Foreign maids' extra service in the park

Tuesday, April 26, 2011
ဟောင်ကောင်အိမ်ဖော်တစ်ချို့ ၏အားလပ်ရက် အပမ်းမကြီး၊ဖြတ်လမ်းနည်းဖြင့် ငွေရှာနည်း...

ဟောင်ကောင်တွင် လာရောက်လုပ်ကိုင်နေကြသည့် အိမ်ဖော်အမျိုးသမီးတစ်ချို့ ဟာနားရက်များတွင် ပန်း
ခြံများ၌ ငွေရလွယ်သည့် နည်းလမ်းအသစ်များနဲ့ ငွေရှာလာတတ်ကြပါတယ်...
ဟောင်ကောင်တွင်အိမ်ဖော်အလုပ်သမများကို အပါတ်စဉ်ရုံးပိတ်ရက် ( တနင်္ဂနွေနေ့ ) ၌အနားပေးတတ်ကြ
တာမို့ နည်းလမ်းသစ်ရှာတွေ့ ကြသည့် အိမ်ဖော်အမျိုးသမီးများဟာ မာအွန်ရှန်း ပန်းခြံ၌စုံစည်းလေ့ ရှိပြီးအား
ပေးမည့် ဖောက်သည်များကို စောင့် မျှော်နေတတ်ကြပါတယ်...
ဟောင်ကောင်ဒေါ်လာ ၁၀၊ ၂၀ ခန့် ( တစ်ဒေါ်လာလျှင် ဟောင်ကောင် ၇.၈ ခန့် ရှိပါမည် ) ပေးကာမျှဖြင့် 
အားပေးသူ အမျိုးသားများဟာ ထိုအိမ်ဖော်အမျိုးသမီးများ၏မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ထိ
တွေ့ ကိုင်တွယ်ခွင့် ရမှာဖြစ်ပါတယ်...
ရက်သတ္တပါတ်ကြာလေ့ လာစုံစမ်းပြီးနောက်တွင်တော့ အိမ်ဖော် ၇ ယောက်၊ ၈ ယောက်ခန့် ဟာ ပန်းခြံ၏
ဆေးလိပ်သောက်သုံးခွင့် ရှိသည့် ဖက်ခြမ်းတွင် ဆုံစည်း၊စုရုံးလေ့ ရှိကြသည်ကို ဟောင်ကောင် စင်တောင်း
နေ့ စဉ်သတင်းစာက တွေ့ ရှိခဲ့ ပါတယ်...

အညောင်းလည်းပြေ...ငွေလည်းရ...
လွန်ခဲ့ သည့် တနင်္ဂနွေနေ့ မှာတော့ အသက် ၆၀ ကျော်အရွယ်ရှိအမျိုးသားတစ်ဦးကို ထိုအမျိုးသမီးတစ်ချို့ 
နှင့် စကားပြောဆိုနေခဲ့ သည်ကိုတွေ့ ရှိခဲ့ ရပါတယ်...
ပထမတော့အမျိုးသားဟာ မိန်းကလေးတစ်ယောက်၏ပခုံးပေါ်တွင်၎င်း၏လက်ကိုတင်ကာ ရယ်မောနောက်
ပြောင်နေခဲ့ တာဖြစ်ပါတယ်...
သို့ သော်ထိုမိန်းကလေးမှ ၎င်းအား နားတွင်ကပ်ကာတစ်စုံတစ်ရာတီးတိုးပြောဆိုခဲ့ ပြီးနောက်တွင်တော့ ထို
အမျိုးသားအနေနှင့် ပိုမိုအတင့် ရဲလာခဲ့ ပါတော့ တယ်...
သူဟာ မိန်းကလေးကိုနှိပ်နယ်ပေးပြီးနောက်၊ မဖွယ်မရာပုံစံဖြင့် အနောက်ဖက်မှနေပြီးသိုင်းဖက်ခဲ့ ပါတော့ 
တယ်...

၎င်းနောက်ထိုအမျိုးသားဟာ နောက်ထပ်အမျိုးသမီးတစ်ဦးကို ထိုင်ခိုင်းစေခဲ့ ကာ မဖွယ်မရာကိုင်တွယ်ခဲ့ ပါ
သေးတယ်...
ထိုသူဟာအမျိုးသမီးများကို ဟောင်ကောင်ဒေါ်လာ တစ်ဆယ်တန်တစ်ချို့ စီပေးပြီးနောက်ထွက်ခွာသွားခဲ့ ပါ
တယ်...
ထိုကိစ္စနှင့် ပါတ်သက်ပြီး ၎င်းတို့ အနေနှင့် တိုင်ကြားချက်တစ်စုံတစ်ရာမရရှိသေးပါကြောင်း ဟောင်ကောင်ရဲ
တပ်ဖွဲ့ ကဆိုလိုက်ပြီး ထိုပန်းခြံကိုတော့ ကင်းလှည့် စောင့် ကြည့် မှုများပိုမိုပြုလုပ်သွားမယ်လို့ ဆိုပါတယ်...

လူအမျိုးမျိုးစိတ်အထွေထွေဆိုတာတစ်ကယ်မှန်လှပါတယ်...

အပါတ်စဉ်တနင်္ဂနွေနေ့ တိုင်းနားရက်ရတာမို့ ဟောင်ကောင်မှအိမ်ဖော်အလုပ်သမများရဲ့ ဘ၀ဟာ အရှေ့ အ
လယ်ပိုင်းဒေသမှ အိမ်ဖော်များနှင့် စာယင်အလွန်အင်မတန်ကံကောင်းကြပါတယ်...
လစာလည်းပိုများ၊ လူ့ အခွင့် အရေးလည်းပိုရကြတာမို့ နားရက်ရတဲ့ အချိန်များကိုအကျိုးရှိအောင်အသုံးချ
မယ်ဆိုယင် သူတို့ အတွက် ပိုပြီးတိုးတက်ဖို့ အခွင့် အလမ်းပါပဲ...
ဆော်ဒီ၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး အစရှိသည့် အာရပ်နိုင်ငံများမှာလာရောက်လုပ်ကိုင်နေသည့် အိမ်ဖော်
များမှာတော့ တစ်ပါတ်တစ်ရက်၊ တစ်လတစ်ရက်မပြောနှင့် ၊ တစ်နှစ်လုံးနေလို့ တစ်ရက်မျှနားရက်မရသည့်
အပြင် အိမ်ရှင်အမျိုးသမီး၏အဆူအဆဲ၊ အမျိုးသားအပါအ၀င် အရွယ်ရောက်သည့်သားများ၊ ဆွေမျိုးတော်
စပ်သည့် အမျိုးသားများ၏ မဖွယ်မရာထိတွေ့ ကိုင်တွယ်ပြောဆိုဆက်ဆံမှု၊ အတင်းအဓမ္မကျင့် မှုမျိုးစုံကို
လည်းခံတတ်ကြရပါသေးတယ်...
ထိုငရဲများမှလွတ်မြောက်အောင်ထွက်ပြေးသူအိမ်ဖော်များကိုလည်း အပြင်မှစောင့် ပြီးပိုမိုဆိုးသွမ်းသည့် 
လောကငရဲ ( ပြည့် တန်ဆာအဖြစ်ရောင်းစားမည့် ) သို့ ပို့ ပေးမည့် သူများကလည်း ရှိနေကြတယ်ဆိုတာ
မကြာခဏပါတတ်သည့်သတင်းများအရသိရှိရပါတယ်...

ဟောင်ကောင်ဗစ်တိုရီးယားပန်းခြံနှင့် ကမ်းနားတစ်လျှောက်မှာ တနင်္ဂနွေနေ့ တွေဆို ( ဟိုစဉ်ကတော့ ဖိလစ်
ပိုင်အမျိုးသမီးများက အများဆုံးဖြစ်ပါတယ်...) နားရက်ရတဲ့ အိမ်ဖော်အမျိုးသမီးတွေ ထောင်နှင့် သောင်း
နှင့် ချီပြီးတော့ ကိုမြင်တွေ့ ကြရမှာဖြစ်ပါတယ်...( စင်္ကာပူမှာတော့ အောချတ်လမ်းပေါ့ )
မိုးမလင်းခင် အရက်၊ဘီယာမူးပြီးကနေသူတွေရှိသလို၊ အုပ်စုလိုက် ၀ိုင်းဖွဲ့ ကာ မိမိတို့ ကိုးကွယ်ယုံကြည်ရာ
ဘာသာအလိုက် ၀တ်ပြုဆုတောင်းနေတာ ( ခရစ်ယာန်ဘာသာဝင်တွေကအများစုပါ ) ကိုလည်း ကျွန်တော်
ကိုယ်တိုင်တွေ့ ကြုံခဲ့ ဖူးပါတယ်...
တစ်ချို့ ကျတော့ ကိုယ်ပိုင်ထမင်းဗူးလေးနှင့် ခြင်းကလေး၊ ဗန်းကလေးယူလာကာ စုံစံနဖာပစ္စည်းလေးတွေ
လည်းချရောင်းနေတတ်ကြပါသေးတယ်...
ဟောင်ကောင်ရောက်သင်္ဘောသားများ၊ လုပ်သမားများအတွက်ကတော့ အချိုရှာသကာတွေ့ ဆိုသလိုပါပဲ...
ထိုအမျိုးသမီးအုပ်စုရှိရာကိုနှစ်ခါဖြတ်မလျှောက်ရပါဘူး...သဘောတွေ့ ရာ၊ အဖော်လိုနေသူအမျိုးသမီးတစ်
ယောက်တော့ အသေအချာရတာပါပဲ...
အသက် ၅၀ ကျော်သင်္ဘောသားအဖိုးကြီးတွေတောင် ဖိလစ်ပိုင်အမျိုးသမီးရည်းစားရကြတာအမှန်ပါ...
အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေမမျှတော့လည်း ရရှာအဖော်ရှာ၊ပျော်ကြရတာပါပဲ...
(ဟောင်ကောင်နိုင်ငံသားများကတော့ ထိုအိမ်ဖော်များကို ရည်းစားမထားတတ်ကြဘူးလေ...ဒီတော့ ခရီး
သွားဟန်လွဲရောက်ကြသူများနဲ့ တစ်ခြားအာရှနိုင်ငံသား ကိုရွှေများ၊ အိန္ဒိယ၊သီရိလင်္ကာ၊ စသည့် နိုင်ငံသား
များ ရည်းစားအလွယ်တစ်ကူရကြတာပါပဲ...)
ကိုပီတာရောလို့ မမေးနဲ့ ...အသက်သာအသေခံလိုက်မယ်မပြောဘူး...
တစ်ကယ်ပါဗျာ...ဘယ်သူနဲ့ မှ တစ်ခါမှ ...မတစ်ခါခဲ့ ဘူးပါဘူး...

Foreign maids have found a way of making quick bucks at a park in Hong Kong.
The workers, who are given off on weekends, have got together at Ma On Shan Park to fish for customers.
For just a few tens of HK dollars (10 HK dollar = RM3.90), a man can touch the woman wherever he wants.
After weeks of observations, Sing Tao Daily noticed that a group of about seven to eight maids usually gathered at the smoking zone of the park.
On one Sunday, a man, in his 60s, was spotted chit-chatting with a few women.
At first they were just talking and telling jokes with the man putting his arm on one of the women's shoulder.
But after she whispered in his ear, the man became very daring.
He gave the woman a massage, then hugged her from behind and stuck his lower abdomen to her buttocks.
The man then pulled another woman to sit down and groped her breasts.
He gave the women a few ten-dollar notes before leaving.
Police said they have yet to receive any complaints over the matter, but would beef up patrols at the park.
Source and Photo credit: Sing Tao Daily, HK

2 comments:

Angelhlaing(May everybody be happy and healthy! said...

အင်းသူတို့ကလဲ ဆိုးပနော်.....

Han Kyi said...

အင်း ကျွန်တော်တို့ ယိုးဒယားဘက်က အိမ်ဖော်တွေဆို ဒီထက်ဆိုးတာပေါ့ ကိုပီတာရေ...ခက်တာက တချို့တလေကျတော့လည်း ကိုယ်ကသနားမိတာတောင် မတန်ဘူးခင်ဗျ...မတော်တရော်ဘ၀ရောက်သွားပေမယ့် ကိုယ့်တိုင်းပြည်က လူမျိုးဆိုရင် မတူသလို မတန်သလိုသဘောထားချင်သေးတာရယ်...ငရဲပန်းကို ရွှေပန်းထင်တယ်ဆိုတာ ဒါကိုခေါ်တယ်ထင်ပါ့..