Wednesday, July 13, 2011
Rare zonkey donkra zedonk type of thing born in China


တရုတ်နိုင်ငံမှ ထူးခြားရှားပါးသည့် မြည်းကျား…





တရုတ်နိုင်ငံ၊ ရှမန်ဟိုင်ကန်းဆာဖာရီ အပန်းဖြေဥယျာဉ်တွင်လွန်ခဲ့ သည့် တနင်္ဂနွေနေ့ ကဖွားမြင်ခဲ့ သည့် 

မြည်း (အထီး)နှင့် မြင်းကျား(အမ) တို့ မျိုးစပ်ထားသည့် ထူးဆန်းရှားပါးသည့် မြည်းကျားကလေးတစ်

ကောင်ကြောင့် စူးစမ်းလေ့ လာလိုသူများလာရောက်ကြည့် ရှုလျှက်ရှိကြပါတယ်…

မြည်းကျားလေးမှာ ၎င်း၏ခြေထောက်လေးချောင်းစလုံးတွင် ( မြင်းကျားကဲ့ သို့ ) အနက်နှင့် အဖြူရောင်အ

စင်းများထင်ရှားစွာပါရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကတော့ မြည်းတစ်ကောင်ကဲ့ သို့ အညိုရောင်အမွှေးအမှင်များ

ဖြင့် သာရှိနေခဲ့ သည်ဟု ဥယျာဉ်မှ ထိန်းသိမ်းစောင့် ရှောက်သူတစ်ဦးကဆိုခဲ့ ပါတယ်…

မြည်းကျားကလေးမှာ ကျန်းမာစွာရှိနေပြီး တိရိစ္ဆာဥယျာဉ်အမှုထမ်းသို့ မဟုတ် တစ်ခြားတိရိစ္ဆာန်တစ်ကောင်

ကောင်က သူမ၏သားကလေးအနားသို့ လာခဲ့ ပါက ပြင်းထန်သည့် နောက်ခြေများဖြင့် ကန်ထုတ်ကာကွယ်

ပေးနေသည့် မိခင်ဖြစ်သူမြင်းကျားမကြီးနှင့် အတူ ပျော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်…















ရှမန်ဟိုကန်းဆာဖာရီဥယျာဉ်တွင် မြင်းကျားမတစ်ကောင်နှင့် မြည်းအထီး ၃ ကောင်အားခြံဝန်းတစ်ခုအတွင်းတွင်အတူ

ထားရှိခဲ့ ပါတယ်…

လွန်ခဲ့ သည့် ဇူလိုင်လတွင် မြင်းကျားမကြီးကိုယ်ဝန်ရှိသည်အထိ တိရိစ္ဆာန်ရုံအမှုထမ်းများအနေဖြင့် မြင်းကျားနှင့် မြည်း

များ မျိုးမတူတိရိစ္ဆာန်အချင်းချင်းမိတ်လိုက်ခဲ့ ကြသည်ကိုမသိရှိခဲ့ ပဲ ယခုအခါမြည်းကျားကလေးမှာမြည်းထီး ၃ ကောင်အ

နက် မည်သည့် မြည်းဖြင့် စပ်ခဲ့ သည် ကိုလည်းမခွဲခြားနိုင်ခဲ့ ကြပါဘူး…

ယခုကဲ့ သို့ အဖြစ်မျိုးမှာကမ္ဘာတွင် လေးခုမြောက်အဖြစ်အပျက်ဖြစ်ပြီး မြည်းများနှင့် မြင်းကျားများမှာ မျိုးစိတ်မတူသော်လည်း မျိုးရိုးဗီဇဆိုင်ရာအခြေခံ ခရိုမိုဆုန်း များတူနေခဲ့ ခြင်းကြောင့် ဇီဝဗေဒသဘောအားဖြင့် မျိုးစပ်

ကာ မျိုးစိတ်သစ်ဖြစ်ပွားနိုင်ခဲ့ တာဖြစ်ကြောင်း ရှမန်တက္ကသိုလ်မှ ပါမောက္ခ ၀မ်ယီချွမ် ကပြောကြားခဲ့ လိုက်ပြီး အဆိုပါ

မြင်းကျားနှင့် မြည်းများကို တစ်ခြံထဲအတူမလှောင်ထားပါက ( သဘာဝအတိုင်းလွတ်လပ်စွာထားပါက ) မျိုးစိတ်နှစ်ခု

ပေါင်းစပ်၊ မိတ်လိုက်နိုင်မှုမှာ ဖြစ်နိုင်ဖွယ်မရှိကြောင်းဖြင့် ၎င်းကဆက်ပြီးပြောဆိုခဲ့ ပါတယ်…



A rare hybrid cross of a donkey father and a zebra mother is attracting attention in the Xiamen Haicang Safari Park after he was born on Sunday. The "zedonk" has black and white stripes prominently displayed on his four legs, but his brown body haired looks more like a donkey, said one of his keepers at the park.



He is said to be in good health and has bonded well with his zebra mother, who raises her powerful hind legs to attack any animal or zoo keeper trying to reach the baby animal.



The Xiamen Haicang Safari Park keeps its only zebra and 3 male donkeys in the same enclosure. Zoo keepers didn’t know about the mate until the zebra got pregnant last July, leaving it hard to identify the real father among the 3 donkeys.




It’s the fourth reported case around the world, and Prof. Wang Yiquan from Xiamen University said donkeys and zebras are different species having the same chromosome which makes a hybrid offspring biologically work, but the romance would not likely happen if the two animals awere not kept in the closed breeding environment together.



1 comments:

Eagle Warrior said...

မြည်းထီး ၃ ကောင်လည်း ငတ်တော့ ရရာအသား စား ရတယ်ထင်ပါ့။ :D