Indian minister says bureaucrats ‘can steal a little’
Saturday, August 11, 2012
နည်းနည်းလေးတော့ လွဲနေတယ်...လွဲလွဲလေးလည်းကောင်း
ပါတယ်...
 ကြည်ဖြူ...ညီတူယင် ယူသာယူ၊ ဓါးပြမဖြစ်စေနဲ့ ရယ်လို့ 
သြ၀ါဒစကား အဘမှာကြား...
Shivpal Yadav, public works minister, and the chief minister's uncle, was caught on camera telling officials behind closed doors that they could steal a little but not to turn into dacoits.
အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ကြီးမှ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဟာ အစိုးရ
အရာရှိ၊ ၀န်ထမ်းများအနေဖြင့် တာဝန်ဝတ္တရားများကိုပင်ပင်ပန်းပန်း၊ တာဝန်ကျေပွန်စွာထမ်း
ဆောင်ခဲ့ မယ်ဆိုလျှင် ပြည်သူပိုင်ပစ္စည်း၊ ဥစ္စာငွေကြေးများအား အနည်းငယ်မျှလောက်တော့ 
ဖြင့် ခိုးယူသုံးစွဲနိုင်ပါတယ်လို့ ပြောဆိုခဲ့ မိသဖြင့် အုတ်အော်သောင်းနင်းဖြစ်ခဲ့ ရပါတယ်...
ဥတ္တရာသီရိ အဲလေ... ဥတ္တရာပရာဒေ့ ရှ် ပြည်နယ် ပြည်သူ့ အိုးအိမ်နှင့် ဆောက်လုပ်ရေးဝန်ကြီး
ရှိဗ်ပယ်ဆင်းယာဒက်ဗ် က လွန်ခဲ့ သည့် သောကြာနေ့ က ဂျာနယ်သတင်းထောက်များတက်
ရောက်သည့် အစိုးရ၀န်ထမ်းများနှင့် ဝန်ကြီးတွေ့ ဆုံပွဲတွင် ထိုကဲ့ သို့ ပြောကြားခဲ့ ခြင်းဖြစ်ပါ
တယ်....
အဆိုပါဝန်ကြီးမင်းမှာ အကျင့် ပျက်၊ လာဘ်စားမှုတိုက်ဖျက်ရေး၊ သန့် ရှင်းသောအစိုးရ၊ ကောင်း
မွန်သောအစိုးရဟူသောကြွေးကျော်သံဖြင့် ပြည်နယ်လွှတ်တော်တွင်အာဏာရလာခဲ့ သည့် ၎င်း
၏ တူတော်မောင် အက်ခီးလက်ရှ် ယာဒက်ဗ် ၀န်ကြီးချူပ်အဖြစ်ဦးဆောင်သည့် ဆမာ့ ဂ်ျဝါဒီ ပါတီ
မှ လွန်ခဲ့ သည့် မတ်လက ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ပါတယ်...
" အလုပ်ကလေးသာကြိုးစားပြီးလုပ်ကြမယ်ဆိုယင် နည်းနည်းပါးပါးလောက်တော့ ယူကြပေါ့ ဗျာ..
ဒါပေမယ့် နိုင်ငံတော်ဘဏ္ဍာငွေ၊ ပစ္စည်းဥစ္စာတွေကိုတော့ ဓါးပြတိုက်သလိုတော့ အရမ်းကာရော
မလုပ်ကြပါနဲ့ " ဟုပြောကြားခဲ့ ကြောင်း ယုံကြည်မှန်ကန်၊ အိန္ဒိယအသံ သတင်းစာက ပြည်နယ်
သည့် တွေ့ ဆုံပွဲအကြောင်းကို ဖော်ပြခဲ့ ပါတယ်...
အဆိုပါမှတ်ချက်စကားကြောင့် တစ်အားနွှဲမယ်လို့ အားခဲထားကြသည့် အတိုက်အခံများ၏ အား
ပေးသြဘာထောပနာပြု၊ ကန့် ကွက်မှုများတခဲနက်ရရှိခဲ့ လို့ ဝန်ကြီးမင်းခမျာ ၀န်ထမ်းများအား
ဝေစားမျှစား အလုပ်ကြိုးစားသူသော ၎င်း၏သြ၀ါဒအား  ပြန်လည်ရုပ်သိမ်းခဲ့ ရပြီး မီဒီယာသမား
ဂျာနယ်လစ်များအား တွေ့ ဆုံပွဲသို့ မဖိတ်ကြားပဲ အလစ်ဝင်ရောက်သတင်းယူခဲ့ ကြောင်း စွပ်စွဲ
ပြောဆိုခဲ့ ပါတယ်...
" ကျွန်တော်ပြောမိတဲ့ စကားတွေကို ပြန်ရုပ်သိမ်းပါတယ်ခင်ဗျာ... ဒါလေးနဲ့ များဘာကြောင့် ကျွန်
တော့ ကိုအပြစ်ရှာနေကြတာပါလိမ့် ... သတင်းမီဒီယာသမားတွေအနေနဲ့ ကျွန်တော့ ကိုအဓိက
ထား၊ ပစ်မှတ်ထားနေကြတာ ဘာကြောင့် လည်းဆိုတာနားကိုမလည်းနိုင်တော့ ပါဘူးဗျာ..." ဟု
အတိုက်အခံ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရတီယာ ဂျနတာ ပါတီ ( ဘီဂျေပီ ) ကတော့ ဝန်ကြီးမင်း
သာ ဒီလိုတစ်ကယ်လို့ ပြောခဲ့ မယ်ဆိုယင် ပြည်နယ်အစိုးရဟာ ၀န်ထမ်းများအား အများပြည်သူ
ပိုင်ငွေကြေးများကို ခိုးယူခွင့် ပြုလိုက်သလိုဖြစ်နေပါတယ်..." လို့ ဒေသခံ ဘီဂျေပီ ခေါင်းဆောင်
လာဂျီတန်ဒွန် ကဆိုပါတယ်...
" ဒါဟာ ၀န်ကြီးတစ်ဦးအနေနဲ့ မပြောသင့် မပြောထိုက်တဲ့ စကားပါ..."လို့ လည်းသူကဆိုပါတယ်..
သည့် ရှာဟစ်ဆီဒစ်ကွီ ကလည်း ၀န်ကြီးမင်းအား ဝေဖန်တိုက်ခိုက်ခဲ့ ပါတယ်...
ပြည်နယ်အမျိုးသမီးအမတ် ပါးချိုင့် လေးနဲ့  Dimple Yadev ဖြစ်ပါတယ်...
လို့ ယူဆနေသူ ပြည်နယ်ဝန်ကြီးတစ်ပါးအနေနှင့် ထိုကဲ့ သို့ ပြောကြားခဲ့ ခြင်းဟာအလွန်ပင်မသင့်
တော်တာဖြစ်ပါတယ်... အခုတော့ ခင်ဗျားက၀န်ထမ်းတွေကိုသူခိုးဓါးရိုးကမ်းလုပ်ပြီး ရသလောက်
ယူလေ ကိုယ့် လူရေ လို့ ပြောလိုက်တာပါပဲ..." လို့ သူကဆိုပါတယ်...
လွန်ခဲ့ သည့် လကပဲ ၎င်း၏တူဖြစ်သူ ပြည်နယ်ဝန်ကြီးချူပ်မှ လူဦးရေ သန်း ၂၀၀ နီးပါရှိသည့် ဖွံ့
ပိုမိုများပြားသည့် ပြည်နယ်၏ အစိုးရ၀န်ထမ်းများအကျင့် ပျက်ခြစားမှုအပေါ် သတိပေးပြောဆို
ခဲ့ အပြီး ယခုကဲ့ သို့ မဆင်မချင်ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်...
အကျင့် ပျက်ခြစားခြင်းဟာ လွန်ခဲ့ သည့် ၂ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးနိုင်ငံရေး
ဆိုင်ရာ အခက်အခဲဖြစ်နေပြီး ၀န်ကြီးချူပ်မန်မိုဟန်ဆင်း အစိုးရအဖွဲ့ အနေဖြင့် ကျော်မကောင်း
ကြားကောင်းဖြစ်မှု၊ သိက္ခာကျမှုများ တစ်ခုပြီးတစ်ခုဖြစ်ခဲ့ ရလို့ လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့ ပါ
တယ်...
၎င်းကိုယ်၎င်း လွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီ နှင့် ခိုင်းနှိုင်းပုံပြုခဲ့ သည့် နိုင်ငံရေးတက်
ကြွလှုပ်ရှားသူ အန်နာဟာဇာ၇ီနှင့် နိုင်ငံကျော် ရုပ်မြင်သံကြားမှထုတ်လွှင့် ပြသနေသည့် ယောဂီ
ဆရာကြီး ဘာဘာရမ်ဒေ့ ဗ် တို့ ကလည်း ကာလကြာမြင့် စွာအမြစ်တွယ်ကာ စွဲကပ်နေပြီဖြစ်
သည့် လာဘ်စားခြင်း၊ အကျင့် ပျက်ခြစားခြင်းတို့ အား ကန့် ကွက်ဆန္ဒပြပွဲများအား လူပေါင်းသိန်း
နှင့် ချီကာ ဦးဆောင်ပြုလုပ်ခဲ့ ကြပါတယ်....
အဆိုပါ လာဘ်စားမှုတိုက်ဖျက်ရေးဆရာကြီး ဘဘ အန်နာဟာဇာရီလည်း အစိုးရအနေနှင့် ထို
ကိစ္စရပ်များအားအရေးယူဆောင်ရွက်မှုမပြုမချင်း အစားမစားတော့ ဘူးရယ်လို့ အစာငတ်ခံဆန္ဒ
ပြပွဲတွေလုပ်ပေမယ့် ထင်သလောက်ထောက်ခံမယ့် သူတွေမလာလို့ လွန်ခဲ့ တဲ့ ရက်အနည်းငယ်
ကပဲ သပိတ်လှန်ပြီး ပါတီထောင်ပါတော့ မယ်လို့ ကြေငြာခဲ့ ပါတယ်...
အခုတော့ ယောဂီကြီး ဘာဘာရမ်ဒေ့ ဗ်ကတစ်စခန်းထပြီး ဆန္ဒပြဖို့ စီစဉ်နေပါပြီ...
ပါပဲ...
ပြည်နယ်ဝန်ကြီးချုပ်က တူ၊ ဇနီးမယားအချောအလှလေးက အမတ်၊ ဦးလေးက ၀န်ကြီး ဒီပြည်
နယ်မှ မတိုးတက်၊ ဘယ်ပြည်နယ်တိုးတက်တော့ မလည်း... မိသားစုစိတ်ဓါတ်ဒီထက်ခိုင်မာတာ
ရှိဦးမလား...
နိုင်ငံရေး.... နိုင်ငံရေး... တော်တော်ကြောက်စရာပါလား...
ဒီသတင်းလေးနဲ့ ဆက်စပ်ပြီး တစ်ချိန်တုံးကလည်း ဘဘဗိုလ်ချူပ်ကြီးတစ်ဦးမှ စီမံကိန်းတစ်ခု
တွင် ၀န်ထမ်းများအား ....
ဝန်ထမ်းများ၏အခက်အခဲများကို နိုင်ငံတော်မှ သိရှိနားလည်သဘောပေါက်ပါကြောင်း...
ထို့ ကြောင့် တော်ရုံအသေးအဖွဲကိစ္စရပ်များဆိုလျှင် မိမိတို့ နိုင်ငံတော်.....အစိုးရအဖွဲ့ မှမသိ
သည့် စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတစ်ခုဖြစ်အောင် အားလုံးက၀ိုင်းဝန်းပါ
ဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိုင်ငံတော်......မှ ဆွေးနွေးမှာကြားသွားပါတယ်...
လို့ ပြောခဲ့ ဖူးကြောင်း ကြားမိခဲ့ ရပါသေးတယ်...
ချေပြီ...) 
LUCKNOW, India - A provincial minister in India’s most populous state has sparked a scandal after suggesting to bureaucrats that they could “steal a little” if they performed well in their duties.
Shivpal Singh Yadav, in charge of housing and construction in northern Uttar Pradesh state, on Friday hastily withdrew the offer he made a day earlier during a meeting with government employees, which was also attended by journalists.
Yadav is an uncle to the state chief minister Akhilesh Yadav, whose Samajwadi Party stormed into power on an anti-graft platform in elections held in graft-ridden Uttar Pradesh in March.
“If you work hard, you can steal a little, but don’t behave like bandits,” the Press Trust of India quoted Yadav as saying at the meeting in Etah town, about 200 kilometres (124 miles) from capital Lucknow.
The comments drew flak from political opponents, prompting Yadav to retract his offer and accuse journalists of sneaking into the gathering.
“I have taken back those words,” he told reporters in Lucknow on Friday. “Why are you raking it up? I don’t know why the media is targeting me,” he said.
The opposition Hindu nationalist Bharatiya Janata Party (BJP) condemned the minister’s invitation to officials to steal.
“A minister’s statement is like a policy of the government and if he says so then the government is offering a license to steal the public money,” local BJP leader Lalji Tandon said.
“It is not appropriate for a minister to talk like this,” he told reporters.
Shahid Siddiqui, who was expelled last month from a senior post in the ruling Samajwadi Party, also turned his guns on the minister.
“It is very unfortunate that a minister who is the uncle of the chief minister and who does not consider himself anything less than a chief minister talks in such a way,” Siddiqui said.
“Now you are giving officers a free hand to steal,” he added.
Yadav’s dubious offer came a month after his nephew warned about corruption in the overwhelmingly poor and under-developed state of nearly 200 million people — a population larger than Brazil’s.
Corruption has been one of the biggest political issues in India over the last two years, with a string of scandals hitting the government of Prime Minister Manmohan Singh and sparking popular protest movements.
Activist Anna Hazare, who models himself on independence hero Mahatma Gandhi, and famous TV yoga guru Baba Ramdev have led hundreds of thousands in protests against endemic bribe-taking and corruption in India.
0 comments: