Rising from the Dead

Sunday, July 3, 2011

ယတြာလား...ဆင်ခြင်တာလား...


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကတော့ အပြော
ထက်အလုပ်ကပိုပြီးအရာရောက်တယ်ဆိုတာကို ယုံကြည်ဖို့ သက်သေပြနေပါတယ်...
ကိုးကွယ်ယုံကြည်ကြသူများက ကျောင်းရှိအခေါင်းလွတ်များထဲတွင် လာရောက်ကာ ခေတ္တခဏမျှလဲ
လျောင်းအိပ်စက်ကြကာ ဘ၀သစ်တစ်ခုပြန်လည်မွေးဖွားလာပြီဟု နှလုံးသွင်းကာပြန်ထ
လာခြင်းဖြင့် မိမိတို့ ယုံကြည်ရာ အလေ့ တစ်ခုကိုပြုလုပ်လေ့ ရှိကြပါတယ်...
In Bangkok a Buddhist temple believes that actions are stronger than words. Followers come in and lie down in a coffin for a few moments, and then they rise again feeling the rebirth of a new life.
 
ဘန်ကောက်မြို့ ရှိ ၀ပ်ပရုမ်မနီ ကျောင်းတိုက်တွင် ဒကာဒကာမများဟာ ခေါင်းလွတ်များအတွင်းဝင်
ရောက်လဲလျောင်းအိပ်စက်ပြီး ပြန်ထခြင်းဖြင့် ဘ၀သစ်တစ်ခုပြန်စနိုင်လိမ့် မယ်ဆိုတဲ့ ယုံကြည်ချက်
ဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် စိတ်ရှည်လက်ရှည် တန်းစီစောင့် ဆိုင်ေးနကြလေ့ ရှိပါတယ်... 
ယခုကဲ့သို့ ယုံကြည်ပြီးပြုလုပ်နေခဲ့ ကြတာဟာ လွန်ခဲ့ သည့် ၆ နှစ်ကျော်ကတည်းကဖြစ်ပါတယ်...
ထိုကျောင်းတွင် အရောင်စုံအခေါင်းလွတ် ၉ လုံးက ခန်းမအတွင်းမှာရှိနေပြီး ရာနှင့် ချီသည့် ဒကာ၊
ဒကာမတွေဟာ ထိုအခေါင်းလွတ်အတွင်း ၂ မိနစ်ခန့် ဝင်ရောက်လဲလျောင်းကာ ဘုန်းတော်ကြီးများ
ပရိတ်ရွတ်ဖတ်သည်ကိုနာကြားပြီး ကံဆိုးမှု၊ အညံ့ တွေပယ်ပျောက်ကာ စိတ်သစ်လူသစ်ဖြင့် ဘ၀သစ်
ပြန်စရသည်ဟု ယုံကြည်ယူဆလေ့ ရှိပါတယ်...
People at Wat Prommanee wait in line to get a chance to ride from the dead and be reborn. This practice started over 6 years ago. There are 9 colorful coffins in the hall of Wat Prommanee Temple. Hundreds of people lie down in them for almost 2 minutes, listen to religious chants and then rise up and feel reborn cleansed and relaxed.

နေ့ စဉ်အသစ်တစ်ဖန်ပြန်လည်မွေးဖွားရှင်သန်ခြင်းဟာ ကံဆိုးမှုတွေကိုပယ်ဖျောက်စေပြီး အသက်ရှည်
စေတယ်လို့ လည်းထိုင်းများကယုံကြည်ကြပါတယ်...
ထိုကဲ့ သို့ ပြုလုပ်ခြင်းဖြင့် ဘ၀တွင်အကောင်းမြင်စိတ်များဖြစ်ပေါ်ပြီး အကုသိုလ်စိတ်များပပျောက်
စေတယ်လို့ ယုံကြည်ကြတာကြောင့် လူတွေဟာ ၀ပ်ပရုမ်မနီ ကိုထပ်ကာထပ်ကာလာရောက်ပြီး
ဘ၀သစ်တွေအကြိမ်ကြိမ်မွေးဖွား၊ ရှင်သန်လျှက်ရှိကြပါတယ်....

Thais believe that daily resurrection washes away bad luck and helps to prolong their lives. It also gives them positive thoughts, so that a lot of these people come back again to Wat Prommanee Temple to rebirth themselves over and over again.


ရွှေပြည်ကြီးက ချောင်းဝဘုန်းတော်ကြီးကျောင်းမှာလည်း ယခင်ဆရာတော်လက်ထက်ကအခေါင်းတစ်လုံး
ရှိခဲ့ ဘူးပါတယ်...
ဒါကလည်းထိုစဉ်က ဆရာတော်ကြီးတရားကျင့် တာလို့ ဆိုကြပါတယ်...
နောက်ပိုင်းတော့ ထိုကျောင်းလည်း နာမည်ကျော်ရုပ်ရှင်မင်းသားကြီးတို့ တူဝရီးကိုးကွယ်၊ နှစ်လုံးသုံးလုံးနံ
ပါတ်ပေးတယ်လို့ နာမည်ထွက်ပြီး နောက်ထေရ၀ါဒီစစ်စစ်တွေ သံသရာလွတ်မြောက်ရေးအတွက် ရည်စူးပြီး
မသွားကြတော့ ပါဘူး...

မရဏာနုသတိပွားတယ်ဆိုယင်တော့ ကောင်းပါတယ်...
ဒီလိုမှမဟုတ်ပဲ နေ့ စဉ်အရက်သောက်၊ ကလပ်သွား၊ လာဘ်စား မကောင်းတာမှန်သမျှလုပ်ပြီးနောက်နေ့ 
ဘုန်းကြီးကျောင်းသွား၊ အခေါင်းထဲ ၃ မိနစ်လောက်ဝင်၊ ဘုန်းကြီးတွေပရိတ်ရွတ်တာနာပြီးစိတ်သစ်လူသစ်
အကုသိုလ်တွေ ပစ်ပြီးသားဖြစ်မယ်လို့ ယုံကြည်နေမယ်ဆိုယင်တော့ သစ္စာရေသောက်လိုက်သေးပေါက်
လိုက် ဆိုသလိုဖြစ်နေလိမ့် မယ်....

လူဝင်စားပြန်ဖြစ်ခြင်း၊ ၀ိဥာဉ်တမလွန်ဘ၀သို့ ကူးပြောင်းခြင်း၊ ဘ၀သစ်တစ်ဖန်ပြန်ဖြစ်ခြင်း ဟူသည့် ဘာသာ
ရေးနှင့် တွေးခေါ်မြော်မြင်ရေးဆိုင်ရာအယူအဆဟာ လူတစ်ဦးတစ်ယောက်ကွယ်လွန်သေဆုံးပြီးနောက် (ရုပ်
ခန္ဓာကိုယ်ကြီး သေဆုံးပြီးနောက် စိတ်၊ ၀ိဥာဉ်ကတော့ တစ်ခြားဘ၀၊ နောက်ဘ၀တစ်ခုမှာ ဆက်လက်ဖြစ်
ပေါ်နေတာကို ဆိုလိုပါတယ်...
Learn Something Fun:  reincarnation, also called transmigration or metempsychosis, in religion and philosophy, rebirth of the aspect of an individual that persists after bodily death—whether it be consciousness, mind, the soul, or some other entity—in one or more successive existences.

 

1 comments:

မိုးယံ said...

ဒါဟာ တစ်ကယ့် စစ်မှန်တဲ့ ထေရ၀ါဒ မဟုတ်သော်လည်း မဟာယာန နဲ့ ဗြမ္မဏ ၀ါဒတို့ မရောပြွန်းပဲ ထေရ၀ါဒ မဟုတ်ဘူးလို့လည်းခွဲခြား နားလည်ပြီး စိတ်ကျင့်စဉ် တစ်ခုလိုဆိုရင်တော့မဆိုးဘူး။

လမ်းကြုံရင်တော့ ထိုင်းက ထိုင်းတွေကို နေ့စဉ် အိပ်ယာက နိုးထ လာခြင်းဟာလည်း နေ့သစ်တစ်ဖန် မှာ ဆဲလ်အသစ်တွေနဲ့ မွေးဖွားလာခြင်းပဲ(မနေ့က ငါမဟုတ်တော့ဘူး)လို့ သိအောင် ပြောပြချင်သေးတယ်။