယ့် အလုပ်သွားလုပ်မယ့်သူ တွေကတော့ လျော့နည်းမသွားပါ ဘူး။ သင်တန်းဆင်းလက်မှတ်လေး ရ၊ ဘာသာစကားနည်းနည်းပါးပါး ပြောတတ်ပါက နိုင်ငံခြားမှာ အလုပ် ရဖို့ ရာခိုင်နှုန်းများတယ်လို့ထင် ထားတတ်ကြပါတယ်။


ကျွန်မလည်းအရင်ကဒီလိုထင် ခဲ့ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့ တဲ့လပိုင်းအတောအတွင်း နိုင်ငံခြား သွားအလုပ်လုပ်ဖို့စိတ်ဝင်စားခဲ့တယ်။ ကျွန်မနဲ့မတွေ့တာကြာပြီဖြစ်တဲ့သူ ငယ်ချင်းတစ်ယောက်က သူ့ညီမမှ တစ်ဆင့် သူ စင်ကာပူမှာရောက်နေ ကြောင်း၊ သူ့သူဌေးက အသက် ၂၅ နှစ်ဝန်းကျင်မိန်းကလေးအယောက် ၂၀ စာအတွက်အလုပ်ခေါ်ပေးဖို့ပြော လို့ ကျွန်မစိတ်ဝင်စားပါက လုပ်နိုင် အောင်သတိတရနဲ့လှမ်းဆက်သွယ် ခိုင်းပါတယ်။ ကျွန်မလည်း သူငယ် ချင်းအီးမေးလ်လိပ်စာတောင်းထား ပြီး လှမ်းဆက်သွယ်ခဲ့တယ်။ မေးလ် ထဲမှာ "စားသောက်နေထိုင်ဖို့အတွက် တာဝန်ယူတယ်။ လစာက စင်ကာပူ ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ၀န်းကျင်ရ မယ်။ Passport မရှိလည်း လုပ်ပေး မယ်။ လေယာဉ်လက်မှတ်ခ၊ Passport လုပ်ခတွေကို ချေးပေးထားပြီး နောက်မှ လစာတွေကနေ ပြန်ဆပ် နိုင်တယ်။ လိုအပ်တာတွေကို ပြင် ဆင်ပေးထားမယ်။ တခြားစိတ်ဝင် စားတဲ့သူတွေကို ဆက်သွယ်ပေးရင် ဆက်သွယ်ခအဖြစ် တစ်ယောက်ကို ကျပ် ၅၀၀၀၀ ပေးမယ်" ဆိုပြီး ရေး ထားပါတယ်။ ဘယ်လိုအလုပ်မျိုး၊ ဘယ်နေရာမှာလုပ်ရမယ်ဆိုတာကို တော့ရေးမထားပါဘူး။ ကျွန်မ လည်းသေချာမသိရလို့ ထပ်အဆက် အသွယ်မလုပ်ခဲ့မိဘူး။ လွန်ခဲ့တဲ့တစ် လလောက်ကတော့ သူငယ်ချင်းက ဒီမှာပြန်လာပြီး Passport သက်တမ်း တိုးရင်း လူချင်းလာတွေ့ပါတယ်။ အဲဒီတော့မှ သူပြောတဲ့အလုပ်ကိစ္စ ကို သေချာထပ်မေးကြည့်မိတယ်။


အရင်ဆုံး ကျွန်မက နိုင်ငံခြား မှာ အလုပ်သွားလုပ်ရင် LCCI, Hotel Management, Tourism စတဲ့ သင်တန်းဆင်းလက်မှတ်တွေရှိရမှာ လားမေးတော့ သူ့အလုပ်က "ဒီလက် မှတ်တွေသိပ်မလိုပါဘူးတဲ့။ အင်္ဂလိပ် စကား အသင့်အတင့်ပြောတတ်ရင် ရပါပြီ။ ကျန်တာ ဟိုရောက်မှ သူ့ ဘာသာလုပ်ရင်းကိုင်ရင်း သဘော ပေါက်သွားလိမ့်မယ်"ဆိုပါတယ်။ "ဘာအလုပ်လုပ်ရမလဲ" ထပ်မေးတော့ "housekeeping"ဆိုပြီးပြောပါတယ်။ 'housekeeping ဆိုတော့ ဟိုတယ်မှာ လုပ်ရမှာ မဟုတ်ဘူးလား" ထပ်မေး တော့ "ဟိုတယ်မှာမဟုတ်ဘူး။ အိမ် မှာလုပ်ပေးရမှာ။ လုပ်စရာလည်း သိပ်မရှိပါဘူး။ ဖုန်စုပ်စက်နဲ့ ဖုန်စုပ်၊ အ၀တ်လျှော်စက်နဲ့လျှော်၊ မီးပူ လေးတိုက်ပေး၊ ကလေးရှိရင် ကားနဲ့ ကျောင်းပို့၊ ကျောင်းကြိုရတယ်။ တစ်ပတ်တစ်ရက်နားခွင့်ရှိတယ်။ နားတဲ့ရက်မှာသင်တန်းတက်ဖို့အချိန် ပိုင်းသင်တန်းတွေလည်းရှိတယ်။ အဲဒီသင်တန်းတွေက ဒီပလိုမာလက် မှတ်တွေယူပြီး တခြားအလုပ်ပြောင်း လုပ်ချင်လုပ်လို့ရတယ်။


လောလောဆယ် ဒီအလုပ် လေးကို အစပျိုးလုပ်ထားပြီးနောက်မှ ကိုယ်နဲ့သင့်တော်တဲ့ တခြားအလုပ် ထပ်ရှာ၊ သူလည်း ဒီအလုပ်လုပ်ပြီး အချိန်ပိုင်းသင်တန်းတက်နေတယ်။ စားဖို့၊ နေဖို့ကို အိမ်ရှင်က တာဝန်ယူ ထားတယ်။ ကိုယ်ကြိုက်တဲ့ပုံစံ ချက် ပြုတ်စားသောက်နိုင်တယ်။ နောက် ပိုင်း အဆက်အသွယ်ကောင်းရသွား ရင် အခြားနေရာတွေမှာ သွားလုပ်လို့ ရတယ်"ဆိုတာ ကျွန်မကို ရှင်းလည်း ရှင်းပြ၊လုပ်ဖို့လည်းအားပေးပါတယ်။ အခုတစ်ခေါက် ရန်ကုန်ပြန်ရောက် တော့ အိမ်နီးနားချင်းသူငယ်ချင်း လေးယောက်အပြင် ညီမ၀မ်းကွဲနှစ် ယောက်ကလည်း စိတ်ဝင်စားလို့ သူ တို့ကိုခေါ်သွားရင်း ကျွန်မပါစိတ်ဝင် စားရင်လိုက်ခဲ့ဖို့ တိုက်တွန်းပါတယ်။


ကျွန်မ သူပြောတဲ့အလုပ်ကိုသိ ရတော့ စိတ်မကောင်းဖြစ်မိသလို အံ့သြမဆုံးလည်းဖြစ်မိတယ်။ ဘာ လို့လဲဆို ကျွန်မသူငယ်ချင်းက ရန် ကုန်မှာနေတုန်းက လူလတ်တန်းစား ထဲကပါ။ B.Sc ဘွဲ့တစ်ခုရထားတဲ့ အပြင် LCCI အောင်လက်မှတ်၊ တရုတ်စကားပြောလည်းတတ်ပါ တယ်။ အိမ်မှာ အင်္ကျီဆိုင်လေးတစ် ဆိုင်ဖွင့်ထားတယ်။ ဆိုင်အတွက် လို အပ်တဲ့အင်္ကျီတွေကို မူဆယ်ထိကိုယ် တိုင်သွားပြီးဝယ်တဲ့အပြင် ဈေးပလာ ဇာတွေမှာလည်း ပြန်သွင်းတဲ့အခါ ပြန်သွင်းပါတယ်။ ဒီလိုအလုပ်လေး ရှိပြီး ပညာအရည်အချင်း အသင့် အတင့်ရှိထားတဲ့သူငယ်ချင်းက နိုင်ငံ ခြားမှာလုပ်နေတဲ့အလုပ်က အိမ်အကူ သဘောအလုပ်မျိုးဆိုတော့ ကျွန်မ ၀မ်းနည်း စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ ကြီးကျယ်တာတော့မဟုတ်ပါ ဘူး။ သူငယ်ချင်းကို အကြောင်းပြ ချက်တစ်ခုပြပြီး ငြင်းလိုက်ပါတယ်။


သူကတော့ ကျွန်မစိတ်မ၀င်စားရင်၊ တခြားစိတ်ဝင်စားတဲ့သူရှိရင် အချိန် မရွေးဆက်သွယ်နိုင်အောင် ရန်ကုန် လိပ်စာအပြင် စင်ကာပူက သူ့ဟန်း ဖုန်းနံပါတ်ကိုပေးခဲ့ပါတယ်။


စင်ကာပူပြန်သူငယ်ချင်းနဲ့ housekeeping အလုပ်အကြောင်းသိ ရပြီး သိပ်မကြာပါဘူး။ နောက်ထပ် သူငယ်ချင်းတစ်ယောက်နဲ့တွေ့ကြ တော့ "ဘာလုပ်နေလဲ"မေးမိတယ်။ သူက "အင်္ဂလိပ်စာသင်ပေးနေတယ်" တဲ့။ "ကောင်းတယ်ပေါ့၊ ဘယ်သူ တွေကို သင်ပေးနေတာလဲ"ထပ်မေး တော့ "နယ်ကနေစင်ကာပူမှာအလုပ် သွားလုပ်မယ့်သူတွေကို သင်ပေးနေ တာ"တဲ့။ သူ့အဒေါ်က နယ်ကအမျိုး တွေနဲ့ မိတ်ဆွေတွေရဲ့သမီးတွေကို စင်ကာပူပို့ပေးပြီး အလုပ်သွင်းပေး နေတယ်"လို့ပြောပါတယ်။ အေဂျင် စီနဲ့လုပ်ရင် ၀န်ဆောင်ခက တော် တော်လေးပေးရပေမယ့် သူ့အဒေါ် ကတော့ တစ်ယောက် ၅၀၀၀၀ ကျပ် နဲ့လုပ်ပေးနေတာ"လို့ ဆိုပြန်တယ်။ ဘာအလုပ်လဲမေးတော့ housekeeping ပါတဲ့။ လာပြန်ပါပြီ။ နောက် တစ်ယောက်ကလည်း housekeeping တဲ့။


ံHousekeeping ကို အင်္ဂလိပ်- မြန်မာအဘိဓာန်ထဲမှာ "အိမ်မှုရေးရာ စီမံခန့်ခွဲမှု၊ ယင်းအတွက် ခွင့်ပြုထား သည့်ငွေကြေး၊ အဖွဲ့အစည်းတစ်ရပ် တွင် ထိန်းသိမ်းမှု၊ မှတ်တမ်းတင် ထားရှိမှုလုပ်ငန်းများ"ဟု အဓိပ္ပာယ် ဖွင့်ထားတာ တွေ့ရပါတယ်။


ဒီအလုပ်လုပ်ဖို့ စင်ကာပူက Housekeeping စာမေးပွဲကို အရင်ဖြေ ရပါတယ်။ အဲဒီအတွက် မေးခွန်း ဟောင်းတွေ၊ အင်္ဂလိပ်စာစကားပြော တွေအတွက် သူက သင်ပေးနေတာ ပါလို့ဆိုပါတယ်။ ဒီအလုပ်အကြောင်း ကိုရှင်းပြခိုင်းတော့ "စာမေးပွဲက အ မှတ် ၅၀ ဖိုးမေးထားပြီး အမှတ် ၃၀ ရရင် အောင်တယ်။ မေးခွန်းတွေက အင်္ဂလိပ်စာအခြေခံသဘောတရား တွေမေးထားတာ။ စာမေးပွဲအောင် ရင် အလုပ်လုပ်ရပြီး အလုပ်ပါမစ် (work permit) နှစ်နှစ်ရတယ်။ တစ် အိမ်ကနေ သုံးအိမ်ထိပြောင်းလုပ်လို့ ရတယ်။ စားသောက်နေထိုင်စရိတ် စီစဉ်ပေးတယ်။ လခက စင်ကာပူ ဒေါ်လာ ၃၀၀ ၀န်းကျင်ရတယ်" ဆို ပြီးရှင်းပြပါတယ်။ ကျွန်မလုပ်ဖို့စိတ် ၀င်စားရင်သူ့အဒေါ်ကိုပြောပေးမယ် လို့ဆိုပါတယ်။


သူ့စိတ်ထဲမှာတော့ ဒီအလုပ်ကို ဘယ်လိုသဘောထားလဲမသိပါဘူး။ ကျွန်မကတော့ နိုင်ငံခြားသွားအလုပ် လုပ်မယ့်သူတွေအတွက် ကိုယ်ဆည်း ပူးခဲ့တဲ့ပညာ၊ ကျင်လည်ခဲ့ရတဲ့ဝန်း ကျင်တွေနဲ့ လိုက်လျောညီထွေမှုရှိစေ ချင်ပါတယ်။ ရရှိလာတဲ့ဝင်ငွေ၊ ရင်း နှီးလိုက်ရတဲ့ငွေကြေး၊ အချိန်တွေ ဟာ နောက်ငါးနှစ်၊ ဆယ်နှစ်မှာကိုယ့် အတွက်ဘယ်လောက်အကျိုးအမြတ် တွေရလာနိုင်မလဲ။ "တစ်ရွာမပြောင်း သူကောင်းမဖြစ်"ဆိုပြီး ပြောင်းသွား ပြီးမှ "သေချင်တဲ့ကျား တောပြောင်း" ဆိုတဲ့ စကားပုံမျိုးမဖြစ်စေချင်ပါ။ ဒီလိုဆို နိုင်ငံခြားမှာ အလုပ်သွားလုပ် သူတွေကို အပြစ်တင်နေတာလား ဆိုတော့ မဟုတ်ပါဘူး။ အသိပညာ၊ အတတ်ပညာပြည့်ဝပြီး လုပ်ငန်းခွင် သင့်တင့်တဲ့နေရာ၊ ရာထူးရထားတဲ့ သူတွေအတွက်တော့ ၀မ်းလည်းသာ၊ ဂုဏ်လည်းယူပါတယ်။ သူများနိုင်ငံ မှာ ကိုယ့်နိုင်ငံသားတွေက နေရာ တစ်နေရာရထားတယ်ဆိုတာ ဂုဏ် ယူစရာပါ။ ဒါပေမဲ့ ပညာရေးက အခြေခံ၊ ဘာသာစကားက နည်း နည်းပါးပါးတတ်၊ နှစ်လပြတ်၊ သုံး လပြတ်သင်တန်းဆင်းလက်မှတ်ရရှိ ထားတဲ့သူတွေအတွက်တော့ နိုင်ငံ ခြားမှာ အဆင်ပြေစွာရပ်တည်နိုင်ဖို့ ဆိုတာ အလှမ်းနီးမလား၊ အလှမ်း ဝေးမလားဆိုတာ သေချာစဉ်းစားစေ ချင်ပါတယ်။


အလုပ်အကိုင် အခွင့်အရေး ကောင်းလို့ပဲဖြစ်ဖြစ်၊ လစာကောင်း လို့ပဲဖြစ်ဖြစ်၊ လူနေမှုအဆင့်အတန်း မြင့်လို့ပဲဖြစ်ဖြစ် နိုင်ငံခြားသွားအလုပ် လုပ်မယ့်သူတွေအနေနဲ့ သူများတွေ ပြောလို့ တစ်ဆင့်စကားတစ်ဆင့် ကြားထားတဲ့ သွားရည်ယိုစရာ အခွင့်အရေးတွေကို စိတ်ကူးယဉ်ပြီး သွားမိပြီးမှ နိုင်ငံခြားရောက်ပြီး လက်တွေ့လုပ်ငန်းခွင်ဝင်ရတဲ့အခါ ထပ်တူမညီခဲ့လျှင်တော့ ...။ ။

 Weekly Eleven Journal မှဆောင်းပါးဖြစ်ပါတယ်။

တစ်ဆက်တည်းပြောချင်တာကတော.အဲဒီလိုအထင်နဲ.အမြင်လွဲခဲ.တာကြောင်.လွန်ခဲ.တဲ.ခြောက်လ
လောက်ကစင်္ကာပူနိုင်ငံမှာအိမ်ဖော်အဖြစ်လုပ်နေတဲ.မြန်မာအမျိုးသမီးတစ်ဦးတိုက်ပေါ်ကနေခုန်ချပြီး
သေကြောင်းကြံသွားခဲ.ဘူးပါတယ်။သူ.လိုအစွန်းရောက်နည်းကိုမသုံးပေမယ်.စိတ်ထိခိုက်ခံစားနေရ
တဲ.သူဘယ်ရွေ.ဘယ်မျှရှိတယ်ဆိုတာအတိအကျမသိရပေမယ်.ဒီအဖြစ်အပျက်ကိုကြည်.ခြင်းအားဖြင်.
အရေအတွက်နည်းမှာမဟုတ်ပါဘူးဆိုတာသေချာပါတယ်။
နောက်ပြီးကျွန်တော်.အနေနဲ.လက်ရှိဟိုတယ်လုပ်ငန်းမှာလုပ်ကိုင်နေသူမို.housekeeping အကြောင်း
တော.အနည်းငယ်ပိုသိတယ်လို.ဆိုနိုင်ပါတယ်။အခုပွဲစားတွေလိမ်လည်လှည်.ပတ်ပြောနေတဲ.house-
keeping ဆိုတာနဲ.တစ်ကယ်.ဟိုတယ်က housekeeping အလုပ်နဲ.ကအခြေခံခြင်းတူပေမယ်.သူတို.
ပြောတာကအိမ်ဖော်ပါ။အိမ်ဖော်ဆိုတော.ကိုယ်.အလုပ်ရှင်ကအိမ်ရှင်ဖြစ်နေပြီ။စင်္ကာပူနဲ.ဟောင်ကောင်
မှာသာအိမ်ဖော်တွေတစ်ပတ်ကိုတစ်ရက်အနားရပေမယ်.ကျွန်တော်အခုရောက်နေတဲ.ဒူဘိုင်းအပါအ၀င်
အာရပ်နိုင်ငံတွေမှာတော.တစ်ပတ်မပြောနဲ.တစ်နှစ်လုံးလုပ်လဲတစ်ရက်မှအနားမရပါဘူး။ကိုယ်နေတဲ.
အိမ်ရှင်၊အိမ်ရှင်မမျက်နှာကြည်.နေရတာပါ။
ဟိုတယ်အလုပ်ကတော.ရှင်းပါတယ်။အလုပ်ရှင်ကလည်းအုပ်ချူပ်မှုအဖွဲ.နဲ.မို.တစ်ဦးတစ်ယောက်တည်း
ရဲ.မျက်နှာကြည်.နေရတာမဟုတ်ပါ။ပြီးတော.ကိုယ်.အလုပ်ချိန်၊ကို.ယ်.အလုပ်ခွဲတမ်းပြီးယင်ပြန်ရုံပါပဲ။
ဒီကြားထဲမတရားဘူးထင်ယင်လည်းတိုင်စရာအထက်အထက်အဆင်.တွေများပါတယ်။
ဒါကြောင်.အခြေအနေအကြောင်းကြောင်းကြောင်.ပြည်ပထွက်အလုပ်လုပ်ရမယ်ဆိုယင်ကိုယ်.ပညာနဲ.
ကိုယ်.စိတ်သဘာဝနဲ.ကိုက်ညီမယ်.အလုပ်၊ကိုယ်လုပ်ရမယ်.အလုပ်ကိုသေချာစွာမေးမြန်းစုံစမ်းပြီးမှထွက်
လာစေချင်ပါတယ်။
ဒူဘိုင်းနဲ.အာရပ်နိုင်ငံရောက်အိမ်ဖော်များနဲ.ပါတ်သက်လို.တော.ကျွန်တော် ဒီပို.စ် မှာရေးခဲ.ဘူးပါတယ်။
အကောင်းဆုံးဖြစ်စေချင်တာကတော.ပွဲစားတွေအနေနဲ.အခြေအနေအမှန်ကိုပြောပြသင်.တာပါပဲ။




0 comments: