လန်ဒန်အိုလံပစ်ပွဲမှာ တရုတ်တို့ ဘယ်လိုလေ့ 
ကျင့် ပြီး ချံပီယံဘွဲ့ တွေဆွတ်ခူးနိုင်ခဲ့ ကြသလဲ...
လက်ရှိကျင်းပနေသည့် လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲကြီးတွင် တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆုအများဆုံးဖြင့် ထိပ်ဆုံးမှရှိနေပါတယ်...
တရုတ်ေ၇ကူးမယ်လေးတစ်ဦးဆိုလျှင် သူမရဲ့ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ သည့် ရေကူးစံချိန်မှာအ
လွန်လျင်မြန်လွန်းသောကြောင့် အမေရိကန်အပါအ၀င်ကမ္ဘာ့ နိုင်ငံများမှ အားကစားဆိုင်ရာတာ
ဝန်ရှိသူများပင် မယုံကြည်နိုင်လောက်အောင် ( သက်လုံကောင်းဆေး၊ စိတ်ကြွဆေးအကူအညီ
မပါပဲ၊ မသုံးစွဲပဲ ) ဖြစ်ခဲ့ ကြရပါတယ်...
ဒါပေမယ့် သူတို့ ဘာကြောင့် အခုလိုအောင်မြင်နေကြပါသနည်း.... တရုတ်အားကစားသမားများ
ငယ်စဉ်ကလေးဘ၀ကပင် ယခုကဲ့ သို့ ပင်ပန်းဆင်းရဲစွာလေ့ ကျင့် ခဲ့ ကြောင်း အောက်ပါဓါတ်ပုံ
များကြည့် ရှုပြီးသိနိုင်ပါတယ်...
ကလေးငယ်များရဲ့ သွေး၊ချွေး၊ မျက်ရည်များဖြင့် စတေးခံပြီးရယူနိုင်တဲ့ အိုလံပစ်အားကစားပွဲအ
ပါအ၀င် အားကစားဆိုင်ရာအောင်မြင်မှုများဟာ ရယူဖို့ ထိုက်တန်ပါရဲ့ လား၊ သင့် တော်ပါရဲ့ 
လားဆိုတာကတော့ သင်ကိုယ်တိုင်သာ ပုံများကိုကြည့် ပြီးဆုံးဖြတ်ပါလေ...
China is one of the top countries today when it comes to sports records. Chinese team is currently on the first place in London Olympics standings. But the golden medals of Chinese sportsmen are achieved through painstaking trainings that start in the early childhood. Is the Olympic success worth the children’s tears? It’s up to you to decide.
5 comments:
ပုံတွေကြည့်ရတာ စိတ်မကောင်းလိုက်တာ ဆိုတာထက်ပိုတယ်၊၊ ကလေးတွေ တကယ်လုပ်ချင်တဲ့ဆန္ဒရှိရင် အကြောင်းမဟုတ်ပါဘူး၊၊ သူတို့ မျက်ရည်တွေက သိပ်ပြီး သနားဖို့ကောင်းတယ်၊၊ အစိုးရက နာမည်ကောင်းရခြင်းတာတစ်ခုအတွက် လုပ်နေတာဆိုရင်တော့ မဟုတ်သေးဘူး၊၊
ပုံလေးတွေကြည့်ပြီး စိတ်မကောင်းဘူးဆိုတာထက်ပိုတယ်၊၊ ကလေးတွေ တကယ်ဆန္ဒရှိတယ်ဆိုရင် အကြောင်းမဟုတ်ပါဘူး၊၊ သူတို့တွေရဲ့ မျက်ရည်တွေက အမှန်တရားတစ်ခုခုကိုများ ဖော်ပြနေသလား ?
အင်း သုံးခါရှိပြီ comment ပေးတာ ဘာလို့မပေါ်တာလဲ မသိ၊၊ ကလေးတွေကို သနားတယ်၊၊ သူတို့ရဲ့ ဆန္ဒဆိုရင်တော့ မပြောလိုပါဘူး၊၊ ခုဟာက အစိုးရက နာမည်ကောင်းလိုချင်တာတစ်ခုနဲ့တင် ကလေးတွေကို နှိပ်စက်နေသလိုပါပဲ၊၊
ဒါပေါ့ အနာခံမှ အသာစံရမယ်.. အနာခံနေတုန်း တစ်ခုခု ဖြစ်ရင်လည်း အရှောပဲ..
ကလေးအခွင့်အရေးချိုးဖောက်တာပဲ အဲဒါက။ အနာခံမှဆိုရင် မျက်ရည်တွေ အလကားဖြစ်နေပြန်ပြီ။ ကိုပီတာရေ။ ကိုပီတာ့ဘလော့ကို ကျမ အမြဲတမ်းဖတ်တယ်။ ဗဟုသုတနဲ့ ရယ်ရွှင်ဖွယ်ရောပြီး ကျမ နှစ်သက်ရတဲ့ ဘလော့မို့ ကိုပီတာကို ကျေးဇူးတင်ပါတယ်လို့။ ကျန်းမာပျော်ရွှင်ပါစေ။
Post a Comment