အသက် ၁၂ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံမှ ကျောင်းအုပ်ဆရာမလေး...
ဘ၀နာခဲ့ သူလေးရဲ့ စေတနာ....
ဘာတီကုမာရီလေးဟာ မွေးကင်းစအရွယ်မှာပင် အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာ
ပြည်နယ်က မီးရထားဘူတာရုံတစ်ခုမှာ စွန့် ပစ်ထားခြင်းခံခဲ့ ရပါတယ်...
ယခု သူမအသက် ၁၂ နှစ်အရွယ်ရောက်လာချိန်မှာတော့  သူမကိုကောက်ယူမွေးစားခဲ့ တဲ့ ကူဆန်ဘာရ
ရွာကလေးက ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးဖြစ်နေပါပြီ...
နေ့ စဉ်နေ့ တိုင်း နံနက်ခင်းနဲ့ ညနေခင်းတွေမှာ သူမဟာ ကျောင်းဝန်းက သရက်ပင်ရိပ်အောက်မှာ ရွာထဲ
က ကလေးအယောက် ၅၀ ကို ဟင်ဒီဘာသာ၊ အင်္ဂလိပ်စာ နှင့် သချာင်္ ဘာသာတွေကို သင်ကြားပြသပေး
နေပါတယ်...
ထိုသို့ သူမ သာမသင်ပေးလျှင် ကလေးတွေအနေနဲ့ စာတတ်မှာ မဟုတ်တော့ ပါဘူး...
ထိုစာသင်ပေးချိန်ကြားထဲက အားလပ်ချိန်မှာတော့ သူမဟာ ရွာကနေ နှစ်မိုင်ဝေးတဲ့ အခိုဒီဂိုလာ ဆိုတဲ့ ရွာ
က အစိုးရကျောင်းမှာ သူမကိုယ်တိုင်ကျောင်းသွားတက်ပြီး စာသင်ကြားရပါသေးတယ်...
သူမရဲ့ ကျောင်းဝတ်စုံကို ဂုဏ်ယူဝံ့ ကြွားစွာဝတ်ဆင်ပြီး သူမရဲ့ ကိုယ်ပိုင်ကျောင်း၊ စာသင်ခန်းမှာ အသက်
၎ နှစ် ကနေ ၁၀ နှစ်အတွင်းရှိ ရွာက ကလေးတွေကို သူမသင်ယူခဲ့ ရတဲ့ အသိပညာတွေ ပြန်လည်ဝေငှ
ပေးနေတာဖြစ်ပါတယ်...
" ကျွန်မအတွက်တော့ တစ်နေ့ လုံးကြာမြင့် စွာဟာသင်ကြားရတာပါပဲ...ကျွန်မတက်ရတဲ့ ကျောင်းက နံ
နက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိမို့ စားတွေပြန်လေ့ လာမှတ်သားရတာလည်း အချိန်နောက်ကျမှ
လုပ်ရပါတယ်...
ဒါပေမယ့် အခုလို စာသင်ယူ၊သင်ပေး ရတာကိုပဲ နှစ်သက်မိပါတယ်....ကလေးတွေကို အေ၊ဘီ၊စီ၊ဒီ နဲ့ 
ဟင်ဒီ စာလုံးတွေ သင်ပေးရတာကိုပျော်ပါတယ်..." လို့ သူမက ပြောပါတယ်...
သူမရဲ့ ကျောင်းသားတွေဟာ ၎င်းတို့ ရဲ့ မိဘတွေက ဆင်းရဲလွန်းလို့ အလုပ်စေခိုင်းရန်သော်၎င်း၊ နေထိုင်ရာ
ရွာအနီးပါတ်ဝန်းကျင်မှာ စာသင်ကျောင်းမရှိတဲ့ အတွက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ အစိုးရပညာရေးစနစ်ပြင်ပ
မှာရှိနေတဲ့ ကလေး ၁၀ သန်း ထဲမှာအပါအ၀င်ဖြစ်နေပါတယ်...
ယခုလအစောပိုင်းကပဲ အိန္ဒိယနိုင်ငံအစိုးရအနေနဲ့  ကလေးသူငယ်တိုင်းအခမဲ့ ပညာရေးရနိုင်မယ့် " အား
လုံးအတွက်ပညာသင်ကြားခွင့် " စီမံချက်အတွက် ဒေါ်လာ ၅.၄ ဘီလီယံ အကုန်အကျခံဖို့ ကတိပြုခဲ့ ပါ
တယ်...
ဘာတီကုမာရီ ရဲ့ မွေးစားဖခင်၊ ဆင်းရဲသားလယ်သူရင်းငှားဖြစ်သူ ရမ်ပတီ က " ၎င်းအနေနဲ့ ကျေးရွာများ
ရဲ့ ထုံးတမ်းစဉ်လာဖြစ်တဲ့ မိန်းကလေးများကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချပေးခြင်းကိုပြုလုပ်မှာမ
ဟုတ်ပဲ သူမကိုပညာဆက်လက်သင်ကြားခွင့် ပြုမှာ ဖြစ်တယ် .."လို့ ပြောခဲ့ ပါတယ်...
သူမရဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက်လည်း သူမအနေနဲ့ ဆုံးဖြတ်ပြီးခဲ့ ပါပြီ...
" ကျွန်မအရွယ်ရောက်လာယင် ကျောင်းဆရာမပဲ မဖြစ်မနေလုပ်ချင်ပါတယ်..." လို့ သူမကပြောကြားခဲ့ 
ပါတယ်...
အများအားဖြင့် တော့ ဘ၀နာသူတွေဟာ ဆင်းရဲချို့ တဲ့ သူတွေကို ဂရုဏာတရားပိုမိုကြီးမားလေ့ ရှိပါ
တယ်....
အင်္ဂလိပ်လိုသတင်းလေးပါ...
As an infant, Bharti Kumari was abandoned at a railway station in Bihar, one of India’s poorest states. Now, at the age of 12, she has become the head teacher at a school in Kusumbhara, her adopted village.
Every morning and evening, under the shade of a mango tree, she teaches Hindi, English and maths to 50 village children who would otherwise receive no education.
In between, she attends a state school in Akhodhi Gola, a two-mile walk away. Dressed proudly in her school uniform, she passes on the knowledge gleaned from her lessons to the village children, aged between four and 10, in her own class.
“I have a long day. My school is from 10am to 3pm and I study late,” she said. “This is what I love doing. I enjoy teaching children their ABCs as well as the Hindi alphabets.”
Her pupils are among the 10 million Indian children who are outside the state education system because their parents are so poor that they need them to work or no schools are nearby. Earlier this month the Indian government pledged £3.6 billion for a “right to education” scheme which aims to provide free schooling for all.
Bharti’s adoptive father, Rampati, an impoverished farmhand, said he would not follow the rural tradition of pushing girls into early marriages but would allow her to continue her studies. Her future career has already been decided. “I definitely want to become a teacher when I grow up,” she said.
1 comments:
အတုယူဖွယ်ကောင်းလိုက်တဲ့ဆရာမလေးရယ်-
သာဓု သာဓု သာဓု ပါဗျာ-အဋ္ဌကိမ်ဋ္ဌကိမ်ခေါ်ဆိုလိုက်ပါ
တယ်-ရှာဖွေတင်ပြသူကိုလည်းကျေးဇူးအထူးတင်မိပါတယ်
လေးစားလျှက်ပါ ကိုပီတာ -
Post a Comment