Lovesick parrot couldn't stop throwing up on owner

Saturday, July 2, 2011

ရင်နှင့် အမျှချစ်မိသမျှ၊ ဖွင့် ဟလို့ ထုတ်အန်ပါရစေ...

ဟယ်ရီ ဟုအမည်ရှိသည့် အာဖရိကမျိုးစိတ်ကြက်တူရွေး တစ်ကာင်ဟာ မရပ်မနားအဆက်မပြတ်အန်နေခဲ့ 
ပါတယ်...အထူးသဖြင့် သူ့ ရဲ့ သခင် ဒေးဗစ်တစ်ယောက် အနီးအနားမှာများရှိနေသည့် အချိန်အခါမျိုးတွေမှာ
ပိုဆိုးပါတယ်....
ထိုကဲ့ သို့ မရပ်မနားအန်နေခဲ့ တာကြောင့် သခင်ဖြစ်သူဒေးဗစ်ဟာ ဟယ်ရီ ကို ဘဲလ်ဖတ်စ်မှ တိရိစ္ဆာန်ဆေး
ကုဆရာဝန် ဒန်ဖလင်း ဆီခေါ်ဆောင်ပြသခဲ့ ပါတယ်...
ကြက်တူရွေး ဟယ်ရီဟာ မျက်လုံးတောက်တောက်၊ အမွှေးအရောင်စိုစိုနဲ့ ကျန်းမာနေတာမို့ သူအဲဒီလို အန်
နေတာကိုက အံ့ သြစရာ၊ နားမလည်နိုင်စရာပါပဲ...
တိရိစ္ဆာန်ကုဆရာဝန် ဒန် ကတော့ အဖြေကိုတွေ့ ရှိခဲ့ ပါတယ်...သူဟာ ကြေကွဲနေတဲ့ ငှက်တစ်ကောင်ဖြစ်
ပါတယ်တဲ့ ...
သူချစ်မိလို့ ရင်နှင့်အမျှခံစားနေရသူကတော့ သူ့ ရဲ့ ပိုင်ရှင်၊ သခင်ဖြစ်သူ ဒေးဗစ် ဖြစ်နေပါတယ်...


အကျွန်ချစ်မိ...အပြစ်ရှိသမို့ ...
သခင်...စာနာနားလည်ပေးလှည့်ပါ...

ကြက်တူရွေးတွေအတွက်ကတော့ ချစ်မိပြီဆိုယင် ရင်နှင့် အမျှဖြစ်တည်ခံစားလာရတဲ့ အချစ်တွေကို ထွေး
အန်ပြတတ်ကြတာ သူတို့ ရဲ့ သဘာဝပါပဲ...
" ကြက်တူရွေးတွေဟာ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအဖြစ် အန်ပြတတ်ကြပါတယ်..." လို့ ဒန်ဖလင်း ကရှင်း
ပြခဲ့ ပါတယ်...
" ဒီဖြစ်ရပ်မျိုးဟာ အသေအချာကို လေ့ လာပြီးမှတ်တမ်းတင်ထားခဲ့ ကြတာပါ... အန်ကြတယ်ဆိုတာ ငှက်
တွေအတွက်တော့ သဘာဝတစ်မျိုးပါပဲ...
ငှက်သားပေါက်လေးတွေအတွက် ဖခင်ငှက်ကြီးက အန်ပေးတတ်ပါသေးတယ်..." လို့ သူကဆိုခဲ့ ပါတယ်...
အခုတော့ ကြက်တူရွေး ဟယ်ရီ ဟာမျိုးနွယ်တူငှက်တစ်ကောင်နဲ့ အချစ်ရဲ့ မျက်နှာစာအသစ်ကို ရှာဖွေလို့ 
တွေ့ ရှိခဲ့ ပြီဖြစ်တာမို့ ပိုင်ရှင် ဒေးဗစ်ကတော့ သူ့ အင်္ကျီတွေအန်ဖတ်မပေတော့ လို့ စိတ်ချမ်းသာနေရပါ
တော့ တယ်...

အရက်မူးယင် အန်တတ်တဲ့ သူတွေအတွက်တော့ ဆင်ခြေကောင်းတစ်ခုပါပဲ...

Harry the African Grey parrot couldn't stop throwing up. He did it most of all when his owner, David, was about. The vomiting got so bad that David took Harry to Belfast vet Dan Flynn.
It was a puzzle. Harry was bright-eyed and shiny-feathered. He wasn't a sick parrot, Dan discovered, he was a lovesick one. The one who had his heart was owner David.

Sadly, for a parrot, love means chucking a miniature bucketload on the one you love. "Birds regurgitate as a sign of affection," Dan Flynn explained.

"It is quite well documented. Regurgitation and vomiting is a normal procedure for a bird. The father will regurgitate for its young when they are little chicks." Harry has now found a new feathered friend and David rejoices in the luxury of clean shirts.

1 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ -
အင်း---အံ့ဋ္ဌသကုန်နိုင်ဖွယ်---ကဲ့ မယုံရင်နေ-