Man saws off foot to avoid work

Tuesday, March 27, 2012

သြစတြီးယားမှ စံချိန်တင်ကိုပျင်း...



သြစတြီးယန်းနိုင်ငံသား အလုပ်လက်မဲ့ တစ်ဦး ( အလုပ်လက်မဲ့ ထောက်ပံ့ ကြေးယူထားသူ
တစ်ဦးဖြစ်ဖွယ်ရှိပါတယ်...) ဟာ အလုပ်လုပ်နိုင်သည်အထိ ကျန်းမာသန်စွမ်းကြောင်းတွေ့ ရှိ
ကာ အလုပ်ပြန်လုပ်ရမှာစိုးလို့ ၎င်းရဲ့ ခြေထောက်ကို ကိုယ်တိုင်ပြန်ပြီးဖြတ်ပစ်ခဲ့ ပါတယ်...
အလုပ်သမားရုံးတွင် ၎င်း၏ကျန်းမာရေး ကြံ့ ခိုင်မှုအခြေအနေနှင့် ပါတ်သက်ပြီး သွားရောက်
တွေ့ ဆုံရန် နာရီပိုင်းအလိုတွင် အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားဟာ နေအိမ်ရှိ အလုပ်ရုံမှ
လျှပ်စစ် လွှစက်ဖြင့် ၎င်း၏ဘယ်ဖက်ခြေထောက်အား ခြေချင်းဝတ်အထက်မှနေ၍ ဖြတ်ပစ်ခဲ့ 
တာဖြစ်ပါတယ်လို့  သြစတြီးယန်း အသံလွှင့် ဌာန အိုအာအက်ဖ် သတင်းဌာနက ဖော်ပြခဲ့ ပါ
တယ်...
 
 နင်ရှိနေယင် အလုပ်ကိုသွားနေရဦးမယ်...
နင်မရှိမှအေးမယ်...


စတိုင်ရီးယားနယ်တွင်နေထိုင်သူထိုအမျိုးသားဟာ သွေးများအလွန်အမင်းထွက်လာနေစဉ်မှာပဲ 
၎င်းရဲ့ ခြေထောက်ပြတ်ကို မီးကင်စက် ( အစားအသောက်နွှေးသည့် စက် ) ထဲသို့ ပစ်ထည့် ခဲ့ 
လိုက်ပြီး ကားရုံသို့ ထော့ နင်းထော့ နင်းဖြင့် သွားကာ အရေးပေါ် သူနာတင်ယာဉ်အား ဖုံးဆက်
ခေါ်ယူခဲ့ ပါတယ်...
၎င်း၏ခြေထောက်အား အရေးပေါ်ပြန်လည်ခွဲစိတ်ကာ ဆက်ပေးရန်ကြိုးစားခဲ့ သော်လည်း မ
အောင်မြင်ခဲ့ ပါဘူး....

သူတို့ နိုင်ငံမှာ အလုပ်မလုပ်လည်း အလုပ်လက်မဲ့ ထောက်ပံ့ ကြေးနဲ့ စားနိုင်၊ နေနိုင်တာမို့ အခု
လို အပျင်းကြီးလွန်းတဲ့ စိတ်တွေဝင်လာတာဖြစ်နိုင်ပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ်ုအလုပ်လုပ်ရမှာစိုးလို့ ကိုယ့် ခြေထောက်ကိုယ်ဖြတ်ပစ်တဲ့ အထိတော့ အဲဒီလူ
ပျင်းလွန်းတာ အံ့ သြစရာပါပဲ...
ဒါကြောင့် လည်း သတင်းထဲပါတာပေါ့ ဗျာ...

An unemployed Austrian man sawed his foot off, apparently to avoid being found fit to go back to work.

Hours before an appointment at the labour office to check on his health, the 56-year-old man held his left leg against an electric saw in his home workshop and severed his foot just above the ankle, Austrian broadcaster ORF reported.
Bleeding profusely, the man from the province of Styria then threw the foot into an oven, hobbled to his garage and called an ambulance.

An emergency operation was unable to reattach the foot.

0 comments: