Cops in China die from too much work

Sunday, April 10, 2011
အလုပ်ဒါဏ်ပိလို့ တရုတ်ရဲများကြွေလွင့် ကြရ...

အဟုတ်တကယ်၊ အလုပ်တာဝန်တွေများကြပါတယ်... 

တရုတ်နိုင်ငံမှ ရဲတပ်သားများစွာသေဆုံးခဲ့ ရသည့် အကြောင်းရင်းများထဲတွင် အလုပ်ပိသည့် ဒါဏ်ကြောင့် 
ဖြစ်ရခြင်းသည်လည်းတစ်ခုအပါအ၀င်ဖြစ်သည်ဟုဆိုပါသည်....
၂၀၀၆ ခုနှစ်မှစ၍ ( ယခုအထိ ) ရဲဝန်ထမ်းပေါင်း ၂၁၈၂ ဦး တာဝန်ချိန်အတွင်းသေဆုံးခဲ့ သည်ဟုပြည်သူ့ 
လုံခြုံရေး ( ပြည်ထဲရေး ) ၀န်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့ ပါတယ်...
အဆိုပါအရေအတွက်များထဲမှ ၄၇ ရာခိုင်နှုံး ( တစ်ဝက်နီးပါး ) ဟာ အလုပ်တာဝန်များပိုမိုလုပ်ကိုင်ဆောင်
ရွက်ခဲ့ ရတာကြောင့် သေဆုံးခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်...
" အလုပ်သမားဥပဒေအရ တစ်နေ့ ၈ နာရီသာလုပ်ရမယ်လို့ ပြဌာန်းထားပေမယ့် ရဲတပ်ဖွဲ့ ဝင်များကတော့ 
ထို့ ထက်ပိုပြီးအချိန်ကြာမြင့် စွာ တာဝန်ထမ်းဆောင်ကြရပါတယ်..."လို့ တရုတ်ပြည်သူ့ လုံခြုံရေးတက္ကသိုလ်
အကြီးအကဲ ဒိုင်ပင်း ကပြောကြားခဲ့ ပါတယ်...
" တစ်ကယ့် အရေးပေါ်အခြေအနေ၊ ရှေ့ တန်းမှာတာဝန်ကျနေသည့် တပ်ဖွဲ့ ဝင်များဟာ တာဝန်ချိန်ကြာ
ရှည်လေးမြင့် စွာထမ်းဆောင်နေကြရတာမို့ သူတို့ ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကိုအပြင်းအထန်ထိခိုက်
ကြရပါတယ်..."
ရဲတပ်ဖွဲ့ ဝင်များဟာ တစ်နေ့ လျှင် ၁၁ နာရီမှ ၁၅ နာရီအထိ တာဝန်ထမ်းဆောင်ကြရပြီး တပ်ဖွဲ့ ဝင်အင်
အားမလုံလောက်တာမို့ သုံးပါတ်မှ တစ်ရက်သာ အနားရကြပါတယ် လို့ ၂၀၀၅ ခုနှစ်တွင်ပြုလုပ်ခဲ့ သည့် 
လေ့ လာဆန်းစစ်ချက်တစ်ခုကဆိုပါတယ်...
လွန်ခဲ့ သည့် နှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ ကလည်း တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ ကျန်ကျိုးဒေသမှ ရှန်
ကျန်တုံး အမည်ရှိ ရဲတပ်ဖွဲ့ ဝင်လေးဟာ ၎င်း၏ ၂၈ နှစ်မြောက်မွေးနေ့ မှာပဲ အူရမ်ကျီပြည်နယ် ( အရေးအ
ခင်းမှာ ) တာဝန်ထမ်းဆောင်နေစဉ် အလုပ်တာဝန်များပြားပင်ပန်းလွန်းတာကြောင့် သေဆုံးသွားခဲ့ ၇ပါ
သေးတယ်...
ကူညီပါရစေဆရာများအဲဒီလို တရုတ်ရဲများလိုသာတာဝန်တွေထမ်းကြမယ်ဆိုယင် ဘောလုံးပွဲလောင်းတာ၊
နှစ်လုံး၊ သုံးလုံးလောင်းတာတွေ ပပျောက်လောက်ပါတယ်...
လေးစားပါတယ် တရုတ်ပြည်က ရဲများရယ်...
ကောင်းတာကိုတော့ ကောင်းကြောင်းရေးရပါတယ်...
Overwork has been cited as the reason for the deaths of many cops in China.
The Ministry of Public Security revealed a total of 2,182 cops had died while on duty since 2006.
Among them, 47 per cent died from overwork.
"The Labour Law mandates an 8-hour day, but cops work much longer," said Dai Peng, dean of the investigation department of Chinese People’s Public Security University.
"Those who work in the front lines are subject to prolonged intensive stress that have seriously affected their physical and psychological health."
A survey in 2005 showed the cops usually work for 11 to 15 hours a day and often have only one day off after three weeks of work due to lack of personnel.
Shen Zhandong, a policeman from Zhengzhou of Henan province, died from overwork on his 28th birthday while carrying out duty in Urumqi on Jan 29 last year.
Source: China Daily / ANN

1 comments:

Angelhlaing(May everybody be happy and healthy! said...

အင်းနော် တရုတ်က လူဦးရေ ဒီလောက်များတာ တောင်မှ ရဲဝန်ထမ်းအရေအတွက် နည်းလို့ ထင်ပါတယ်နော်.. :P
ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။