Battle for jobs in binman olympics
Thursday, March 4, 2010
အမှိုက်ပုံးအိုလံပစ်ပြိုင်ပွဲတဲ့ ဗျာ...
 သြော်...တံမြက်စည်းလှည်းတဲ့ အလုပ်အတွက်ယှဉ်ပြိုင်ရတာတဲ့ ဗျာ...
ရာနှင့် ချီပြီးအရေအတွက်ရှိသော အသည်းအသန်အလုပ်ရှာနေသည့် တောင်ကိုရီးယားနိုင်ငံသားများ
ဟာ လစ်လပ်လျှက်ရှိသည်သည့် တံမြက်စည်းလှည်းသည့် ဝန်ထမ်း ( စည်ပင်ဝန်ထမ်း...) နေရာ ၁၄ နေရာအတွက် ကျင်းပသည့်  အမှိုက်ပုံးအိုလံပစ်ဟုဆိုနိုင်သော အခက်အခဲပြိုင်ပွဲတစ်ရပ်ကို ၀င်ရောက်
ဆင်နွှဲခဲ့ ကြပါသည်...
စီးပွားရေးအကျပ်အတည်း ဆိုးဝါးစွာဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံ Gumi မြို့ ရဲ့ လူကြိုက်အများဆုံး
သောအလုပ်တွေထဲမှာအပါအ၀င် လို့ ဆိုနိုင်တဲ့ အဆိုပါ အရပ်ဖက်ဝန်ထမ်းတံမြက်စည်းလှည်းတဲ့ အ
လုပ်ကိုရရှိဖို့ လျှောက်ထားသူပေါင်း ၅၀၀ နီးပါးဟာ ထိုပြိုင်ပွဲကိုဝင်ရောက်ဆင်နွှဲခဲ့ တာဖြစ်ပါတယ်...
ပါဝင်ယှဉ်ပြိုင်သူတွေဟာ အပင်ပန်းခံနိုင်ကြောင်းသက်သေပြနိုင်ရန် ကီလို ၂၀ ( ၄၄ ပေါင် ) အလေး
ချိန်ရှိတဲ့ ဆန်အိတ်ကိုထမ်းပြီး တာတိုအမြန်ပြေးကြရတဲ့ အပြင် အမှိုက်သရိုက်တွေထားရှိပြင်ဆင်ထား
တဲ့ လမ်းကြောတစ်ခုကိုလည်း သတ်မှတ်တဲ့ အချိန်အတွင်းမှာ ပြီးစီးအောင်အမှိုက်သိမ်း၊ တံမြက်စည်း
လှည်းပြကြရပါတယ်...
နောက်ထပ်ပါဝင်ယှဉ်ပြိုင်ရတဲ့ စွမ်းရည်တစ်ခုကတော့ ညှပ်နှင့် ပလတ်စတစ်အိတ်များအသုံးပြုပြီးခွေး
ချေးများကို ဘယ်လောက်မြန်မြန်ကျူံးနိုင်သလဲဆိုတာဖြစ်ပြီး ၀ိုင်းဝန်းအားပေးအော်ဟစ်နေတဲ့ မိသား
စုဝင်များနဲ့ မိတ်ဆွေများရှေ့ မှာ ယှဉ်ပြိုင်ခဲ့ ကြတာဖြစ်ပါတယ်...
အားပေးသူ တစ်ဦးဖြစ်တဲ့ အသက် ၂၇ နှစ်ရှိ Kim Hye-ran က ” အကယ်၍သာ ကျွန်မခင်ပွန်းဖြစ်သူ
ဒီအလုပ်ကိုရခဲ့ ယင် ကျွန်မတို့ ရဲ့ အခက်အခဲပြဿနာတွေပြေလည်သွားမှာဖြစ်ပါတယ်...
ကျွန်မက အိမ်ဘေးမှာ ကြက်ကြော် ၊ကြက်ဟင်းစတဲ့ စားသောက်ဆိုင်လေးဖွင့် မယ်...လမ်းတံမြက်
စည်းလှည်း၊ သန့် ရှင်းရေးလုပ်တဲ့ သူတွေက လေးနာရီမှာအလုပ်သိမ်းတယ်...ဒါကြောင့် ကျွန်မ
ယောကျာင်္းကညနေပိုင်းမှာ ကြက်ကြော်တွေ လိုက်ပို့ ပေးနိုင်၊စားပွဲထိုးလုပ်နိုင်ပါတယ်...” လို့ ပြောကြား
ခဲ့ ပါတယ်...
သြော်...
အလုပ်ဟူသမျှဂုဏ်ရှိစွပေတကား....
သူတို့ အစိုးရအလုပ်ကလည်း လခကောင်းတာကြောင့် လည်းဖြစ်မှာပါ...
မူရင်းသတင်းလေးပါ...
Hundreds of desperate job-seekers took part in a 'binman olympics' to compete for just 14 jobs as road sweepers.
Nearly 500 entrants competed for what are considered plum civil service jobs in Gumi, South Korea, which is suffering a severe economic crisis.
Contestants had to sprint with a 20kg bag of rice to show endurance and race against the clock to sweep 100 metres of simulated road.
In another section they had to demonstrate how quickly they can dispose of dog poo using tongs and plastic bags while being cheered on by family members and friends.
Kim Hye-ran, 27, explained: "If my husband gets the job our problems are over.
"I'll open a chicken restaurant next to our house. Street cleaners knock off at four o'clock, so in the evening, he can deliver fried chicken."
Man lives for two years on leaves and grass
 နှစ် နှစ်လုံးလုံး မြက်သစ်ရွက်သာစားသုံးခဲ့ သူ....
အခုတော့ ရောဂါတွေလည်းအားလုံးပျောက်သွားခဲ့ ပါပြီတဲ့ ...
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ နူဝေ ကျေးရွာမှ အသက် ၅၀ အရွယ်ရှိ လီစန်ကျူး အမည်ရှိအမျိုး
သားတစ်ဦးဟာ မြက်သစ်ရွက် ကလွဲလို့ တစ်ခြားဘာမှမစားပဲနေခဲ့ တာ ၂ နှစ်ရှိခဲ့  ပြီး သူ့ အနေနဲ့ အဲ
ဒီလို စားနေခဲ့ ရတာကိုပဲ နှစ်သက်စွဲလမ်းပျော်ပိုက်နေပါပြီလို့ ဆိုပါတယ်...
သူ့ ကိုယ်က မြက်၊သစ်ရွက်အနံ့ နဲနဲပြင်းပြင်း ရတာကလွဲလို့ သူဟာ တစ်ခြားရွာသားတွေနဲ့ ဘာမှမခြား
ပဲ အတူတူပါပဲလို့ ဆိုပါတယ်...
” လူတစ်ယောက်ဟာ ရေသောက်ရုံကလွဲပြီး ဘာမှအစာမစားပဲ ဆယ်ရက်ကျော်အောင်နေနိုင်တယ်
လို့ ရုပ်သံအစီအစဉ်တစ်ခုမှ ကြည့် ခဲ့ ရပြီးတဲ့ နောက် ကျွန်တော်ဟာ အိမ်အနီးပါတ်ဝန်းကျင်မှာ၇ှိတဲ့ 
သဘာဝအလျောက်ဖြစ်နေတဲ့ အရာတွေနဲ့ စားသောက်နေထိုင်ကြည့် မယ်လို့ စိတ်ကူးမိခဲ့ ပါတယ်...”
လို့ သူကပြောပြပါတယ်..
အစပထမကတော့ သူဟာ ကျွဲတွေနွားတွေလိုပဲ မြက်တွေကိုစားဖို့ ကြိုးစားခဲ့ ပါတယ်...ဒါပေမယ့် အရ
သာက ခါးပြီး၊ ပြန်အန်ထွက်ကာ နေမကောင်းဖြစ်ခဲ့ ရပါတယ် လို့ တရုတ်သတင်းကွန်ယက် ကသတင်း
မှာဖော်ပြပါရှိခဲ့ ပါတယ်...
” လယ်ကွင်းထဲကမြက်တွေမှာ ပိုးသတ်ဆေးတွေများ ရှိနေပြီလားလို့ ကျွန်တော်သံသယ၀င်ခဲ့ မိပါတယ်...
ဒါနဲ့ ကျွန်တော့် အိမ်နောက်ဖက်က တောင်မှာပေါက်နေတဲ့ အပင်( အရွက် ) တွေကိုပြောင်းပြီးစားခဲ့ ပါ
တယ်...အဲဒါကျတော့ မှပဲ ဟန်ကျသွားပြီး ဘာမှကိုမဖြစ်တော့ တာပါပဲ...” လို့ သူကထပ်ပြောပြခဲ့ပါ
တယ်...
အစပိုင်းမှာတော့ သူဟာ ထမင်းအနည်းငယ်နဲ့ မြက်၊သစ်ရွက်တွေကို တွဲပြီးစားခဲ့ ပါသေးတယ် ...
ဒါပေမယ့် မကြာခင်ပဲ ထမင်းကိုလုံးဝမစားတော့ ပဲ အရွက်တွေချည်းစားတော့ တာဖြစ်ပါတယ်...
” အခုဆိုကျွန်တော်ဟာ အသားတွေကိုလုံးဝစားလို့ မရတော့ ပါဘူး...အဆီပါတဲ့ အရာမှန်သမျှကျွန်
တော့ ကိုနေမကောင်းဖြစ်စေတော့ တာပါပြ...တစ်ခါကလူတစ်ယောက်ဆိုယင် ကျွန်တော့် ကို ၀က်
သားစားမယ်ဆိုလျှင် ယွမ် တစ်သောင်း ( ဒေါ်လာ ၁၅၀၀ ) ပေးမယ်လို့ လောင်းခဲ့ ပါသေးတယ်...
ဒါပေမယ့် ကျွန်တော်မစားနိုင်ပါဘူးဗျာ...
အယင်တုံးကတော့ ကျွန်တော့် ကိုတော်တော်ချူချာတဲ့ သူလို့ ရွာမှာသိထားခဲ့ ကြတာပါ....တစ်ချိန်
လုံးဆေးရုံတက်နေရသလောက်ပါပဲ...ဒါပေမယ့် အခုလို မြက်သစ်ရွက်တွေစားပြီးကတည်းက ဆရာ
ဝန်ဆီတစ်ခါမှမသွားခဲ့ ရတော့ ပါဘူး...ကျွန်တော့် ညာဖက်ခြေထောက်မှာရှိတဲ့ အကြိတ်တောင်မှအ
လိုလိုပျောက်သွားခဲ့ ပါပြီ...” လို့ သူက ပြောခဲ့ ပါတယ်...
အဆိုပါဒေသက တရုတ်ရိုးရာတိုင်းရင်းဆေးရုံကတော့ ( သူစားခဲ့ တဲ့ ) အပင်တွေဟာ စားလို့ ရတဲ့ 
( အဆိပ်အတောက်မဖြစ်စေတဲ့ ) အပင်တွေဖြစ်ပေမယ့်  သူ့ လိုတော့ လိုက်မစားဖို့ တိုက်တွန်းပြော
ဆိုခဲ့ ပါတယ်...
သတ်သတ်လွတ်စားလွတ်စားတဲ့ သူတွေအတွက်သတင်းကောင်းတစ်ခုပါပဲ...
အသီးအရွက်ချည်းပဲစားနိုင်ယင်တော့ အများစုအတွက်ကတော့ ကောင်းပါတယ်...
အင်္ဂလိပ်လိုသတင်းပါ...
A Chinese man claims to have survived for two years eating nothing but leaves and grass.
Li Sanju, 50, of Niuwei village, Guangdong province, says he is perfectly happy with his unusual diet.
He says he looks no different to other people in his village - but admits he does smell strongly of grass.
"I watched a TV programme which said a man can live more than 10 days without food but just water, so I thought I would try living on the natural things near my home," he said.
At first, he tried eating grass in a field like cattle - but it tasted bitter and made him ill, reports China News Network.
"I suspect that the field grass has been polluted by pesticides, so I changed to the plants in the mountain behind my house, and I never had any problem," he added.
Initially, he would eat a small portion of rice with his grass and leaves but soon gave up even that.
"I couldn't eat meat now," he said. "Anything greasy would make me sick. Someone bet me 10,000 yuan (£1,000) to eat a piece of pork, but I couldn't do it.
"I used to be known as a sick man in the village, always in hospital, but since I changed my diet, I've never been to see the doctors. Even the tumor on my right foot has disappeared."
The Local Traditional Chinese Medicine Hospital said most of the plants were edible and not toxic - but did not recommend Li's diet.
Captured 'ghosts' for sale online
Wednesday, March 3, 2010
အွန်လိုင်းပေါ်လေလံတင်ရောင်းချတဲ့ သူရဲ...
သူရဲနှစ်ကောင်ဖမ်းမိတယ်...
ဘယ်သူဝယ်မလဲကွယ်..
နယူးဇီလန်နိုင်ငံတွင်ရှိသောအိမ်တစ်အိမ်မှ ပရိတ်ရွတ်၊မန်းမှုတ်ပြီး ဖမ်းထားသော သရဲနှစ်ကောင် ထည့် 
သွင်းထားသည့့်ပုလင်းနှစ်လုံးကို အင်တာနက်ပေါ်တွင်အွန်လိုင်းလေလံတင်ကာကြေငြာရောင်းချနေပါ
တယ်...
” ဖမ်းမိထားသည့်  သရဲ နှစ်ကောင် ” ဟုအမည်ပေးထားသည့် အဆိုပါပစ္စည်းအား အင်တာနက်အွန်
 လိုင်းလေလံဆိုဒ် ebay ကဲ့ သို့ အလားတူ နယူးဇီလန်နိုင်၏အင်တာနက်လေလံဆိုဒ် Trade Me တွင်
ဈေးပြိုင်ပေးသူများက ပေါင်စတာလင် ၂၀၀ ( အမေရိကန်ဒေါ်လာ ၃၀၀ ခန့် ) အထိပေးနေပြီဖြစ်ပါ
တယ်....
ရောင်းချသူများက အဆိုပါ သရဲများကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုမှ သရဲတစ္ဆေများကို ပရိတ်
ရွတ်၊မန်းမှုတ်နှင်ထုတ်သူတစ်ဦးက Christchurch ဒေသရှိအိမ်တစ်အိမ်မှ ဖမ်းဆီးရခဲ့ ခြင်းဖြစ်သည်ဟု
ဆိုကြောင်း သြစတေးလျသတင်းဌာန News.com.au မှာ ဖော်ပြပါရှိပါတယ်...
သရဲတစ်ကောင်က 1920 ခုနှစ်က ထိုအိမ်မှာသေဆုံးခဲ့ တဲ့ Les Graham ဆိုသူဖြစ်တယ်လို့ ယုံကြည်
ရပါတယ်...
” သရဲဖမ်းသူက အဆိုပါသရဲဟာ သူ့ ကိုလူအများသိစေလိုပြီးလူတွေကိုခြောက်လှန့် လေ့ ရှိပါတယ်...
ဒါပေမယ့် သူဟာသိပ်ပြီးတော့ အစွမ်းမထက်လှပါဘူးလို့ ယုံကြောင်း...” သူရဲတွေကိုရောင်းတဲ့ သူ
ကပြောပါတယ်...
စကားပြောတဲ့ နည်းနဲ့ ဖမ်းခဲ့ တာပါ...အဲဒီသူရဲဟာ အရာဝတ္တုပစ္စည်းတွေကိုဟိုရွေ့ သည်ရွေ့ လုပ်တာ၊
လျှပ်စစ်ပစ္စည်းခလုတ်တွေကို ပိတ်လိုက်၊ဖွင့် လိုက်လုပ်တာကို ၀ါသနာပါတဲ့ ကလေးမလေးတစ်ဦးဖြစ်
ပါလိမ့် မယ်...အဲဒီကလေးသရဲဟာအစွမ်းထက်လှပြီး သူ့ ကိုမဖမ်းပဲထားခဲ့ ယင်ပိုပြီးတော့ တောင်ဆိုး
လာဦးမှာဖြစ်တယ်...” လို့ သူရဲဖမ်းခဲ့ သူကဆိုပါတယ်....
အဲဒီသူရဲနှစ်ကောင်ကိုဖမ်းပြီး ပုလင်းထည့် ခဲ့ တဲ့ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ကစပြီး (အဲဒီအိမ်
မှာ ) ဘာမှ ခြောက်တာလှန့် တာ၊ တစ်စုံတစ်ရာထူးခြားတာမတွေ့ ရတော့ တာကြောင့် သူတို့ ဟာ ဒီပု
လင်းတွေထဲမှာရှိနေတယ်ဆိုတာ အသေအချာကို ယုံပါတယ် လို့ လေလံတင်ရောင်းချသူကထပ်ပြီး
တော့ ပြောပါတယ်..
ပုလင်းထဲမှာရှိနေတဲ့ ပရိတ်ရေ ( အစွမ်း ) က သူရဲတွေရဲ့ စွမ်းအင်တန်ခိုးကို မှေးမိန်စေပြီးသူတို့ ကို
အိပ်ပျော်နေစေပါတယ် လို့ လေလံတင်ပွဲမှာ ကြေငြာခဲ့ ပါတယ်...
ထိုသူရဲများကို ပြန်လည်ရှင်သန်နိုးထလာဖို့ ကတော့ ဝယ်ယူသူဟာ ပုလင်းထဲက အရာတွေကို ပန်း
ကန်ပြားပေါ်သွန်ချလိုက်ပြီး အိမ်ထဲမှာ အငွေ့ ပျံပျောက်ကွယ်သွားအောင် ထားလိုက်ရမှာဖြစ်ပါတယ်
လို့ ဆိုပါတယ်...
သူတို့ ဟာကျွန်တော့် ကိုကြောက်လန့် စေတာမို့ ရောင်းပစ်ချင်တာပါပဲလို့  ရောင်းချသူက ဆိုခဲ့ ပါတယ်...
အင်္ဂလိပ်လိုသတင်းလေးပါ...
Two vials said to contain the spirits of ghosts exorcised from a house in New Zealand have been put up for sale on an online auction site.
Entitled 'Two Captured Ghosts', the lot had reached a top price of nearly £200 on TradeMe, New Zealand's equivalent of eBay.
The seller claims the spirits were captured by an exorcist from a spiritual church at a property in Christchurch, reports News.com.au.
One is believed to be the ghost of a man called Les Graham who died in the house in the 1920s.
"The exorcist believes this spirit likes to make himself known and spook people. but he is not a very strong spirit," explained the seller.
"The other spirit came from when me and my partner stupidly did an Oujia Board.
"We believe it is a little girl who likes to move things and turn things on and off. Exorcist says she is very strong and if left will get stronger.
"We have had no (paranormal) activity since they were bottled on July 15, 2009," the seller added. "So I believe they are in the bottles."
The auction said the "holy water" in the vials dulled the spirit's energy and put them to sleep. To revive the spirit, the buyer would need to pour the contents into a dish and let it "evaporate into your house''.
"I just want to get rid of them as they scare me,'' the seller said.
The Chinese GIRL toddler who weighs 6.5st at the age of two
တရုတ်နိုင်ငံမှ အ၀လွန်နေသည့် ကလေးငယ်...
ပိုကာဆွဲပြီး အထိုင်များလို့ ဝလေသလား...
တရုတ်နိုင်ငံမှ ပန်းယာ မည်ရှိကလေးမလေးဟာ အသက်သာ နှစ်နှစ်မျှရှိသေးပေမယ့် ကိုယ်အလေး
ချိန်ကတော့ ၆.၅ စတုံ (၉၀ ပေါင် ) အလေးချိန်ရှိနေပါပြီ...
လမ်းလျှောက်သွားတတ်ကာစ ကလေးမလေးရဲ့ ကိုယ်ခန္ဓာအလေးချိန်ကတော့  အရွယ်ရောက်ပြီးတ
ရုတ်အမျိုးသမီးတစ်ယောက်နှင့် အတူတူပင်ဖြစ်နေပါတယ်...
ရွယ်တူအသက်တူထက်ကို အပုံကြီး ပိုဝ ပါတယ်...
 Larger than life: Pang Ya (left) poses next to a healthy two-year-old Chinese friend 
စိုးရိမ်ပူပန်နေကြရပြီဖြစ်တဲ့ သူမရဲ့ မိဘများကတော့ သူတို့ သမီးလေးဟာ ကျန်းကျန်းမာမာနဲ့ အစား
အသောက်တွေကို ခံတွင်းတွေ့ ကာစားနေပေမယ့် ကူညီကယ်တင်ကြဖို့ အရေးအသည်းအသန် အကူ
အညီတောင်းခံနေကြပါတယ်...
ကူကြ...ကယ်ကြပါဦး...
 The toddler's parents are anxious for assistance in helping Pang Ya lose weight 
” ကလေး အခုလို အလွန်အမင်းဝဖြိုးနေတာကိုဆရာဝန်တွေလည်းအဖြေမရှာနိုင်ဖြစ်နေရလို့ ကျွန်တော်
တို့ အနေနဲ့ အလွန်ပဲ စိုးရိမ်ကြောင့် ကျ ပူပန်နေရပါတယ်...” လို့ ဖခင်ဖြစ်သူ ကပြောဆိုပါတယ်...
တရုတ်နိုင်ငံ၊ ရှန်စီပြည်နယ်၊ တောင်ချွန်းမြို့ က ကလေးငယ်ကိုမွေးဖွားစမှာတော့ သာမာန်ကလေးတစ်
ယောက်ကဲ့ သို့ ပင် ကိုယ်အလေးချိန် ၈ ပေါင်သာရှိခဲ့ ပါတယ်...
ဟယ်လို...လု လား...၀ လေ..၀ပါတယ်...
တော်တော်ကြီးကို ၀နေလို့ ... ကယ်ပါဦး...
မွေးကစကတော့ ပုံမှန်ပါပဲ...
Alarm: Pang Ya was born weighing an average eight pounds but has become heavy very quickly 
တရုတ်နိုင်ငံမှာ အ၀လွန်သူပေါင်း သန်း၆၀ လောက်ရှိနေပါတယ်လို့ မကြာသေးခင်ကပြုလုပ်ခဲ့ တဲ့ 
သုတေသနပြုလုပ်ချက်များအရသိရပါတယ်...ဒါဟာ ၁၉၉၂ ခုနှစ်နဲ့  ၂၀၀၂ ခုနှစ်အကြား အရေအတွက်
ရဲ့  ၂ ဆမျှဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နှစ်နှစ်ကမှ တရုတ်နိုင်ငံမှာ Kentucky ကြက်ကြော် စားသောက်ဆိုင်ကို စတင်ဖွင့် လှစ်ခဲ့ 
တာဖြစ်ပါတယ်...
ဆိုလိုတာက ရှေ့ လျှောက် တရုတ်ပြည်မှာ အ၀လွန်တဲ့ သူတွေပိုမိုတိုးပွားလာမယ့် သဘောပါပဲ...
အင်္ဂလိပ်လိုသတင်းလေးပါ...
She may be just two years old, but Pang Ya is already tipping the scales at 6.5st. 
The toddler’s size means she now weighs the same as an average female Chinese adult.
Although her alarmed parents admit that their daughter has a healthy appetite, they are desperate for help. 
Her father said: ‘Doctors can’t figure out the reasons for her obesity, which worries us a lot.’
Pang Ya, who is from Taocun town, Shanxi province, was born weighing an average eight pounds. 
A recent government survey declared there are 60 million obese people in China, with the number doubling between 1992 and 2002.
Two years ago the country got its first Kentucky Fried Chicken fast food restaurant. 
ငါးမိုးရွာတဲ့ မြို့ ....
Residents stunned as hundreds of fish fall out of the sky over remote Australian desert town
ဒီလိုငါးတွေပေါ့ ...ကောင်းကင်ကကျလာတာ...
သြစတေးလျနိုင်ငံမှ ဝေးလံခေါင်ဖျားသော လူနေကျဲပါးသည့် မြို့ လေးတစ်မြို့ မှ မြို့ သူမြို့ သားများဟာ
ကောင်းကင်ယံမှ ငါးများကျလာခဲ့ သည့် အတွက် စကားမပြောနိုင်လောက်အောင် အံ့ သြသွားခဲ့ ကြရ
ပါတယ်...
 အဲဒီဒေသက အဲဒီမြို့ ကလေးမှာပေါ့ ....
ရာနဲ့ ချီတဲ့ အရေအတွက်ရှိတဲ့ အရောင်လက်လက်ထနေတဲ့ ရေချို ကကတစ်ငါးတွေဟာ လူဦးရေ
၆၅၀ ယောက် ရှိတဲ့ မြို့ ကလေး Lajamanu မှာ ဗုံးကြဲချသလိုကျလာခဲ့ လို့ အပြင်မှာလမ်းလျှောက်ပြီး
အိမ်ကိုပြန်လာနေတဲ့  Christine Balmer တစ်ယောက်အံ့ အားသင့် တုန်လှုပ်သွားခဲ့ ရပါတယ်...
” ငါးတွေဟာ ရာနဲ့ ချီပြီးတော့ ကို နေရာအနှံ့ အပြားမှာ ကျလာနေခဲ့ တာပါ...လူတွေဟာအပြေးအလွှား
နဲ့ ကိုဟိုဟိုသည်သည် သွားလာပြီး ငါးတွေကိုကောက်ယူနေခဲ့ ကြပါတယ်...” လို့ သူမက ဆိုပါတယ်...
ငါးတွေဟာ အောက်ကိုကျလာပြီးမြေကြီးကိုရောက်တဲ့ အချိန်မှာ အသက်ရှင်နေသေးတာမို့ သူတို့ မိုး
ပေါ်မှာရှိနေချိန်ကတည်းကိုက အသက်ရှင်နေတာဖြစ်ပါတယ်...
သြစတေးလျရဲ့ အခြားတစ်ဖက်တစ်နေရာမှာရှိတဲ့ သူမရဲ့ မိသားစုကို မိုးပေါ်က ငါးတွေကျလာတယ်ဆို
တဲ့ အကြောင်းပြောပြတော့ သူတို့ က သူမကို စိတ်မှ မှန်သေးရဲ့ လားလို့ ထင်သွားခဲ့ ကြပါတယ်...
”ကျွန်မ ရူးသွားခဲ့ တာမဟုတ်ပါဘူး...ပြောနိုင်တာကတော့ ငါးတွေမဟုတ်ပဲ မိကျောင်းတွေ မိုးရွာသလို
ကျမလာတာကိုပဲ ကျေးဇူးတင်ရမှာပါ...”  လို့  သူမကပြောခဲ့ ပါတယ်...
မိုးလေ၀သပညာရှင်တွေကတော့ အခုအဖြစ်အပျက်ဟာ လေဆင်နှာမောင်းကြောင့် ဖြစ်နိုင်တယ်...
လေဆင်နှာမောင်းများဟာ တိုက်ခတ်ရာလမ်းကြောင်းတစ်လျှောက်ရှိ မြစ်ချောင်းအင်းအိုင်များကနေ
ရေနှင့်ငါးများကို စုပ်ယူပြီး မိုင်ပေါင်းများစွာကွာဝေးတဲ့ နေရာတွေအထိသယ်ဆောင်ကာ စွန့် ပစ်ချလေ့ 
ရှိပါတယ်...
 လူဦးရေ ၆၅၀ ပဲရှိတဲ့ မြို့ ငယ်လေးပါ....
သြစတေးလျနိုင်ငံ၊ မိုးလေ၀သဌာနကပညာရှင် Mark Kersemakers ကတော့ ” အဲဒီငါးတွေ၊ ရေမှုန်
ရေမွှားတွေဟာ အေးခဲသွားပြီး အချိန်အတန်ကြာမှ ပြန်ကျလာတာဖြစ်နိုင်ပါတယ်...”  လို့ ဆိုပါတယ်...
Lajamanu မြို့ ကလေးဟာ သြစတေးလျနိုင်ငံ  Alice Springs နဲ့ ဒါဝင်မြို့ အကြားလမ်းတစ်ဝက်အကွာ
တာနာမီသဲကန္တာရအစွန်မှာတည်ရှိပါတယ်...
အခုလိုကောင်းကင်က ငါးတွေကျလာခဲ့ တာဟဟာ အဆိုပါမြို့ ငယ်လေးမှာနေထိုင်သူတွေအတွက်တော့
ပထမဦးဆုံးအဖြစ်အပျက်မဟုတ်ခဲ့ ပါဘူး...
” လွန်ခဲ့ တဲ့ ၁၉၈၀ ခုနှစ်အစောပိုင်းကာလများလောက်က ကျွန်တော်ဟာ Alice Springs က Tavern
Hotel မှာရှိနေခဲ့ ပါတယ်...ကျွန်တော်ဟိုတယ်တံခါးကနေ အပြင်ကိုထွက်လိုက်တော့ ငါးကလေးတွေ
ကောင်းကင်ကနေကျလာတာကိုတွေ့ လိုက်ရပါတယ်...အဲဒီတုံးက ကျွန်တော်က ဘီယာလေးလည်း
နှစ်လုံးသုံးလုံးလောက်သောက်ထားတော့ မိတ်ဆွေတွေက တစ်ယောက်မှမယုံကြပါဘူး...ကျွန်တော့်
မှာ လူတွေတော်တော်များများကိုဖုံးဆက်ပြီး အဲဒီတုံးက ကျွန်တော်မမူးပါဘူးဆိုတာ ပြောပြခဲ့ ရပါတယ်...
အဲဒီတုံးကလည်း တစ်ကယ်ကိုငါးမိုးရွာခဲ့ တာဖြစ်ပါတယ်...”  လို့ ဒေသခံမြို့ သား အသက် ၄၈ နှစ်ရှိ
Les Dillon  ကပြောပြခဲ့ ပါတယ်...
ထူးဆန်းသောအရာဝတ္တုများကောင်းကင်မှ ကျလာခဲ့ သည့် သမိုင်းမှတ်တမ်းများ....
သမိုင်းတစ်လျှောက် ကောင်းကင်ယံကနေထူးဆန်းတဲ့ အရာဝတ္ထုမျိုးစုံကျရောက်ခဲ့ တဲ့ အဖြစ်အပျက်
တွေရှိခဲ့ ပါတယ်...
အဲဒီထဲကထူးထူးခြားခြားရှိတာတွေကတော့ ....
၁ ရာစုနှစ်မှာ ...
Pliny The Elder ဆိုတဲ့ သူကကောင်းကင်ကနေ ဖားနဲ့ ငါးတွေအမြောက်အများမုန်တိုင်းကျသလိုကျ ရောက်ခဲ့ တယ်လို့ ရေးသားမှတ်တမ်းတင်ခဲ့ တာဟာ ယနေ့ ခေတ်အဖြစ်အပျက်များရဲ့ ရှေးဦးအစ
ဖြစ်ခဲ့ ပါတယ်...
၁၇၉၄ ခုနှစ် ...
ပြင်သစ်နိုင်ငံ Lile မြို့ အနီး Lalain မှာ တပ်စွဲထားတဲ့ ပြင်သစ်စစ်သားတွေဟာ မိုးအကြီးအကျယ်ရွာနေ
တုံးကောင်းကင်ကနေ ဖားတွေကျလာခဲ့ တယ်လို့ သတင်းပို့ ခဲ့ ကြပါတယ်...
၁၈၇၅ ခုနှစ်...
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Lake County မှာလက်မတစ်စိတ်လောက်ရှိတဲ့ သ ကြားတုံးတွေ ကောင်းကင်ကနေ နှစ်ရက်လောက် ကျလာခဲ့ ဖူးပါတယ်...
၁၈၇၆ ခုနှစ်...
Kentucky ပြည်နယ်က အမျိုးသမီးတစ်ဦးဟာကောင်းကင်ကနေ အသားအလွှာစတွေကျလာခဲ့ တယ်
လို့ ဆိုခဲ့ ပါတယ်... စမ်းသပ်စစ်ဆေးကြည့် ခဲ့ တဲ့ အခါမှာတော့ သမင်အသားစတွေဖြစ်နေခဲ့ ပါတယ်...
၁၉၀၂ ခုနှစ်...
Illinois ပြည်နယ်မှာဖုံတွေ ထခဲ့  ပြီး အမေရိကန်နိုင်ငံအရှေ့ မြောက်ပိုင်းပြည်နယ်တွေမှာ ရွှံ့ မိုးတွေရွာ
ခဲ့ ပါတယ်လို့ ဆိုပါတယ်...
၁၉၄၀ ခုနှစ်...
လေဆင်နှာမောင်းတစ်ခုကြောင့် ရုရှားနိုင်ငံမှာ ၁၆ ရာစုနှစ်က ဒင်္ဂါးပြားတွေရွာချခဲ့ ဖူပါတယ်...
၁၉၆၉ ခုနှစ်...
Florida ပြည်နယ် Punta Gorda မှာ ကောင်းကင်ကနေ ဂေါက်သီးလုံးတွေကျလာခဲ့ ဖူးပါတယ်...
၁၉၇၆ ခုနှစ်...
Califonia ပြည်နယ် San Louis Opisbo မှာ မိုးဆွေငှက်များနဲ့ ခိုငှက်များကောင်းကင်ကနေ နှစ်ရက်
ဆက်တိုက်ကျလာခဲ့ ဖူးပါတယ်...
အင်္ဂလိပ်လိုသတင်းပါ....
Residents of a small outback Australian town have been left speechless after fish began falling from the sky.
Hundreds of spangled perch bombarded the 650 residents of Lajamanu, shocking local Christine Balmer, who was walking home when the strange 'weather' started.
She said: 'These fish fell in their hundreds and hundreds all over the place. The locals were running around everywhere picking them up.
'The fish were all alive when they hit the ground so they would have been alive when they were up there flying around the sky.
'When I told my family, who live in another part of Australia, about the fish falling from the sky, they thought I'd lost the plot.
'But no, I haven't lost my marbles. All I can say is that I'm thankful that it didn't rain crocodiles!'
Meterologists say the incident was probably caused by a tornado. It is common for tornados to suck up water and fish from rivers and drop them hundreds of miles away.
Mark Kersemakers from the Australian Bureau of Meterology said: 'Once they get up into the weather system, they are pretty much frozen and, after some time, they are released.'
Lajamanu is located half-way between Darwin and Alice Springs, on the edge of the Tanami Desert.
This is not the first time residents of the small town have experienced fish falling out of the sky.
Resident Les Dillon, 48, said: 'In the early 1980s I was at the Alice Springs Tavern Hotel and, when I walked out the door, I saw all these little fish, fallen out of the sky.
'Yes, I had a couple of beers, so none of my friends believed me. I have rung heaps of people to let them know I wasn't drunk back then. It had really happened!'
A history of amazing 'rainfall'
There is a long history of strange objects raining from the sky, with these strange occurrences among the most notable: 
1st Century: Pliny The Elder wrote about storms of frogs and fish, foreshadowing many modern incidents.
1794: French soldiers stationed in Lalain, near Lille, reported toads falling from the sky during heavy rain.
1857: Sugar crystals as big as quarter of an inch in diameter fell over the course of two days in Lake County, California.1876: A woman in Kentucky reported meat flakes raining from the sky. Tests found the meat was venison.
1902: Dust whipped up in Illinois caused muddy rain to fall over many north-eastern U.S. states.
1940: A tornado in Russia brought a shower of coins from the 16th Century.
1969: Golf balls fell from the sky on Punta Gorda in Florida (above).
1976: In San Luis Opisbo in California, blackbirds and pigeons rained from the sky for two days.
Human Flag Pole
Tuesday, March 2, 2010
 အလံတိုင်လူသား....
Har Parkash အမည်ရှိ အဘိုးကြီးဟာ ကမ္ဘာ့ စံချိန်မှတ်တမ်းမှာ စံချိန်အသစ်တင်နိုင်ဖို့ အ
တွက်သူ့ ရဲ့ အမည်ကို Guiness Rishi လို့ ပြောင်းလိုက်ပါတယ်...
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ အဘိုးကြီးဟာ အသက် ၆၁ နှစ်ရှိ သူ့ ရဲ့ ယောက်ဖဖြစ်သူ ကိုမွေး
စားခဲ့ လို့  ကမ္ဘာ့ အသက်အကြီးဆုံးမွေးစားကလေးရဲ့ မွေးစားဖခင်အဖြစ်စံချိန်တင်နိုင်ခဲ့ တဲ့ 
အပြင် ကမ္ဘာ့ အကြီးဆုံး သကြားတုံးနဲ့ ပြုလုပ်တဲ့ ရဲတိုက်အဆောက်အဦကိုလည်းစံချိန်တင်
နိုင်ခဲ့ ပါသေးတယ်...
အခုတော့ သူဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၂၀ တို့ ရဲ့ အလံပုံစံတွေကို သူ့ ရဲ့ ဦးခေါင်းအပါအ၀င်
ခန္ဓာကိုယ်မှာ ဆေးမှင်ကြောင်ထိုးပြီး အလံမျိုးစုံထားရှိတဲ့ အလံတိုင်လူသားအဖြစ်စံချိန်တင်
နိုင်ဖို့ ဆန္ဒရှိနေပါတယ်တဲ့ ...
အသက်ကြီးမှကြောင်တောင်တောင်နိုင်တဲ့ အတွေးပါပဲ...
Har Parkash changed his name to Guinness Rishi, demonstrating that his goal is setting new Guiness records.
This 67-year-old man already became father of the world’s oldest adoptee, after taking custody of his 61-year-old brother-in-law, and built the tallest sugar-cube tower in the world.
Now he wants to become a human flag pole by tattooing 220 national flags on his body.  
နိုင်ငံတကာအလံပေါင်းဆုံဆေးမှင်ကြောင်ရုပ်နဲ့ ဘဘ...
ဦးခေါင်းငယ်ထိပ်မှာပါဆေးအလံပုံဆေးမှင်ရုပ်တွေနဲ့ ဘဘ...
ယုံချင်ယုံမယုံချင်နေ မှတ်တမ်းထဲဝင်မလို့ ပါတဲ့ ...
ဗိုက်မှာလည်းမနေရ...
ကမ္ဘာ့ မြေပုံတဲ့ လား...
အနီးကပ်မြင်ကွင်း....
လူတစ်ကိုယ်စိတ်တစ်မျိုးပါပဲ...
နာမည်ကြီးရမယ်ဆိုဘာမဆိုလုပ်မယ့်သဘောပဲ...
ငတ်မွတ်ခေါင်းပါးမှုဘေးဒါဏ်အကြောင်း....
ကမ္ဘာမှာ ရှေးအစကတည်းကနေ ယနေ့ တိုင်အောင်၊ နောင်လည်းပဲ ဆက်လက်ဖြစ်ပွားနေမယ့် ...
ပိုမိုဆိုးဝါးလာနေတဲ့ အစားအစာငတ်မွတ်ခေါင်းပါးမှုဘေး အကြောင်းလေးပါ...
လင်လင် မရရှိပါဘူးတဲ့ ....
အဆိုးဝါးဆုံးအစားအစာ မလုံလောက်မှုခံနေရတဲ့ ( လူသုံးဦးမှာ ၂ ဦးက အစားအစာ ပြည့် ပြည့် စုံစုံ
မရရှာဘူးပေါ့ ...) ( လူဦးရေ အချိုးအစားအလိုက်တွက်ယင် ...) နိုင်ငံတွေကတော့ ...
အိန္ဒိယ ၊ အီသီယိုးပီးယား ၊ ကွန်ဂို ၊ ဘင်္ဂလားဒေ့ ရှ် ၊ အင်ဒိုနီးရှား ၊ ပါကစ္စတန် ၊ တရုတ် နိုင်ငံတို့ ပဲ
ဖြစ်ပါတယ်...
ကမ္ဘာမှာ နေ့ စဉ်လူပေါင်း ၂၅၀၀၀ ခန့် ဟာ အစားအစာ ငတ်မွတ်ခေါင်းပါးမှု၊ အဟာရမပြည့် ဝမှု
ကြောင့် သေဆုံးနေကြရပြီး အဲဒီအရေအတွက်ဟာ တီဘီ၊ ငှက်ဖျားနဲ့ အေ့ ဒ်စ် ( အေအိုင်ဒီအက်စ )
ရောဂါများဖြစ်လို့ နေ့ စဉ်သေဆုံးသူတွေစုစုပေါင်းထက်ပိုပါတယ်...
ဘယ်သူတွေဘာပဲမကောင်းပြောပြော ကမ္ဘာငတ်မွတ်ခေါင်းပါးမှုအတွက် လှူဒါန်းနေတဲ့ ထိပ်တန်း
နိုင်ငံတွေထဲမှာ အမေရိကန် က ထိပ်ဆုံးကပါနေပါသေးတယ်...
တစ်ပြားမှမလှူဘူးဆိုလည်း ဘယ်သူကဘာပြောနိုင်မှာလည်း...
ဘာပဲဖြစ်ဖြစ်...
လူတွေရဲ့ သဏ္ဍာန်မှာ...
လောဘတရားတွေများပြားကြီးမားလာလျှင် ငတ်မွတ်ခေါင်းပါးမှုဘေးတွေဖြစ်ပြီးအမြောက်အများသေ
ကြေပျက်စီးကြရတယ်...
ဒေါသတရားတွေ များပြားကြီးမားလာလျှင်  စစ်ပွဲတွေဖြစ်ပြီး အမြောက်အများသေကြေပျက်စီးကြ၇တယ်..
မောဟ လို့ ဆိုနိုင်တဲ့  မသိနားမလည်မှု၊ အမှန်တရားကိုမျက်ကွယ်ပြုမှုတွေများပြားကြီးမားလာလျှင်
အနာ၊ရောဂါ (ဆန်းပြားတဲ့ ရောဂါမျိုးတွေ...) ဖြစ်ပြီး အမြောက်အများသေကြေပျက်စီးကြ၇တာ ဓမ္မတာ
ပါပဲ....
ပုံကိုပိုမိုထင်ရှားစွာမြင်နိုင်၇န် ကလစ်နှိပ်ပြီးကြည့် နိုင်ပါတယ်...
More than 5,000 Australians strip on the steps of the Sydney Opera House in the name of art
Monday, March 1, 2010
ဆစ်ဒနီက လူ့  တော်သလင်းတွေရဲ့ ဓါတ်ပုံရိုက်ပွဲ...
Titled Mardi Gras: The Base, the installation had been commissioned by the Sydney Gay and Lesbian Mardi Gras, which took place over the weekend
အားလုံးလှဲအိပ်ပြီးဓါတ်ပုံအရိုက်ခံကြတယ်..
တစ်ဦးတစ်ခါမှသိကျွမ်းရင်းနှီးခဲ့ ဖူးခြင်းမရှိတဲ့ ထောင်နဲ့ ချီတဲ့ သြစတျေးလျနိုင်ငံသားတွေဟာ
အတူတစ်ကွ အ၀တ်အစားတွေအကုန်ချွတ်ကာ စုပေါင်းပြီးအုပ်စုလိုက်ဓါတ်ပုံအရိုက်ခံခဲ့ ကြပါ
တယ်...
သြစတေးလျနိုင်ငံမှ လူပေါင်း ၅၂၀၀ ကျော်ဟာ အနုပညာလှုပ်ရှားမှုလို့ ဆိုကာအကြောင်းပြပြီး ဆစ်
ဒနီမြို့ အော်ပရာကပွဲရုံအဆောက်အဦးရှေ့ မှာ အ၀တ်အစားမဲ့ ကိုယ်လုံးတီးဗလာအဖြင့် နဲ့ လာရောက်စုရုံး
ခဲ့ ကြတာဖြစ်ပါတယ်...
အဲဒီမှာ အဆိုပါ လူအုပ်ကြီးဟာ ကောင်းကင်ပေါ်ကိုမော့ ကြည့် နေသည့် ပုံဟန်၊ အဆောက်အဦးရှေ့ 
ကဆိပ်ကမ်းကိုမျက်နှာမူငေးကြည့် နေကြဟန်နဲ့ တစ်ဦးနဲ့ တစ်ဦး ပွေ့ ဖက်ကာမျက်နှာချင်းအပ်နေကြ
တဲ့ ပုံ စသည်ဖြင့်ပုံသဏ္ဍာန်၊ ပုံဟန်အမျိုးမျိုးနဲ့ ဓါတ်ပုံဆုပေါင်းရိုက်ခဲ့ ကြပါတယ်...
Mr Tunick, 43, who has taken nude crowd pictures all around the world, said the project was about sending a positive message that no one should shun other people
ဘယ်သူ့ ဘယ်သူမှ ရှက်စရာမလိုပါဘူးတဲ့ ...
အားလုံးပဲ စိတ်တူကိုယ်တူ...တော်သလင်းလူတွေ...
ရေခဲတစ်မျှအေးမြလှတဲ့ နံနက်ခင်းအအေးဒါဏ်ကိုကြံ့ ကြံ့ ခံကာ အဆိုပါလူအုပ်ကြီးဟာ အ၀တ်အစား
တွေချွတ်ပြီး၊ ရှက်ရွံ့ ကြောက်လန့် ခြင်းဆိုတဲ့  ဟီရိသြတပ္ပတရားတွေ ပစ်ပယ်ပြီး ကိုယ်လုံးတီးလူများ
အားဓါတ်ပုံရိုက်ကူးခြင်းဖြင့် နာမည်ကျော်ကြားနေတဲ့  အမေရိကန် လူမျိုးဓါတ်ပုံဆရာ Spencer Tunick
အတွက် ဓါတ်ပုံရိုက်ကူးနိုင်၇န် အတူတစ်ကွစုပေါင်းပြီးကိုယ်ဟန်ပြ ဓါတ်ပုံအရိုက်ခံခဲ့  တာဖြစ်ပါတယ်...
အရွယ်မျိုးစုံ၊ လူမျိုးစုံလာရောက်ကြတဲ့ အထဲမှာ ၀မ်းထဲကအမွှာပူးကလေးကိုမကြာခင်မှာ(ခွဲစိတ်)မွေးဖွား
တော့ မည့် မီးဖွားခါနီးကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကလည်း မီးဖွားမယ့် အချိန်ကိုရွေ့ ဆိုင်းပြီးအရောက်
လာကာ ပါဝင်ဆင်နွှဲခဲ့ ပါတယ်တဲ့ ....
A wide-angle lens shot of the 'installation'
မြင်ကွင်းကျယ်....
တိရိစ္ဆာန်အုပ်ကြီးနဲ့ မခြား...
အခုလိုအစုလိုက်အပြုံလိုက် မြို့ လယ်ခေါင်ရှုခင်းနောက်ခံထားပြီးလူ့ တော်သလင်းဓါတ်ပုံရိုက်ပွဲကျင်း
ပတာဟာ စည်းရုံးဆော်သြကျင်းပသူဓါတ်ပုံဆရာကြီး Tunick ရဲ့ လောလောလတ်လတ်နောက်ဆုံး
ကျင်းပတဲ့ ပွဲဖြစ်ပါတယ်...
ဆံပင်အတုဆောင်းထားပြီး ပါဝင်ကူညီသူ Steven Anglier က ” ဒါဟာတစ်ကယ့် ကို ထူးထူးဆန်း
ဆန်းအတွေ့ အကြုံပါပဲ... လူတွေထင်တာက အခုလို အ၀တ်မတ်ပဲအတူနေကြရင် မတော်တရော်
စိတ်တွေဖြစ်လိမ့် မယ်လို့ လေ...ဒါပေမယ့် အဲဒီလိုမဟုတ်ပါဘူး...” လို့  ပြောကြားသွားပါတယ်...
People came in all shapes and sizes and one heavily pregnant woman even postponed the birth of her twins so she could take part
အရွယ်မျိုးစုံ ၊ ဆိုဒ်မျိုးစုံ...
ရှက်စရာ၊ကြောက်စရာလို့ လည်းမမြင်နိုင်တော့ ပြီ...
လွန်ခဲ့ တဲ့ ရက်သတ္တပါတ်ကတည်းက ပြုလုပ်နေခဲ့ တဲ့  Mardi Gras : The Base လို့ အမည် ပေး
ထားတဲ့ အနုပညာလှုပ်ရှားမှုကို ဆစ်ဒနီမြို့ ရဲ့ မိန်းမလျာများနဲ့ ယောင်္ကျားလျာများ အဖွဲ့ ကထောက်ပံ့ 
ကူညီပေးနေခဲ့ တာဖြစ်ပါတယ်...
နယူးယောက်မြို့ ကဓါတ်ပုံဆရာအကျော် Tunick က အရှက်သိက္ခာမရှိတဲ့ အ၀တ်မပါ ကိုယ်ဗလာနဲ့ 
လူအုပ်ကြီးကို ” အားလုံးသော ဒွိယံ၊ ဒွိယံ စုံတွဲတွေဟာ တစ်ဦးကိုတစ်ဦးပွေ့ ဖက်ပြီး နမ်းပေးကြပါ...
သူငယ်ချင်းတွေ၊မိတ်ဆွေတွေဆိုလည်းကိစ္စမရှိပါဘူး နမ်းသာနမ်းပါ...တစ်ဦးနဲ့ တစ်ဦးမသိကျွမ်းကြ
သေးလျှင်လည်း အကြောင်းမဟုတ်ပါဘူး...စိတ်ထဲဆန္ဒရှိသလိုသာ ပြုလုပ်နိုင်ကြပါတယ်...” လို့ စည်း
ရုံးလှုံ ဆော်ခဲ့ ပါတယ်...
မနေ့ ကပြီးဆုံးသွားတဲ့ ပွဲ အပြီးမှာတော့ သူက သဘာဝကျကျနဲ့ ပဲဖြစ်သွားတာကို အံ့ သြခဲ့ ရပါတယ်
လို့ ပြောခဲ့ ပါတယ်...
သြော်...သူကိုယ်တိုင်တော့ ကိုယ်တုံးလုံးမချွတ်...
သူများတွေကိုတော့ မြှောက်ပေးတယ်...တရားကျစရာ...
လိုက်လုပ်တဲ့ သူတွေကလည်းအံ့ သြစရာပင်...
” ကျွန်တော်ဖြင့် အစကတော့ နဲနဲ ကြောင်နေမလားလို့ ထင်ခဲ့ သေးတာ ...နောက်တော့ လည်းပျော်စ
ရာပါပဲဗျာ...လူတွေအားလုံးက အ၀တ်မ၀တ်ပဲ ကိုယ်လုံးတီးကြီးပဲမို့ ဘယ်လိုမှမနေတော့ ပဲ အ၀တ်အ
စားနဲ့ နေသလိုကိုခံစားရတာပါပဲ...အားလုံးဟာအတူတူပဲဖြစ်နေတာလေ...” လို့ သူကဆိုခဲ့ ပါတယ်..
သူဟာ အခုလို လူ့ တော်သလင်း ဓါတ်ပုံရိုက်ပွဲပေါင်း ၁၀၀ ခန့် ကမ္ဘာအနှံ့ ပြုလုပ်နိုင်ခဲ့ ပြီးအဲဒီလိုပြုလုပ်
တာဟာ လူတွေကိုပြပွဲမှာပြသလိုမျိုး၊ သို့ မဟုတ် တဏှာ၇မက်အတွက် ပြုလုပ်တာမဟုတ်ပါဘူးလို့ အ
ခိုင်အမာငြင်းဆိုပါတယ်...
ဒါပေမယ့် အမေရိကားမှာ ဒီလိုပွဲမျိုးစီစဉ်ခဲ့ စဉ်တုံးကတော့ သူ အဖမ်းခံခဲ့ ရပါတယ်...
သူ့ အနေနဲ့ လူအများဆုံး ကိုယ်လုံးတီးစုရုံးနိုင်မှုကို ၂၀၀၇ ခုနှစ်က မက္ကစီကိုမြို့ ရဲ့ ဇိုကာလို ရင်ပြင်
မှာ လူပေါင်း ၁၈၀၀၀ ပါဝင်ပြီးပြုလုပ်နိုင်ခဲ့ ပါတယ်...
ယခုပြုလုပ်တဲ့  ပွဲဟာ Mr Tunick အတွက် သြစတေးလျ မှာပထမဦးဆုံးပြုလုပ်တဲ့ ပွဲဖြစ်ပြီး အဲဒီနောက်
တော့ အမေရိကန်၊ဘရာဇီး၊ ပြင်သစ်၊ အင်္ဂလန်၊ စပိန်၊ဆွစ်ဇာလန်၊ဟော်လန် နဲ့ သြစတီးယား တွေမှာပြု
လုပ်ဦးမှာဖြစ်ပါတယ်...
ဖက်ရမ်းနမ်းရှုံ့ နေတဲ့ ပုံနဲ့ တစ်ခြားမသင့် တော်တဲ့ ပုံတွေကိုတော့ မတင်တော့ ပါဘူး...
လူတိုင်းလွတ်လပ်စွာယုံကြည်နိုင်၊ယူဆနိုင်၊ သဘောထားကွဲလွဲနိုင်တယ်ဆိုပေမယ့် လည်း ယဉ်ကျေးတဲ့ 
လူ့ ဘောင်အသိုင်းအ၀န်းက လက်ခံထားတဲ့ စံတွေကိုတော့ လိုက်နာရမှာဖြစ်ပါတယ်...
သားနဲ့ အမိ၊ မောင်နှင့် နှမ၊ သမီးနဲ့ အဖေ ဘယ်လိုမှ နေလို့ မရတဲ့ ဟာမျိုးကတော့ ဘယ်လိုပဲသဘာဝ
အလျောက်နေပါတယ်ပြောပြောဆန့် ကျင်ကြရမှာပါ...
THOUSANDS of Aussies who BARELY knew each other have stripped off for a naked photoshoot.
Some 5,200 fans of photographic artist Spencer Tunick revealed all in striking poses at the Sydney Opera House for the renowned snapper.
In one they reach for the sky while in others they stare across the harbour — and embrace cheek to cheek. Braving an early morning chill they shed their clothes, abandoned any embarrassment, and posed naked for renowned American nudist photographer Spencer Tunick.
People came in all shapes and sizes and one heavily pregnant woman even postponed the birth of her twins so she could take part.
The work is the latest in a series in which Tunick gets nudes to pose en masse in front of urban backdrops.
Volunteer Steven Anglier, who wore a wig so he could stand out, said: "It's really a weird experience because you think there could be something sexual behind it, but there's not."
Titled Mardi Gras: The Base, the installation had been commissioned by the Sydney Gay and Lesbian Mardi Gras, which took place over the weekend.
Tunick, from New York, told the naked army: "I want all couples to embrace and kiss, all friends to kiss and all strangers to do whatever they want."
After the event yesterday he said even he was surprised at how natural it felt.
He added: "I thought it could be a bit awkward, but it's funny because when you're naked and everybody else is naked, you feel like you're dressed, because everybody looks the same."
He has produced nearly 100 similar installations around the world and insists it is not about exhibitionism or eroticism.
His passion for such works has got him arrested in the United States. His largest work so far was in Mexico in 2007 when he photographed 18,000 people in Mexico City's Zocalo Square.
This is Mr Tunick's first installation in Australia following projects in the U.S., Brazil, France, England, Spain, Switzerland, Holland and Austria.