Armenia makes chess compulsory in schools

Wednesday, April 20, 2011
အာမေနီးယားနိုင်ငံတွင် စစ်တုရင်ကစားခြင်းအားမသင်မနေရဘာသာအဖြစ်သတ်မှတ်...
ကမ္ဘာ့ စစ်တုရင်အားကစားလောကတွင် အင်အားကြီးနိုင်ငံ၊ စွမ်းရည်မြင့် ကစားသမားများပိုင်ဆိုင်သည့် နိုင်
ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက်ရည်မှန်းကာ မူလတန်းကျောင်းတိုင်းတွင် စစ်တုရင်ကစားခြင်းအားမသင်
မနေရဘာသာရပ်တစ်ခုအဖြစ်ပြဌာန်းတော့ မည်ဟု အာမေနီးယားနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနကပြောကြား
ခဲ့ ပါတယ်...
" ကျောင်းများတွင် စစ်တုရင်ကစားခြင်းအားသင်ကြားပေးခြင်းဖြင့် ကမ္ဘာ့ အလယ်တွင် စစ်တုရင်အားကစား
စွမ်းအားမြင့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့ အခြေခံကောင်းများဖန်တီးပေးနိုင်မှာဖြစ်ပါတယ်..." ဟု ၀န်ကြီးဌာန
မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အာမန်အိုင်ဗာဇီယန် ကပြောဆိုခဲ့ပါတယ်...
ခြေလှမ်းမမှားစေနဲ့ ...တစ်ကွက်မှားတာနဲ့ ပွဲသိမ်းသွားမယ်...

စစ်တုရင်ဝါသနာရှင် သမ္မတကြီး ဆာဇ်ဆာကီရှန် ဦးဆောင်သည့်အစိုးရအာဏာပိုင်များဟာ အဆိုပါစီမံကိန်း
အတွက် ဒေါ်လာ ၁.၄၃ သန်းအကုန်အကျခံဖို့ ကတိပြုဝန်ခံထားခဲ့ ခြင်းသည် စစ်တုရင်ကစားခြင်းကို အရူအ
မူးနှစ်သက်၊ အားပေးသည့်  စီးပွားရေးမဖွံ့ ဖြိုးသည့်နိုင်ငံတစ်ခုအတွက်တော့ အလွန်များပြားသည့်ပမာဏ
ဖြစ်ပါတယ်...
အဆိုပါစီမံကိန်းအရ အသက် ၆ နှစ်အရွယ်မှစသည့် ကလေးသူငယ်တိုင်းဟာ တစ်ပါတ်လျှင် ၂ နာရီကြာမျှ
စစ်တုရင်ကစားခြင်းကို သီးခြားဘာသာရပ်တစ်ခုအနေဖြင့် သင်ယူကြရမှာဖြစ်ပါတယ်...
ယခုနှစ်နောက်ပိုင်းမှာစတင်မည့် သင်ခန်းစာများဟာ ကျောင်းနေကလေးသူငယ်များ၏ အသိဥာဏ်ကို ပိုမို
ဖွံ့ ဖြိုးစေမှာဖြစ်ပြီး ပိုမိုလိမ်မာပါးနပ်စွာ၊ လိုက်လျောညီထွေရှိစွာ စဉ်းစားတွေးခေါ်လာနိုင်မှာဖြစ်တယ်လို့ အိုင်
ဗာဇီယန် ကဆိုပါတယ်...
စစ်တုရင်ကစားခြင်းဟာ အာမေနီးယားနိုင်ငံတွင် အလွန်ထင်ရှားကျော်ကြားလူကြိုက်များပြီး စစ်တုရင်ကစား
နည်းထူးချွန်သူ ချန်ပီယံ ( ဂရင်းမာစတာ ) များဟာ နာမည်ကျော်ကြားလူကြိုက်များပြီး စစ်တုရင်ပြိုင်ပွဲအနိုင်
အရှုံးရလာဒ်များကိုလည်း သတင်းခေါင်းစဉ်များအဖြင့် ရှေ့ ဆုံးစာမျက်နှာများတွင်ဖော်ပြလေ့ ရှိပါတယ်...

ရွှေပြည်ကြီးမှာလည်း ဒီလောက်တောင် ယခင်က တစ်ရေးနိုးထပြိုင်လည်းနိုင်နေကျ နိုင်ငံတွေကိုတောင် အ
ခုအခါ ကန်တိုင်းရှုံးနေတဲ့ တစ်နိုင်ငံလုံးနီးပါး ( ဘုန်းကြီးများပါမကျန် ) အုန်းအုန်းကျွက်ကျွက်စိတ်ပါဝင်စား
နေတဲ့ ဘောလုံးကစားနည်းကိုလည်း ကျောင်းတိုင်းမှာမသင်မနေရဘာသာဆိုပြီးလုပ်ယင် မြန်မာ့ ဘောလုံး
အဆင့် အတန်းမြင့် လာလေမလားပဲ...
( ဘုန်းကြီးများအပါအ၀င် လူအများစိတ်ဝင်စားတာကလည်း နိုင်ငံတကာ အဆင့် မြင့် တန်းဘောလုံးပွဲများ
နဲ့ ကစားသမားများပါပဲ...အဲဒီပွဲတွေ၊ ကစားသမားတွေလေ့ လာပြီးလောင်းကစားကြတာလေ...)

Armenia is to make chess a compulsory subject in primary schools in a bid to turn itself into a global force in the game, the education ministry have said.
"Teaching chess in schools will create a solid basis for the country to become a chess superpower," said an official at the ministry, Arman Aivazian.
The authorities led by President Serzh Sarkisian, an enthusiastic supporter of the game, have committed around $1.43 million to the scheme - a large sum in the impoverished but chess-mad country. Children from the age of six will learn chess as a separate subject on the curriculum for two hours a week.

Aivazian said the lessons, which start later this year, would "foster schoolchildren's intellectual development" and teach them to "think flexibly and wisely". The game is hugely popular in Armenia, where grandmasters are stars and important match results make headline news.

0 comments: