Chinese billionaire to donate all to charity

Sunday, September 19, 2010

ရှိသမျှစည်းစိမ် အကုန်လှူသည့် တရုတ်ဘီလီယံနာ သူဌေးမင်း...

Chen helping the earthquake victims
ငလျင်ဒါဏ်ခံရသူများအား ကူညီနေသည့် သူဌေး ချန်....
Chen helping the earthquake victims
တရုတ်နိုင်ငံမှ ဘီလီယံနာသူဌေး ချန်ဂွမ်ဗြောင် က ဘီလ်ဂိတ်နှင့် ဝါရင်ဘူးဖေးတို့ ရဲ့ ရှိသမျှအကုန်လှူကြစို့ 
ဆိုသည့် တိုက်တွန်းနှိုးဆော်ချက်အား ၎င်း၏ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်ဖြစ်ကြောင်းပြောကြားလိုက်
ခြင်းဖြင့် တုံ့ ပြန်လိုက်ပါတယ်...
သူကထိုသို့ လှူဒါန်းမည့် အကြောင်းကို တစ်ညလုံးစဉ်းစားခဲ့ ပြီးနောက် နံနက် ၁ နာရီခွဲမှာ ယခုကဲ့ သို့ သေ
တမ်းစာ ရေးခဲ့ တာဖြစ်ပါတယ်...
သူသေဆုံးသွားပြီးနောက် သူ့ ရဲ့ ချမ်းသာကြွယ်ဝမှုအားလုံးကို လှူဒါန်းဖို့ ရေးသားထားတဲ့ အဆိုပါစာတမ်းကို
လွန်ခဲ့ တဲ့ စက်တင်ဘာလ ၅ ရက်နေ့ က သူ့ ရဲ့ ကုမ္ပဏီအင်တာနက်စာမျက်နှာမှာ တင်ထားခဲ့ ပါတယ်...
ထိုစာအရ သူဟာ အမေရိကန်နိုင်ငံမှာ အများအကျိုးဆောင် ပရဟိတ သမားဘီလီယံနာ ဘီလ်ဂိတ်နှင့် ဝါ
ရင်ဘူဖေး တို့ ရဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ တွင် ဘေဂျင်းမှာပြုလုပ် ကူညီလှူဒါန်းရေးညစာစားပွဲဖိတ်ကြား
ချက် ကိုလိုက်ခံလိုက်တဲ့ အကြောင်းသိသာထင်ရှားတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်...ပြီးတော့ အစောပိုင်းကာလများက အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့ ကြတဲ့ အများအကျိုးဆောင် လှူဒါန်းကယ်
ဆယ်ရေးလုပ်ငန်းကိုစိတ်ပါဝင်စားကြတဲ့ သူဌေးကြီးများရဲ့ အနည်းဆုံး ပိုင်ဆိုင်မှုတစ်ဝက်လောက်ကိုတော့ 
ဖြင့်သေဆုံးပြီးနောက် လှူဒါန်းကြဖို့ ကတိပြုခဲ့ ကြတာကိုလည်း ထောက်ခံအားပေးတဲ့ တုံ့ ပြန်မှုလည်း ဖြစ်
ပါတယ်...
ဘီလ်နှင့် မီလင်ဒါဂိတ် ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်းက တရုတ်နိုင်ငံမှ အလွန်ချမ်းသာကြွယ်ဝတဲ့ သူ
ဌေးကြီးပေါင်း အယောက် ၅၀ ခန့် ကို အဆိုပါညစာစားပွဲသို့ ဖိတ်ကြားခဲ့ ပါတယ်...
ဒါပေမယ့်  ချန် နှင့် ဆိုဟိုချိုင်းနား အိမ်ယာမြေဖော်ထုတ်တည်ဆောက်ရောင်းချရေး သူဌေးကြီးကျန်ရှင်း တို့ 
ပဲ တက်ရောက်ကြမယ်လို့ လူသိရှင်ကြား တုံ့ ပြန်ခဲ့ ကြပါတယ်...



Chen is one of the torch bearers in Beijing Olympics 2008 
  ဘေဂျင်း ၂၀၀၈ တွင် အိုလံပစ်မီးရှုးတိုင်သယ်ဆောင်လာစဉ်
Chen is one of the torch bearers in Beijing Olympics 2008

ကျန်စုဟွမ်ပု ပြန်လည်ပြုပြင်စီမံထုတ်လုပ်ရေး အရင်းအမြစ်ကုမ္ပဏီ ဥက္ကဖြစ်တဲ့ အသက် ၄၂ နှစ်ရှိ ချန် ဟာ
ခန့် မှန်းခြေ ၅ ဘီလီယံ ယွမ် ချမ်းသာကြွယ်ဝပါတယ်...
သူဟာ ၂၀၀၇ ခုနှစ်ကတည်းက သူသေဆုံးပြီးနောက် ပိုင်ဆိုင်မှုအားလုံးရဲ့ ၉၅ ရာခိုင်နှုံးကို လှူဒါန်းပစ်ဖို့ 
ကြေငြာခဲ့ ပြီးဖြစ်ပါတယ်...
" နှစ်စဉ်နှစ်တိုင်း ကျွန်တော့ ကုမ္ပဏီရဲ့ အမြတ်အစွန်း ၅၀ ရာခိုင်နှုံးကို လှူဒါန်းခဲ့ ပါတယ်.." လို့ ချန်က ရှင်း
ပြခဲ့ ပါတယ်...
ယခုအချိန်အထိ ချန်ဟာ ယွမ်ငွေ ၁.၃ ဘီလီယံကျော်အထိ လှူဒါန်းခဲ့ ပြီး လူပေါင်း ၇ သိန်း ကျော်ကို ကူညီ
ခဲ့ ပါတယ်...

၂၀၀၈ ခုနှစ် ၀န်ချွမ် မြေငလျင်လှုပ်ခဲ့ ရာမှာတော့  ချန် ဟာငွေသန်းပေါင်းများစွာ လှူဒါန်း ရုံမျှမက ကိုယ်
တိုင်လည်း ကူညီကယ်ဆယ်ရေးအသင်းတစ်သင်းနှင့် အတူသွားရောက်ခဲ့ ပါတယ်...
" စီးပွားချမ်းသာမှုဥစ္စာဓန ဆိုတာရေလိုပါပဲ... အမြဲတမ်းစီဆင်းနေတာ၊ တစ်လက်ကနေတစ်လက်ကိုပြောင်း
လဲနေတာပါ...ဒါကြောင့် သိမ်းထားမယ့် အစား၊ စုထားမယ့် အစား တစ်ခြားသူတွေကိုမျှဝေပေးတာက ပိုပြီး
ကောင်းပါတယ်...
ကျွန်တော့ ရဲ့ စည်းစိမ်ဥစ္စတွေကိုတော့ ဘယ်သားသမီးကိုမှ အမွေမပေးခဲ့ ပါဘူး...ကျွန်တော်ကိုယ်တိုင် အစ
ကနေ ကြိုးစားနိုင်ယင် သူတို့ လည်း လုပ်နိုင်မှာပါ..." လို့ ချန် ကပြောကြားခဲ့ ပါတယ်...


ချန်ဟာရိုးရိုးသားသားနဲ့ ခြိုးခြံစွာလည်းနေပါတယ်....သူဟာဆေးလိပ်လည်းမသောက်သလို သူ့ ကုမ္ပဏီရဲ့ 
ကင်တင်း မှာပဲ အစားအသောက်ကို အများအားဖြင့် စားပါတယ်...
လယ်သမားမိသားစုမှာ မွေးဖွားခဲ့ လို့ ချန်ဟာ ကလေးဘ၀မှာတော့ ဆင်းရဲနွမ်းပါးခဲ့ ပါတယ်...သူ့ ရဲ့ မွေးချင်း
နှစ်ယောက်ဆို ငယ်စဉ်ဘ၀မှာပဲ အဟာရဓါတ်ချို့ တဲ့ ပြီးသေဆုံးခဲ့ ရပါတယ်...
သူဟာ အသက် ၁၀ နှစ်သားကတေည်းက ကိုယ်တိုင်ပိုက်ဆံရှာပြီး ပညာဆက်သင်ခဲ့ ရတာဖြစ်ပါတယ်...

တရုတ်နိုင်ငံရဲ့ ကျေးလက်တောရွာဒေသတွေမှာ ၁၉၇၀ ခုနှစ်များက ရေဘုံဘိုင်တွေမရှိသေးတာကြောင့် သူ
ဟာ ၂ ကီလိုမီတာ (၁.၂ မိုင် ) လောက်ဝေးတဲ့ ဈေးကလေးကို ရေသယ်ပြီး ဖြတ်သွားဖြတ်လာလုပ်သူများ
ထံကို ရေသွားရောင်းခဲ့ ရပါတယ်...
ထိုတစ်နွေလုံး ရေရောင်းတာ သူ့ အနေနဲ့ ၎ယွမ် ရခဲ့ ပြီး ထိုငွေနှင့် စာသင်နှစ်တစ်ခုလုံးတွက် သင်တန်းကြေး
ပေးနိုင်ရုံမျှမက သူ့ ရဲ့ စာသင်ဖက်သူငယ်ချင်းတစ်ဦးကိုပါ ကူညီနိုင်ခဲ့ ပါတယ်...
" အဲဒါဟာကျွန်တော့် ဘ၀ရဲ့ ပထမဦးဆုံး အလှူဖြစ်ပြီး ဆရာဖြစ်သူက အဲဒီလုပ်ရပ်အတွက် ကျွန်တော့် ကို
အနီရောင်စက္ကူပန်း လေးတစ်ခု အတန်းထဲမှာ ချီးမြှင့် ခဲ့ါပတယ်...
အဲဒီလိုဂုဏ်ပြုခံရတာနဲ့ လှူဒါန်းကူညီလိုက်ရလို့ ခံစားရမှုတွေကြောင့် အလွန်ပျော်ရွှင်ခဲ့ ရပြီး ကျွန်တော့် ကို
ရှေ့ လျှောက် ဆက်လက်ကူညီလှူဒါန်းစေဖို့ တွန်းအားတွေဖြစ်စေခဲ့ ပါတယ်..." လို့ သူက သတိတရနဲ့ ပြန်
ပြောပြခဲ့ ပါတယ်...

 Chen volunteers as a traffic warden in Nanjing (Photo: China Daily)
နန်ကျင်းမြို့ တွင် မော်တော်ယာဉ်လမ်းပြအဖြစ် လုပ်အားပေးနေစဉ်...
Chen volunteers as a traffic warden in Nanjing (Photo: China Daily)
သူ တက္ကသိုလ်ရောက်တော့ ချန်တစ်ယောက် အဓိကဘာသာအဖြစ်သင်ကြားရတဲ့ တိုင်းရင်းဆေးပညာရပ်
နှင့် ပါတ်သက်ပြီး စွန့် ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားလေ့ ကျင့် သင်ယူခဲ့ ပါတယ်...
သူ့ ရဲ့ ချမ်းသာကြွယ်ဝမှုဟာလည်း ၁၉၉၈ ခုနှစ်မှာ ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာများ ရောင်းချခြင်းကနေ
အစပြုပြီး စတင်လာခဲ့ ပါတော့ တယ်...
သူဟာ နှလုံးရောဂါခံစားနေရတဲ့ အသက် ၁၃ နှစ်အရွယ်ရှိ ကျူလီလီ ကလေးကို ယွမ်ငွေ ၃ သောင်းပေး
ကမ်းထောက်ပံ့ ခဲ့ ပြီး ကျူ ဟာထိုစဉ်ကတည်းက ပြန်လည်ကျန်းမာလာခဲ့ ပြီး တက္ကသိုလ်ကောလိပ်ကပင်
ဘွဲ့ ရပညာတတ်ဖြစ်ခဲ့ ပါပြီ....
" အခုလို ချမ်းသာကြွယ်ဝသမျှ၊ ပိုင်ဆိုင်မှုအားလုံး လှူဒါန်းလိုက်ခြင်းဖြင့် ကျွန်တော်ဟာ တစ်ခြားချမ်းသာတဲ့ 
တရုတ်သူဌေးတွေကိုလည်း လှူဒါန်းကြဖို့ ဖိအားပေးလိုက်တာပါပဲ...သူတို့ ကျွန်တော့် လိုလိုက်ပြီး လှူကြမယ်
လို့ တော့ မျှော်လင့် ရတာပါပဲ..." လို့ သူကပြောကြားခဲ့ ပါတယ်...
ရွှေပြည်ကြီးက သူဌေးမင်းများလည်း ဘယ်သူများအဲဒီလိုလှူဒါန်းဖို့ ထွက်ပေါ်လာလေမလဲ...
အဲဒီလိုကြေငြာယင် သားသမီးတွေက ကန့် ကွက်မှာတော့ သေချာသလောက်ပဲ...


Chinese billionaire Chen Guangbiao has answered the calls by Bill Gates and Warren Buffett to give away his fortune to charity.
He drafted a letter at 1.30am one day after thinking about it the whole night.
The letter which had him promising to donate his entire fortune to charity after he dies was posted on his company website on Sept 5.
It was, effectively, an acceptance letter to an invitation from fellow billionaires Gates and Buffett to attend a charity dinner on Sept 29 in Beijing. It was, effectively, an acceptance letter to an invitation from fellow billionaires Gates and Buffett to attend a charity dinner on Sept 29 in Beijing.

It was also a response to earlier pledges the philanthropists made in the United States to give, at least, half of their wealth to charity after their deaths.
The Bill & Melinda Gates Foundation invited about 50 of China's super-rich to the dinner.
But only Chen and Zhang Xin - CEO of real estate developer SOHO China - have publicly confirmed their attendance.

Chen, 42 - chairman of recycling company Jiangsu Huangpu Renewable Resources Utilization – is estimated to have a wealth of 5bil yuan (RM2.3bil).
He has, in fact, announced in 2007 that he would give away 95 per cent of his property after his death.
"Every year I donate at least 50 per cent of my company's profits to charity," Chen explained.
So far, Chen has donated more than 1.3bil yuan (RM599mil) and helped more than 700,000 people.
After the Wenchuan Earthquake in 2008, Chen not only made hundreds of million yuan in donations, but also went to the tragedy site with an aid team.
"Wealth is like water, always moving, changing from hand to hand. Instead of keeping it, sharing with others is obviously a wiser choice.
"I will not keep any wealth for my children. I started from scratch and they can do the same," Chen said.
Chen leads a frugal life. He does not smoke or drink and eats in his company's staff canteen most of the time.
Born into a farmer's family, Chen spent his childhood in poverty. Two of his siblings died from malnutrition.
Since the age of 10, Chen earned his own money to continue his studies.
As many rural areas in China did not have tap water in the 1970s, he used to carry water to the local market two km away to sell it to passers-by.

He earned 4 yuan (RM1.80) throughout the summer, with which he not only paid his own tuition for that year, but also helped one of his classmates.
"That was my first donation and my teacher awarded me a red paper flower for it in class.
"The honour and the feeling of giving made me so happy, which encouraged me to continue to help others," he recalled.
Chen trained himself to become an entrepreneur when he was in college, where he majored in traditional Chinese medicine.
His fortune began to accumulate from selling medical equipment in 1998.
He gave 30,000 yuan (RM13,810) to Zhu Lili, age 13, who suffered from heart disease. Zhu has since grown up healthily and graduated from college.
"By donating my entire fortune to charity, I'm putting pressure on other rich Chinese. Hopefully, they will follow."

Source: China Daily

4 comments:

JulyDream said...

ရှိတော့ ရှိတယ်... ရှားတယ် ဆိုတဲ့ လူစားမျိုးတွေပါပဲ။ လူသားကောင်းကျိုးအတွက် ပိုင်ဆိုင်သမျှကို လှူဒါန်းတဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်။ မလိုအပ်တဲ့ နေရာမှာ အများကြီး ဖြုန်းတီးပစ်နေတဲ့ လူတွေထက် အများကြီး သာတယ်လို့ မြင်မိပါတယ်။

မိုးယံ said...

အဆိုးမြင်ရရင်တော့ ငမွဲတွေက ငါလဲ သူ့တို့လို သူဌေးဖြစ်အောင် လုပ်ပြီးလှူမယ်လို့ မတွေးပဲ။

သူတို့လှူရင် ငါသွားယူမယ်ဆိုတဲ့ လူပြိန်းတွေများမှာပါပဲ။

အလှူရှင်များအတွက် သာဓု သာဓု သာဓု

ရွှေပြည်ကြီးက လူတွေကို တော့ စဉ်းတောင်မစဉ်းစား ဘူး။

မထင် မထင် ထင် ဟင် ဟင် ဟင်...

Younggun said...

ပါးစပ်အဟောင်းသား ဖြစ်စေတဲ့ မဟာလူသားတစ်ဦးကို ဦးညွှတ်မိပါတယ်။ လှူတဲ့အခါ ထိထိရောက်ရောက်နဲ့ တကယ်လိုအပ်နေသူတွေဆီ ရောက်ရှိပါစေ.လို့။

Unknown said...

ကျွှန်တော်လဲ သူ.လိုဖြစ်အောင်ကြိုးစားပါမယ်
:D