ကြွေလွင်.သွားသောတိမ်တိုက်များ
စီးပွားရေးကြပ်တည်း၍အိမ်ရှိအရွယ်ရောက်သူအားလုံးအလုပ်ထွက်လုပ်မှထမင်းနပ်မှန်အောင်စား
နိုင်သောခေတ်ကြီးတွင်မိမိဘ၀တိုးတက်ကောင်းမွန်ရေးအတွက်လစာအခွင်.အရေးပိုမိုကောင်းမွန်
သောနိုင်ငံရပ်ခြားသို.ပါလူငယ်လူရွယ်များထွက်လာ၍အလုပ်လုပ်ကြရသည်။ထိုသို.ထွက်ခွာလာကာ
ရေကြည်ရာမျက်နုရာစီးပွားရှာဖွေကြသူများတွင်မြန်မာအမျိုးသမီးငယ်များလည်းပါလာကြရသည်။
အထူးသဖြင်.နိုင်ငံရပ်ခြားတွင်မိဝေးဖဝေးဖြင်.စွန်.စားကာလာရောက်အလုပ်လုပ်နေကြသည်.မိန်းက
လေးတို.အဖို.လုပ်ငန်းခွင်အခက်အခဲများအပြင်ပတ်ဝန်းကျင်အသစ်နှင်.ထိတွေ.ဆက်ဆံရသည်မို.မိ
မိ၏ပုဂ္ဂလိကအဆင်ပြေကျန်းမာရေး၊ဘေးအန္တရယ်များမှကင်းဝေးလုံခြုံရေး၊ကိုယ်ကျင်.သိက္ခာမထိခိုက်
ရေးတို.အပြင်ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသည်မိမိနိုင်ငံကိုကိုယ်စားပြုသည်မို.မိမိ
တို.၏အပြုအမူများကမိမိတစ်ဦးချင်း၊မိမိ၏မိသားစုတင်မကမိမိနိုင်ငံ၏ဂုဏ်သိက္ခာကိုပါမြင်.တင်စေနိုင်
ထိခိုက်စေနိုင်သည်မို.အထူးသတိပြုသင်.ပေသည်။
အထူးသဖြင်.မြန်မာအမျိုးသမီးများအနေဖြင်.မွတ်ဆလင်အမျိုးသားများသိန်းနှင်.ချီ၍အလုပ်လာရောက်
လုပ်ကိုင်နေသည်.အရှေ.အလယ်ပိုင်းဒေသနိုင်ငံဖြစ်သောယူအေအီးနိုင်ငံဒူဘိုင်းတွင်ပို၍သတိထားရန်လို
အပ်ကြောင်းအောက်ဖော်ပြပါဖြစ်ရပ်များကသက်သေပြနေပါတော.သည်....
အဆုံး၏နိဂုံး
မျိုးမျိုး( အမည်အရင်းမဟုတ်ပါ ။ ) သည်ယူအေအီးနိုင်ငံ၏အကြီးဆုံးလေကြောင်းလိုင်းဖြစ်သောဒူဘိုင်း
အခြေစိုက် Emirates Airline ၏ customer service ဌာနတွင်အလုပ်ခန်.အပ်ခြင်းခံရသည်။
သူမတာဝန်ကျသည်ကအရှေ.အလယ်ပိုင်းဒေသ၏နာမည်ကျော်ဒူဘိုင်းလေဆိပ်...သူမတာဝန်က
business class ဖြင်.ဆိုက်ရောက်၊လိုက်ပါမည်.ခရီးသည်များနားနေရာခန်းမ lounge တွင်ဧည်.ခံကြို
ဆိုရသည်။မျိုးမျိုးအနေဖြင်.ယခင်ကလည်းမလေးရှားနိုင်ငံတွင်အလုပ်လုပ်ခဲ.သည်မို.ယခုအကြီမ်ပြည်ပ
သို.လာရောက်အလုပ်လုပ်ရာတွင်သိပ်မစိမ်းတော. ....
သူမအနေဖြင်.ကိုယ်.ကိုယ်ကိုယုံကြည်မှုပိုရှိလာခဲ.သည်။ အသက်ခြောက်နှစ်အရွယ်သမီးလေးတစ်
ယောက်ရှိသည်.အိမ်ထောင်သည်တစ်ယောက်မို.လည်းလူမျိုးခြားယောင်္ကျားလေးတွေနှင်.ပြောဆို
ဆက်ဆံရာတွင်အတွေ.အကြုံမရှိသေးသည်အပျိုရိုင်းကလေးလိုရှိုးတိုးရှန်းတန်းဖြစ်မနေတော.ပေ..
ခပ်တည်တည်ဖြင်.ပင်သူတို.ကိုပြောဆိုဆက်ဆံနိုင်ခဲ.သည်သာ...
ထိုထိုကာလသားများ၏ဖုန်းဖြင်.ဆက်ပြီးကြူတတ်သည်ကိုမလေးရှာတွင်နေကတည်းကကြားသိဖူး
သဖြင်.ယခုဒူဘိုင်းတွင်မိုဘိုင်းလ်ဖုံးပင်ဝယ်မကိုင်ခဲ.ပေ...
သို.သော်သူမ မသိနိုင်ခဲ.သည်ကဒီ ဒူဘိုင်းသို.ရောက်လာသူများကယခင်သူမ၊မလေးရှားတွင်တွေ.
ခဲ.ဘူးသည်.လူများလိုမဟုတ်။ယခုရှိနေကြသည်.အများစုကအစ္စလာမ်ဘာသာရေးစည်းကမ်းများ၊
လူမျိုးရေးဓလေ.ထုံးတမ်းများအရအမျိုးသမီးများကိုဖိနှိပ်ချုပ်ချယ်မှုများသောပါကစ္စတန်၊အိန္ဒိယ၊သီိ
ရိလင်္ကာ၊ဘင်္ဂလားဒေ.ရှ် စသောနိုင်ငံများမှမွတ်ဆလင်၊ဟိန္ဒူကုလားအမျိုးသားများပင်...
ထိုသူများကမိန်းမဆို၍ကလေးနှင်.ခွေးသာခြေလက်အင်္ဂါအစုံအလင်မြင်ခဲ.ဖူးသူများမို. (သူတို.နိုင်
ငံကအမျိုးသမီးတွေကအပြင်ထွက်လျှင်ခေါင်းမြီးခြုံကြရသည်၊အိမ်တွင်းပုံးကြရသည်လေ..)
မိသားစု၊ဇနီးမယားများနှင်.အကြာကြီးခွဲနေကြရသည်.အပြင်လွတ်လပ်စွာဝတ်ဆင်ခြယ်သ၍အလှ
ကြီးလှ၊အပြကြီးပြနေကြသည်.အာရှသူမနူးမနပ်လေးများကိုတွေ.မြင်ကြရသည်.အခါထိုသူတို.၏စိတ်
ဆင်ရိုင်းကားချွန်းအုပ်၍မရသည်.နှယ်ဖြစ်တော.သည်။ထိုအခါနည်းမျိုးစုံသုံးကာရသည်.နည်းဖြင်.ဒွေ
နှစ်ဖော်သံဝါသဖို.အရေးကြိုးပမ်းကြတော.သည်။
မျိုးမျိုးသည်လည်းကလေးတစ်ယောက်မိခင်ဖြစ်စေကာမူသူမခင်ပွန်းကလည်းမလေးရှားတွင်အလုပ်
လုပ်နေသည်.အပြင်မိမိကိုယ်တိုင်လည်းဝတ်တတ်စားတတ်သည်မို.ချောမောလှပဆွဲဆောင်မှုရှိသူ
တစ်ဦးမို.လုပ်ငန်းခွင်တွင်သူမကို ”ပျိုလေးတို.အိမ်ဦးဆပ်သွားဖူးကိုအုံသည်.ကျေး ” ပမာပိုးပန်းသူ
တွေကတော.ရှိကြသည်သာ...
ထိုအထဲတွင်မူဆလင်၊ဟိန္ဒူကုလားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများလည်းပါဝင်ကြလေသည်။ သို.ကလို
ကလူ၏သို.မြူ၏သို.တစ်သွယ်၊လက်မောင်းလက်ဖျံကိုဓါးဖြင်.သူမနာမည်ခြစ်ကာချစ်သက်သေပြ
သည်.ချစ်လူမိုက်တို.၏နည်းလမ်းဖြင်.တစ်မျိုးတိုး၍တိုး၍ကြိုးစားကြသည်မို.ကလေးတစ်ယောက်မိခင်
အိမ်ထောင်ရှင်သူမ၏နှလုံးသားလည်းနှဲ.၍လှုပ်သည်.သစ်ငုတ်ပမာယိုင်နဲ.လာခဲ.ရတော.သည်...
မျိုးမျိုး၏ဘ၀အကြောင်းကိုသိထားသည်.မိတ်ဆွေမြန်မာမိန်းကလေးများကသူမအိမ်ထောင်နှင်.သမီး
လေးကိုတော.ငဲ.ပါဦးဟုသတိပေးခဲ.သော်ငြားလည်းကယုကယင်၊အပင်.အမြှောက်၊အကြမ်းအရမ်း ထို
ဇတ်လမ်းဝယ်သူမနစ်မြောခဲ.မိလေသည်...
သို.နှင်.မစွန်းရင်းကလည်းရှိ၊ကန်စွန်းခင်းကလည်းငြိခဲ.ကြသည်မို.သူမနှလုံးသားကိုအပျိုရိုင်းကလေး
နှယ်ရင်ခုန်အောင်စွမ်းဆောင်နိုင်သည်.ထိုလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအိန္ဒိယသားနှင်.ချစ်၍ခေါ်ရာလိုက်
ခဲ.ပါသည်ဆိုသလိုအပြင်သို.လိုက်၍တစ်ကြိမ်လည်ပတ်ခဲ.ဖူးပြီ.....
မည်သူမျှမသိအောင်မိုဘိုင်းဖုံးပင်မကိုင်ခဲ.ပဲအလုပ်ထဲတွင်သာထိုသူနှင်.ဆက်သွယ်ချိန်းဆိုခဲ.သည်
တောင်မှအဆောင်နေခင်မင်ရင်းနှီးသည်.ညီမငယ်တစ်ဦးကထိုနေ.ကသူမအပြင်သို.တစ်ယောက်
တည်းထွက်သွားသည်ကိုသိသွားပြီးပြန်လာသည်အထိအဆောင်တိုက်အောင်.မှစောင်.နေခဲ.သည်မို.
မတတ်သာသည်.အဆုံးထိုညီမတစ်ဥိးကိုတော.ပြောပြခဲ.ရသည်။သို.သော်ထိုကုလားသူမကိုဘယ်ခေါ်
သွားသည်ကိုတော.ရေရေရာရာမပြောပြခဲ....တက္ကစီသမားကပဲလမ်းတွေကိုကွေ.ပတ်ပြီးအကြာကြီး
မောင်းနေသလိုလို၊သူမတို.နေသည်.အဆောင်နှင်.များစွာမဝေးကွာလှသည်.သာယာလှပသော
အယ်လ်မန်ဇာကမ်းခြေပန်းခြံသို.ပဲရောက်သွားသလိုလိုသာပြောခဲ.သည်....
သို.သော်သူမ၏နောက်တစ်ခေါက်ရင်ခုန်လှိုက်မောဖွယ်ချစ်စွန်.စားခန်း၏အဆုံးသတ်ကားမလှပခဲ.ချေ။
ရင်နင်.ဖွယ်အဖြစ်ဆိုးနှင်.ကြုံတွေ.ခဲ.ရလေသည်။သူမကိုစောင်.ကြည်.နေသည်.ခင်မင်ရင်းနှီးသော
ထိုညီမငယ်နေမကောင်း၍အိပ်နေသောတစ်ညနေတွင်သူမရည်းစားထိုကုလားခေါ်ရာသို.သွားခဲ.သည်။
ထိုနေ.ညမှစ၍သူမအဆောင်သို.ပြန်မရောက်လာနိုင်ခဲ.ပေ... တစ်ရက်၊နှစ်ရက်၊သုံးရက်... သူမအခန်း
ဖော်သူငယ်ချင်းများကသူမ ပြန်လာနိုးစောင်.နေခဲ.ကြသည်။ဆက်သွယ်စရာမိုဘိုင်းဖုံးလည်းမရှိခဲ.သည်
မို.သူမဘယ်သို.သွားခဲ.သည်ဆိုတာမရေမရာရှိခဲ.သည်...
သို.နှင်.သူမပြန်မလာသည်.ရက်တွေကြာလာတော.အလုပ်ဌာနမှတစ်ဆင်.ရဲစခန်းသို.အကြောင်းကြား
ရတော.သည်။ထိုမှစ၍သူမနှင်.ပတ်သက်ခဲ.သောထိုကုလားကိုရဲစခန်းတွင်ခေါ်ဆောင်စစ်ဆေးခဲ.သည်။
သို.သော်သူကထိုနေ.ညကကသူမနှင်.အပြင်သို.သွားရောက်လည်ပတ်ပြီးသူမနေထိုင်ရာအဆောင်လမ်း
ထိပ်ကုန်စုံဆိုင်နားအထိပို.ပေးခဲ.သည်ဟုဆိုခဲ.သည်။
သူမအဆောင်အထိတော.လိုက်ပို.ပေးရန်သူမကငြင်းဆိုခဲ.၍ထိုလမ်းထိပ်မှပင်သူနေထိုင်ရာနေရာသို.
ပြန်သွားခဲ.သည်ဟုထွက်ဆိုခဲ.သည်။သူမနေထိုင်ရာအဆောင်မှအခန်းဖော်များ၊ရင်းနှီးသူများကိုရဲစခန်း
ကခေါ်ယူစစ်ဆေးခဲ.သော်လည်းသူမကိုယ်တိုင်ကခပ်အေးအေးနေခဲ.သည်မို.မည်သူမှသေချာရေရာ
သည်.အဖြေမပေးနိုင်ခဲ.ပေ...
နောက်ဆုံးခြောက်ရက်မြောက်နေ.တွင်တော.သူမနေထိုင်သည်.အဆောင်တိုက်နှင်.အနီးအနားရှိ
ဆောက်လက်စတိုက်ခန်းမြေကွက်လပ်ဘေးရှိရေထုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှသူမ၏
အ၀တ်အစားမဲ.ခန္ဓာကိုယ်ရုပ်အလောင်းကိုဆောက်လုပ်ရေးအလုပ်သမားတစ်ဦးကတွေ.ရှိပြီးရဲကို
အကြောင်းကြား၍လာရောက်ဖော်ယူတွေ.ရှိခဲ.ရတော.သည်...
နုံနက်အလုပ်သွားသည်.အချိန်ဖြစ်သည်.အပြင်ရဲများကလည်းမည်သူ.ကိုမှအနားသို.ပေးမလာသည်.
အတွက်သူမအလောင်းကိုမြင်တွေ.လိုက်ရသည်.မြန်မာမရှိခဲ.ပေ...မြန်မာများအတွက်အားငယ်စရာ
ကားဒူဘိုင်းတွင်မြန်မာသံရုံးလည်းမရှိ၊မြန်မာများစုစည်းထားသောအသင်းအဖွဲ.လည်းမည်မည်ရရမရှိ
၍မည်သို.မျှအကူအညီတောင်း၇န်မရခဲ.ပေ....
ဒူဘိုင်းရဲများကတော.အလောင်းတွေ.ရှိပြီမို.စစ်ဆေးမေးမြန်းမှုများပိုမိုပြုလုပ်လျှက်ရှိသည်။
စုံစမ်းစစ်ဆေးမှုများမပြီးပြတ်သေးသည်.အတွက်သူမသေဆုံးခဲ.ရသည်.အကြောင်းအရင်းပင်တိကျစွာ
မသိရသေးပေ..ညအချိန်မတော်မှောင်မိုက်ချိန်တစ်ယောက်တည်းပြန်လာသည်.သူမကိုလူပြတ်သည်.
ထိုလမ်းထောင်.တွင်ကုလားများကအဓမ္မပြုကျင်.ပြီးအသတ်ခံခဲ.ရသည်ဟုသာကောက်ချက်ချထားရ
တော.သည်။
ဒူဘိုင်းရှိမြန်မာအသိုင်းအ၀ိုင်းတွင်ပထမဦးဆုံးဖြစ်သည်.ထိုအကြောင်းကိုကြားသိရသည်.မြန်မာအပေါင်း
ကားကိုယ်.လူမျိုးအမျိုးသမီးငယ်တစ်ဦးအားထိုကဲ.သို.အဖြစ်ဆိုးကျရောက်ခဲ.ရသည်.အတွက်သူမအ
တွက်ရောကျန်ရစ်ခဲ.သည်.သမီးငယ်နှင်.ခင်ပွန်းမိသားစုအတွက်ပါစိတ်မကောင်းခြင်းကြီးစွာဖြစ်ကြ
ရသည်။
အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပေတကား.....
မှတ်ချက်
အခင်းဖြစ်ပွားရာနေရာသည်ကိုပီတာတို.နေထိုင်ရာအဆောင်၏အနောက်ဘက်လမ်းတွင်ဖြစ်၍
တော်တော်နီးပါသည်။သို.သော်ထိုနေ.ကတစ်နေ.လုံးအလုပ်ထဲသို.ရောက်နေပြီးညဉ်.နက်မှပြန်ရောက်
၍အခြေအနေကိုသွားမကြည်.နိုင်ခဲ.ပါ။ဖုံးဖြင်.သာနီးစပ်ရာဆက်သွယ်စုံစမ်း၍သိရလောက်ရေးသား
တင်ပြထားခြင်းဖြစ်ပါသည်။
ယနေ.ထုတ်ဒူဘိုင်းသတင်းစာပါသတင်းပါ....
Missingwoman’s body found in sewer
သူမ၏ရုပ်အလောင်းကိုဆယ်ယူစဉ်
Dubai: A construction worker discovered the body of a dead Myanmarese woman in a manhole in Al Nahda, Dubai, on Sunday morning.
The labourer, who was one of many at the scene, discovered the body at around 10am.
The Dubai Police were contacted and the Criminal Investigation Department (CID) cordoned off the area. An ambulance later arrived to collect the body.
Eyewitnesses at the scene said the workers who found the body were horrified. Some said the woman was "completely naked".
"I first saw her legs pointing outwards and her head trapped inside. It is horrific & I just can't believe what I saw," one of the workers said.
According to Colonel Khalil Al Mansouri, Director of the CID, the Burmese waitress had been reported missing five days earlier by her roommates and employer, Emirates airline.
"One of her male Indian colleagues, whom she had a relationship with, has been in police custody since the day she was reported missing as it is believed he was the last person to be seen with her. We are still investigating the cause of death," he told Gulf News.
A roommate said the deceased, 30, was "a beautiful, young, petite woman who was kind, loving and friendly - especially to her Myanmarese roommates".
She said they had come to Dubai together in September 2008.
"She told us she befriended a colleague around 15 to 20 days ago and that he proposed to her. I don't know if they were in a relationship. I think she saw him only as a friend," the roommate said.
The woman said she last saw her friend on February 15, while on duty.
ကိုယ့်အတွက်အား
5 years ago
12 comments:
ကိုပီတာ..ဒီနေ့မနက် အဲဒီ့အကြောင်း အီးမေးရတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ၂၀၀၃ လောက် တုန်းက တစ်ခါ သီရိလင်္ကာကုလားတစ်ကောင်နဲ့ မြန်မာမလေးတစ်ယောက် ဇာတ်လမ်းဖြစ်ပြီး သတင်းစာထဲ ပါသေးတယ်လေ။ တစ်ခြားအချိန်ဆိုရင် မြန်မာ ဆို မသိကြဘူး။ သိကြရင်လဲ ကောင်းတဲ့သတင်းနဲ့ မဟုတ်။ တတ်နိုင်သမျှ သတိထားကြဖို့ပါပဲ။ ကုလားက ကုလား၊ ဖားတွေလဲ ဖားအလျောက်ပါပဲ။ ပြောရရင်တော့လေ။
အစ်ကိုရေ
မိန်းမသားချင်း စာနာမိပါတယ် သနားမိပါတယ်။
ဒီလို အဖြစ်ဆိုးတွေနဲ့ အဝေးဆုံးမှာ နေချင်ပါတယ်။
ဒီသတင်းကို Gulfnews ဝက်ဆိုဒ်မှာ အမှတ်မထင်တွေ့ရပြီး ဖတ်လိုက်ရတယ်။ အဲဒါနဲ့ ..ဒူဘိုင်းဆိုရင်တော့ Bro ကိုပီတာ ရေးမှာပဲဆိုပြီး ကိုပီတာ ရဲ့ ဘလော့ဂ် ကို ချက်ချင်း ဝင်ကြည့်တဲ့အခါ ဆိုက်ဆိုက်မြိုက်မြိုက်ဖတ်ရတယ်။ ကိုပီတာ့ ဘလော့ဂ်ကို မဝင်ဖတ်ဖြစ်တာကြာပြီ။ အရင်ထဲက လာလာဖတ်နေကျ။
ခု ဒီအကြောင်းကတော့ ဖတ်ရင်းနဲ့ကို ရင်ထဲ ဆို့မိ ခံစားရတယ်။ ဘယ်လိုဖြစ်သွားမှန်းကို မပြောပြတတ်အောင်ဖြစ်သွားရတယ်။ မူရင်း Gulfnews ကနေ ဖတ်ရပြီးထဲက ..ကိုပီတာ ရဲ့ ဘလော့ဂ်မှာ ကိုပီတာ ရေးထားတာ ပြန်ဖတ်ရပြန်တော့ ပိုပြီး ပူလောင်ရတယ်။
နောက်ဆက်တွဲတွေ သိရရင် ထပ်ပြောပါအုံးဗျာ။
အေးဗျာ...
ကျွန်တော်လဲတော်တော်စိတ်မကောင်းဖြစ်ရတယ်။
သူ. personal ကတစ်ပိုင်းပေါ.လေ...
အခုအထိတော.ရဲတွေကစစ်ဆေးမေးမြန်းနေကြ
တုန်းပါပဲ...
အလုပ်တွေများနေတဲ.ကြားကကြိုးစားပြီးရေးထား
ရတာမို.သိပ်တော.မသေသပ်ဖူးဗျာ...
ကိုပီတာရေ...
ဖတ်၇တာစိတ်မကောင်းဘူးဗျာ...
ထိုင်းမှာနေခဲ့ တုန်းကလည်း ဒီသတင်းတွေ ဒီမြင်ကွင်းတွေ ခဏခဏမြင်ရကြား၇တယ်...။
မြန်မာနိုင်ငံသားမိန်းကလေးတွေ တစ်ခြားနိုင်ငံမှာ
နေ၊ထိုင်၊စား၊သွား အားလုံးသတိရှိသင့်တယ်..။
[ဟုတ်တယ် ကိုပီတာရေ
ဒီသတင်းဖတ်ပီး၂ချင်း ကော်မန့်တာ စက်ကကြောင်ပီး ဂျီတော့ကြောင်နေတာနဲ့ မပေးဖြစ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ကိုယ့်အမျိုးသားအချင်းချင်း ကူညီစောင့်ရှောက်ကြဖို့လိုပါပီ။
မြန်မာမိန်းကလေးတွေလဲ ဒီထက်မက သတိထားကြဖို့လိုပါပီလေ
အစ်ကိုရေးထားတာ ကောင်းပါတယ်အစ်ကို
ကျွန်တော်ရေးထားတာထက် ကောင်းပါတယ်
ခုကျွန်တော်လည်းနောက်ဆက်တွဲသတင်းတွေ ဆက်ရေးပေးဖို့ရှိပါတယ်
အမျှဝေဖို့ကိစ္စကတော့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပဲ
ခက်တာက အဆောင်ကို ကျွန်တော်တို့ ကုမ္ပဏီဝန်ထမ်း တွေတောင်ဝင်ဖို့ ခက်နေတယ်
ကြိုးစားကြည့်ပါဦးမယ်
ဒူဘိုင်းက မြန်မာတွေ စည်းလုံးဖို့ အချိန်တန်နေပြီလို့ထင်ပါတယ်
ဘာကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး ဗျာ။ အပြစ်လည်း တင်မိတယ် ။ သနားလည်း သနားတယ် ။ ဇာတ်သိမ်း ဆိုးလိုက်တာ ။ ပြည်ပရောက် မြန်မာမိန်းကလေး တွေ သတိကြပ်ကြပ်ထားသင့်တယ်။
မင်းဒင်
ဖတ်ရတာ စိတ်မကောင်းစရာပါပဲ အကိုပီတာရေ...
ပြည်ပရောက် မြန်မာမိန်းကလေးတွေ သတိပြုဆင်ခြင်သင့်တဲ့ အချက်ပေါ့...
နောက်ဆက်တွဲ သတင်းထူးရင်လည်း တင်ပါဦး အကိုရေ... :)
ကိုပီတာရေ...
ကြားရတာ စိတ်မကောင်းဖြစ်မိတယ်။
ဒါပေ့မယ်..ကိုပီတာရေ. ဒါမျိုးတွေရေးရင် သေချာမှ ရေးတာကောင်းမယ် ထင်တယ်.
ဒီ link မှာ http://www.thenational.ae/article/20090226/NATIONAL/436819367/1010/NEWS ဖတ်ရတာတော့ ကောင်မလေးကို လိင်ဆိုင်ရာ အကြမ်းဖတ်ခြင်း မခံရဘူးလို့ ဆိုထားလို့ပါ။
ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတော့ သေပြီးရင်တောင် သိက္ခာက အရေးကြီးတယ်လေ။
စိတ်မကောင်းစရာပဲဗျာ။ :-(
http://myoversealife.blogspot.com/2009/02/httpwwwzawphyowaicocc200902blog.html
http://www.zawphyowai.co.cc/2009/02/blog-post_8231.html
ဒီပို့ စ်၂ခု ကို ဖတ်ပြီး ကိုပီတာရဲ့ ပို့ စ် အကြောင်း ကို အသေးစိတ် သိချင်လာမိပါတယ် ကိုပီတာ နဲ့  အဲဒီ အမျိုးသမီး ရင်းနှီးသလားဟင်
Post a Comment