သွားလေသူအတွက်မှတ်ကျောက်

Monday, June 23, 2008



ကွယ်လွန်သွားခဲ.ပြီဖြစ်တဲ.ဗိုလ်ချူပ်စိုးဝင်းနဲ.ပတ်သက်ပြီးတွေးစရာကောင်းတဲ.ဆောင်းပါးလေးတစ်ပုဒ်
ကိုမောင်ရင်ဆီကခွင်.တောင်းပြီးတင်ပေးလိုက်ပါတယ်။

မိမိ အတွက် မိမိ မိသားစုဘ၀အတွက် ကောင်းစားဖို့  အတွက် လူအများကြီး ရဲ့ သွေးတွေ၊ ဘ၀တွေ ကိုစတေးပြီး မှ နေရာလေး တစ်နေရာ ခိုင်မြဲ မယ်ဆိုရင်တော့ အကုသိုလ်တရားတွေသိပ်ကြီးမားလို့ အဲဒိ လူတစ်ယောက်အတွက် ၀ဋ် ဆိုတာနောင်ဘ၀ အထိ မစောင့် တတ်ပါ ဘူး ..ကာလ ၀ိပါတ် နောက် ပိုးတက် ဆိုသလိုပါပဲ..မသေခင်လဲ အကျိုးပေးတတ်ပါတယ်။.

၈၈ အရေးအခင်းနဲ့ ဒီပဲယင်း လူသတ်ပွဲ တရားခံလို့  သတင်းထွက်ခဲ့တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်း ရဲ့ အသုဘ ကို နိုင်ငံတော်ဈာပနအဖြစ် နဲ့  အာဏာရှင်ကြီးက ချပေးနေတဲ့အချိန်မှာပဲ၊ သူတက်ရောက်ဆေးကုသခဲ့တဲ့ စင်္ကာပူ ဆေးရုံကြီး မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းများက တဆင့်သတင်းသဲ့သဲ့ထွက်လာခဲ့ပါတယ်။ ကြားလိုက်ရတာကတော့ နောက်ဆုံးအချိန်တွေမှာ ဝေဒနာခံစားရင်း မချိမဆန့်  ညဉ်းသံကအူသံကြီး လို ဆူညံစွာ မရပ်တန်း ဆက် တိုက်ထွက်နေလို့  ဘေးပတ်ဝန်းကျင်မှပင် နားမခံသာဖြစ်ခဲ့ရပါတယ်ဆိုတာပါပဲ။ အဖြစ်မှန် ဟုတ်မဟုတ်တော့ ကိုယ်တိုင်မမြင်ရတဲ့အတွက် မသေချာပါ။ ဒီသတင်းဘယ်လောက်၊ မှန်တယ်မမှန်ဘူး ကလဲ တိုင်းပြည်အတွက် အရေးသိပ်မပါလှ ပါဘူး။စိတ်ဝင်စားစရာလဲ အထူးမရှိတော့ပါ။ ကောလ ဟလလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆိုချင်တာက သေခါနီးနိမိတ်ပုံများ၊ တမလွန်ဘ၀ခရီး ကို ယုံကြည်ကြမယ်ဆိုရင်တော့ မျိုးဆက်သစ် စစ်အရာရှိများ၊ အသက်ရှင်နေဆဲ လက်ရှိ ခေါင်းဆောင်များ ဆင်ခြင်သံဝေဂ ယူစေချင်တာပါပဲ။

အမှန်ဆို အာဇာနည်ခေါင်းဆောင်ကြီးများ ရဲ ၁၉၄၇ ခုနှစ် နိုင်ငံတော်ဈာပန ကြီးပြီးကထဲကခေတ်သစ် မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်စိုးဝင်း ရဲ့ နောက်ဆုံးခရီး ဟာ ဒုတိယအကြိမ်မြောက်နိုင်ငံတော်ဈာပနပါ။ ဒါပေမယ့် အာဇာနည် ခေါင်းဆောင်ကြီး များတုန်းက လို ရဟန်း ရှင်လူ ပြည်သူတရပ်လုံးကြိမ်မီးအုံး ပမာ၊ မျက်ရည်ဖြိုင်ဖြိုင်၊ ၀မ်းနည်းပူဆွေး၊ နှမြောတသနဲ့ ၊ လိုက်ပါပို့ ဆောင်ပေးခဲ့တဲ့ ၁၉၄၇ က နိုင်ငံတော်ဈာပနလို လူထုက အသိအမှတ်ပြုတဲ့နိုင်ငံတော်ဈာပန မဟုတ်ပဲ၊ ဆန့် ကျင်ဘက် မေတ္တာ ပို့ ကောင်းချီးပေး ခံစားပေးနေကြတာ ကိုကြည့်ရင် ၊ ဘယ် စစ် အာဏာရှင်မဆို ဘ၀ဇာတ်သိမ်းမကောင်းတတ်တဲ့အဖြစ်ကို စစ်အရာရှိများဆင်ခြင်စေလိုပါတယ်။

အခုနေ မှာဒီပဲယင်းတရားခံဘယ်ဘုံဘယ်ဘ၀ရောက်နေလဲဆိုတာကတော့သူ့ ပုဂ္ဂလိက သံသရာပြဿနာပါ။ ဒါပေမယ့် သူအစွမ်းကုန်သစ္စာ ရှိပေးခဲ့တဲ့ အာဏာရှင်ကြီး ဗိုလ်ချုပ်မှုးကြီးနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ ရဲ့ သတင်းစာထဲက ပုံကတော့ပန်းပန်လျက်ပါပဲလို့ ထင်ချင်စရာ ပါ။

တိုင်းပြည်အတွက်ကတော့ရက်စက်တဲ့စစ်အာဏာရှင် အဖွဲ့ ဝင်တစ်ယောက်လျော့ပါးသွားလို့ ဝမ်းမနည်းကြတဲ့အပြင် တစ်တောရှင်းသွားပြီလို့ တောင် ဆိုနေ ကြပါတယ်။ ဒါပေမယ့်လဲ သူတစ်ယောက်ထဲ မရှိတော့တာ နဲ့ တော့၊ စစ်အာဏာရှင်စနစ်ရှင်သန်ကြီးစိုးနေသမျှ လူမဆန်တဲ့  ဖိနှိပ် ရက်စက်မှုတွေ က မြန်မာပြည်မှာ ပပျောက်သွားဦးမှာမဟုတ်ပါ။

တစ်ကယ် တော့ စစ်အာဏာရှင်ခေါင်းဆောင်တွေအားလုံး ဟာ လူမသေသေးခင် ကထဲက ၊ သူတို့ ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ၊ သံဃာနဲ့ ပြည်သူတွေ ကိုသတ်ဖြတ်ခဲ့တဲ့အရိပ်မည်းတွေကြောင့် ၊ နာမည်တွေပုပ်သိုးသေဆုံးသွား ခဲ့တာကြာပါပြီ။သူတို့ အတွက် မြင့်မြတ်တဲ့ နိုင်ငံတော် ဈာပနဆိုတာကို မျှော်ကိုး နေစရာအကြောင်းမရှိတော့ပါ။ ပြည်သူ က ၀ိုင်းပြီး သူတို့ အမည်တွေကို သမိုင်းမှာ စုတ်ပြတ်သွားတဲ့ နာမည် ဈာပန ပွဲတွေ ချပေးခဲ့တာကတော့ ၁၉၈၈ လူထုအရေးတော်ပုံကြီးပြီးကထဲက ဖြစ်လို့ ပါပဲ….

အခု ၂၀၀၇ ရဲ့ သံဃာ့အာဇာနည်အရှင်သူမြတ်များရဲ့ သွေးစွန်း ခဲ့ရေ သာ စက်တင်ဘာမှာတော့ စစ်အာဏာရှင် ရဲ့ နာမည် ဈာပန ချ ပွဲ အသစ် များစွာ နဲ့ အတူ အာဏာရှင် စနစ်ဟာ လူထုရဲ့ ရင်ထဲမှာနာကျင် ကြေကွဲ မှုများစွာနဲ့ တစ်ခန်းရပ်သွားခဲ့ပါပြီ။ ပွဲသိမ်းဖို့ သာ ကျန်ပါတော့တယ်…

လူဆိုတာကိုယ့်သမိုင်းကိုရေးကြတာပါပဲ။ဒါပေမယ့် ကိုယ်ရေးလိုက် တဲ့သမိုင်းက ကိုယ့်တစ်ယောက်ထဲအတွက် ပုဂ္ဂလိကသမိုင်း မဟုတ်ပဲ လူ့ ဘောင်အသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်၊ အဆိုး၊ အကောင်း သက်ရောက်မှုရှိ မယ်ဆိုရင်တော့…လူထု ကတင်ပေးတဲ့မှတ်ကျောက်ဆိုတာ ကမ္ဘာတည်သရွေ့ ဖျက်လို့ မရတော့ပါဘူး။

ကျောက်ကောင်းရဲ့ အနှစ်ကို စစ်မစစ်ကြည့်ဖို့ မှတ်ကျောက်အတင်ခံရပါတယ်။တိုင်းပြည်ကို ၂၆နှစ်စိတ်တိုင်းကျချေမွသွားခဲ့တဲ့အာဏာရှင် ဦးနေ၀င်း နဲ့ ၊ သားသတ်သမားလို့ ဘွဲ့ ထူး ရခဲ့တဲ့ ဗိုလ်ချုပ်စိန်လွင်တို့ ရဲ့ မှတ်ကျောက် ဘယ်လိုမျိုးဆိုတာ .. ပြန်သတိပေးစရာ လိုတော့မည်မထင်ပါ။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီး တွေ ဟာ အသက် ခန္ဓာ မရှိတော့ပေမယ့် ၊ အမျိုးသားခေါင်းဆောင်ကြီး ၊ တပ်မတော်ဖခင်ကြီးအဖြစ်ကမ္ဘာ့ ရာဇ၀င်မှာတွင်ခဲ့တဲ့ သူ့ တို့ ရဲ့  နာမည်တွေ ကတော့၊ သမိုင်းမှာ ရဲရဲ ကြီး မှတ်ကျောက်အတင်ခံ ရဲ တဲ့အတွက် ကမ္ဘာတည်သရွေ့ သေဆုံးတော့မှာမဟုတ်ကြောင်း ပါ….

0 comments: