Two women caned in Indonesia for selling food during Ramadan

Saturday, October 2, 2010
မွတ်ဆလင်ဥပုတ်လအတွင်း ထမင်းရောင်းမိလို့ အမျိုးသမီးနှစ်
ဦးအား အင်ဒိုနီးရှားနိုင်ငံတွင်ကြိမ်ဒါဏ်ပေး...

အင်ဒိုးနီးရှားနိုင်ငံမှ အမျိုးသမီးနှစ်ဦးဟာ မွတ်ဆလင်ဘာသာဝင်များရဲ့ ဥပုတ်လ ရာမာဒန် ကာလအတွင်း
အစားအသောက်များရောင်းချခဲ့ မိလို့ အများပြည်သူရှေ့ မှောက်တွင် ကြိမ်ဒါဏ်အပြစ်ပေးခံခဲ့ ရပါတယ်...
အသက် ၂၇ နှစ်ရှိ မာနီအမ်မရစ်စ် အမည်ရှိအမျိုးသမီးက ကြိမ်ဒါဏ် ၃ ချက်၊ အသက် ၂၂ နှစ်အရွယ်ရှိ ရူ
ကီယာ အဗ္ဗဒူလာ က ကြိမ်ဒါဏ် ၂ ချက် စီ မျှ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒါအာချေပြည်နယ် အရှေ့ တောင်ပိုင်း
မြို့ တော် ဂျန်သို ရှိဗလီတစ်ခုတွင် လာရောက်စုရုံးနေခဲ့ကြသည့် လူအုပ်ကြီး၏ရှေ့ မှောက်တွင် အပြစ်ပေး
ရိုက်နှက်ခြင်းခံခဲ့ ကြရတာဖြစ်ပါတယ်....
၎င်းတို့ ၂ ဦးဟာ မူဆလင်များဥပုတ်စောင့် သည့် ပွဲတော်ကာလအတွင်း နေ့ လည်ခင်းတစ်ခုမှာ ဆိုင်ခင်းပြီး
ထမင်းရောင်းခဲ့ မိသဖြင့် အစ္စလာမ်ဘာသာရေးဆိုင်ရာ ရှာရီးယားဥပဒေကိုချိုးဖောက်ကြတာဖြစ်တယ်လို့ 
ဆိုပါတယ်...

Murni Amris receives three lashes after being caught selling food to the public in Aceh during the holy month of Ramadhan
ရာမာဒန် အစ္စလာမ်ဥပုတ်လ အတွင်း ထမင်းရောင်းမိလို့ ကြိမ်ဒါဏ် သုံးချက်အရိုက်ခံရတဲ့ 
မာနီအမ်မရစ်စ်....
Murni Amris receives three lashes after being caught selling food to the public in Aceh during the holy month of Ramadhan

ရာမာဒန် ဥပုတ်လအတွင်မှာ မူဆလင်များဟာ နံနက်အာရုဏ်မတက်ခင်ကနေ ညနေပိုင်းနေ၀င်ချိန်အထိ
အစာမစား၊ရေမသောက်ပဲ ဥပုတ်စောင့် ကြရပါတယ်...
အစ္စလာမ်ဘာသာရေး ရှာရီယားဥပဒေကို အာချေ ပြည်နယ်မှာ ၂၀၀၅ ခုနှစ်၌စတင်ပြဌာန်းခဲ့ ပါတယ်...
ထိုပြည်နယ်ဟာ ထိုဘာသာရေးဥပဒေကို လက်ခံကျင့် သုံးတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်နယ်အချို့ ထဲကတစ်ခု
လည်းဖြစ်ပါတယ်...
အာချေ ဘာသာရေးရဲတပ်ဖွဲ့ အကြီးအကဲ မာဇူကီအဗ္ဗဒူလာ ရဲ့ အဆိုအရ မစ္စအမ်မရစ်စ် က အဆိုပါထမင်း
ဆိုင်ပိုင်ရှင်ဖြစ်ပြီး မစ္စအဗ္ဗဒူလာ ကတော့ ထမင်းရောင်းတဲ့ လုပ်သမားဖြစ်ပါတယ်လို့ သိရပါတယ်...
" ထိုအမျိုးသမီးနှစ်ယောက်ဟာ ရာမာဒန်ကာလအတွင်း နေ့ ခင်းပိုင်းဆိုင်ခင်းပြီးထမင်းရောင်းနေခဲ့ ကြတာ
ဖြစ်ပါတယ်...ဘာသာရေးဥပဒေအရ ဥပုတ်စောင့် နေသည့် အချိန်ကာလအတွင်းမှာ အစားအသောက်များ
ရောင်းချခြင်းကိုတားမြစ်ထားပါတယ်..." လို့ သူကပြောကြားခဲ့ ပါတယ်...
ရာမာဒန်ဥပုတ်ကာလအတွင်း မည်သူမဆို ဘာသာရေးဆိုင်ရာစည်းကမ်းများလိုက်နာရန်ပျက်ကွက်ပါက၊ 
ထောင်ဒါဏ်တစ်နှစ်၊ ဒါဏ်ငွေ ရူပီးတစ်သန်း ( ဒေါ်လာ ၃၄၀ ) သို့ မဟုတ် အများပြည်သူမျက်မှောက်တွင်
ခြောက်ချက်ထက်မပိုသောကြိမ်ဒါဏ်ကျခံရမည် ဟူသော စည်းကမ်းဥပဒေကို ချိုးဖောက်မှုဖြင့် ထိုအမျိုးသ
မီးနှစ်ဦးကို လွန်ခဲ့ သောသြဂုတ်လ ၂၃ ရက်နေ့ က ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု မစ္စတာအဗ္ဗဒူလာ က ဂျကာ
တာကမ္ဘာ့ သတင်းဌာန ကိုပြောကြားခဲ့ ပါတယ်...
သူတို့ ဟာ ဥပုတ်လ အချိန်အတွင်းမှာ ထမင်းချက်ပြီးရောင်းခဲ့ တာဖြစ်ပါတယ်...သူတို့ ကို ဘာသာရေးဆိုင်
ရာ တာဝန်ရှိသူများက ဘိုင်တူဆာလမ် ဒေသက သူတို့ ရဲ့ ထမင်းဆိုင်ကလေးမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်
လို့  ၎င်းကဆက်ပြီးပြောကြားခဲ့ ပါတယ်...

သူ့ အရပ်နဲ့ သူ့ ဇတ်ကတော့ ဟုတ်လို့ နေတာပါပဲ...

ဒါကြောင့် အဲဒီရာမာဒန်ကာလမှာတော့ မွတ်ဆလင်တိုင်းပြည်တွေမှာ ဥပုတ်ချိန်အတွင်းအပြင်မထွက်တာ
အကောင်းဆုံးပါပဲ....ရေဆာလို့ တောင်မှရေမသောက်ရတဲ့ အခြေအနေပါပဲ...
ရောင်းတဲ့သူလည်းမရှိ၊ စက်ကနေလည်းဝယ်ပြီး အများမြင်အောင်သောက်လို့ မရပါဘူး...
ဖမ်းမိလို့ ကတော့ တွေ့ တဲ့ အတိုင်းပါပဲ...
အပြစ်ဒါဏ်ကတော့ အခြေအနေ၊ အချိန်အခါနဲ့ ကျူးလွန်သူတစ်ဦးချင်းပေါ်မှာမူတည်ပြီးပြောင်းလဲနိုင်သွား
နိုင်ပါတယ်...


Two women have been publicly caned in Indonesia for selling food during Ramadan.
Murni Amris, 27, received three lashes and Rukiah Abdullah, 22, two in front of a crowd of hundreds which gathered at a mosque in the city of Jantho, southeast of the provincial capital, Banda Aceh, Indonesia.
They were found guilty of violating Islamic sharia law by selling rice on a stall at noon during the Muslim fasting festival.

During the holy month of Ramadan Muslims are supposed to fast from dawn to dusk. Sharia law was introduced in Aceh in 2005 and is one of several provinces to adopt the Islamic rule.
According to Marzuki Abdullah, head of Aceh’s sharia police, Ms Amris owned the food stall where Ms Abdullah was selling the rice.
He said: 'The two women were found selling rice in a stall at noon during Ramadan. The sharia forbids selling food during fasting hours at Ramadan.'
Mr Abdullah told the Jakarta Globe the women had been arrested on August 23 for violating the regulation that stipulates: 'Whosoever prepares facilities for Muslims that do not fulfill religious standards during the fasting month of Ramadan faces either a year in jail, a fine of Rp 3 million ($340) or being caned in front of an audience for a maximum of six times.'
'They were selling cooked rice in the daytime during Ramadan. They were arrested by Shariah officers at a small stall in the Baitussalam district.,' he added.

2 comments:

ရွှေရတုမှတ်တမ်း said...

မရှိလို့ ထမင်းရောင်းစားမိပါတယ်တော်...
ကြိမ်လုံးနဲ့တွေ့ရသေး..တကယ်ဆို ဒုတ်တိုလောက်ဆိုတော်ရောပေါ့..

JulyDream said...

ကိုယ်တိုင် ထမင်း ဟင်း မချက်တတ်တဲ့သူတွေ ဘယ်လို လုပ်ရမလဲနော်။ အဲဒီကာလမှာဆို ဝယ်စားဖို့လည်း ဆိုင်က မရှိ။