Dead man wins mayoral election

Thursday, April 29, 2010


သေပြီးသူအားမြို့ တော်ဝန်အဖြစ်ရွေးချယ်...


       သြော်...လူသေသော်လည်း နာမည်မသေ....


ကွယ်လွန်သွားခဲ့ ပြီဖြစ်တဲ့ သူများအနေနဲ့ လူတွေကို စကားတွေ၊ပုံပြင်တွေပြန်ပြောနိုင်တော့ မှာမဟုတ်
ပေမယ့် ရွေးကောက်ပွဲမှာ သူတို့ အတွက်တော့ မဲတွေရနိုင်ပါသေးတယ်...
လွန်ခဲ့ တဲ့  မတ်လ ၁၀ ရက်နေ့ က ထရေစီ မြို့ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ သွားခဲ့ တဲ့ ကားလ်ရော်
ဘင်ဂီယာရီဟာ မြို့ တော်ဝန်အဖြစ်အရွေးခံခဲ့ ရပါတယ်...

ကွယ်လွန်သူ မစ္စတာဂီယာရီ ဟာလက်ရှိမြို့ တော်ဝန် ဘာဘရာဘရော့ ခ် ကို ၂၆၈ မဲ ၈၅ မဲ နဲ့ လွန်ခဲ့ 
တဲ့ အင်္ဂါနေ့ ကအပြတ်အသတ်အနိုင်ရခဲ့ ကြောင်း ဂရန်ဒီ နယ်မြေရွေးကောက်ပွဲရေးကော်မရှင်ကြီးကြပ်
ရေးမှူး ဒိုနာဘာရှမ် ရဲ့ အဆိုအရသိရပါတယ်...

" သူသေဆုံးသွားခဲ့ ပြီဆိုတာကိုလည်း သိပါတယ်..သေပြီးသူကိုမြို့ တော်ဝန်အဖြစ်ဆန္ဒမဲပေးတာဟာ
လည်းမိုက်မဲမှုသက်သက်သာဖြစ်တယ်ဆိုတာလည်း သိပါတယ်...ဒါပေမယ့် ကျွန်တော်တို့ က လက်ရှိ
မြို့ တော်ဝန်အမျိုးသမီးကို မလိုလားတော့ တာပါ...သူမကလွဲယင်တစ်ခြားတစ်ယောက်ကိုပဲဖြစ်စေချင်
ပါတယ်....အကယ်၍သူ့ ကိုနောက်တစ်ကြိမ်ထပ်ပြိုင်စေဦးမယ်ဆိုလည်း ကျွန်တော်ကတော့ သူ့ ကိုပဲ
မဲပေးဦးမှာဖြစ်ပါတယ်..." လို့ မြို့ ကလေးရဲ့ lunch box စားသောက်ဆိုင်ပိုင်ရှင်က ဆိုပါတယ်...

ကွယ်လွန်သူရဲ့ ဇနီးဖြစ်သူကတော့ " သူမရဲ့ ခင်ပွန်းဖြစ်သူ အခုလိုရွေးချယ်ခံရခြင်းဟာ သိပ်မထူးဆန်း
တော့ ပါကြောင်း၊ သူသေဆုံးတဲ့ နေ့ က လူတွေဟာပူဆွေးဝမ်းနည်းကြပြီး ကျွန်တော်တို့ အနေနဲ့ ခင်
ဗျားကိုပဲ မဲပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ ကြကြောင်း..." ဆိုခဲ့ ပါတယ်...

ယခုတော့ ရွေးချယ်ခံရသူလည်းကွယ်လွန်ခဲ့ ပြီးပြီမို့ ထိုရာထူးကို လစ်လပ်ပြီဖြစ်ကြောင်းကြေငြာမှာဖြစ်ပြီး မြို့ မိမြို့ ဖ ပုဂ္ဂိုလ်လေးဦးက မြို့ တော်ဝန်အသစ်ကို ရွေးချယ်မှာဖြစ်ပါတယ်လို့  ရွေးကောက်ပွဲကော်မရှင်
ကြီးကြပ်ရေးမှူး မစ္စဘာရှမ် ကဆိုပါတယ်...
တင်နက်ဆီပြည်နယ်အတွင်းရေးမှူးအုပ်ချူပ်ရေးရုံးမှ ၀န်ထမ်းများကတော့ ယခုလိုသေဆုံးသွားပြီးသူ
တစ်ဦးရွေးကောက်ပွဲမှာအနိုင်ရခဲ့ တယ်ဆိုတာ ၎င်းတို့ အနေဖြင့် တစ်ခါမှမကြားဖူးကြောင်းဝန်ခံပြောဆို
ခဲ့ ကြပါတယ်...

လက်ရှိအာဏာရ မြို့ တော်ဝန်အနေနဲ့ အာဏာကိုအလွဲသုံးစားလုပ်ပြီး မဲခိုး၊မဲလိမ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်ညာမဲဆွယ်ခြင်းတွေ မလုပ်ခဲ့ တာနဲ့ အတူ အတူ ရွေးကောက်ပွဲမှာရှုံးနိမ့် ခဲ့တာကို ၀န်ခံခဲ့ တာကို
လည်း အသိအမှတ်ပြု ရပါမယ်...
သူမသာ မမှန်မကန်ကြိုးစားအားထုတ်ခဲ့ ယင်လည်းအခြေအနေက တစ်မျိုးဖြစ်လာနိုင်ပါတယ်...
နို့ မို့ ဆိုယင် သိတယ်မဟုတ်လား...
ရွေးကောက်ပွဲရလာဒ်ကိုဟိုလိုလို၊ဒီလိုလိုနဲ့ ရူးချင်ယောင်ဆောင်ပစ်လိုက်နိုင်တယ်လေ...

အဲဒီလိုမျိုးအဖြစ်အပျက်တွေဖတ်ဖူးလို့ တွေးကြည့် ၊ပြောကြည့်တာပါ...


အင်္ဂလိပ်လိုသတင်းပါ...
Dead men tell no tales, but apparently they can still get votes.
Carl Robin Geary Sr. died of a heart attack on March 10 but that didn't stop voters from electing him mayor of Tracy City.
On Tuesday, the late Mr. Geary defeated incumbent Barbara Brock by 268 votes to 85, according to Grundy County Administrator of Elections Donna Basham.

"I knew he was deceased. I know that sounds stupid, but we wanted someone other than her," said Chris Rogers, owner of the town's Lunch Box restaurant. "If he were to run again next week I'd vote for him again."
His widow, Susan Geary, said his election "was not a surprise at all to me. The day he passed away, people were calling with condolences and saying, 'We're still voting for him,'" she said.

Ms. Basham said the seat would be declared vacant and the city's four aldermen would select a new mayor. Staff members at the Tennessee Secretary of State's Office said they've never heard of a dead person winning an election.

0 comments: