Medieval justice... in the 21st Century: Woman caned in front of a baying mob for having an affair

Saturday, April 9, 2011

အင်ဒိုနီးရှားက၂၁ ရာစုအချစ်ဒါဏ်

အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ကြိမ်ဒါဏ်အပြစ်ပေးအရိုက်ခံရတော့ မည်မို့ အမျိုးသမီးဖြစ်သူမှာအံ
ကိုသာကြိတ်ထားရှာရပါတော့တယ်...
အသက် ၃၄ နှစ်ရှိ အီဒယမ်တီမုခ်သာ တစ်ယောက်သူမ၏ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းပြတ်စဲခြင်းကိစ္စဆောင်
ရွက်နေစဉ်မှာပင် တစ်ခြားအမျိုးသားတစ်ယောက်နှင့် ပါတ်သက်ကျူးလွန်ခဲ့ မှုဖြင့် အစ္စလာမ်တရားရေးဆိုင်
ရာ ဘာသာရေးရဲများက ကြိမ်ဒါဏ်ကိုးချက်ရိုက်နှက်ခြင်းခံခဲ့ ရပါတယ်...
ထိုကဲ့ သို့ ရက်စက်လွန်းသည့် အပြစ်ပေးမှုကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျန်သိုအရပ်ရှိ အယ်လ်မူနာဝါရာ ဗလီပြင်
ပရှိ အယောက် ၂၀၀ ခန့် ရှိလူအုပ်ကြီးရှေ့ တွင်ပြုလုပ်ခဲ့ ခြင်းလည်းဖြစ်ပါတယ်...

Brutal: An Indonesian official prepares to whip Irdavanti Mukhtar as another announces to the crowd what her punishment she will receive
ရက်စက်ကြမ်းကြုတ်မှုပါပဲ...
သူမ၏အပြစ်ဒါဏ်ကိုကြေငြာဖတ်ကြားနေစဉ် ကြိမ်ဒါဏ်ပေးမည့် သူက အသင့် ပြင်နေပုံ...

Brutal: An Indonesian official prepares to whip Irdavanti Mukhtar as another announces to the crowd what her punishment she will receive

မွတ်ဆလင်ဘာသာရေးဆိုင်ရာစည်းမျဉ်းများအားတင်းကြပ်စွာ ပြဌာန်းချမှတ်ကျင့် သုံးသည့် အဆိုပါမြို့ က
လေးမှ အော်ဟစ်လှောင်ပြောင်ဆူညံနေသည့် လူအုပ်ကြီးကတော့ ယခုကဲ့ သို့ အမျိုးသမီးတစ်ဦးအားရက်
စက်ကြမ်းကြုတ်စွာကြိမ်ဖြင့် ရိုက်နှက်အပြစ်ပေးနေသည်ကို ၎င်းတို့ ၏မိုလ်ဘိုင်းဖုံးကင်မရာများဖြင့် မှတ်
တမ်းတင်ရိုက်ကူးနေကြပြီး နောက်ထပ်ကြိမ်ဒါဏ်အချက်များစွာ ထပ်ရိုက်ရန်အော်ဟစ်တောင်းဆိုနေကြပါ
သေးတယ်...

Sharia Officials carry Mukhtar who collapsed after the caning to a local hospital
ကြိမ်ဒါဏ်ပေးခံရပြီးနောက်လဲကျသွားသည့် မုခ်သာ ကို ဘာသာရေး
ဆိုင်ရာတာဝန်ရှိသူများက ဆေး၇ုံသို့ သယ်ဆောင်သွားခဲ့ ကြပါတယ်...
Sharia Officials carry Mukhtar who collapsed after the caning to a local hospital
သူမအနေဖြင့် တစ်ခြားယောကျာင်္းတစ်ဦးနှင့် မသင့် လျော်စွာအတူနေထိုင်ဆက်ဆံခဲ့ ကြောင်း အစ္စလာမ်
ဘာသာရေးတရားရုံးတွင် တရားစွဲဆိုခဲ့ သည့် တရားရုံးရှေ့ နေများကဆိုခဲ့ ပြီး လွန်ခဲ့ သည့် နေ့ ကပင် ယခု
ကဲ့ သို့ အပြစ်ပေးရန် အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်ပါတယ်...
အစ္စလာမ်ဘာသာရေးဥပဒေအရ ထိုပြစ်မှုမျိုးကျူးလွန်သူအား အနည်းဆုံးကြိမ်ဒါ သုံးချက်မှ အများဆုံး ကိုး
ချက်အထိ အပြစ်ပေးနိုင်ပါတယ်...
The jeering crowd take pictures and record Mukhtar being taken off the platform after she was whipped by Sharia police
အော်ဟစ်အားပေးနေသည့် လူအုပ်ကတော့ သူမအားကြိမ်ဒါဏ်ပေးအပြီး ဆေးရုံသို့ သယ်ဆောင်
အသွားမှာပင် မိုလ်ဘိုင်းဖုံးများဖြင့် ဓါတ်ပုံ၊ ဗီဒီယိုရိုက်မှတ်တမ်းတင်နေကြပါသေးတယ်...

The jeering crowd take pictures and record Mukhtar being taken off the platform after she was whipped by Sharia police
မုခ်သာ ကိုအခြားအမျိုးသားတစ်ယောက်နှင့် အတူရှိနေသည်ကို အိမ်နီးချင်းများကတွေ့ ရှိခဲ့ ကြပြီးနောက်
သူမတို့ နှစ်ဦးအိပ်ခန်းထဲတွင်ရှိနေစဉ် ၀ိုင်းဖမ်းခဲ့ ကြခြင်းဖြစ်သော်လည်း သူမတို့ အမှန်တကယ် ဘာလုပ်နေ
ကြသည်ကတော့ မည်သူမှရေရေရာရာမသိကြပါဘူး...
လူအုပ်ကြီးက သူမတို့ နှစ်ဦးကို ဒေသခံရဲစခန်းသို့ ဆွဲခေါ်လာကြပြီးနောက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်...
သူမကို တရားစွဲဆိုဖို့ ရဲစခန်းသို့ ခေါ်ဆောင်မလာခင် လူအုပ်ကြီးမှ သူမအား ကာယိနြေ္ဒပျက်အောင် ကိုယ်
ထိလက်ရောက်ကျူးလွန်ခဲ့ ကြသည်ဟု ပြောကြားမှုအပေါ် ရဲတပ်ဖွဲ့ မှ စုံစမ်းစစ်ဆေးနေတယ်လို့ လည်း ယုံ
ကြည်ယူဆရပါတယ်...
လွန်ခဲ့ သည့် သောကြာနေ့ ကပြုလုပ်သည့် အပြစ်ဒါဏ်စီရင်ပွဲမှာ သူမကိုကြိမ်ဖြင့်ရိုက်အပြီးမှာတော့ မုခ်သာ
တစ်ယောက် သတိလစ်သွားလို့ ဆေးရုံသို့ ပို့ ဆောင်ကုသပေးခဲ့ ရပါတယ်...
သူမဟာ သူမနှင့်အတူအဖမ်းခံရသည့် အမျိုးသားအပါအ၀င် အိမ်ထောင်ရေးဖေါက်ပြန်မှု ( လက်မထပ်ပဲအ
တူနေမှု၊ လိင်ဆက်ဆံမှု ) ဖြင့် ကြိမ်ဒါဏ်အပြစ်ပေးခံရသည့် သူလေးဦးထဲမှ တစ်ဦးဖြစ်ပါတယ်...

A woman flinches as she is about to be repeatedly caned for having an extramarital affair.
Irdayanti Mukhtar, 34, received nine lashes by Sharia Police for having a relationship with another man, even though she is said to be in the process of divorcing her husband.
The harsh punishment was meted out in front of a crowd of 200 people outside the Al Munawwarah Mosque in Jantho, Indonesia.
The jeering crowd recorded the brutal beating on their mobile phones and camcorders and shouted for more beatings in the strict Muslim city.
Mukhtar had been sentenced to the punishment the previous day by a Sharia court where prosecutors said that she was guilty of being in 'close proximity' to another man.
Under Sharia law the offence carries a maximum beating of nine strokes with a cane or a minimum of three.
Neighbours had seen Mukhtar with the man and had barged in on her while the couple were in her bedroom, although it is unclear what they were actually doing.
The mob then dragged them to the local police station to be charged.
It is believed Sharia Police are also investigating a claim that Mukhtar was molested by the crowd before they took her to be charged.
Shortly after the caning on Friday Mukhtar passed out and had to be taken to hospital for treatment.
She was one of four people, including the man she was caught with, to be caned for extramarital affairs.

4 comments:

မိုးယံ said...

ဖြစ်ပြန်ပြီ။ စာအုပ်ထဲက အတိုင်း ယောက်ျားက ဆန္ဒရှိရင် စိတ်ပါပါ မပါပါ အမြဲ အဆင်သင့် ဖြစ်နေရမယ့် ဘ၀ ကနေ ဘယ်တော့များ လွတ်မြောက်ကြပါမလိမ့်။


အာရုံခံတွေကို ဖြတ်တောက်ပြီး၊ ကြေးစားတစ်ယောက်နှင့် မခြား ဆက်ဆံ ခံရမှုတွေ ဘယ်တော့များမှ လွတ်မြောက်ကြပါမလိမ့်...။

ဖောက်ပြန်တဲ့ ယောက်ျားကို အပြစ်ပေးတယ်လို့ တော့ ဘယ်နေ့များမှ ဖတ်ရပါ့မလဲ..

min datha said...

what about her boyfriend?

အဖြူရောင်နတ်သမီး said...

ဟုတ်ပ...
တဖက်သတ်ကြီးတော့ မကောင်းဘူးပေါ့...
မတရားဘူး ထင်တာပဲ...။

မေသိမ့်သိမ့် ကျော် said...

လာရောက်ဖတ်ရှုသွားပါတယ် ကိုပီတာရေ။ ဗဟုသုတတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်မိပါတယ်။

ကိုပီတာရေ

ကျွန်မ တို့ စတင်တည်ထောင်နေတဲ့ အဖွဲ့လေးမှာလည်း လာရောက်ရေးသားပေးဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။ အမည်က Myanmar Online Bloggers Association ပါရှင်။ ဒီလင့်ခ်လေးအတိုင်း ဝင်လာခဲ့ပါနော်။ www.moba4all.org ပါရှင်။ ကိုပီတာ ဝင်ရောက်ရေးသားပေးမယ်ဆိုရင်တော့ အရမ်းကို အားရှိသွားမှာပါရှင်။

မျှော်နေမယ်နော်....

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်