ဆွန်နီမွတ်စလင်နှင်.ရှီးယားမွတ်စလင်ပေါ်ပေါက်လာပုံ

Tuesday, June 3, 2008
Distribution of Sunni and Shia in the world

ခရစ်ယန်ဘာသာတွင်ကက်သလစ်နှင့်Easten-Orthodoxဟူသောဘာသာရေးဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲခဲ့ပြီးထိုမှတဆင့်ပရိုတက်စတင့်
ကဲ့သို့ဂိုဏ်းများထပ်မံကွဲသွားသကဲ့သို့အစ္စလမ်ဘာသာတွင်လည်းSunniနှင့်Shiaဟူ၍ဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲခဲ့ကြသည်။သို့သော်မတူ
ညီသည့်အချက်မှာခရစ်ယန်ဂိုဏ်းကွဲမှုသည်ယေရှုကားစင်အတင်ခံရပြီးနောက်နှစ်ရာပေါင်းများစွာကြာမှအစပြုခဲ့သော်လည်းအစ္စ
လမ်ဂိုဏ်းကွဲမှုမှာပရောဖက်မိုဟာမက်သေဆုံးပြီးပြီးခြင်းပင်အစပြုခဲ့သည်။

ပို၍တိတိကျကျဆိုရသော်အေဒီ၆၃၂ခုနှစ်ဂျွန်လ၈ရက်တွင်ဖြစ်သည်။ပရောဖက်မိုဟာမက်မရှိတော့သည်နောက်သူ၏အရိုက်အရာ
အားဆက်ခံမည့်ဘာသာရေးခေါင်းဆောင်အားမူဆလင်များရွေးချယ်ရတော့မည့်အချိန်ကြရောက်လာချေပြီ။ထို့ကြောင့်Medinaမြို
တွင်နောက်လိုက်များစည်းဝေးတိုင်ပင်ကြရာမှAbu-Bakr(မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သလို၊အစောဆုံးမူဆလင်ဖြစ်လာသူ
များမှတစ်ဦး)ကသူသာအမှန်တကယ်ခေါင်းဆောင်ဖြစ်သင့်ကြောင်းဆိုသည်။အကြောင်းမှာမိုဟာမက်နာမကျန်းဖြစ်ကာဝတ်ပြုဆု
တောင်းများဦးမဆောင်နိုင်တော့သည့်အချိန်တွင်Abu-Bakrအားဦးဆောင်စေခဲ့ခြင်းကြောင့်ဖြစ်သည်။ထိုသို့Abu-Bakrနှင့်သူ့အား
ဆက်ခံခဲ့ကြသည့်အခြားခေါင်းဆောင်၃ဦး(အစ္စလမ်ဘာသာတွင်မှန်ကန်သည့်ခေါင်းဆောင်ကြီး၎ဦးဟူ၍ရှိသည်)အားလက်ခံသူ
နောက်လိုက်များကိုSunniမူစလင်ဟုခေါ်ပြီးကမ္ဘာ့မူစလင်အရေအတွက်၏၉၀ရာခိုင်နှုန်းရှိသည်။

သို့ရာတွင်Abu-Bakr၏ဆက်ခံမှုအားမထောက်ခံသည့်အုပ်စုတစ်စုလည်းရှိနေပြန်သေးသည်။ခေါင်းဆောင်အမည်မှာAli-ibn-Abi
Talibဖြစ်ပြီးမိုဟာမက်နှင့်ညီအစ်ကိုဝမ်းကွဲတော်စပ်သလိုသားမက်လည်းတော်စပ်သူဖြစ်သည်။မိုဟာမက်သည်Ghadir-Khumတွင်
တရားဟောကြားစဉ်ကAli-ibn-Abi-Talibအား"mawla"(အင်္ဂလိပ်ဘာသာဖြင့်Master)တစ်ဦးအဖြစ်ပြောဆိုသုံးနှုန်းသွားခဲ့ဖူးခြင်း
ကြောင့်သူသာဆက်ခံသင့်သည်ဟုဆိုသည်။Aliနှင့်သူ့အားထောက်ခံသူနောက်လိုက်များအားShiat-Ali(အင်္ဂလိပ်ဘာသာဖြင့်the
Party-of-Ali)ဟုခေါ်ကြပြီးယနေ့အချိန်တွင်တော့Shiaဟုသာသိကြတော့သည်။ထို့အပြင်Aliသည်နောက်ဆုံးတွင်ခေါင်းဆောင်ကြီး
၎ဦး၏စတုတ္ထမြောက်ဆက်ခံသူနေရာအားရရှိခဲ့သည်။ဆိုလိုရင်းမှာSunniများအတွက်Abu-Bakrသည်မိုဟာမက်နောက်ပထမဆုံး
ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီးAliမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။သို့သော်Shiaများအတွက်တော့Aliမှာမိုဟာမက်နောက်ပထ
မဆုံးဆက်ခံသူဖြစ်သည်။

Sunniနှင့်Shiaတို့သည်ကိုးကွယ်ကျင့်သုံးရာအဖြစ်ခိုရမ်ကျမ်းအားအဓိကအသုံးပြုကြသော်လည်းမတူကွဲပြားခြားနားသောhadiths
ခေါ်အစဉ်အလာနှင့်ခိုရမ်အားပြန်လည်အဓိပ္ပယ်ဖွင့်ဆိုချက်များကြောင့်ဘာသာရေးစည်းမျဉ်းစည်းကမ်းများမတူညီကြချေ။အရေအ
တွက်အရလည်းSunniများသည်ကမ္ဘာအဝှမ်းတွင်လူများစုဖြစ်ပြီးShiaများမှာအီရန်နှင့်အီရတ်တွင်သာလူများစုအဖြစ်တည်ရှိကြ
သည်။

0 comments: