One man and two brides in 24 hours

Monday, October 25, 2010
အကြံတော်ပိုင်လိုက်ပုံက...
 
ပထမမြောက် မင်္ဂလာပွဲတွင်တွေ့ ရသည့် သတို့ သားနှင့် ဆွေမျိုးများ...

ပါကစ္စတန်နိုင်ငံမှ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ၎င်းချစ်မြတ်နိုးသည့်အမျိုးသမီးနှင့်၊ ၎င်း
၏မိဘဆွေမျိုးများမှ သဘောတူကာလက်ထပ်ရန်စီစဉ်ပေးသည့် အမျိုးသမီး နှစ်ဦးတို့ အကြား မည်သူ့ ကို
ယူကာ မင်္ဂလာဆောင်ရမည့် အရေးဗျာများနေရမှုကို ဖြေရှင်းသည့် အနေဖြင့် ထိုအမျိုးသမီးနှစ်ဦးစလုံးကို
၂၄ နာရီအတွင်း ဆက်တိုက်မင်္ဂလာဆောင်ခြင်းဖြင့် အကောင်းဆုံးဖြေရှင်းလိုက်သဖြင့်  ပါကစ္စတန်တစ်နိုင်ငံ
လုံး ( အထူးသဖြင့် အမျိုးသားထုကြီးကပေါ့ ဗျာ...) ရဲ့ အာရုံစိုက်၊ စိတ်ဝင်စားမှုကို ခံခဲ့ ရပါတယ်...
ပါကစ္စတန်နိုင်ငံရဲ့ ဥပဒေအရ အမျိုးသားများဇနီးမယားတစ်ယောက်ထက် ပိုယူခြင်းကို ခွင့် ပြုထားပေမယ့် 
အများအားဖြင့် တော့ ၎င်းတို့ ဟာ ပထမဇနီးသည်နှင့် အိမ်ထောင်ပြုပြီး နှစ်အတန်ကြာမှ ထိုဇနီးဖြစ်သူရဲ့ ခွင့်
ပြုချက်ရယူပြီး ( အမှန်တော့ ခွင့် မပြုလည်း အတင်းယူမှာပါပဲ...) ဒုတိယအကြိမ် ထပ်မံလက်ထပ်ကာအိမ်
ထောင်ပြုလေ့ ရှိကြပါတယ်...
အဇာဟိုက်ဒရီ အမည်ရှိအဆိုပါအမျိုးသားဟာ ပထမတော့ မိဘဆွေမျိုးများ သဘောတူညီမှုဖြင့် ငယ်စဉ်
ကလေးဘ၀ကတည်းက လက်ထပ်ရန်စေ့ စပ်ထားခဲ့ သည့် အသက် ၂၈ နှစ်အရွယ်ရှိ ဟူမိုင်ရာကဆင် အ
မည်ရှိအမျိုးသမီးကို လက်ထပ်ရန်ငြင်းဆန်ခဲ့ပါတယ်...
သို့ မှသာ ၎င်းအနေနှင့် ချစ်ကျွမ်းဝင်ခဲ့ရသည့် အသက် ၂၁ နှစ်အရွယ် ရူမနအဆလမ် လေးကိုလက်ထပ်နိုင်
မှာဖြစ်ပါတယ်...
သို့ သော်ထိုသို့ ဆုံးဖြတ်ပါက ၎င်း၏ပါကစ္စတန်နိုင်ငံ၏ဓလေ့ ထုံးတမ်းအစဉ်အလာကဲ့ သို့ ဖြစ်နေသော မိဘ
များကစီစဉ်ပေးသည့် မင်္ဂလာပွဲ ပျက်ပြားခဲ့ ပါက မိသားစုများလည်း စိတ်ဝမ်းကွဲကာ ခွဲခွာနေကြရမည်အထိ
စိုးရိမ်မှုရှိနေခဲ့ပါတယ်...


သူ့ ကိုမှ အတူတူချစ်ခဲ့ မိလေသမို့ ညီအစ်မရင်းသဖွယ်၊ သူငယ်ချင်းလိုတစ်သွယ် နေပါ့ မယ်
လို့ ဆိုတဲ့ သတို့ သမီး နှစ်ယောက်...
Brides Humaira Qasim, (centre right rear) and Rumana Aslam, (left rear) sit during the ceremony on Sunday as girls sing songs during the wedding ceremony between bride Humaira and groom Azhar Haidri who is unseen in this AP photo

" ဒါကြောင့် ကျွန်တော်က နှစ်ယောက်စလုံးကို လက်ထပ်ယူဖို့ အဖြေပေး ကမ်းလှမ်းလိုက်တာပဲဖြစ်ပါတယ်..
အမျိုးသမီး နှစ်ဦးစလုံးကလည်း အဲဒီအဆိုပြုချကို သဘောတူခဲ့ ကြပါတယ်..." လို့ ပါကစ္စတန်နိုင်ငံ အလယ်
ပိုင်းဒသက မြို့ တစ်မြို့ ဖြစ်သည့် မူလ်တန်မြို့ တွင် လွန်ခဲ့ သည့် တနင်္ဂနွေနေ့ က ကျင်းပခဲ့ သည့် သတိုးသမီး
ဟူမိုင်ရာနှင့်လက်ထပ်မင်္ဂလာပွဲမတိုင်ခင် ဟိုင်ဒရီက သတင်းဌာနကိုပြောပြခဲ့ ပါတယ်...
သူဟာ ရူမနာ ကို တနင်္လာနေ့ မှာ ဆက်ပြီးလက်ထပ်မှာဖြစ်ပါတယ်...
ယခုလိုထူးခြားဆန်းပြားတဲ့ အခြေအနေနှင့် ပြုလုပ်မယ့် မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားများကို ပါကစ္စတန်
နိုင်ငံ ရုပ်မြင်သံကြားလိုင်းများမှ ထုတ်လွှင့် ပေးသွားဖို့ လည်း စီစဉ်ထားကြပါတယ်...
အမျိုးသမီးနှစ်ဦးစလုံးကလည်း ယခုကဲ့ သို့ ( ခင်ပွန်းသည်တစ်ဦးတည်းကို ) လက်ထပ်မယ့် အပေးအယူ၊ သ
ဘောတူညီမှုဟာ သင့် မြတ်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပြီး ၎င်းတို့ နှစ်ဦးအနေနှင့် ညီအစ်မများလို၊ သူငယ်
ချင်းတွေလို နေထိုင်သွားကြဖို့ သဘောတူခဲ့ ကြပါတယ်....
" ကျွန်မတို့ နှစ်ယောက်စလုံး သူ့ တစ်ယောက်တည်းကိုပဲ ချစ်နေမိကြတဲ့ အပေါ် ကျွန်မကတော့ ဝမ်းသာမိ
ပါတယ်..." လို့ ရူမနာ ကပြောကြားခဲ့ ပါတယ်....
ဖိုးကံကောင်း ဟိုင်ဒရီ ဟာ တိုင်းရင်းဆေးဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ပြီး သူ့ ကိုယ်သူ
တော့ အလွန်ကံကောင်းတဲ့ သူအဖြစ် ယုံကြည်နေပါတယ်... ( ဟုတ်တာပေါ့ ကိုယ့် လူရယ်...)
" အမျိုးသမီးနှစ်ယောက်စလုံးက ကျေနပ်ပျော်ရွှင်စွာ ခင်ပွန်းတစ်ယောက်တည်းကို လက်ထပ်ကြဖို့ သဘော
တူတာကတော့ တစ်ကယ့် ကို ရှားပါတယ်ဗျာ..." လို့ သူကပြောကြားခဲ့ ပါတယ်...


သြော်....
သူများသားသမီးတွေများ ကံကောင်းချက်ကတော့ ....
ချစ်ဆွေကြီး ဘကြီးမိုးလည်း အဲဒီလိုများကံမကောင်းချင်ဘူးလားဗျာ...

A 23-year-old Pakistani man plans to marry two women in 24 hours, gaining national attention for his novel solution to a dilemma over wedding the woman he loves or going ahead with the marriage his family arranged.

Pakistani law allows polygamy. But men who take multiple wives usually do so years apart and must get approval from their first wife prior to a second marriage.
Azhar Haidri initially refused to mar ry 28-year-old Humaira Qasim -the woman to whom he has been engaged since childhood -because he wanted to marry the woman with whom he had fallen in love, 21-year-old Rumana Aslam.

But the decision threatened to split his family apart since arranged marriages are often customary in Paki stan.

"I gave this offer that I will marry both of them," Haidri told the news agency ahead of his first marriage to Humaira on Sunday in the central Pakistani city of Multan. "Both the girls agreed."

He is scheduled to marry Rumana on Monday (today).

Several Pakistani television stations plan to carry the nuptials live given the unique circumstances.

For their part, both women say they think the compromise is a good one and they plan to live as sisters and friends.
"I am happy that we both love the same man," Rumana said.

Haidri -an herbal medicine practi tioner -counts himself lucky.


"It is also very rare that two women are happily agreeing to marry one man," he said. -AP

2 comments:

မိုးယံ said...

ကောင်းပါတယ်လေ...... စိတ်ပျက်ဖို့ ။ နို့မဟုတ်လို့လား အရင်ယူထားရင် လဲ အများဆုံးငါးနှစ် ဆို နောက်တစ်ယောက်ကိုယူရင် အလားကားနေရင်း ရာထူးတိုးပြီး အပစ်ပယ်ခံဖြစ်နိုင်တယ်

နောက်မှ ယူရင်လဲ မယားငယ် ဖြစ်မယ့် အရေးဆိုတော့ ထုံးတမ်းစဉ်လာတွေ နောက်ထား။

ဒါနဲ့ ဘကြီးမိုးက အဲလိုဖြစ်လို့ ကောင်းမယ်ဆိုရင် တစ်ညတာ အရေးစိတ်မအေးလို့ ဘကြီးမိုးကို သနားမိဒယ်။ ဟာ ဟ

SHWE ZIN U said...

အမယ်လေး ဗျာ ယောက်ကျား ရှားလွန်းလို့