Wafah Dufour - Osama bin Laden's Niece

Tuesday, May 17, 2011

အိုစမာဘင်လာဒင်ရဲ့ တူမ ပါတဲ့ ...

လွန်ခဲ့ သည့် ရက်သတ္တပါတ်များအတွင်း ကမ္ဘာတစ်လွှား လှုပ်လှုပ်ရှားရှားဖြစ်သွားစေလောက်
အောင်သတင်းကြီးခဲ့ သည့် ၊ အမေရိကန်အထူးတပ်ဖွဲ့ မှ လျှို့ ဝှက်စစ်ဆင်ရေးဖြင့် ရှာဖွေတွေ့ ရှိ
ကာ၎င်းပုန်းအောင်နေထိုင်လျှက်ရှိသည့် ပါကစ္စတန်နိုင်ငံမှ နေအိမ်ခြံဝန်းအတွင်းသို့ လျှပ်တစ်ပြက်
ဝင်ရောက်သတ်ဖြတ်ခဲ့ သည့်  ကမ္ဘာ့ ထိပ်သီးအကြမ်းဖက်အယ်ခါယီဒါ ခေါင်းဆောင် အိုစမာဘင်
လာဒင်၏တူမဖြစ်သူ( လို့ ဆိုသည့် ) ၀ါဖာဒူဖိုး ရဲ့ ဓါတ်ပုံများဖြစ်ပါတယ်...
သူမကို အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ ပြီး ဆော်ဒီနှင့် ဥရောပနိုင်ငံများမှာ နေထိုင်လေ့ ရှိပါတယ်..
သူမဟာယခုအခါအသက် ၃၂ နှစ်ရှိပြီး ဂီတပညာရှင်နှင့် မော်ဒယ်အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်..


( ဗြိတိသျှတော်ဝင်မင်းသားလေး ၀ီလီလျံ နဲ့ ကိတ်မစ်ဒယ်တန်တို့ တောင်ကံကောင်းသွားတယ်...
သူတို့ မင်္ဂလာဆောင်ပြီးမှ အိုစမာဘင်လာဒင်ကိုသတ်ဖြတ်ခဲ့ လို့ ၊ နို့ မို့ ဆိုသူတို့ သတင်းထက် အို
စမာဘင်လာဒင်ရဲ့ သတင်းက ပိုပြီးလူစိတ်ဝင်စားမှုဖြစ်သွားလိမ့် မယ်...)


Wafah Dufour is the niece of Osama bin Laden. She was born in the US. Used to live in Saudi Arabia and Europe. Now Wafah Dufour is 32 years old and works as musician and model.





အစ္စလာမ်အစွန်းရောက်ဝါဒီမိသားစုဝင်မိန်းကလေးတစ်ဦးအနေနှင့် ယခုလို အနောက်တိုင်းယဉ်ကျေးမှုပုံစံ
ခေတ်ပေါ်အ၀တ်အစားများနှင့် ဓါတ်ပုံအရိုက်ခံတယ်ဆိုတာကတော့ ပုံမှန်အားဖြင့် ဖြစ်နိုင်ဖွယ်မရှိပါဘူး...
သို့ သော်လည်း အမေရိကန်မှာနေထိုင်တယ်လို့ ဆိုတာမို့ ဒီလိုမျိုးဝတ်စားဆင်ယင်တာဟာသိပ်တော့ မဆန်း
လှပါဘူး....

နောက်ဆုံးထွက်ပေါ်လာခဲ့ တဲ့ သတင်းများအရ...
ဘကြီး ( ဦးကြီး ) ဖြစ်သူ အိုစမာဘင်လာဒင်ရဲ့ တိုက်အိမ်ကိုဝင်ရောက်စီးနင်းပြီး ကွန်ပြူတာ၊ ဆက်သွယ်ရေး
ပစ္စည်းများသိမ်းဆည်းယူဆောင်သွားတဲ့ အမေရိကန်ရဲ့ ထုတ်ဖော်ချက်အရ အိုစမာဘင်လာဒင် ဟာမဖွယ်မ
ရာအပြာဇတ်ကားများကြည့် ရှုဖွယ်ရှိတယ်ဆိုတာသိမ်းဆည်းတွေ့ ရှိရတဲ့ ထိုအပြာဇတ်ကားချပ်များအရသိရှိ
ရပါတယ်...
နောက်ပြီး ၀င်ရောက်စီးနင်းခဲ့ စဉ်ခင်ပွန်းဖြစ်သူကို ကာကွယ်ရန်စစ်သားများထံ ပြေးထွက်လာလို့ သေနတ်
ဖြင့် ပစ်ခံရပြီးခြေထောက်တွင်ဒါဏ်ရာရကာဆေးရုံတွင်တက်ရောက်ကုသခံနေရသည့်၊ ပါကစ္စတန်ထောက်
လှမ်းရေးတပ်များရဲ့ စစ်ဆေးမေးမြန်းမှုခံနေရသည့် အိုစမာဘင်လာဒင်၏ အသက်အငယ်ဆုံး ( ၂၄ နှစ်ရှိ ) 
ဇနီးဖြစ်သူရဲ့ ပြောကြားချက်အရ ထိုစဉ်ကသူမနှင့် အိုစမာဘင်လာဒင်တို့ ဟာ နှစ်ကိုယ်ယှဉ်တွဲလို့ အိပ်စက်
ရန် အခန်းမီးများပင်မှိတ်ခဲ့ ပြီးဖြစ်နေပါတယ်လို့ ဆိုပါတယ်....
အိုစမာဘင်လာဒင်ရဲ့ အလောင်းဓါတ်ပုံကိုကြည့် ခွင့် ရခဲ့ သည့် အမေရိကန်လွှတ်တော်၊ ကာကွယ်ရေးနှင့် 
လုံခြုံရေးရာကော်မတီဝင်၊ အမတ်မင်းရဲ့ ပြောကြားချက်အရလည်း အိုစမာဘင်လာဒင်ဟာ အောက်ခံဘောင်း
ဘီသာဝတ်ဆင်ထားလျှက်သေဆုံးခဲ့ တာဖြစ်တယ်လို့ လည်း သိရပါတယ်...

ပစ်သတ်ခံခဲ့ ရစဉ်က ဘာလက်နက်မှကိုင်ဆောင်ထားခြင်းမရှိခဲ့ သည့် အိုစမာဘင်လာဒင်ကို အမှန်တကယ်
ဆိုယင် အမေရိကန်စစ်သားတွေအနေနှင့်အရှင်ဖမ်းဆီးနိုင်ခဲ့ မှာဖြစ်ပါတယ်...
သို့ သော်လည်း သူ့ ကိုဖမ်းဆီးမိခဲ့ ယင် လူ့ အမေရိကန်ရဲ့ လူ့ အခွင့် အရေးဆိုင်ရာစံနှုံးများနှင့် အညီ တရား
စွဲဆိုစစ်ဆေး၊ မေးမြန်းရမှာဖြစ်သလို၊ သူ့ နောက်လိုက် အယ်ခါယီဒါအကြမ်းဖက်အဖွဲ့ ဝင်တွေရဲ့ ပစ်မှတ်ထား
လုပ်ကြံမှုများ ပိုမိုပေါ်ပေါက်လာနိုင်ဖွယ်ရှိတာမို့ အရှင်မဖမ်းပဲအသေပစ်သတ်လိုက်တယ်လို့ ယူဆရဖွယ်ရှိ
ပါတယ်...

3 comments:

aungmyatthu said...

သူ့ ဦးလေးနဲ့ တော့ရုပ်ချင်းတော့ခပ်ဆင်ဆင်ပဲ
ဒါပေမယ့်ချစ်စရာလေး :P

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ချောချောကလေးဗျာ-
သူဆက်ပြီးမော်ဒယ်လောကဖက်ရှင်လောကထဲမှာနေအုံးမှာ
လားမသိဘူးနော်-

မိုးယံ said...

ဒါပါပဲ ပြောရင်လည်း ပုတ်ခတ်တယ် စွပ်စွဲတယ်. ဖြစ်ဦးမယ်.. မပြောတော့ဘူး... ဒင်းအကြောင်းကို...

ဒီလောက်အခက်အခဲကြားထဲမှာတောင် ယူလိုက်မတဲ့မိန်းမ... မွေးလိုက်တဲ့ခလေး...ဒင်းတို့ကို လက်လန်တယ်.။.တော်သေးတယ် ဘင်လာဒင်အခု ကောင်းကင်ရောက်သွားလို့ လူ့ပြည်မှာဆို လူတွေ အတွက် အန္တရာယ်ရှိတယ်.။ ကောင်းကင်ဘုံမှာကျတော့ သူ့အဖေလဲ ရှိတယ်.. အဲမှာ ဆက်မိုက်ကြ။