ဦးခေါင်းအတွင်း နှစ်လေးဆယ်ကျော်ကြာ ကျည်ဆန်ဝင်လျက် ရှင်သန်နေခဲ့သူ

Saturday, June 27, 2009
ဦးခေါင်းအတွင်း နှစ်လေးဆယ်ကျော်ကြာ ကျည်ဆန်ဝင်လျက် ရှင်သန်နေခဲ့သူ

 
ခွဲထားတဲ.ဒဏ်ရာနဲ.အတူတွေ.ရစဉ်...
He shows off her relatively small bandage as she recovers after the surgery in China



တရုတ် အမျိုးသမီးကြီး တစ်ဦး၏ ဦးခေါင်းအတွင်း နှစ်ပေါင်း(၄၂)နှစ်တိုင်တိုင် ၀င်ရောက်နေသည့် ကျည်ဆန်ကို ဆရာဝန်များက ဖယ်ထုတ်ပေးလိုက်ကြောင်း သိရသည်။ ဟီဝမ်ယီသည် ယခုအခါ အသက်(၆၅)နှစ် ရှိနေပြီဖြစ်ပြီး (၁၉၆၇)ခုနှစ်က ဖြစ်ပွားခဲ့သည့် တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကြီးအတွင်း ဦးခေါင်းကို သေနတ်ထိမှန် ခံခဲ့ရသည်။ တရုတ်ကွန်မြူနစ် တပ်နီတော်နှင့် ပြိုင်ဘက်ဆန့်ကျင်ရေး အင်အားစုများ အပြန်အလှန် ပစ်ခတ်စဉ် ဟီမှာ ကြားညပ်ပိတ်မိပြီး သေနတ်ထိမှန် ခံရခြင်းဖြစ်သည်။ သူမသည် မကြာခဏ ခေါင်းကိုက်မှု ဖြစ်ခဲ့သော်လည်း (၁၉၇၈)ခုနှစ် မတိုင်မီအထိ ခေါင်းထဲတွင် ကျည်ဆန်ဝင်နေမှန်း မသိခဲ့ပေ။


 
 ဓါတ်မှန်ရိုက်တာအဲဒီလိုမြင်ရတယ်...
Pensioner Hou Guoying was stunned when she complained to doctors about an agonising headache and discovered she'd had a bullet lodged in her face for 42 years


(၁၉၇၈)ခုနှစ်တွင်မူ ဆရာဝန်များက သူမ၏ ခေါင်းကိုက်ဝေဒနာ ကြာရှည်စွာ စွဲကပ်နေမှုကို မသင်္ကာသဖြင့် တိတိကျကျ စစ်ဆေးခဲ့ရာမှ ဟီ၏မေးရိုးနှင့် နားရွက်ကြားတွင် ၀င်ရောက်နေသော အရှည်(၃.၃) စင်တီမီတာရှိ ကျည်ဖူးကို တွေ့ရှိခဲ့ကြသည်။ သို့သော်လည်း ထိုစဉ်က ဆေးပညာ ထွန်းကားမှု အားနည်းနေသေးသည့်အတွက် ဟီ၏ခေါင်းထဲမှ ကျည်ဆန်ကို ခွဲထုတ်ရမည့် အန္တရာယ်အလွန်များသော Operationကို မပြုလုပ်ရန် ဆရာဝန်များက ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း သနားစရာကောင်းသည့် အမျိုးသမီးကြီးမှာ နောက်ထပ်နှစ်ပေါင်း (၃၀)ကျော်အောင် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားနေခဲ့ရသည်။


 
ခွဲထုတ်လိုက်တဲ.ကျည်ဆံ...
The bullet that was lodged inside He's head for 42 years

နောက်ပိုင်းတွင် ဟီ၏ခေါင်းကိုက် နာကျင်မှုသည် တစ်ကိုယ်လုံးသို့ ပြန့်နှံ့လာပြီးနောက် မခံမရပ်နိုင် ဖြစ်လာသဖြင့် ယခုလ အစောပိုင်းက တရုတ်ပြည် အနောက်တောင်ပိုင်း ချွမ်ဂျင်မြို့တော် ဆေးရုံသို့ လာရောက်စစ်ဆေးမှု ခံယူခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင်မူ ဟီ၏ခေါင်းမှ ကျည်ဆန်ကို ခွဲထုတ်နိုင်ဖွယ် အလားအလာများ ရှိနေသည်ဟု ဆရာဝန်များက ဆုံးဖြတ်ပြီး အနာသိပြီး ဆေးမရှိခဲ့သည့် နှစ်(၃၀)ကျော်ကြာ ဝေဒနာကို ကုစားရန် ပြင်ဆင်ခဲ့ကြသည်။ ယခုလ အစောပိုင်းက ဟီ၏မျက်နှာကို ခွဲစိတ်ပြီး ကျည်ဆန်ကို ဖယ်ရှားသည့် Operationကို ဂရုတစိုက် ပြုလုပ်ခဲ့ကြပြီးနောက် ကျည်ဆန်ကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့သည်။ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာပြီးနောက် ယခုအခါ ဟီအား ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်သည်။ အမျိုးသမီးကြီးက “ခွဲစိတ်ထားတော့ ခေါင်းက ကိုက်နေပါသေးတယ်။ ဒါပေမယ့် ဒီတစ်ခါခေါင်းကိုက်တာက အရင်လိုမဟုတ်ဘဲ သိပ်မကြာခင် ပျောက်သွားမှာပါ”ဟု ၀မ်းသာအားရ ပြောဆိုသွားသည်။

                planet သတင်းတွင်ပါရှိသည်ကိုထပ်မံဖေါ်ပြပါသည်။

Doctors remove bullet from woman's face that lodged there 42 YEARS ago

 

He Wenying had a headache - and it wasn't going away.
In fact, it didn't go away for 42 years.
And when it spread throughout her entire body earlier this month, she decided she could wait no longer.
He, 65, went under the knife earlier this month to allow doctors to remove a bullet that was embedded in her skull in 1967 during China's Cultural Revolution.
The 3.3cm bullet apparently hit He when it ricocheted through a thin wall during a fight  between rival factions of Red Guards amid the communist fundamentalism of the early Cultural Revolution.
It lodged into the right side of her face between her jaw and her ear.
Astonishingly, she did not realise a bullet was there until 1978, when doctors finally figured out what the cause of her persistent headaches was.
But terrible medical conditions at the local hospital in her remote town meant doctors had to send poor He home to suffer another 30 years of headaches - knowing full well what the problem was, but unable to do anything about it.

0 comments: