Tuesday, October 5, 2010
Clown wins Congressional election in Brazil
ဘရာဇီးနိုင်ငံမှ လူရွှင်တော် ( လူပျက် ) တစ်ဦးဟာ လွန်ခဲ့ သည့် တနင်္ဂနွေနေ့ ကကျင်းပပြုလုပ်ခဲ့ သည့် ရွေး
ကောက်ပွဲတွင် ပြိုင်ဖက်အမတ်လောင်းများထက် မဲအသာဖြင့် လွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံခဲ့ ရလို့ 
၎င်းကိုယ်တိုင် ရယ်မောပျော်ရွှင်နေနိုင်ပြီဖြစ်ပါတယ်...
တီရီရီကာ သို့ မဟုတ် အမည်အရင်းအနေဖြင့် အိုလီဗေးရာဆီလ်ဗာ ဟုခေါ်ဆိုသည့် လူပျက်ဟာ ဆော်ပေါ်
လိုမြို့ ရဲ့ အောက်လွှတ်တော်အမတ်အဖြစ် မဲပေါင်း ၁.၃ သန်းကျော်အပြတ်အသတ်အနိုင်ရကာ ရွေးကောက်
တင်မြှောက်ခြင်းခံခဲ့ ရတာဖြစ်ပါတယ်...
" လူဆိုး " လို့ နာမည်ပြောင်ရှိတဲ့ ထိုအမတ်မင်းရဲ့ ရွေးကောက်ပွဲကြွေးကြော်သံဆောင်ပုဒ်ကတော့ "( သူတို့ 
ထက်တော့ ) ပိုပြီးဆိုးမလာနိုင်ပါဘူး " ဆိုတာပဲဖြစ်ပါတယ်...
 ကျွန်တော့် ကိုမဲပေးကြပါ...အားလုံးရယ်မောပျော်ရွှင်စေရပါ့ မယ်...
တရီရီကာ ဟာမဲပေါင်း ၁သန်း ၃သိန်း ၅သောင်းကျော် ရခဲ့ ပြီး သူနှင့်အတူရွေးကောက်ပွဲတွင် မဟာမိတ်
အဖြစ်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယအများဆုံး မဲရရှိခဲ့ သည့် ရီရိုပြည်နယ်အုပ်ချူပ်ရေးမှူးဟောင်း အန်တိုနီ ဂါရိုတင်
ဟို ပင် မဲပေါင်း ၆သိန်း ၉သောင်း ၄ထောင် သာရရှိကာ အမတ်အဖြစ်ရွေးချယ်ခံခဲ့ ရတာဖြစ်ပါတယ်...
၎င်းရရှိတဲ့ ဆန္ဒမဲများရဲ့ ပိုနေတဲ့ မဲများကို ၎င်းတို့ ပါတီနှင့် မဟာမိတ်ဖွဲ့ ထားသည့် လက်ရှိအာဏာရ အလုပ်
သမားပါတီ အပါအ၀င် ကိုယ်စားလှယ်လောင်းများ ကို ခွဲဝေပေးနိုင်သေးတာမို့ ၎င်းရဲ့ အောင်မြင်မှုဟာ တစ်
ခြားမဲဆန္ဒနယ်ပြိုင်ပွဲများကိုပါ အကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်...
၎င်းတို့ နှင့် အတူ ၁၉၉၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံအတွက် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ အောင်မြင်အောင်
ကစားပေးခဲ့ သည့် ရှေ့ တန်းတိုက်စစ်မှူး ရိုမာရီယို နှင့် ဘီဘက်တို တို့ လည်းအမတ်အဖြစ်ရွေးကောက်
တင်မြှောက်ခြင်းခံခဲ့ ကြရပါတယ်...
"အောက်လွှတ်တော်အမတ်အဖြစ်ဘာတွေလုပ်ရသလဲ ...ကျွန်တော်မသိပါဘူး...ဒါပေမယ့် ကျွန်တော့ ကို
မဲပေးကြပါ...ဘာလုပ်ရသလဲဆိုတာလေ့ လာပြီး ပြန်ပြောပြပါ့ မယ် " လို့ လည်း ၎င်းက မဲဆွယ်စည်းရုံးခဲ့ ပါ
သေးတယ်...
တရီရီကာ ဟာအသက်ရှစ်နှစ်အရွယ်မှာ ဖွံ့ ဖြိုးတိုးတက်မှုမရှိပဲ ဆင်းရဲမွဲတေသည့် နိုင်ငံအရှေ့ မြောက်ပိုင်း
စီအာရာ ပြည်နယ်မှာ ဆပ်ကပ် လူရွှင်တော်အဖြစ် အလုပ်လုပ်ခဲ့ ရတာဖြစ်ပြီးယခုအခါမှာတော့ တီဗီအစီ
အစဉ်လူရွှင်တော်တစ်ဦးဖြစ်ပါတယ်...
တရီရီကာ ဟာလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံနိုင်ရန်လိုအပ်ချက်ဖြစ်သည့် စာရေး၊ စာဖတ်
ခြင်းကိုပင် မတတ်မြောက်ပါဘူးဟူသော ကန့် ကွက်မှုကို နောက်ဆုံးအချိန်တွင်ကျော်လွှားနိုင်ခဲ့ ပြီး အောင်
မြင်စွာအရွေးချယ်ခံခဲ့ ရတာဖြစ်ပါတယ်...
သို့ သော်လည်း ရွေးကောက်တင်မြှောက်ခံရပြီးနောက် ၎င်းအနေနှင့် စာရေးတတ်၊ ဖတ်တတ်ကြောင်း သက်
သေမပြနိုင်ခဲ့ လျှင်တော့ ရာထူး၊ တာဝန်မှ ပြန်လည်ဖယ်ရှားခြင်းခံရဖွယ်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်
အဲလေ....အာဏာပိုင်တွေက ပြောဆိုခဲ့ ပါတယ်...
စာတောင်မရေးတတ်၊ မဖတ်တတ်သူက အမတ်မင်းဖြစ်သတဲ့ လားဗျာ...
တိုးတက်ကြီးပွားမယ့် လက္ခဏာပါပဲ...
ရယ်စရာအလွန်ပြောတတ်တဲ့ လူပျက်တွေအမတ်ဖြစ်တော့ မယ့် ခေတ်ပါပဲ...
A Brazilian clown has had the last laugh by winning a seat in Congress with more votes than any other candidate in Sunday's elections.
Tiririca, or Francisco Oliveira Silva to give him his real name, was elected as a federal deputy for Sao Paulo with more than 1.3 million votes. Tiririca, or "Grumpy", had slogans such as: "It can't get any worse."
Tiririca won 1,353,355 votes - well ahead of the next best-supported politician, former Rio state governor Antony Garotinho, who took more than 694,000 votes to be elected a federal deputy for the state. Tiririca's sucess could also have a bearing on other election races, as he can pass on his excess votes to other candidates in his party's coalition, which includes the governing Workers Party.
Joining them in Brasilia will be Romario, the striker who helped Brazil win the 1994 World Cup. Fellow footballer and 1994 team-mate Bebeto was elected state deputy for Rio. 
"What does a federal deputy do? Truly, I don't know. But vote for me and I will find out for you," was one of his messages.
Tiririca started working in a circus at the age of eight in the impoverished north-eastern state of Ceara, and is now a TV comedian.
Tiririca survived a last-minute legal challenge to his candidacy amid evidence that he did not meet the literacy requirement for elected office. However, the electoral authorities indicated he could be removed from office if he failed to show he can read and write after the election.
0 comments: