မိုဘိုင်းလ်ဖုန်းအသုံးပြု ခြေရာခံစနစ် Google Latitude

Tuesday, February 10, 2009
google ရဲ.မိုဘိုင်းလ်ဖုန်းခြေရာခံစနစ်

    မျက်စေ.အောက်ကအပျောက်မခံနိုင်အောင်ဖြစ်နေရသူတွေအတွက်အကြိုက်တွေ.စေမယ်.၀န်
ဆောင်မှုအသစ်တစ်ခုကိုGoogle ကတင်ဆက်လိုက်တဲ.အကြောင်းလေး planet journal မှာဖတ်
မိလို.ပြန်လည်ဝေငှလိုက်ပါတယ်။
   အဆိုးနဲ.အကောင်းဆိုတာနေရာတိုင်းမှာဒွန်တွဲနေတာမို.ကိုယ်.ဇနီးခင်ပွန်းကစလို.ရာဇ၀တ်မှုကို
ကျူးလွန်မည်.သူများကိုပါတစ်ချိန်လုံးသူတို.ဘယ်မှာရောက်နေတယ်ဆိုတာသိနိုင်သလို.၊မလိုလား
အပ်သူတွေအနေနဲ.လဲဒုက္ခပေးနိုင်မယ်.အခွင်.အရေးတွေပိုရသွားနိုင်ပါသေးတယ်။
   ဘာပဲဖြစ်ဖြစ်မကြာခင်မှာတစ်ကမ္ဘာလုံးမှာတွင်တွင်ကျယ်ကျယ်အသုံးပြုလာမှာဖြစ်တော.တာမို.
နည်းပညာဗဟုသုတအတွက်တင်ပေးလိုက်ပါတယ်။
   Planet ကိုတော.ခွင်.ပြုချက်မတောင်းနိုင်ပဲတင်လိုက်ပါတယ်။အများအတွက်ဗဟုသုတဖြစ်စေမယ်.
ဆောင်းပါးမို.နားလည်ခွင်.လွတ်နိုင်မယ်လို.ယုံကြည်ပါတယ်။




Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသည့် ခြေရာခံစနစ်တစ်ခုအား ထုတ်လုပ်လိုက်ပြီး မိဘများအနေနှင့် သားသမီးများ မည်သည့်အချိန်တွင် မည်သည့်နေရာ ရောက်ရှိနေမည်ကို လွယ်ကူစွာ သိရှိနိုင်မည့် ၀န်ဆောင်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအခြေအနေကြောင့် အိမ်ရှင်မကို လှည့်ပတ်ပြောဆိုကာ အလည်အပတ် ၀ါသနာထုံသော ယောက်ျားများအတွက် စိတ်ညစ်စရာ ဖြစ်လာနိုင်ကြောင်းလည်း ပညာရှင်များကဆိုသည်။ Google Latitudeဟု အမည်ပေးထားသော အဆိုပါ Softwareသည် မိုဘိုင်းလ်ဖုန်း Versionအမြင့်စားများတွင် အသုံးပြုနိုင်ပြီး Blackberryလက်ကိုင် ကွန်ပျူတာ အငယ်စားလေးများတွင်လည်း ထည့်သွင်းထား နိုင်မည်ဖြစ်သည်။ ထိုService အသက်ဝင် လှုပ်ရှားလာချိန်တွင် ဖုန်းကိုင်ဆောင်သူ ရောက်ရှိနေမည့်နေရာကို အခြားမိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားပြီး ၎င်းကိုယ်တိုင်က သိရှိစေရန် ခွင့်ပြုထားသူများက မြေပုံမှတဆင့် သိရှိနေမည်ဖြစ်သည်။ Googleကမူ ယခုဝန်ဆောင်မှုသည် မိမိအလေးထား မြတ်နိုးသူတစ်ဦးကို မျက်စိအောက်မှ အပျောက်မခံနိုင်သူများအတွက် အကောင်းဆုံး တီထွင်ဆန်းသစ်မှု တစ်ခုဟု ညွှန်းဆိုထားသည်။ သို့သော်လည်း အချို့သူများက ယခုServiceကြောင့် Privacyပိုင်းတွင် ထိခိုက်လာမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။ ထိုSoftwareတွင် Google Mapနောက်ဆုံး Versionပါ တပေါင်းတည်း ပါဝင်နေပြီး ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံပေါင်း (၂၄)ခုတို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Google၏ ထုတ်ကုန်မန်နေဂျာ ဒေးဗစ်လီးကမူ ဖုန်းအသုံးပြုသူသည် ၎င်း၏နေရာကို မသိစေချင်သူများ ကမ်းလှမ်းလာမှုကို Rejectပြုလုပ်နိုင်မည် ဖြစ်သောကြောင့် Privacyအတွက် ခြိမ်းခြောက်မှု တစုံတရာ မဖြစ်နိုင်ပါဟု သုံးသပ်ထားသည်။ ထိုServiceကို အသုံးပြုရန် GPSစနစ်တော့ လိုအပ်နေကြောင်းလည်း Googleက ရှင်းလင်းပြောကြားထားသည်။ Google Latitudeသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူ၏ တည်နေရာကိုသာ ညွှန်ပြမည်ဖြစ်ပြီး ထိုသူ၏ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများကိုမူ ဖော်ထုတ်ပြသထားမည် မဟုတ်ဟုဆိုသည်။ လက်ရှိအချိန်တွင် Google Latitude ၀န်ဆောင်မှုကို အမေရိကန်နှင့် ဗြိတိန်တို့တွင် အသုံးပြုနိုင်ကြောင်း သိရသည်။

0 comments: