ကြီးနှစ်ကြီးနဲ.ဘိရုမာ ( ၁ )

Monday, June 23, 2008
ကိုမောင်ရင်ရဲ.တွေစရာကောင်းတဲ.ဆောင်းပါးလေးပါပဲ။

သခင် လုပ်မလား၊ကျွန် လုပ်မလား ဆိုတော့ ဒီနေ့ ခေတ်လို မျိုး ကမ္ဘာ့ ကြီး ဟာ ရွာ ဖြစ်သွားပါပြီ လို့ ဆိုနေတဲ့ ပညာခေတ်၊ စီးပွားခေတ်ကာလ ကြီးမှာ ဟိုးအရင်ကလို လက်နက်နဲ့  နယ်ချဲ့  ကျုးကျော် ပြီး တိုက်ခိုက်သိမ်းပိုက်ကျွန် ပြုတဲ့ စနစ်ကမ္ဘာမှာရှိသေးရဲ့ လားဆိုတာတွေးကြည့်စရာပါ.

အဲဒိ အင်္ဂလိပ်ခေတ်၊ ဖက်ဆစ် ဂျပန်ခေတ်က စကားလုံးကြီး တစ်ခု ကိုရေလဲသုံးပြီး ခဏခဏ အမေးခံနေရတဲ့ပြည်သူ တွေခမျာလဲ ဖက်ဆစ်ခေတ် အောက်ပြန် ရောက်နေရတဲ့ သဘောများလားလို့  မေးခွန်းပြန်ထုတ်စရာပါပဲ။ ဒီနေ့ ခေတ်မှာအဲဒိလို မြင်သာထင်သာ တဲ့ ကျူးကျော် သိမ်းပိုက်မှု တွေ ဆိုတာ ပညာသိပ်မဆန်တော့တဲ့ရွေှ့ ကွက်တွေဖြစ်ခဲ့ပါပြီ။ ခေတ်သစ် နယ်ချဲ့ နည်းဆိုတာ တွေက သိမ်မွေ့ သထက်သိမ်မွေ့ လာလိုက်တာ နောက်ဆုံး ကိုယ်တိုင်တောင်သထိမထားမိလိုက်ခင် ကိုယ့်ဘေးနားမှာ ခြံနီးချင်းကြီး အဖြစ်ကျူးကျော်သူကြီးကို သွားအဖြဲသားကြီး တွေ့ လိုက်ရတော့တာပါပဲ လို့ ပြောဖို့  တောင်နောက်ကျခဲ့ လို့ ဆိုရမတတ်ပါပဲ။

အဲလိုနောက်ကျနေပါပြီဆိုတဲ့ဖြစ်စဉ်လေး သာဓကပေါ်သွားအောင် လူထုဒေါ်အမာ ရဲ့  အမေ့ခေတ်စကား ဆိုတဲ့ လွန်ခဲ့တဲ့ ၁၉၉၀ လွန်နှစ်တွေကထဲက စဉ်းစားဖွယ်ရာစာလေးတစ်ပုဒ်ကို ရှေ့ပြေးတင်ပြခဲ့ပါတယ်။

ဆိုရရင် အရှေ့မှာ စိန (စိနို Sino)၊ အနောက်မှာ မစ္ဇျိမ ဆိုတဲ့ ကမ္ဘာ့ အကြီးဆုံးနိုင်ငံတွေထဲက ကြီး နှစ်ကြီး နိုင်ငံ နှစ်ခု ကြားရောက်နေတဲ့ အတွက် ပထ၀ီအနေအထားအရ ၊ စီးပွားရေး၊ ဗျူဟာကျနေတဲ့နိုင်ငံ ဟာ မြန်မာနိုင်ငံပါ။ အရှေ့ နဲ့  အနောက် က အဲဒိကြီးနှစ်ကြီး ရဲ့ မြန်မာနိုင်ငံလေးအပေါ်မက်မက်စက်စက်ရှိလှပုံလေးတွေ နဲ့ ၊ မြန်မာပြည်သူတွေ ရ ရ မယ့် သဘာဝ သယံဇာတ နဲ့  ပထ၀ီ ဗျူဟာ ကျန မှုတွေအားလုံးဟာ လက်တစ်ဆုပ်စာလူနည်းစု တစ်စုအတွက် အောက်ဈေးနဲ့ ဘယ်လို စတေးခံနေရသလဲဆိုတာလေ့လာကြည့်မိပါတယ်။

ပထမဆုံး မြန်မာ ပြည် အနောက်ဖက် ကို လှမ်းကြည့်မိတဲ့အခါ…

.
.
...

စစ်တွေ-၀ါရှင်တန် ခရီးပေါက်ပြီလော

မြန်မာပြည်နယ်တစ်ခုဖြစ်တဲ့ ရခိုင်ကမ်းမြောင်ဒေသ ဆိုတဲ့ ၊ လူဦးရေ ၂သန်းကျော် နေထိုင်တဲ့ ၊ ယဉ်ကျေးမှုအနုပညာလက်ရာတွေ၊ ရှေးဟောင်းတန်ခိုးကြီးဘုရားတွေ ရှိတဲ့ စစ်တွေဆိပ်ကမ်းမြို့ ကလေးဟာ အခုကစပြိးနောင် ငါးနှစ် ကာလမှာ အာရှတိုက်ရဲ့ စီးပွားရေး ဗျူဟာအကျဆုံး ဗဟို အချက်အချာ ဒေသတွေ ထဲက တစ်ခုအပါအ၀င် ဖြစ်လာတော့မယ်လို့  ဆိုပါတယ်။ ၀ါရှင်တန် အထိတောက်လျှောက်ပင်လယ်လမ်းခရီးပေါက်တော့မယ်လို့ တောင်ညွှန်း ပါတယ်။

“မြင်ယောင်ကြည့်လိုက် ပါ..ဒါဟာ ကမ္ဘာမှာ ပနားမားတူးမြောင်းသစ် ဖြစ်လာမယ့်အနာဂါတ်ဆီပြေးနေပြီ” လို့ တောင်စစ်အစိုးရနဲ့  နီးစပ်သူ စီးပွားဖက်တွေက ဆိုပါတယ်။
အကြောင်းရင်းက အိန္ဒိယ နဲ့ တရုတ် နိုင်ငံ ဟာ မြန်မာ့ရေပိုင်နက် ရခို်င်ကမ်းမြောင်ဒေသ မှာ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ဖို့ ဒေါ်လာသန်းပေါင်းများစွာရင်းနှီး လုပ်ကိုင်တော့မယ့်အတွက်ဖြစ်ပါတယ်။ စေတနာထက်သန်လှချည်ရဲ့ လို့ ထင်စရာကောင်းလှပါတယ်။

ဒါပေမယ့် ဒါဟာ အကျိုးလိုလို့ ညောင်ရေလောင်းခြင်းပါပဲ။ အိန္ဒိယ ဟာ သူ့ ရဲ့  ကုလားတန်မြစ်ကိုစစ်တွေ ဆိပ်ကမ်းအထိ ခရီး ပေါက်အောင် ရေနက်တူးပြီး သူ့ ရဲ့  ကုန်းတွင်းပိုင်း ပိတ်ဆို့ နေတဲ့ မီဇိုရမ်ပြည်နယ် ကြီးကို ဒီ စစ်တွေဆိပ်ကမ်းကတဆင့် ပင်လယ်ထွက်ပေါက်အရယူမှာဖြစ်ပါတယ်။ တရုတ်ကလဲအားကျမခံ မြန်မာနယ်စပ်က သူ့ ရဲ့ ကုန်းတွင်းပိတ်ပြည်နယ်ကြီးဖြစ်တွေတဲ့ ယူနန်နဲ့  ကူမင်း တွေအတွက် စစ်တွေ ရေနက် ဆိပ်ကမ်းကနေတဆင့် ဘင်္ဂလားပင်လယ်အော်နဲ့  ပင်လယ်ထွက်ပေါက်အရယူမှာဖြစ်ပါတယ်။ (ပုံမှာကြည့်ပါ။)

သူ့ ဘို့ ၊ ကိုယ့်ဘို့ 

ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးပြီး လုပ်ဆောင်နေတဲ့ ရေနက်တူးဖော်ရေးစီမံကိန်း ရည်ရွယ်ချက်ကတော့ ပင်လယ်ကူးသဘောင်္တွေ၊ တန်ကာခေါ်တဲ့ ရေနံတင်သဘောင်္ တွေ စစ်တွေဆိပ်ကမ်း အထိ ၀င်နိုင်အောင်ဖြစ်ပါတယ်။ ဒါဆိုရင် စွမ်းအင်လောင်စာအင်မတန် ငမ်းငမ်းတက် ငတ်မွတ်နေတဲ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က နေ သူ သွင်းယူလာတဲ့ရေနံစိမ်းတင်သင်္ဘောတွေ ကို ဒီ စစ်တွေဆိပ်ကမ်းမှာဆိုက်ကပ် လို့ ရ ပါပြီ ။နောက် တဆင့် အနေနဲ့  အနီးနားက ကျွန်းတကျွန်းကနေတဆင့် ဒီရေနံတွေကို တရုတ်နိုင်ငံ အထိ မြန်မာ့ကုန်းတွင်းပိုင်းကို ဖြတ်ပြီး ပိုက်လိုင်းနဲ့  ဆန့် ထုတ်ပြီးသယ်ယူတော့မှာဖြစ်ပါတယ်။

တခြားပိုက်လိုင်းတွေကတော့ မကြာသေးခင်ကမှ တွေ့ ရှိထားတဲ့ မြန်မာ့ ရေပိုင်နက် မာတာဘန် ပင်လယ်အော်က ရေနံ သဘာဝဓာတ်ငွေ့ သိုက်အသစ်ကြီးတွေကနေ ပြီး ထုတ်ယူရရှိတဲ့သဘာဝဓာတ်ငွေ့ တွေကို တရုတ်နိုင်ငံ ဆီ သွယ်တန်းယူမှာဖြစ်ပါတယ်။

အရင် ရေးခဲ့တဲ့ " State terrorism " ဆိုတဲ့ပို့ စ်မှာတရုတ်နိုင်ငံရဲ့ String of pearls ဆိုတဲ့ပေါ်လစီအကြောင်းလဲအရိပ်အမြွတ်တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်အဲဒိပို့ စ် က စက်တင်ဘာအရေးအခင်းကာလကရေးခဲ့တာဖြစ်တဲ့အတွက် အင်္ဂလိပ် လိုကြိုးစား ရေးပြီး တင်ပြခဲ့တာပါ။ မြန်မာလို ဆိုရင်တော့ ပုလဲကြိုးမျှင်၊ ပုလဲကြိုး လမ်းစဉ် လို့  ဘာသာပြန်ရမလားပဲ။ မြန်မာပြန် အတိုချုပ်ပြန်ပြောရရင်တော့ ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်မှာ အိန္ဒိယသမုဒ္ဒရာ ရေပိုင်နက်ကို ထောက်လှမ်း ထိန်းချုပ် ဖို့  ဆက်သွယ်ရေးအခြေစိုက်စခန်းတွေ၊တရုတ် ရေတပ်အခြေစိုက်စခန်းတွေ အခြေပျိုးနေတယ်ဆိုတဲ့ သတင်းအစအနများ အကြောင်းပါ။

မီဇိုးရမ် က ဘေလေးဆပ်

အိန္ဒိယ ကလဲအားကျမခံ သူ့ ရဲ့ ကုန်းတွင်းပိတ် နေတဲ့ မီဇိုရမ် ပြည်နယ်က နေ ကုလားတန် မြစ် ကို ရေ နက်အောင်တူးပြီး စစ်တွေဆိပ်ကမ်းအထိ ရေလမ်းသယ်ယူပို့ ဆောင်ရေး ခရီးပေါက်အောင် “ဟာရေး ဘာဘူ၊ ဘေလေးဆပ်၊ ဘေလေးဆပ်” သံချပ်လေးနဲ့ အားသွန်လုပ်ကိုင်နေပါပြီ။

တစ်ချိန်ထဲမှာပဲ အိန္ဒိယ ဘက်က အထူးဝန်ကြီး မာနီရှန်ကာ အေရာ ဟာရန်ကုန်မြို့ ကိုသွားရောက်ပြီ့း် အိန္ဒိယနိုင်ငံ အင်ဖာ နဲ့  မြန်မာနိုင်ငံ ကလေးမြို့ မှတဆင့် အထက်မြန်မာ ပြည်မန္တလေးအထိ ပေါက်မယ့် ရာသီမရွေးသွားလာအသုံးပြုနိုင်မယ့် လမ်းမကြီး ကို ၂၀၁၀ ခုနှစ် မှာ အပြီး ဖာက်လုပ်ဖို့  သဘောတူညီချက်ကို လတ်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ၂၀၁၀ မှာ ဒီလမ်းမကြီးပြီးသွားရင်တော့ အိန္ဒိယ အရှေ့မြောက်ပိုင်း က ကုန်းတွင်းပိုင်းပိတ်ဆို့ ပြီး ၊သုံးစားမရခဲ့တဲ့၊ စီးပွားလမ်းလည်း မပေါက်တဲ့ သူတို့  နယ်မြေတွေအတွက် လမ်းပေါက်သွား ပြီ ဖြစ်ပါတယ်။ ဒီ လမ်းမကြီး ဟာ အဲဒိ ကုန်းတွင်းပိတ် ဒေသတွေအပြင် အိန္ဒိယနိုင်ငံ ကို(လ)ကာတား မြို့ တော်ကြီးအထိ ဗြဟ္မ ပူထရာ ဆိုတဲ့ ခရိုင် ဒေသကြီးကတဆင့် ဖြောင့်ဖြောင့်ကြီး လမ်း ပေါက်တော့မှာဖြစ်ပါတယ်။

လီဒို ကိုပြန် အသက်သွင်းပြီ

ဒါ့အပြင် မြန်မာပြည်အထက်ပိုင်း မှာ ဒုတိယကမ္ဘာစစ် လက်ကျန် Stillwell Road ခေါ်တဲ့ လီဒို လမ်းမကြီးကိုလဲ အိန္ဒိယဘက်က ဒေါ်လာ သန်းပေါင်းများစွာ ပုံအော ပြီး ပြန်လည်အသက်သွင်းဖို့  တာစူနေပါပြီ။ ဒီလမ်းကြောဟာ တစ်ချိန်တုန်းကတော့ ဂျပန်ကို ပြန်တော်လှန်ဖို့ တရုတ်မျိုးချစ်တပ်ကို ရိက္ခာထောက်ပံ့ရာ လမ်းမကြီးပါ။ အခုတစ်ခါ အိန္ဒိယ နိုင်ငံ လီဒို မြို့ နဲ့  မြန်မာ ဘက်က မြစ်ကြီးနား မြို့  တို့ ကို ပြန်လည် ဆက်သွယ် ပေး ပြီး တရုတ် အထိ ပြန် လမ်းပေါက် တော့မှာဖြစ်ပါတယ်။

တစ်ဖက်မှာလဲ အိန္ဒိယ နိုင်ငံဟာ မြန်မာစစ်အစိုးရကို တရုတ်နဲ့ သိပ်အနေ နီးလွန်းတဲ့အပေါ် စိုးရိမ်တကြီး သတိပေးဖျောင်းဖြနေ ရဆဲပါ။ ဒါပေမယ့် မြန်မာ နအဖ စစ်အစိုးရ အနေနဲ့ လည်း ဖြစ်နိုင်ရင် တရုတ်နိုင်ငံရဲ့ အလွန်အမင်း လွှမ်းမိုးမှု ကို မခံရအောင် ထိန်းချုပ်ချင်နေတဲ့သဘောမှာရှိတယ်လို့  သုံးသပ်နိုင်လောက်အောင် ခိုင်လုံတဲ့အကြောင်းတွေ ရှိနေပါတယ် လို့ နယူးဒေလီ အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ၊ အိန္ဒိယ ၀န်ကြီးချုပ်များ အဆက်ဆက် တိုင် အားကိုးခဲ့ရတဲ့ သံတမန် စူးဘတ်(ရှ်) ချက္ကရာဗာတီ က ဆိုပါတယ်။
သူက ..“တရုတ်ထက်စာရင် အိန္ဒိယနိုင်ငံ ကို ပိုမို ၀င်ရောက်ခွင့်ပေးရေးဆိုတာ မြန်မာနိုင်ငံရဲ့  သဘာဝကျတဲ့ရွေးချယ်မှုပါပဲ..”လို့ သုံးသပ်ပြပါတယ်။

အလဲအထပ် ၊ တေမိဇာတ်

“ အပြန်အလှန်အားဖြင့်တော့ မြန်မာစစ်အစိုးရကနေပြီး အိန္ဒိယအစိုးရရဲ့ ရန်သူ အိန္ဒိယ-မြန်မာနယ်စပ်က သူပုန်တွေကို ၀ိုင်းဝန်း နှိမ်နင်းပေးရမှာဖြစ်ပါတယ်။ မြန်မာဘက်က ရာနှုန်းပြည့် လက်တွဲလုပ်ဆောင်မပေးဘဲနဲ့ ဒီ အိန္ဒိယ အရှေ့မြောက်က သူပုန်တပ်တွေကို နှိမ်နင်းဖို့ နဲ့  နယ်စပ်ဒေသလုံ ခြုံရေးကို အိန္ဒိယ အနေနဲ့ လုပ်ဖို့ ဆိုတာ ဘယ်နည်းနဲ့ မှမမျှော်မှန်းနိုင်၊ ဖြစ်လဲ မဖြစ်နိုင်ပါဘူး” လို့  ချက္ကရာဗာတီ က ဆိုပါတယ်။

အပြန်အလှန် အပေးအယူတွေရဲ့ အဆုံးသတ်ရလာဒ်ကတော့ အစောပိုင်း က စစ်အစိုးရကို သံတမန် ထုတ်ပြန်ချက်တွေနဲ့ ရော၊ All India Radio ကပါ ကျယ်ကျယ်လောင်လောင် ပွင့်ပွင့်လင်းလင်း ဝေဖန် ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယ ဟာ အခုတော့ အာစေး မိထားသလိုရေငုံနုတ်ပိတ်သွားခြင်းပါပဲ။ ဒါကတော့.. အိန္ဒိယ တေမိဇာတ်ခင်း ရခြင်း အကြောင်းရင်းပါပဲ…

0 comments: