Pope Benedict stumped by Japanese girl's question about suffering

Sunday, May 8, 2011
ဂျပန်နိုင်ငံ၊မှ ဆူနာမီဒုက္ခသည် ကလေးမလေးမေးခွန်း၊ ပုပ်ရဟန်းမင်းကြီးအဖြေ...

ပုပ်ရဟန်းမင်းကြီးနှင့် တိုက်ရိုက်အမေးအဖြေ...
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်တ်ဟာ လွန်ခဲ့ သည့် သောကြာနေ့ က တစ်ခြားမည်သည့် ပုပ်ရဟန်းမင်းကြီးမှ
မပြုလုပ်ခဲ့ သည့် စွန့် စားခန်းတစ်ခုဖြစ်သည့် အီတလီနိုင်ငံ၊ ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှနေပြီးအမေးအ
ဖြေများပြုလုပ်ခဲ့ပြီး ပထမဦးဆုံးအတွေ့ အကြုံမှာပဲ အံ့ သြတွေဝေခဲ့ရပါတယ်...

ဂျပန်နိုင်ငံမှသမီးငယ်လေးတစ်ဥိးက ပုပ်ရဟန်းမင်းကြီးအား ( အဖဘုရားသခင်နှင့် စကားပြောခြင်းလို့ ပြော
သည့်စကားပြောခန်းမှာ ) သူမရဲ့ တိုင်းပြည်မှာဖြစ်ပွားခဲ့ သည့် ငလျင်နှင့် ဆူနာမီလှိုင်းများကြောင့် သူမအနေ
နှင့် အဘယ်ကြောင့် ယခုကဲ့ သို့ (ဆင်းရဲဒုက္ခများ) ခံစားခဲ့ ရပါသနည်းဟုမေးမြန်းခဲ့ ပါတယ်...
" သမီးနေထိုင်တဲ့ စိတ်ချလုံခြုံတယ်လို့ ထင်ခဲ့ ရတဲ့ အိမ်ကြီးအပြင်းအထန်လှုပ်ရှား၊ယိမ်းယိုင်ခဲ့ ပြီး သမီးနှင့် 
ရွယ်တူကလေးငယ်အများအပြားလည်းသေဆုံးခဲ့ ကြရလို့ သမီးအလွန်ပဲကြောက်ရွံ့ စိုးရိမ်ထိတ်လန့့်ခဲ့ ရပါ
တယ်...
သမီးအခုဆိုပန်းခြံထဲမှာလည်းသွားကစားလို့ မရတော့ ပါဘူး...သမီးသိချင်တာက ဘာကြောင့် အဲဒီလိုစိုးရိမ်
ထိတ်လန့် ခဲ့ ရပါသလဲ...ကလေးငယ်တွေဘာကြောင့် ဝမ်းနည်းပူဆွေး၊ငိုကြွေးခဲ့ ကြရပါသလဲ..." ဟု အ
သက် ၇ နှစ်အရွယ်ရှိ သမီးလေး အီလီနာ ကမေးမြန်းခဲ့ ပါတယ်...


YouTube link.

ပုပ်ရဟန်းမင်းကြီးက " ဘုန်းဘုန်းလည်း အဲဒီလိုမေးမြန်းမိပါတယ်...ဘာကြောင့် အခုလိုဖြစ်ရတာလည်းဆို
တာ....( တစ်ခြားဒေသက ) တစ်ခြားသူတွေကျတော့ ဘာမှမဖြစ်ပဲ သက်တောင့် သက်သာနေကြရချိန်မှာ
သမီးလေးတို့ ကျတော့ ဘာကြောင့် အခုလိုဆင်းရဲဒုက္ခခံစားနေကြရသလဲဆိုတာ....ဘုန်းဘုန်းတို့ မှာအဲဒီအ
တွက်တော့ အဖြေမရှိပါဘူးကွယ်....
ဒါပေမယ့် ဘုန်းဘုန်းတို့ သိတာကတော့ ယေရှုခရစ်တော်ကလည်း(သမီးလေးတို့ လိုယခုကဲ့ သို့ အပြစ်မရှိ
ပဲ ဆင်းရဲဒုက္ခခံစားခဲ့ ရသလို ) သမီးလေးတို့ နဲ့ ထပ်တူ ခံစားခဲ့ ရပါတယ်....ယေရှုခရစ်တော်နဲ့ အတူ ထာ
ဝရဘုရားသခင်လည်း ( သမီးလေးတို့ နဲ့ ) အတူရှိနေခဲ့ ပါတယ်..." လို့ ဝန်ခံမိန့် ကြားခဲ့ ပါတယ်...
ကလေးမလေး အီလီနာ တစ်ယောက်ထိုအဖြေကိုကျေနပ်နှစ်သိမ့်ခဲ့ သလားဆိုတာမသေချာပေမယ့် ပုပ်ရ
ဟန်းမင်းကြီးရဲ့ အမေးအဖြေကို ကြည့်ရှုနေခဲ့ ကြသည့် ဧည့်ပရိတ်သတ်၊ တပည့် များကတော့ နှစ်ထောင်း
အားရသြဘာပေးခဲ့ ကြပါတယ်....
မေးခွန်းမေးမြန်းသူသမီးလေးကငယ်သေးလို့ နားလည်အောင်ပြည့် စုံအောင်ဖြေဖို့ တော့ မလွယ်ပါဘူး...

ဘာသာမဲ့ တစ်ဦးရဲ့ ရှုထောင့် ကနေကြည့် မယ်ဆိုယင်တော့ လောကကြီးမှာ ဒီလိုမျိုးလူသားတွေအလွယ်
တစ်ကူနားမလည်နိုင်တဲ့ အကြောင်းအရာ၊ သက်သေပြလို့ မရတဲ့ အကြောင်းအရာမျိုးတွေကို ထာဝရဘုရား
သခင်ရှိတာကို ယုံကြည်တဲ့ ဘာသာတ၇ားတွေက ထာဝရဘုရားသခင်ကသာအရာရာကိုပြုပြင်၊ စီရင်တယ်
လို့ ပြောဆိုယုံကြည်ကြပြီး၊ ဟိန္ဒူဝါဒအပါအ၀င်၊ ဗုဒ္ဓဘာသာနဲ့ အရှေ့ တိုင်းအယူအဆတွေကတော့ မမြင်ရ
တဲ့ ကံ ဆိုတဲ့ အကြောင်းတရားနဲ့ သဘာဝအလျောက်ဖြစ်တည်ခြင်းများအဖြစ်သတ်မှတ်ခဲ့ ကြတာပါပဲ...

အနှစ်ချူပ်လိုက်တော့ ဘာမှမရေရာတဲ့ လောကကြီးပါပဲ...ဖြစ်ချင်တာတွေဖြစ်မယ်၊ ဖြစ်ချင်သလိုဖြစ်မယ်...
ကိုယ်လိုချင်လိုလုပ်လို့ ကတော့ နည်းနည်းပဲရမလားပဲ...တစ်ချို့ လည်းအကြောင်းတိုက်ဆိုင်စွာနဲ့ အမြောက်
အများစွမ်းဆောင်အောင်မြင်သွားကြပါတယ်...ဒါပေမယ့် ကမ္ဘာ့ လူဦးရေအချိုးနဲ့ တွက်ယင်တော့ အနည်းအ
ကျဉ်းလို့ ပဲပြောလို့ ရပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ် ဘာသာတရားတစ်ခုမှမကိုးကွယ်၊မယုံကြည်တဲ့ သူထက်စာယင် ဘာသာတရားတစ်ခုခုကို
ကိုးကွယ်ယုံကြည်သူက လောကဓံတရားနဲ့ ကြုံယင် ခံရသက်သာလေ့ ရှိပါတယ်...( soft landing ) ပေါ့ 
လေ...
နောက်ဆုံးအနှစ်ချူပ်လိုက်ယင် ဘာသာတရားအားလုံးက ကောင်းအောင်နေဖို့ တိုက်တွန်းဟောပြောကြတာ
သာ အနှစ်သာရပါပဲ....
အဲဒီအချက်တွေထဲကမှ ကိုယ်လိုရာထပ်မံဖွင့် ဆိုလိုက်နာဆောင်ရွက်နေကြလို့ ယနေ့ ကမ္ဘာမှာ ဘာသာရေး
ကိုအခြေခံတဲ့ ပဋိပက္ခတွေဖြစ်နေရတာပါပဲ...

မူရင်းသတင်းလင့် ကတော့ ဒီမှာပါ...

ဒါကတော့ သတင်းအကျဉ်းပါ....
Pope Benedict ventured where no pope has gone before on Friday when he answered questions on an Italian television programme – and was stumped by the first. A Japanese girl asked the pope, who, she said, "speaks with God", why she was having to suffer so much as a result of the earthquake and tsunami that had struck her country.
"I am very frightened because the house where I felt safe really shook a lot and many children my age have died. I cannot go to play in the park. I want to know: why do I have to be so afraid? Why do children have to be so sad?" said seven-year-old Elena.
Benedict admitted: "I also have the same questions: why is it this way? Why do you have to suffer so much while others live in ease? And we do not have the answers, but we know that Jesus suffered as you do, an innocent, and that the true God who is revealed in Jesus is by your side."
Whether Elena was satisfied with that answer was unclear. But the studio audience gave the pope a hearty round of applause.

2 comments:

အလင်းသစ် said...

တကယ်တော့ သဘာဝတရားကြီးနဲ့ လူသားတွေ
ရန်ဖြစ်ခြင်းရဲ့ရလာဘ်တွေပါ။။။လူက ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ လုပ်ချင်ရာလုပ်တော့ သဘာဝတရားနဲ့ သဟာဇာတမဖြစ်တော့ ဘူးပေါ့။။။ သက်ရောက်မှုအတွက် တန်ပြန်သက်ရောက်တာပါပဲလေ။။ သဘာဝပတ်ဝန်းကျင်ဆိုတာလည်း သည်းခံမှုက အတိုင်းအတာရှိမှာပေါ့။။ အတိုင်းအတာကိုကျော်လွန်လာတော့လည်း.......။။

Kaw Mu Doh said...

ကိုယ်ယုံကြည့်မှု့နဲ့ကိုယ်အမြင်ကိုပြောရမယ်ဆိုတော့ ခရစ်ယာန်သမ္မာကျမ်းထဲမှာ ယုတ်ညံ့တဲ့ အရာတွေကို ပလ္လင်ပေါ်တင်ပြီး ကိုးကွယ်မှု့ပြုခြင်းတွေ ဘုရားရဲ့ သုတ်သင်ခြင်းကိုခံရမယ်လို့ အတိအလင်းပါရှိပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော့်အတွေးနဲ့ ကျွန်တော့်တစ်ယောက် အတွက်ကတော့ ဂျပန်နိုင်ငံမှာ (ယောက်ျား တန်ဆာ) ပလ္လင်ပေါ်တင်ပြီး ပွဲတွေလုပ်ရှိခိုးနေတာဟာ ဒီလိုဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေဖြစ်တယ်။ နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ ပင်လယ်ကမ်းခြေတိုင်းမှာ ဒီရေတော့ဆိုတာ ရှိပါတယ်။ ဘုရားရဲ့ဖန်ဆင်းခြင်းထဲမှာ ဒီလို လှိုင်းလုံးတွေ ရိုက်ခတ်လာရင် အရှိန်လျော့ကျပြီး လူတွေအတွက်အန္တရာယ်မရှိစေဖို့အတွက်လို့ကျွန်တော်နားလည်ထားပါတယ်။ သို့ပေသော်ငြားလည်း လူတွေဟာ အမျိုးမျိုးသော ကိစ္စတွေ ပြုလုပ်ဖို့အတွက် ဒီရေတောတွေ၊ ကမ်းစပ်က သစ်ပင်ကြီးတွေကို ခုတ်ဖြတ်ရှင်းလင်းကြပါတယ်။ ဒီအတွက် လှိုင်းလုံးတွေ အရှိန်ကိုလျော့ကျစေမဲ့ အတားအစီးမရှိတော့တာ လူတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။ နာဂစ်မှာလဲ ဒီသဘောပါဘဲ။ ဒါတွေအတွက် ဘုရားကို အပစ်တင်ဖို့ထက် လူတွေ ကိုယ့်ကို ကိုယ် ပြန်အပစ်တင်သင့်ပါတယ်။