Town to fine women over skimpy outfits

Sunday, October 24, 2010

အတိုအလန်းလေးတွေဝတ်ယင် ဒါဏ်ငွေပေးဆောင်ရမည်.... 

                                                ဒီလိုတော့ ဖြင့် မ၀တ်နဲ့ ကွယ်... စိတ်လှုပ်ရှားရတယ်...

စာရိတ္တမဏ္ဍိုင်ကြံ့ ခိုင်ရေးအတွက် ထိန်းသိမ်းကြပ်မတ်သည့် အနေဖြင့် ဆောင်ရွက်သည့် အနေဖြင့် အီတလီ
နိုင်ငံမှ မြို့ ငယ်လေးတစ်ခုမှ တာဝန်ရှိသူ အာဏာပိုင်များသည် တိုလွန်းသည့် မီနီစကတ်များ၊ ရင်သားများ
အား အလွန်ဖော်ပြရာရောက်သည့် လည်ဟိုက်အင်္ကျီများဝတ်ဆင်ထားသည့် အမျိုးသမီးများအား ဒါဏ်ငွေ
ပေးဆောင်စေဖို့ လွန်ခဲ့ သည့် သောကြာနေ့ က ဆုံးဖြတ်ခဲ့ ကြပါတယ်...
ထိုသို့ တစ်ကယ်ပြတဲ့ သူငယ်မ များအနေနှင့် ဒါဏ်ငွေ ယူရို ၅၀၀ ပေးဆောင်ရမှာဖြစ်တယ်လို့ အဆိုပါမြို့ 
ငယ်လေးမှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေစည်းကမ်း အသစ်က ဆိုပါတယ်လို့ တယ်လီဂရပ်နေ့ စဉ်သတင်းစာ
ကဖော်ပြခဲ့ ပါတယ်...
နာမည်ကျော်မင်းသမီးများဖြစ်ကြသည့် မိုနီကာ ဘယ်လုစီ၊ ဆိုဖီယာလောရင့် တို့ ကဲ့ သို့ ဆွဲဆောင်မှုညို့ အားပြင်းသည့် မင်းသမီးများ ပေါ်ထွက်ခဲ့ သည့် နိုင်ငံတစ်ခုအတွက် ထူးဆန်းအံ့ သြဖွယ်ရာဖြစ်နိုင်လောက်
သည့် အမျိုးသမီးများအနေဖြင့် ဖော်ချွတ်ပြသမှုသဘောသက်ရောက်နိုင်သည့် အ၀တ်အစားများဝတ်ဆင်
ခြင်းကို နေပယ်လ်မြို့ အနီးရှိ ကက်စတလ်လမ်မာရီဒီ စတာဘီယာ မြို့ ကလေးတွင် တားမြစ်ပိတ်ပင်ခဲ့ ခြင်း
ဖြစ်ပါတယ်...

မြို့ နယ်အုပ်ချူပ်ရေးကောင်စီအနေနှင့် အမျိုးသားများနှင့် အမျိုးသမီးများပါ ဂျင်းဘောင်းဘီအတိုများကိုဝတ်
ဆင်ခြင်းများကိုလည်းတားမြစ်ထားသည့် ( နိုင်ငံသားကောင်း ) မြို့ နယ်သားကောင်း၊ သမီးကောင်းတိုင်းမ
ဖြစ်မနေလိုက်နာရမည့် စည်းကမ်းအသစ် ၄၁ ခုကိုထုတ်ပြန်ခဲ့ သည်ဟု သတင်းဖော်ပြချက်ကဆိုပါတယ်...
မြို့ ကလေး၏မြို့ တော်ဝန် လူအီဂီဘော့ ဘီယို က ယခုစည်းကမ်းများဟာ ရိုင်းစိုင်းကြမ်းတမ်းသောသူများ၊
စည်းကမ်းမဲ့ သူများ၊ အနေအထိုင်ကြမ်းတမ်းကာဟီရိသြတပ္ပမရှိသူများ ကိုသာရည်ရွယ်သည့် မြို့ ကြီးသားပီ
သ စေရနှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် ရည်ရယ်သည့် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်းပြော
ကြားခဲ့ ပါတယ်...

လာမည့်တနင်္လာနေ့ တွင်ကျင်းပမည့် မြို့ တော်ကောင်စီ အစည်းအဝေးတွင် အတည်ပြုရန်တင်ပြမည့် ယခုပြ
ဌာန်းခဲ့သည်စည်းမျဉ်းများအရ ပန်းခြံ၊ဥယျာဉ်များတွင်ဘောလုံးကစားခြင်းနှင့် အများပြည်သူမြင်ကွင်းတွင်
ဆဲရေးတိုင်းထွာပြောဆိုခြင်းများကိုလည်း တားမြစ်ထားပါသေးတယ်...

Mayor Luigi Bobbio
လူ့ ကျင့် ဝတ်ပီသစေချင်သည့်  မြို့ တော်ဝန်ကြီး....Mayor Luigi Bobbio

ယခုတင်ပြခဲ့ သည့် စည်းကမ်းဥပဒေများသာ အတည်ပြုခဲ့ ပါက  စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများအ
နေဖြင့် ဒါဏ်ငွေ ၂၅ယူရိုမှ ၅၀၀ ယူရိုအထိ ပေးဆောင်ကြရမှာဖြစ်ပါတယ်...
ဝန်ကြီးချူပ် ဆီလ်ဗီယို ဘာလုစ်ကိုနီဦးဆောင်သည့် အစိုးရအာဏာရခဲ့ ပြီးနောက် မြို့ နယ်၊ပြည်နယ်အုပ်ချူပ်
မှုကောင်စီများအား မှုခင်းများ၊ လူမှုအဖွဲ့ အစည်းနှင့် ဖီလာဆန့် ကျင်ဖြစ်သည့် အပြုအမူများအား ဖြေရှင်း
ဆောင်ရွက်နိုင်ဖို့ အခွင့်အာဏာများပိုမိုအပ်နှင့် ခဲ့ ပြီးနောက် ၂ နှစ်အတွင်း အီတလီနိုင်ငံအတွင်း ယခုကဲ့ 
သို့ သော ဥပဒေ၊ စည်းကမ်းများအမျိုးမျိုးပေါ်ပေါက်လာခဲ့ ရပါတယ်....

လွတ်လပ်စွာပြောဆို၊နေထိုင်ခွင့် ရှိရမယ်ဆိုပေမယ့် လည်း မိမိကြောင့် တစ်ပါးသူများမှာ စိတ်မိုက်စိတ်ရိုင်း
တွေဝင်လာစေနိုင်တဲ့ လျှို့ ဝှက်အပ်တဲ့ အင်္ဂါကြီးငယ်ကိုဖော်ပြတဲ့ ဝတ်စားဆင်ယင်မှုများကိုတော့ တားဆီး
တာမှန်ကန်ပါတယ်...
ဒါပေမယ့် တစ်ကိုယ်လုံးခေါင်းမြီးပါခြုံစေတာကတော့ မလိုအပ်လှပါဘူး...
ဘယ်နေရာမဆိုအစွန်းမရောက်တာကတော့ အကောင်းဆုံးပါပဲ...


In a move that appears to be an act of moral policing, authorities in a small Italian town have decided to fine women who wear miniskirts or show too much cleavage, a media report said here Friday.
The fair sex will face fines of up to 500 Euros (RM 2,174) under new rules to be introduced in an Italian town, the Daily Telegraph reported.
In a move sharply at odds with a country which produced the likes of Monica Bellucci and Sophia Loren, the town of Castellammare di Stabia, near Naples, intends to prohibit women from wearing provocative clothing.
The town's council also wants to ban men and women from wearing low-slung jeans as part of a list of 41 new rules that "every good citizen must respect", the report said.
Luigi Bobbio, the mayor, said it was all part of an effort to "restore urban decorum and improve coexistence" by targeting people who were "rowdy, unruly or simply badly behaved".

Playing football in parks and gardens and swearing in public will also be banned under new regulations which will be put forward for approval at a council meeting Monday.

If the new regulations are approved, offenders will face fines of between 25 Euros (RM108.70) and 500 Euros (2,714).
Italy has become entangled in a web of petty rules and regulations in the last two years after the government of Silvio Berlusconi gave councils extra powers to tailor laws to tackle crime and anti-social behaviour.
Source: IANS
Published Oct 23 2010

4 comments:

ကိုဇော် said...

ကန့်ကွက်ပါဒယ်...ကန့်ကွက်ပါဒယ်...
သွားပါပီ...ဟွင့်

မိုးယံ said...

ကောင်းပါတယ်။
ဒါပေမယ့် ..... ဒါပေမယ့်

ဒါလေးတွေ မရှိရင် (အဲဒီနိုင်ငံ နေရာအချို့မှာပြောပါတယ်) မဲမဲ မဲမဲနဲ့ သွားနေတာ ကြီးတွေကို (လူမှန်း တစ္ဆေမှန်းမသိ၊ ကျား မ ဂေး ဘာမှန်းမသိ လူကောင်းလား မုဒိမ်းကောင်လား ၊ ) ပဲစိတ်ပျက်ဖွယ် ကြည့်ရတော့မယ်။ အဲဒါကြီးတွေက သူတို့ကို ပ စားပေးသလို ထင်ခြင်ရာထင်ပြီး မြောက်နေဦးမှာ မြင်ယောင်မိသေး။

လွတ်လပ်စွာ ပြေဆိုနေထိုင်ခွင့် ----- ---- အစွန်းမရောက်တာကတော့ အကောင်းဆုံးပါပဲ အထိ အရမ်းသဘောကျတယ်။

(ထိခိုက်စေသော သဘောမဟုတ်ပါ အပြုသဘောကို အမြင်အတိုင်းပြောပြတာပါဂျာ)

ရွှေရတုမှတ်တမ်း said...

မြို့တော်ဝန်....အလိုမရှိ..
စကပ်စကပ်....တိုတို..
သခင်မျိုးဟေ့.....ဒို့ဗမာ..

ဂျစ်တူး ( မုံရွာ ) said...

ကိုပီတာ---ရေ
ကျန်းမာပါစေမင်္ဂလာပါဗျာ-
ကျနော်ကတော့ရာခိုင်နှုံးပြည့်ထောက်ခံပါတယ်ခင်ဗျာ-
အဲဒီမြို့ တော်ဝန်ကြီးအာဏာတည်မြဲနိုင်ပါစေ----