Chinese Fake Hard Drive

Saturday, April 9, 2011

တရုတ်ပြည်လုပ် ဟာ့ ဒ်ဒစ်စ်ဒရိုက်အတု...

 တံဆိပ်ကအစ နာမည်ကြီး အမျိုးအစားကိုယူသုံးထားပါတယ်...

 အပေါ်ယံအပြင်ပန်းကလည်းအတူတူပါပဲ...

အထဲကိုဖွင့်ကြည့် တော့မှ....

ပေါချောင်ကောင်း ဖြစ်ဟန်တူသည့် ၅၀၀ GB ရှိသည့် external memory drive တစ်ခုဝယ
ယူခဲ့ သည့် သူတစ်ဦးဟာ ထိုပစ္စည်းတွင်ပြဿနာတစ်ချို့ ဖြစ်လာ၍ ၀န်ဆောင်မှုပေးသည့် ဌာန
သို့ ယူဆောင်ကာပြသခဲ့ ရပါတယ်...
ထိုဌာနမှ ၀န်ထမ်းများ ဖွင့်စစ်ကြည့် လိုက်သည့် အခါမှာတော့  500 GB အစား 128 MB မျှသာ
စွမ်းဆောင်ရည်ရှိသည့်ချစ်ပ်ပြားကိုသာထည့်ထားသည်ကိုတွေ့ လိုက်ရသည့် အတွက် အလွန်ပင်
အံ့ အားသင့်သွားခဲ့ကြရပါတယ်...
၎င်းအနေဖြင့်ထို ဆန်မ်ဆောင်းအမျိုးအစား Hardisk Drive အတုကို တရုတ်ကွန်ပျူတာပစ္စည်း
ဆိုင်တစ်ဆိုင်မှဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ ပါတယ်...
ဒါကြောင့် ပေါချောင်ကောင်းဖြစ်နေပြီဆိုယင် ( တံဆိပ်အစစ်ဖြစ်နေခဲ့ လျှင်တောင်မှ ) သတိထား
ကြဖို့ လိုပါတယ်...

လုပ်ရက်ပါပေ့ ကွယ် ပေါက်ဖော်တို့ ရယ်...
အခုဟာက ကွန်ပြူတာဆိုင်ရာပစ္စည်းမို့ ပဲ၊ ဆေးဝါးတို့ ၊စားသောက်ကုန်တို့ ဆိုယင်တော့ မတွေး
ဝံ့ စရာပါပဲ...

One guy brought this failed 500Gb hard drive to service center because of some problems. When workers of the center opened it they were very surprised, because there was... 128 Mb flash drive inside instead of the 500GB hard drive. The man explained that he bought this fake Samsung HDD in a Chinese store. Be careful what you buy.

7 comments:

Angelhlaing(May everybody be happy and healthy! said...

အင်းနော် သတိထား စရာလေးတွေ ပါပဲ...
ကျေးဇူးပါအကို...။
ကောင်းသောနေ့လေးဖြစ်ပါစေ။

အဖြူရောင်နတ်သမီး said...

ဟုတ်တယ် ကိုပီတာရေ...
ဆိုက်ပရပ်စ်မှာလည်း ကင်မရာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို တရုတ်ပစ္စည်းနဲ့ ကုမ္ပဏီအမှန်ပစ္စည်းကို ယှဉ်ပြပြီးရောင်းတာ..။
အပြင်ကကြည့်ရင် အားလုံးတူပြီး လုပ်ဆောင်မှုကြတော့ ဘာမှမပါဘူးလေ...။
ဈေးကလည်း ထက်ဝက်ကွာတာကိုး...။
း(

(မန့်တာ မဝင်ဘူးထင်လို့ ထပ်မန့်လိုက်ပါတယ်)

waihinlinn said...

အဲဒီပေါက်ဖော်တွေကအတုလုပ်တဲ့နေရာမှာတော်တော်တယ်
ကြက်ဥတောင်အတုလုပ်သေးတာပဲ ၊ တခါ i-phone အတုတရုတ်ကလုပ်တဲ့ဟာလိမ်ခံထိပြီးပြီ
၊ ညကြီးလူတစ်ယောက်ကပေါချောင်ကောင်းဈေးနဲ့လာရောင်းတာ ၊ ကိုယ်ကလဲလောဘတက်
နေတော့သတိမထားမိဘူး ၊ ညဘက်ကြီးဆိုတော့မသဲကွဲဘူး ၊ ဟိုဘဲကလဲလည်တယ် ၊ မဝယ်မ
ချင်းသေချာမပြဘူး ၊ အဲဒါကြောင်းမိတ်ဆွေတို့ပေါချောင်ကောင်းရတယ်ဆိုတိုင်းမယုံကျပါနဲ့ ၊
ကျွန်တော်တော့ခံပြီးသွားထဲကဒီလိုမျိုးတွေဝေးဝေးကရှောင်တယ်

မေသိမ့်သိမ့် ကျော် said...

ကိုပီတာရယ် မယ်လမင်းပါတဲ့ နို့မှုန့်တောင် တီထွင်ခဲ့သေးတာပဲ။ ပေါက်ပေါက်တို့များ ရှာရှာဖွေဖွေနော်။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

ဒီလင့်ခ်လေးကိုလည်း လာရောက်ပြီး ဗဟုသုတပွားစေတဲ့ စာတွေ ဝေငှပေးဖို့ လှိုက်လှိုက်လှဲလှဲဖိတ်ပါတယ်ရှင်။
www.moba4all.org ပါ။

မိုးယံ said...

တို့က ဆီးဂိတ်ပဲ သုံးတယ်... အရင်ကတော့ ဘတ်ဖလိုလား သုံးတယ်... ခုနောက်ပိုင်း 500 တွေ 1000 တွေ ဆီးဂိတ်ပဲ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကိုပီတာ ရေ ကင်မရာအသေးကလေးတွေမှာလဲအဲလိုဘဲ
ဗျ-လေးအောင်လို့ခဲတုံးကလေးထည့်ပေးထားတာအားလုံးကို
ပလပ်စတစ်နဲ့လုပ်ထားတာလေ-ကိုပီတာ လေသံနဲ့ဘဲ
ရေးလိုက်တော့မယ်----
“လုပ်ရက်ပါပေ့ကွယ်ပေါက်ဖေါ်တို့ ရယ် ”

kiki said...

ပေါချောင်ကောင်းကြိုက်သူတွေရှိနေလို့ .
ပေါချောင်ကောင်း ထုတ်လုပ်သူတွေ တနေ့တခြားများလာတာပဲလေ....
သတိထားဖို့ အရေးကြီးတယ်..။
စားသောက်ကုန်နဲ့ ဆေးဝါး အတုထုတ်လုပ်သူတွေကို ပြင်းထန်တဲ့ အပြစ်ပေးသင့်ပါတယ်။