Dear Sir, your daughter is a hooker

Wednesday, September 8, 2010

သို့ ...

အဘ...အဘသမီး လျှာထွက်နေတယ်...

A man and two women caught in a room during an anti-vice operation in Foshan, China (Photo: nddaily.com)
တော်ပါပြီနောက်တစ်ခါဆို ဒီဆိုင်ကိုမလာတော့ ဘူး... နောက်တစ်ဆိုင်ပဲသွားတော့မယ်...
တစ်ယောက်ခေါ်ယင် တစ်ယောက်အလကားရလို့ လာမိတာ မှားပြီ...
A man and two women caught in a room during an anti-vice operation in Foshan, China (Photo: nddaily.com)

တရုတ်နိုင်ငံ၊ ကျီကျဲန်း ပြည်နယ်ရဲ့ မြို့ တော် ဟန်ကျိုးမြို့ မှ ရဲတပ်ဖွဲ့ ဝင်များဟာ ဒုစရိုက်နှိမ်နင်းရေးလုပ်ငန်း
များဆောင်ရွက်ရာမှာ တစ်မူထူးခြားတဲ့ နည်းလမ်းတွေအသုံးပြုနေကြပါတယ်...
ရဲတပ်ဖွဲ့ အနေဖြင့် ပြည့် တန်ဆာလုပ်ငန်းများလုပ်ကိုင်နေတယ်လို့ ယုံကြည်ယူဆရတဲ့ အမျိုးသမီးများရဲ့ မိ
သားစုများဆီကို စာရေးအကြောင်းကြားသွားမယ်လို့ မြို့ တော်ရဲ့ ရှန်ဖူးရဲစခန်း အကြီးအကဲ ၀မ်ပေဂျွန်း က
ပြောကြားခဲ့ ပါတယ်...

" လူကြီးမင်း၏ မိသားစုဝင်ဖြစ်သော မ (...)  သည် ဆံပင်ညှပ်ဆိုင်၊ အနှိပ်ခန်းကိုဗန်းပြထားသည့် မကောင်း
မှုဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေသော ( ....) ဆိုင်တွင်လုပ်ကိုင်နေပါသည်...
မိသားစု တစ်ခုအနေဖြင့် လူကြီးမင်းသည် ထိုလုပ်ငန်း၏ သဘောသဘာဝ ကိုနားလည်ထားသင့် ပါသည်...
လူကြီးမင်းအနေဖြင့်လည်း မိမိ၏ ချစ်ခင်မြတ်နိုးရသော သားသမီးများ ထိုကဲ့ သို့ မကောင်းမှုဒုစရိုက်များသို့ 
လမ်းလွဲမရောက်မိစေရန် အကြံပေးဆုံးမခြင်းဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်လိမ့် မည်
ဟု ကျွန်တော်တို့ ရဲတပ်ဖွဲ့ က ယုံကြည်မျှော်လင့် ပါသည်..." ဖေါ်ပြထားမှာဖြစ်ပြီး ပြည့် တန်ဆာလုပ်ငန်းတွင်
ပါဝင်ပါတ်သက်နေသူများ၏ ဓါတ်ပုံများကိုပါ အဆိုပါစာတွင် ထည့် သွင်းထားမှာဖြစ်ပါတယ်...
The suspected prostitutes caught in a hair saloon in Fuzhou (Photo: Xinhua)
ဆံပင်ညှပ်တဲ့ အနှိပ်ခန်းမှာ...စိတ်အပန်းဖြေမယ်လို့ ကြံရည်ရွယ်...ရဲဝင်ဖမ်းလို့ ပြန်ပြီကွယ်...
The suspected prostitutes caught in a hair saloon in Fuzhou (Photo: Xinhua)

သမားရိုးကျမဟုတ်သည့် ဆံပင်ဆိုင်များရဲ့  ၉၉ ရာခိုင်နှုံးဟာ ပြည့် တန်ဆာလုပ်ငန်းနှင့် ပါတ်သက်နေတာ
တွေ့ ရှိရပြီးနောက် ယခုကဲ့ သို့ နည်းစနစ်ဖြင့် အသုံးပြုရန် ဟန်ကျိုး ရဲတပ်ဖွဲ့ က စဉ်းစားမိခဲ့ ခြင်းဖြစ်ပါတယ်။
သို့ သော် ထိုသို့ ဒုစရိုက်မှုလုပ်ငန်း လုပ်ဆောင်ပါဝင်နေသူများကို တရားစွဲဆိုနိုင်ရန်အတွက် လုံလောက်တဲ့ 
အထောက်အထားရဖို့ ကတော့ ခက်ခဲပါတယ်ဆိုတာ ရဲတပ်ဖွဲ့ အနေနဲ့ တွေ့ ခဲ့ ရပါတယ်...

" ယခုစိတ်ကူးကတော့ ဒုစရိုက်မှုမှာ ပါဝင်သူ အမျိုးသမီးများအတွက် မပြင်းထန်တဲ့ အပြစ်ပေးမှုတစ်ခုဖြစ်
ပါတယ်..." လို့ ရဲမှူး ၀မ် ကပြောကြားခဲ့ ပါတယ်...
လွန်ခဲ့ တဲ နှစ်လအတွင်း ရဲတပ်ဖွဲ့ အနေနဲ့ အကြောင်းကြားစာပေါင်း အစောင် ၆၀ ပို့ ပေးခဲ့ ပြီး လက်ခံရရှိသူ
များရဲ့  ၈၀ ရာခိုင်နှုံးက ပြန်လည်တုံ့ ပြန်ခဲ့ ကြတယ်လို့ သူကဆိုပါတယ်...
" အများစုသော မိသားစုတွေက ၎င်းတို့ ရဲ့ သမီးဖြစ်သူတွေကို အမြန်ဆုံးတွေ့ ချင်ပါတယ်လို့ ဆိုပြီး ကျွန်
တော်တို့ ကို ဆက်သွယ်လာခဲ့ ကြပါတယ်...
တစ်ချို့ ကတော့ ၎င်းတို့ ရဲ့ သမီးများဟာ အဆိုပါပြည့် တန်ဆာလုပ်ငန်းကို အတင်းအဓမ္မစေခိုင်းခံ နေကြရ
တာပါလို့ ပြောပြခဲ့ ကြပြီး သူတို့ ကို အိမ်ပြန်ပို့ ပေးဖို့ တောင်းဆိုဆန္ဒပြုခဲ့ ကြပါတယ်..." လို့ သူကဆိုပါတယ်။
ပြန်လည်တုံ့ ပြန်လာမှုများအရ အမျိုးသမီးအများစုဟာ ၎င်းတို့ ရဲ့ မိသားစုနှင့် အဆက်အသွယ်မလုပ်ခဲ့ ကြ
ဘူးလို့ လည်း ၀မ် ကဆိုပါတယ်...
တစ်ချို့ ဆို ၎င်းတို့ ရဲ့ မိဘများဆီကနေထွက်ပြေးလာကြသူများဖြစ်ကြပါတယ် လို့ သူကထပ်ပြောခဲ့ ပါတယ်..
အားကိုးအားထားပြုရာ ပေါက်ဖော်ကြီးတို့ ရဲ့ အတုကိုယူပြီးတော့ ရွှေပြည်ကြီးမှာလည်း ဆံပင်ညှပ်ဆိုင်၊ အ
နှိပ်ခန်းတွေဟာ အမျိုးသမီးငယ်များ ခန္ဓာကိုယ်နဲ့ ရင်းပြီးငွေရှာရာ၊ ပုရိသများ အပျော်ကျူးရာနေရာတွေဖြစ်
လာနေပါပြီ...
ဒီသတင်းထဲကလိုပါပဲ...ထိုဆိုင်များမှာလုပ်တဲ့ မိန်းကလေးတွေရဲ့ မိသားစုတွေဟာ ထိုမိန်းကလေးတွေဘာ
လုပ်နေကြတယ်ဆိုတာ မသိကြတာက ပိုများပါလိမ့် မယ်...
အခုလိုမျိုး မိသားစုဝင်တွေကို အကြောင်းကြားတာဟာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်
ပါတယ်...
ဒါပေမယ့် ရှေးရိုးဆန်တဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းတွေကို အလေးထားနေဆဲ ကျွန်တော်တို့ နိုင်ငံမှာတော့
ထိုသို့ အကြောင်းကြားမှုကြောင့် ဖြစ်ပေါ်လာမယ့် လူမှုရေးဆိုင်ရာထိခိုက်၊ အကျိုးသက်ရောက်မှုကိုတော့ 
ထည့် သွင်းစဉ်းစားသင့် ပါတယ်...( မိသားစုတစ်ခုလုံးရပ်ကွက်အတွင်းခေါင်းမဖေါ်နိုင်အောင်အရှက်ရပြီး
မိမိကိုယ်ကို သတ်သေသည်အထိ ဖြစ်နိုင်တာမျိုးပေါ့ ....)

Police have come out with an unusual way in tackling vice activities in Hangzhou, the capital of Zhejiang province in China.
Xiangfu police station chief Wang Peijun said officers would write to families of women believed to have involved in flesh trade.
"Your family member (name) is currently working at a hairdressing saloon, which deals with unlawful business."
"As the family, you have the right to understand the environment of the workplace. The police department also hopes to get your co-operation to advice your loved one not to go astray."
Photographs of the respective suspected prostitutes are attached to the letters.
Hangzhou police came out with the idea upon finding out that some 99% of the non-formal hair saloons were involved in prostitution.
However, police found it difficult to gather sufficient evidence to bring those involved to court.
"This is an alternative soft punishment for these women,"’ said Wang.
He said police had sent out 60 letters over the past two months and 80% of the recipients responded to their calls.
"Most families contacted us, expressing their wish to see their daughters as soon as possible."
"Some told us that their daughters were forced into prostitution. They hoped we could send them back home."
Wang said from the response most of the women had lost contact with their families.

Some had even run away from homes, he added.
"Your family member (name) is currently working at a hairdressing saloon, which deals with unlawful business."
Photographs of the respective suspected prostitutes are attached to the letters.
Hangzhou police came out with the idea upon finding out that some 99% of the non-formal hair saloons were involved in prostitution.
"This is an alternative soft punishment for these women,"’ said Wang.

He said police had sent out 60 letters over the past two months and 80% of the recipients responded to their calls.
Some had even run away from homes, he added.

Source: Agencies

3 comments:

:P said...

အပေါ်ပုံ ထိုင်နေတဲ့ထဲက ဘယ်စွန်က အမျိုးသား တော်တော်ရှက်နေပုံရတယ်။ မျက်နှာကြီး ရဲတွတ်နေတာပဲ..ဒီဖက်က မိန်းကလေး နှစ်ယောက်တော်သေး။

zawzaw said...

ဟားဟား ဟား
အပေါ်က တယောက် စေ့စပ်သေချာပုံကတော့ဗျာ ရီလိုက်ရတာ.... ဘယ်စွန်အမျိုးသား တော်တော်ရှက် မျက်နှာကြီး ရဲတွတ်ဆိုတာနဲ့ scroll up လုပ်ပြီး ကြည့်မိတာ အဟုတ်ဗျား ။ ဟား ဟားဟား .....တခါအောက်ပြန်ဆင်းပြီး ကွန့်မန့်ပြန်ဖတ်တော့ ဒီဖက်က မိန်းကလေး နှစ်ယောက်က တော်သေး ဆိုတာနဲ့ တခါပြန်တက်ကြည့်ရသေးတယ်။ ဟား ဟားဟား ။ အပေါ်က မိတ်ဆွေက စိတ်အထင် အမျိုးသမီးဖြစ်မယ်ထင်တယ်။ observation power တယ်ကောင်းတာပဲ။
thanks thanks thanks

:P said...

to ကိုကိုမိုးဇော် >>> Yes, I m a woman :D