Tragic suicide of woman, aged 105

Wednesday, March 21, 2012

စိတ်မရှည်နိုင်တော့ တဲ့ ဘွားဘွား....


အသက်လည်း ၁၀၅ နှစ်တောင်နေခဲ့ ပြီးပြီ...သေရမယ့် အချိန်ကိုစောင့် နေရတာ
စိတ်မရှည်နိုင်ဘူးလို့ ဆိုတဲ့ ဘွားဘွား...
Suicide ... Anastasia Khoreva killed herself at 105
 


ရုရှားနိုင်ငံမှ အသက် ၁၀၅ နှစ်ရှိ ဘွားဘွားကြီး အနာစတာရှား ခိုရီဗာ ဟာဘ၀မှာနေထိုင်ခဲ့ ရ
တာ နှစ်ပေါင်းများစွာကြာမြင့် ခဲ့ ပြီး သေဖို့ စောင့် ဆိုင်းနေရတာကို စိတ်မရှည်နိုင်တော့ ဘူးလို့ 
သူမရဲ့ မိသားစုကိုပြောခဲ့ ပြီးနောက်သူမကိုယ်သူမ ကြိုးဆွဲချပြီးသေဆုံးသွားခဲ့ ပါတယ်...
သူမဟာ အဆုတ်ရောဂါခံစားခဲ့ရပြီးနောက် စိတ်ဓါတ်ကျနေခဲ့ တာဖြစ်ပါတယ်လို့ မြေး၊ မြစ်၊ တီ
တွတ် တို့ ရဲ့ ဘွားဘွားကြီး၏မိတ်ဆွေများကပြောဆိုကြပါတယ်...
ပင်စင်စားဘွားဘွားကြီးဟာ မိသားစုဝင်များအိမ်တွင်မရှိသည့် အချိန်ကိုစောင့် ဆိုင်းကာ သူမ၏
အိပ်ခန်းတွင် အ၀တ်များအား ကြိုးကွင်းသဏ္ဍာန်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်..

ရုရှားနိုင်ငံ၊ ဒါဆွန်ဒေသမှဖြစ်သော ဘွားဘွားကြီး အနာစတာရှားဟာ ရုရှားတော်လှန်ရေးကာ
လ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် များအပြင် ကွန်မြူနစ်ခေါင်းဆောင်ဂျိုးစက်စတာလင်ရဲ့ 
ပြည်သူလူထုအား အစုလိုက်အပြုံလိုက် စီရင်သတ်ဖြတ်ခြင်း ကာလအခြေအနေများကို ကြုံတွေ့ 
ဖြတ်သန်းခဲ့ ပါတယ်...
" ဘ၀ရဲ့ အခုလိုနောက်ဆုံးပိုင်းအသက်အရွယ်ကျမှ ဒီလိုလုပ်သွားတာဟာတော်တော်ထူးဆန်း
လှပါတယ်...ဒါပေမယ့် လည်း အဘွားက သေမယ့် အချိန်ကိုစောင့် နေရတာ တော်တော်စိတ်ပင်
ပန်းလှပြီ၊ စိတ်ပျက်လှပါပြီလို့ ဆိုပြီး သူမအနေနဲ့ သေမင်းနဲ့ သာပြေးတွေ့ လိုက်ချင်တော့ တာပါ
ပဲလို့ လည်းဆိုခဲ့ ပါတယ်..."  လို့ အိမ်နီးချင်းတစ်ဦးကဆိုပါတယ်...
" နေရတာစိတ်ညစ်လာပါပြီလို့ ဆိုပြီး အယင်ကလည်းအဲဒီလိုတစ်ခါလုပ်ခဲ့ ဖူးပါတယ်... အဲဒီတုံး
ကတော့ ကျွန်တော်တို့ အဘွားကိုအချိန်မှီတားဆီးလိုက်နိုင်ခဲ့ ပါတယ်...
ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ ကြပါဘူး... " လို့ အိမ်သားတစ်ဦးကပြော
ကြားခဲ့ ပါတယ်...

A 105-YEAR-OLD woman hanged herself after telling her family she was tired of waiting to die.

Friends said great-great-great-gran Anastasia Khoreva had been depressed after being struck down with a lung infection. The pensioner waited until her family had left the house then used a clothes line to fashion a makeshift noose in her bedroom.Anastasia, from Darsun, Russia, had lived through the Russian Revolution, two world wars and the mass executions of communist tyrant Joseph Stalin.

One neighbour said: "It's a strange thing to do at her time of life but she used to say she was fed up with waiting for death — so she wanted to go and meet it."
A family member added: "She'd tried once before saying she'd had enough, but that time we managed to stop her.
"This time we weren't so lucky."

1 comments:

Aeimt Kabyar Mon said...

အင်း.အသက်.ရှည်လွန်းလဲမကောင်းဘူးနော်..