Captured 'ghosts' for sale online
Wednesday, March 3, 2010
အွန်လိုင်းပေါ်လေလံတင်ရောင်းချတဲ့ သူရဲ...
သူရဲနှစ်ကောင်ဖမ်းမိတယ်...
ဘယ်သူဝယ်မလဲကွယ်..
နယူးဇီလန်နိုင်ငံတွင်ရှိသောအိမ်တစ်အိမ်မှ ပရိတ်ရွတ်၊မန်းမှုတ်ပြီး ဖမ်းထားသော သရဲနှစ်ကောင် ထည့် 
သွင်းထားသည့့်ပုလင်းနှစ်လုံးကို အင်တာနက်ပေါ်တွင်အွန်လိုင်းလေလံတင်ကာကြေငြာရောင်းချနေပါ
တယ်...
” ဖမ်းမိထားသည့်  သရဲ နှစ်ကောင် ” ဟုအမည်ပေးထားသည့် အဆိုပါပစ္စည်းအား အင်တာနက်အွန်
 လိုင်းလေလံဆိုဒ် ebay ကဲ့ သို့ အလားတူ နယူးဇီလန်နိုင်၏အင်တာနက်လေလံဆိုဒ် Trade Me တွင်
ဈေးပြိုင်ပေးသူများက ပေါင်စတာလင် ၂၀၀ ( အမေရိကန်ဒေါ်လာ ၃၀၀ ခန့် ) အထိပေးနေပြီဖြစ်ပါ
တယ်....
ရောင်းချသူများက အဆိုပါ သရဲများကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုမှ သရဲတစ္ဆေများကို ပရိတ်
ရွတ်၊မန်းမှုတ်နှင်ထုတ်သူတစ်ဦးက Christchurch ဒေသရှိအိမ်တစ်အိမ်မှ ဖမ်းဆီးရခဲ့ ခြင်းဖြစ်သည်ဟု
ဆိုကြောင်း သြစတေးလျသတင်းဌာန News.com.au မှာ ဖော်ပြပါရှိပါတယ်...
သရဲတစ်ကောင်က 1920 ခုနှစ်က ထိုအိမ်မှာသေဆုံးခဲ့ တဲ့ Les Graham ဆိုသူဖြစ်တယ်လို့ ယုံကြည်
ရပါတယ်...
” သရဲဖမ်းသူက အဆိုပါသရဲဟာ သူ့ ကိုလူအများသိစေလိုပြီးလူတွေကိုခြောက်လှန့် လေ့ ရှိပါတယ်...
ဒါပေမယ့် သူဟာသိပ်ပြီးတော့ အစွမ်းမထက်လှပါဘူးလို့ ယုံကြောင်း...” သူရဲတွေကိုရောင်းတဲ့ သူ
ကပြောပါတယ်...
စကားပြောတဲ့ နည်းနဲ့ ဖမ်းခဲ့ တာပါ...အဲဒီသူရဲဟာ အရာဝတ္တုပစ္စည်းတွေကိုဟိုရွေ့ သည်ရွေ့ လုပ်တာ၊
လျှပ်စစ်ပစ္စည်းခလုတ်တွေကို ပိတ်လိုက်၊ဖွင့် လိုက်လုပ်တာကို ၀ါသနာပါတဲ့ ကလေးမလေးတစ်ဦးဖြစ်
ပါလိမ့် မယ်...အဲဒီကလေးသရဲဟာအစွမ်းထက်လှပြီး သူ့ ကိုမဖမ်းပဲထားခဲ့ ယင်ပိုပြီးတော့ တောင်ဆိုး
လာဦးမှာဖြစ်တယ်...” လို့ သူရဲဖမ်းခဲ့ သူကဆိုပါတယ်....
အဲဒီသူရဲနှစ်ကောင်ကိုဖမ်းပြီး ပုလင်းထည့် ခဲ့ တဲ့ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ကစပြီး (အဲဒီအိမ်
မှာ ) ဘာမှ ခြောက်တာလှန့် တာ၊ တစ်စုံတစ်ရာထူးခြားတာမတွေ့ ရတော့ တာကြောင့် သူတို့ ဟာ ဒီပု
လင်းတွေထဲမှာရှိနေတယ်ဆိုတာ အသေအချာကို ယုံပါတယ် လို့ လေလံတင်ရောင်းချသူကထပ်ပြီး
တော့ ပြောပါတယ်..
ပုလင်းထဲမှာရှိနေတဲ့ ပရိတ်ရေ ( အစွမ်း ) က သူရဲတွေရဲ့ စွမ်းအင်တန်ခိုးကို မှေးမိန်စေပြီးသူတို့ ကို
အိပ်ပျော်နေစေပါတယ် လို့ လေလံတင်ပွဲမှာ ကြေငြာခဲ့ ပါတယ်...
ထိုသူရဲများကို ပြန်လည်ရှင်သန်နိုးထလာဖို့ ကတော့ ဝယ်ယူသူဟာ ပုလင်းထဲက အရာတွေကို ပန်း
ကန်ပြားပေါ်သွန်ချလိုက်ပြီး အိမ်ထဲမှာ အငွေ့ ပျံပျောက်ကွယ်သွားအောင် ထားလိုက်ရမှာဖြစ်ပါတယ်
လို့ ဆိုပါတယ်...
သူတို့ ဟာကျွန်တော့် ကိုကြောက်လန့် စေတာမို့ ရောင်းပစ်ချင်တာပါပဲလို့  ရောင်းချသူက ဆိုခဲ့ ပါတယ်...
အင်္ဂလိပ်လိုသတင်းလေးပါ...
Two vials said to contain the spirits of ghosts exorcised from a house in New Zealand have been put up for sale on an online auction site.
Entitled 'Two Captured Ghosts', the lot had reached a top price of nearly £200 on TradeMe, New Zealand's equivalent of eBay.
The seller claims the spirits were captured by an exorcist from a spiritual church at a property in Christchurch, reports News.com.au.
One is believed to be the ghost of a man called Les Graham who died in the house in the 1920s.
"The exorcist believes this spirit likes to make himself known and spook people. but he is not a very strong spirit," explained the seller.
"The other spirit came from when me and my partner stupidly did an Oujia Board.
"We believe it is a little girl who likes to move things and turn things on and off. Exorcist says she is very strong and if left will get stronger.
"We have had no (paranormal) activity since they were bottled on July 15, 2009," the seller added. "So I believe they are in the bottles."
The auction said the "holy water" in the vials dulled the spirit's energy and put them to sleep. To revive the spirit, the buyer would need to pour the contents into a dish and let it "evaporate into your house''.
"I just want to get rid of them as they scare me,'' the seller said.
3 comments:
Anonymous said...
တော်တော်တရားလိုက်တာသူတို့ ကျတော့ကြောက်လို့ တဲ့။ happy Ghost ဆိုရင်တောင်မ၀ယ်ဘူး။သူရဲဆိုကြောက်လွန်းလို့ ဘာသူရဲမှဝယ်ဘူး
JulyDream said...
သရဲတွေ အဲဒီပုလင်းထဲမှာ ရှိတယ်ဆိုတာ ဘယ်လို သက်သေပြနိုင်မလဲနော်။ ဟိုအိမ်တွေမှာ သူ့ဘာသာ မခြောက်တော့တာနဲ့ ပုလင်းထဲ ရောက်နေစရာလား။ ဝိဥာည်ကို အဲဒီလို ချုပ်ထားလို့ ရတယ်ဆိုတာ တကယ် နားမလည်တဲ့ အရာဖြစ်နေလို့ ပြောရခက်လှပါတယ်။
9-9 said...
ပုလင်းထဲမှာ တကယ်ရှိမှာလားဟင်
ဝယ်ပြီးဘယ်သူ့ အိမ်မှာသွားထားရင်ကောင်းမလဲ...မသိဘူးနော်
ငယ်ကျင့်တွေပေါ်လာပြီ ဟီးဟီး