Nepalese TV presenter sets record for longest-ever talk show
Monday, April 22, 2013
အချိန်အကြာဆုံးရုပ်သံမေးမြန်းဆွေးနွေးပြောဆိုတင်ဆက်သူနီပေါနိုင်ငံသား....
နီပေါနိုင်ငံမှ ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးဟာ ထုတ်လွှင့်တင်ဆက်ချိန်အကြာဆုံးဆွေးနွေးပြောဆို
ခန်းတစ်ခုအား ကမ္ဘာ့ အချိန်အကြာဆုံးမရပ်မနားဆက်တိုက်ပါဝင်တင်ဆက်သူအဖြစ် စံချိန်တင် ပြောဆို
တင်ဆက်သွားခဲ့ ပါတယ်...
အမေရိကန်နိုင်ငံတွင်လက်ရှိနေထိုင်သူတစ်ဦးဖြစ်သည့် ရာဘီလာမီချာနေ အမည်ရှိဆိုပါနီပေါအမျိုးသား
ဟာ ရုပ်သံအစီအစဉ်အား ၆၂ နာရီကြာတင်ဆက်ပြောဆိုသွားခဲ့ တာဖြစ်ပါတယ်...
ထိုအစီအစဉ်တွင် ၎င်းအနေဖြင့် မြတ်ဗုဒ္ဓအားနီပေါတွင် ဖွားမြင်ခဲ့ သည်ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးခန်း
အား နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များ၊ ထင်ပေါ်ကျော်ကြားသူများနှင့်တွေ့ ဆုံမေးမြန်းခဲ့ သည့် အပြင်
ကြည့် ရှုအားပေးသူများထံမှ ဖုံးဖြင့် ခေါ်ဆိုမေးမြန်းမှုများကိုလည်း လက်ခံပြောကြားခဲ့ တာဖြစ်ပါတယ်....
ယခင်ရုပ်သံအစီအစဉ်တင်ဆက်မှုအကြာဆုံးစံချိန်ကိုတော့ ၂၀၁၁ခုနှစ်က ယူကရိန်းနိုင်ငံသားနှစ်ဦးမှ စုစု
ပေါင်းမရပ်မနားတင်ဆက်ပြောကြားချိန် ၅၂ နာရီနဲ့ တင်ထားခဲ့ တာဖြစ်ပါတယ်....
ဘုရားအကြောင်း၊ တရားအကြောင်းပြောဆိုဆွေးနွေးတယ်နော်....
ကုလားမမောဘူး....
၎င်းအနေဖြင့် ယခုကဲ့ သို့ ကမ္ဘာ့ စံချိန်တင်နိုင်ရန်အတွက်ပြောဆိုရန်စီစဉ်ခဲ့ ခြင်းမှာ အမိနီပေါနိုင်ငံအား ကမ္ဘာကသိရှိ၊ ထင်ပေါ်စေရန်ရည်ရွယ်ခဲ့ တာဖြစ်ပါတယ်လို့ မစ္စတာ လာမီချာနေ ကဆိုပါတယ်...
သူဟာ ၂ ရက်ခွဲ အတွင်းအချိန်ပြည့် အစီအစဉ်တင်ဆက်ပြောဆိုနေသမျှကာလပါတ်လုံး အစားအသောက်
များလည်း ထိုနေရာမှာပင်စားသောက်ခဲ့ ပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများပင် ရှည်ထွက်လာခဲ့ သည်ကို
သိသာစွာ သတိပြုမိခဲ့ ကြပါတယ်...
ယခင်ကတည်းက နီပေါနိုင်ငံတွင် ရေဒီယို၊ ရုပ်မြင်သံကြားသတင်းစာနယ်ဇင်းသမားဖြစ်ခဲ့ သည့် မစ္စတာ
လာမီချာနေဟာ ယခုအခါမှာတော့ အမေရိကန်နိုင်ငံ၊ ဘာလ်တီမိုးအရပ်တွင် Subwayအစာသွပ်ပေါင်မုန့် 
A Nepalese television presenter has set a new world record by hosting the longest-ever talk show. Rabi Lamichhane, a Nepali who normally lives in the United States, stayed on air for more than 62 hours. 
He interviewed politicians, journalists and celebrities on the theme "Buddha was born in Nepal", and took phone calls from viewers. The previous record was set by two Ukrainian presenters who stayed on air for 52 hours in 2011.
Mr Lamichhane said he had arranged the record attempt to help promote Nepal globally. Guinness World Record rules allowed him five minutes break every hour during the broadcast.
He ate on air, and even began growing a beard over the two-and-a-half-day programme. Although formerly a radio and television journalist in Nepal, Mr Lamichhane is now resident in Baltimore in the United States, where he is the manager of a branch of the sandwich shop Subway.
0 comments: